Education For All Children

Education For All Children This page is for all children who are learning for their goals.

👨‍🏫 GET 👨‍🏫လူဦးရေအကန့်အသတ်အရ G12 သာ မေလတွင် သင်ကြားမည် ဖြစ်ပါသည်။G10 & G11 အတန်းများကို ဇွန်လတွင် စတင်သင်ကြားမည် ဖြစ်ပါသ...
27/04/2024

👨‍🏫 GET 👨‍🏫

လူဦးရေအကန့်အသတ်အရ G12 သာ မေလတွင် သင်ကြားမည် ဖြစ်ပါသည်။
G10 & G11 အတန်းများကို ဇွန်လတွင် စတင်သင်ကြားမည် ဖြစ်ပါသည်။

👉 စစ်ဘေးရှောင်ကလေးများအတွက် ပညာဒါနနှုန်းထားဖြင့် သင်ကြားလက်ခံပေးပါမည်။

For ESL Students 🥳🥳🥳🥳🥳
21/04/2024

For ESL Students
🥳🥳🥳🥳🥳

Grade - (11) PhysicsChapter - (2)
07/05/2022

Grade - (11)
Physics
Chapter - (2)

Grade (11) PhysicsText bookNew SyllabusChapter - (1)Motion in Plane
06/05/2022

Grade (11) Physics
Text book
New Syllabus
Chapter - (1)
Motion in Plane

⚛️ ရူပဗေဒမိတ်ဆက် ⚛️--------------------------------------🧔 ကမ္ဘာဦးစက လူသားတွေတောင် သူတို့ကို သူတို့ မေးခွန်းတွေ မေးဖူးတယ...
23/11/2021

⚛️ ရူပဗေဒမိတ်ဆက် ⚛️
--------------------------------------

🧔 ကမ္ဘာဦးစက လူသားတွေတောင် သူတို့ကို သူတို့ မေးခွန်းတွေ မေးဖူးတယ်လို့ ကျွန်တော်တွေးကြည့်မိတယ်။
"ငါတို့ ဘာကြောင့် ဒီမှာရှိနေတာလဲ"၊ "အမှန်တရားရဲ့ သဘောသဘာဝက ဘာလဲ"၊ "စကြာဝဠာကြီးက ဘာကြောင့်မို့ ဒီလိုပုံစံနဲ့ ဖွဲ့စည်းထားတာလဲ"၊
ဒီမေးခွန်းတွေကို ရူပဗေဒနယ်ပယ်မှာ ကျွန်တော်တို့ ဖြေဖို့အတွက် ကြိုးစားနေကြတယ်။

💁 ရူပဗေဒတွင် သခင်္ျာသည် အရေးပါသော သိပ္ပံပညာရပ်ဖြစ်သည်။ ထို့ကြောင့် သင်္ချာကိုသာပိုင်နိုင်ရင် ‌ရူပဗေဒဆိုတာ မခက်ခဲတော့ပါ။
ဆိုလိုသည်မှာ သင်္ချာသည် ရူပဗေဒ၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ဖြစ်သည်။

🤔 ရူပဗေဒဆိုသည်မှာ အဘယ်နည်း။
----------------------------------------------------------
🛑 ရူပဗေဒ (physics) ဆိုသည်မှာ ဂရိဘာသာစကားမှ ဆင်းသက်လာသည်။

🛑 အဓိပ္ပါယ်မှာ သဘာဝ (nature) ဖြစ်သည်။ သဘာဝတရားကြီးကို လေ့လာသော ဘာသာရပ်ဟု ဆိုနိုင်သည်။

🛑 သဘာဝတရားကြီးရဲ့ အဖြစ်အပျက်အရာမှန်သမျှကို စည်းမျဉ်း (Law)၊ ဥပဒေသတွေ (Principle) နှင့် ရှာဖွေအဖြေထုတ်ဖို့ ကြိုးစားသော ဘာသာရပ်ဖြစ်သည်။

🛑 စကြ၀ဠာကြီးတစ်ခုလုံးတွင် အနှစ်ချုပ်အားဖြင့် ဒြပ်နှင့်စွမ်းအင် (mass & energy) ဆိုသည့် ရုပ်တရားနှစ်မျိုးသာ ရှိသည်။

🛑 ဒြပ်နှင့်စွမ်းအင်တို့၏ အကြောင်းအကျိုးကို ဆက်စပ်လေ့လာသော ပညာရပ်ဖြစ်ပေသည်။

ကိုးကား
👉 Khan Academy
👉 Htay Min Khaing (Golden Arrow)

Lesson (1)--------------------------------(A)🧑‍🏫 မြန်မာလို "ဖြစ်သည်"ဟုအဓိပ္ပါယ်ရသည့်စာကြောင်းများ ရေးကြည့်ကြမယ်။🎗️(am,is...
04/11/2021

