NaungTaung Computer Center

NaungTaung Computer Center ကွန်ပျူတာ နည်းပညာများကို ပြန်လည်စု?

25/10/2023
03/05/2023
ကွန်ပျူတာအသုံးပြုသူတိုင်း လုပ်သင့်ပါတယ်*******************************************တစ်ပတ်တစ်ကြိမ် Temp files တွေရှင်းပါ *...
28/04/2023

ကွန်ပျူတာအသုံးပြုသူတိုင်း လုပ်သင့်ပါတယ်
*******************************************

တစ်ပတ်တစ်ကြိမ် Temp files တွေရှင်းပါ **

မလိုအပ်သောlinkတွေကို clickမလုပ်ပါနဲ့**

အရေးကြီးDataတွေကို DVDခွေ သို့မဟုတ် Stickကောင်းကောင်းတစ်ခုနဲ သိမ်းဆည်းပါ**

စာစီစာရိုက်နေတိုင်း Save (Ctrl+S)နှိပ်တတ်တဲ့အကျင့်လေးလုပ်ပါ(မီးခနခနပျက်တတ်လို့ပါ😬)

Ringtone

Microsoft Word မှာ Table ကို အသုံးပြုပြီး Pictire(or) Photo တွေကို One Click ဖြင့် ပွားနည်း+++++++++++++++++++++++++++++...
20/03/2023

Microsoft Word မှာ Table ကို အသုံးပြုပြီး Pictire(or) Photo တွေကို One Click ဖြင့် ပွားနည်း
+++++++++++++++++++++++++++++++++++++++++++

ဒီသင်ခန်းစာလေးကတော့ လိပ်စာကဒ်လုပ်တာတွေ ,Passport Size Photo တွေပြုလုပ်တာတွေ ,Photo တွေကို မိမိလိုသလောက်ပွားချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့ သင်ခန်းစာလေးပါ

to owner

Windows 10 တင်မယ်ဆိုရင် ဘယ် Version ကို တင်ရမလဲ?Windows 10 Edition များ အကြောင်း သိကောင်းစရာများ 👨💻Windows 10 တင်မယ်ဆိုရ...
07/12/2022

Windows 10 တင်မယ်ဆိုရင် ဘယ် Version ကို တင်ရမလဲ?
Windows 10 Edition များ အကြောင်း သိကောင်းစရာများ 👨💻

Windows 10 တင်မယ်ဆိုရင် ဘယ် Version ကို
တင်ရမလဲ၊ ဘယ် Windows 10 Edition တွေက
ပိုကောင်းသလဲမေးထားသူများအတွက် Windows 10
Edition အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Windows 7 မှာဆိုရင် Windows 7 Starter, Home Basic,
Home Premium, Professional, Ultimate ဆိုပြီး Edition
(5)ခုရှိပါတယ်။ Windows 10 မှာတော့ Windows 10 Home,
Pro, Enterprise, Education, Windows 10 S ဆိုပြီး Edition
(5)ခုရှိပါတယ်။ Windows 10 မှာ နောက်ထပ် ထပ်တိုးထားတဲ့
Edition များ Pro Education, Enterprise LTSB, Mobile,
Mobile Enterprise,Windows 10 IoT Core အစရှိတဲ့ Edition
တွေလည်း ရှိပါသေးတယ်။ Windows 10 Edition ပေါင်း(12)ခု
ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ အသုံးအများဆုံး ပထမဆုံး
Windows 10 Edition (5)ခု အကြောင်းဖြစ်ပါတယ်။

1. Windows 10 Home Edition

ကွန်ပျူတာဝယ်တဲ့အခါမှာ ဆိုင်ကနေ လိုင်စင်နဲ့ပါလာတတ်တဲ့
Windows 10 Home Edition ဖြစ်ပါတယ်။ သူကတော့ အိမ်သုံးနဲ့
တစ်ကိုယ်ရေသုံးအတွက် ထုတ်လုပ်ထားပါတယ်။ ဒီ Edition မှာ
Windows 10 ရဲ့အခြေခံ Features တွေတော့ ပါဝင်မှာ ဖြစ်ပြီး
ကွန်ပျူတာ Settions တွေ ပြင်ဆင်လို့ရတဲ့ Group Policy တော့
မပါဝင်ပါဘူး။ နောက်ပြီးတော့ Windows Server နဲ့Domain
ချိတ်လို့လည်း ရမှာမဟုတ်ပါဘူး။ နောက်ထပ် Home Edition မှာ
Bitlocker, Enterprise Mode IE, Remote Desktop, Client
Hyper-V အစရှိတဲ့ Features တွေ မပါဝင်ပါဘူး။ အိမ်သုံးအတွက်
သီးသန့်ဖြစ်တာမို့ အဲ့ဒီ Features တွေ သုံးလို့ရမှာ မဟုတ်ပါဘူး။

2. Windows 10 Pro ( Professional) Edition

ရုံးငန်းတွေမှာ အသုံးများတဲ့ Edition ဖြစ်ပါတယ်။ Home ထက်
ပိုစုံတဲ့ Features တွေ ပါဝင်ပါတယ်။ လုပ်ငန်းတွေမှာ ငှာနတစ်ခုနဲ့
တစ်ခု Server နဲ့ချိတ်ဆက်ထားတဲ့ Domain အသုံးပြုလို့ရမယ်။
Home Edition မွာ မပါတဲ့ Group Policy, Bitlocker Encryption,
Remote Desktop, Hyper-V, Azure Active Directory Join
Ability, Enterprise Data Protection, Windows Update For
Business အစရှိတဲ့ Features များစွာပါဝင်ပါတယ်။

3. Windows 10 Enterprise Edition

Enterprise ကတော့ Windows 10 Pro ထက် ပိုစုံတဲ့
Features တွေပါဝင်ပါတယ်။ Windows 10 Pro ထက်
ပိုစုံတဲ့ Features တွေပါဝင်တိုင်း Enterprise Edition ကို
ကွန်ပျူတာတိုင်းမှာ မသုံးကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့
သူက စီးပွားရေးလုပ်ငန်းအကြီးစားတွေမှာသာ အသုံးပြုပါတယ်။
Enterprise Edition မှာ Direct Access, Windows To Go
Creator, App Locker, Branch Cache, Start Screen
Control with Group Policy, Credential Guard, Device
Guard အစရှိတဲ့ Features တွေပါဝင်ပါတယ်။ Enterprise
Edition မှာ အသုံးပြုလို့မရတဲ့ Feature တွေလည်း ရှိပါတယ်။

4. Windows 10 Education Edition

Education Edition ကလည်း Windows 10 Enterprise
Edition နဲ့တော့ သိပ်မကွာပါဘူး။ ဒါပေမယ့်သူက တက္ကသိုလ်တွေ၊
ကျောင်းအဖွဲ့စည်းတွေ အတွက် Academic Volume License နဲ့
ဝယ်သုံးရတဲ့ Edition ဖြစ်ပါတယ်။

5. Windows 10 S Mode Edition

S Mode Edition ကတော့ Home ဖြစ်ဖြစ်၊ Pro ပဲ ဖြစ်ဖြစ်
သုံးလို့ရတဲ့ Edition တစ်ခုဖြစ်ပါတယ်။ သူကတော့ လုံခြုံရေးနဲ့
လုပ်ဆောင်မှုအပိုင်းကို ပိုကောင်းစေချင်လို့ထုတ်လုပ်ထားတာ
ဖြစ်ပြီး Application တွေဆိုရင် Edge Browser ကနေ ဒေါင်းလုဒ်
ဆွဲတာနဲ့Microsoft Store ကနေ ဒေါင်းလုဒ်ဆွဲတာကိုပဲ အသုံးပြု
လို့ရပါမယ်။ အခုလက်ရှိ Pro & Home Edition ကို အသုံးပြုနေ
သူတိုင်း S Mode ကို Update လုပ်လို့ရပါတယ်။ S Mode
Edition ရဲ့အားသာချက်တစ်ခုကတော့ Pro Edition ထက် (15)
Seconds လောက် Boot တက်သာ မြန်ပါတယ်။ ဒါပေမယ့်
အားနည်းချက်တစ်ခုကလည်း ရှိပါသေးတယ်။ အဲ့တာကတော့
S Mode Edition က စက်တိုင်းနဲ့မရပါဘူး။ Surface Laptop,
Lenovo V330,HP Stream 14 Pro တွေမှာပဲ သုံးလို့ရပါမယ်။