Lesson (1)
--------------------------------
(A)
🧑‍🏫 မြန်မာလို "ဖြစ်သည်"ဟုအဓိပ္ပါယ်ရသည့်စာကြောင်းများ ရေးကြည့်ကြမယ်။

🎗️(am,is,are)
☝️☝️☝️
ဒီစကားလုံးတွေဟာ 'ဖြစ်သည်' ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

⭐ (am)ကိုတော့ (subject 'I') တစ်ခုထဲနဲ့ပဲတွဲလို့ရတယ်။

⭐ (is) ကတော့( he,she.Ko ko,this,that,it) စတဲ့စာလုံးတွေနဲ့တွဲသုံးရပါတယ်။
ဥပမာ -
👉 I am a boy.
👉 She is a girl.
👉 This is a house.
👉 Ko ko is a student.
👉 It is a cat.
👉 Fathet is a farmer.

အထက်ကဥပမာစာကြောင်းတွေမှာ
👉 (is) ရဲ့နောက်မှာ (Article) လို့ခေါ်တဲ့ (a, an, the) ကပ်ထည့်သုံးရတယ်၊ ပြီးရင် အနဲကိန်းနာမ်လိုက်ရပါတယ် (ရေတွက်လို့ရသောနာမ်၊ ကမ္ဘာပေါ်မှာတစ်ခုထက်မကရှိတဲ့အမျာဆိုင်နာမ်)

👉 (are) ကို‌ေတာ့ (you, we, they, these, those, boys, KoKo and Ma Ma) စသည့်အများကိန်း (subject) များနဲ့တွဲရပါတယ်။
ဥပမာ -
👉 You are a girl.
👉 We are boys.
(You) ကိုအများအဓိပ္ပါယ်နဲ့သုံးမယ်ဆိုရင်တော့....
👉 You are girls.

⭐ သရသံထွက်တဲ့နာမ်တွေရှေ့မှာတော့ (a) အစား (an) ကိုထည့်ပေးရပါတယ်။
ဥပမာ -
👉 It is an ant.
👉 It is an ox.

⭐ (a ,an,the) ဆိုတဲ့စကားလုံတွေကို (Articles) လို့ခေါ်တယ်။ (noun) တွေရှေ့မှာ သင့်တော်သလိုထားသုံးရတယ်၊ မထည့်ဘဲထားရတာမျိုးလည်းရှိတယ်၊
အင်္ဂလိပ်စာ အတော်တန်တတ်ပါတယ်ဆိုတဲ့သူတွေတောင်မှားတတ်ကြတယ်။

🛑 (နောက်သင်ခန်းစာတွေကျမှ အသေးစိတ်ပြောပါမယ် ခုတော့ဒီလောက်ဘဲမှတ်ထားပါဦး)

(B)
🧑‍🏫 နာမ်များရှေ့တွင် နာမဝိသေသန (Adjective) များထည့်ခြင်းဖြင့်ပို၍အဓိပ္ပါယ်ပေါ်လွင်သောဝါကျများရေးနိုင်ပါသည်။
ဥပမာ -
👉 Ko ko is a successful doctor.
👉 He is a tall man.
👉 She is a pretty girl.
👉 They are heardworking students.
(စာကြိုးစား သောကျောင်းသားများ)
👉 We are honest workers.
👉 Yangon is my native town. (ဇာတိမြို့)
👉 It is an interesting book.
(စိတ်ဝင်စားဖွယ်ကောင်းသောစာအုပ်)
👉 He is a handsome boy.
👉 She is a kind-hearted girl.
👉 He is a good-natured man.
(သဘောကောင်းသောသူ)
👉 They are dutiful workers.
(တာဝန်ကျေသောအလုပ်သမားများ)

(C)
🧑‍🏫 (Verb)များကို (ing) ဆက်ခြင်းဖြင့်ကြိယာနာမ် (verbal nouns) များဖြစ်လာသည်။ ယင်းတို့ကို (am,is,are) ဖြင့်တွဲသုံးပုံ......
👉 Reading is a pleasure.
👉 Smoking is a bad habit.
👉 Travelling is a joy.
👉 Giving is taking .
ပေးခြင်းသည် ယူခြင်းတည်း။
👉 Seeing is believing.
မြင်ခြင်းသည် ယုံခြင်းပေတည်း။
👉 Cooking is an art.
ချက်ပြုတ်ခြင်းသည်အတတ်ပညာတစ်ရပ်ဖြစ်သည်။
👉 Playing cards is a waste of time.
ဖဲရိုက်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်။

(D)
🧑‍🏫 (To) နှင့်မူရင်းကြိယာတွဲထားသောစကားစု (phrase) များကို (am,is,are) တို့နှင်တွဲသုံးနိုင်သည်။

👉 To be a doctor is her ambition.
ဆရာဝန်တစ်ယောက်ဖြစ်ရန်မှာ သူမ၏ဘဝရည်မှန်းချက်ဖြစ်သည်။

အောက်ပါကဲ့သို့လည်းရေးနိုင်ပါသည်။
👉 Her ambition is to be a doctor.