Windows 10 Edition များ အကြောင်းကို အောက်မှာပေးထားတဲ့
Link ထဲမှာ အပြည့်စုံကြည့်နိုင်ပါတယ်။

https://www.microsoft.com/en-us/windowsforbusiness/compare

Credit…Windows 10 Myanmar

“Photoshop ဖြင့် လေယာဉ်ပျံစာအိတ်ပေါ် စာရိုက်ပြီး Print ထုတ်ခြင်း”အခုမှ လုပ်ငန်းစလုပ်မယ့် Beginner များအတွက် ရည်ရွယ်ပါတယ်...
30/10/2022

“Photoshop ဖြင့် လေယာဉ်ပျံစာအိတ်ပေါ် စာရိုက်ပြီး Print ထုတ်ခြင်း”
အခုမှ လုပ်ငန်းစလုပ်မယ့် Beginner များအတွက် ရည်ရွယ်ပါတယ်။
၁။ စာရွက်အသစ်ယူတဲ့အခါ လေယာဉ်စာအိတ်နဲ့အနီးစပ်ဆုံးဆိုဒ် 9” x 4” ယူပါ။
၂။ ကိုယ်ရေးလိုတဲ့စာသားများကို အလယ်တည့်တည့် (သို့) ကိုယ်နှစ်သက်ရာနေရာမှာထားပြီးရိုက်ပါ။
(သတိပြုရမှာက လေယာဉ်စာအိတ်ဘေးသား အနီ,အပြာတုံးလေးတွေရှိတာကြောင့် စာအိတ်အစွန်း5 ပတ်လည်အထိပဲ စာရိုက်လို့ရမှာပါ။)
၃။ Ctrl + P (Print) ထုတ်တဲ့အခါမှာ Envelope #10 (4 1/8 x 9 ½) ကို ရွေးပြီး Print ပေးလိုက်ပါ။
၄။ အရွယ်အစားမတူတဲ့ Size ပြတ်စာအိတ်ထုတ်တဲ့အခါမှာ အသုံးပြုပါတယ်။
User-Defined – Paper Width, Paper Height တို့မှာ တိုင်းတာထားတဲ့ဆိုဒ် အတိအကျရိုက်ထည့်ပြီး
Print ထုတ်နိုင်ပါတယ်။
အားလုံး အဆင်ပြေချောမွေ့ကြပါစေ။
#မူရင်း Print House မိသားစု

Window 10 အသုံးပြုသူများအတွက် မသိမဖြစ် လေ့လာထားသင့်တဲ့ သင်ခန်းစာများ ▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃အားလုံး အလွယ်တကူ လေ့လာလို့ရအောင် သ...
02/10/2022