အောက်ပါကဲ့သို့လည်းရေးနိုင်ပါသည်။
👉 It is her ambition to be a doctor.

👉 To meet is to part.
တွေ့ဆုံခြင်းသည် ခွဲခွာဖို့ ဖြစ်သည်။

👉 To work hard is our duty.
ကြိုးစားရန်မှာငါတို့တာဝန်ဖြစ်သည်။
(It is our duty to work hard.)

👉 To cry is easy, but not to sob.
အငိုလွယ်ပေမဲ့အရှိုက်ခက်တယ်။

👉 To be born is to die.
မွေးတာသေဖို့။

👉 To talk to you is nice.
မင်းနဲ့စကားပြောရတာကောင်းတယ်။

👉 To meet, to know, to love and then to part is the sad tale of many a human heart.
တွေ့ဆုံရခြင်း၊ သိကျွမ်းရခြင်း၊ချစ်ခင်ရခြင်းနှင့်ခွဲခွာရခြင်းတို့သည် လူ့အသဲနှစ်လုံးများစွာ၏
ကြေကွဲဖွယ် ဇာတ်လမ်း ဖြစ်သည်။

⭐ (many a (used) with a singular noun) a large number) ကိုအနည်းကိန်းနာမ်နဲ့တွဲသုံးရတယ် ဒါပေမယ့်အများကိန်းနာမ်အဓိပ္ပါယ်ရတယ်။
many a mother = many mothers
ဖော်ပြချက်

(E)
🧑‍🏫 မူရင်းအဓိပ္ပါယ်အပြင် အခြားအဓိပ္ပါယ်ရသောစကားစု (Idioms) များကိုလည်းကျက်မှတ်သုံးစွဲတတ်ရန်လိုအပ်ပါသည်။

(a) Khin Khin is the belle of our town.
ခင်ခင်သည်ကျွန်တော်တို့မြို့၏ကွမ်းတောင်ကိုင်တစ်ယောက်ဖြစ်သည်။

(b) lt is a red letter-day of my life.
ထိုနေ့သည် ကျွန်တော့ဘဝအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။

(c) I am a man of my words.
ကျွန်တော်သည် ကတိတည်သူတစ်ယောက်ဖြစ်သည်။

(d) He is a man of few words.
သူသည်စကားနည်းသူတသယောက်ဖြစ်သည်။

(e) Hla Hla is my better-half.
လှလှသည် ကျွန်တော့အိမ်သူသက်ထားဖြစ်သည်။

(f) Soe Aung is my bosom friend.
စိုးအောင်သည် ကျွန်တော့၏အရင်းနှီးဆုံးနှင့်အယုံအကြည်ရဆုံးမိတ်ဆွေဖြစ်သည်။

🛑 (ဆရာကြီးရွှေဥဒေါင်းကတော့
"ရင်ဘတ်မိတ်ဆွေ"ဟုသုံးပါသည်။)

(g) He is a fair-weather friend.
သူသည် သာပေါင်းညာစား မိတ်ဆွေတစ်ဦးဖြစ်သည်။

(h) He is a greenhorn.
သူသည်အတွေ့အကြုံမရှိသေးသူတစ်ယောက်ဖြစ်သည်။

(i) U Wunna is a man of letters.
ဦးဝဏ္ဏသည် စာတတ်ပေတတ်တစ်ယောက်ဖြစ်သည်။

(j) He is a fish out of water.
သူသည် ရေနည်းငါးပမာ ဒုက္ခရောက်နေသူဖြစ်သည်။

(k) U Kaung is a well-read man.
ဦးကောင်းသည်စာပေအသိဉာဏ်ကြွယ်ဝသူတစ်ယောက်ဖြစ်သည်။

(l) He is a man in a thousand.
သူသည် မတစ်ထောင်တစ်ကောင်ဘွားဖြစ်သည်။

ဆရာကြီး (C-T-O)၏


ဆရာကြီးဦးသာနိုး၏


စာအုပ်များမှ ထုတ်နှုတ်ဖော်ပြပါသည်။
အလျင်းသင့်လျှင် မူရင်းစာအုပ်များကို ဖတ်ရှုလေ့လာကြရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
-----------------------------------------------------------------------------

03/11/2021


Address

Thapyay 3 Street
Hpa-an

Telephone

+959772601005

Website

Alerts

Be the first to know and let us send you an email when Education For All Children posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Education For All Children:

Shortcuts

Share

Category