Window 10 အသုံးပြုသူများအတွက်
မသိမဖြစ် လေ့လာထားသင့်တဲ့ သင်ခန်းစာများ
▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃
အားလုံး အလွယ်တကူ လေ့လာလို့ရအောင်
သင်ခန်းစာလေးတွေ စုပေးထားပါတယ် ခင်ဗျာ
အခြားသိချင်တာလေးရှိရင် Comment မှာ
မေးထားနိုင်ပါတယ်
___
1. ကွန်ပျူတာ သန့်ရှင်းရေး ပြုလုပ်နည်း [for Window 10]
https://www.youtube.com/watch?v=qs15bjhSRUU
2. Window 10 မှာ Computer Window တတ်တာ နှေးနေရင် ...
https://www.youtube.com/watch?v=8mJxFbS_MLw
3. Window 10 မှာ Computer မှာ Battery Icon လေးပျောက်နေရင် ...
https://www.youtube.com/watch?v=rlPnplaOdZc
4. Window 10 မှာ this Pc မပေါ်ရင်
https://www.youtube.com/watch?v=0iV3yJfCYl0
5. Window 10 အသုံးပြုသူတိုင်း
မဖြစ်မနေ သိထားသင့်တဲ့ Window Accessories (၅) ခု
https://www.youtube.com/watch?v=fwEROdJUy0I&t=101s
6. Window 10 မှာ Computer စဖွင့်ချိန် မလိုနဲ့ Program တွေ Auto ပွင့်နေရင်
https://www.youtube.com/watch?v=K-yo-1kXm0M
7. Window 10 မှာ Tablet Mode ဆိုတာ...
https://www.youtube.com/watch?v=GG1csT4Xhn0
8. Window 10 မှာ Desktop ပေါ် Shortcut တင်နည်း
https://www.youtube.com/watch?v=w5QICdXsaYk
9. DIsable Window Defender Window 10
https://www.youtube.com/watch?v=hFobQ04q47U&t=97s
10. Window 10 မှာ Print Queue ဖျက်နည်း
https://www.youtube.com/watch?v=mtpzHqyVtd8&t=1s
11. Window 10 မှာ Desktop အဖြူအမဲ ပုံစံဖြစ်နေရင် ဒီအတိုင်းလေး ပြင်ပါ။
https://www.youtube.com/watch?v=sOWtVqBTIk0
12.Window 10 တွင် မြန်မာစာ မမှန်သည့် ပြသနာ ဖြေရှင်းနည်း
https://www.youtube.com/watch?v=2EurLZXZ2W8
https://www.youtube.com/c/KCCComputerTrainingCentre
Credit...KCC

EXCEL ဖိုင် Sheet 1,2,3,4,5,6,7 များအတွင်းရှိ Data များအားLink ချိတ်ဆက်၍ Sheet 8 တွင် အလိုအလျောက် ပေါင်းချုပ်တွက်ချက်နည်...
27/09/2022

EXCEL ဖိုင် Sheet 1,2,3,4,5,6,7 များအတွင်းရှိ Data များအားLink ချိတ်ဆက်၍ Sheet 8 တွင် အလိုအလျောက် ပေါင်းချုပ်တွက်ချက်နည်း။
အောက်တွင် လေ့ကျင့်ရန်Excel lesson file Download ရယူပါ။
https://www.mediafire.com/download/7zuwn600hxwrl5g

Credit…original

ကွန်ပျူတာနှစ်လုံး အချင်းချင်း ဖိုင်များကူးနည်း အလွယ် ဆုံး နည်း လမ်း လေး ပြော ပြ ပါ မယ် ရှင့်။ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး ...
26/09/2022

ကွန်ပျူတာနှစ်လုံး အချင်းချင်း ဖိုင်များကူးနည်း အလွယ် ဆုံး
နည်း လမ်း လေး ပြော ပြ ပါ မယ် ရှင့်။

ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး အချင်းချင်းချိတ်ပြီး ဖိုင်ကူးနည်း များစွာရှိတဲ့အထဲကမှ အလွယ်နည်းနဲ ဖိုင်တွေကူးတဲ့နည်းကို ဝေမျှလိုက်ပါတယ်။ ဒီနည်း ကတော့ ကွန်ပျူတာနှစ်လုံးစလုံးကို အင်တာနက် အတူတူချိတ်ထားပြီး Network ပေါ်ကနေ Sharing လုပ်တဲ့နည်းဖြစ်ပါတယ်။

1. ကွန်ပျူတာနှစ်လုံးစလုံး အင်တာနက်အတူတူ၊ အင်တာနက်တစ်ခုတည်းမှာ ချိတ်ထားရမယ်။ ဥပမာ
PC1 နဲ့PC2 ဆိုတဲ့ ကွန်ပျူတာနှစ်လုံးကို အင်တာနက် တစ်ခုတည်းမှာ အတူတူချိတ်ထား၊အသုံးပြုထားရမယ်။

2. ကွန်ပျူတာနှစ်လုံးစလုံး Internet ချိတ်ပြီး သုံးလို့ ရနေပြီဆိုရင် ကွန်ပျူတာရဲ့Task bar, Desktop ရဲ့
ညာဖက်ထောင့်အောက်မှာ အင်တာနက်ပုံ Icon (or) WiFi ဆိုရင် WiFi Icon ကို Right Click > Open
Network & Sharing Center ကို နှိပ်လိုက်ပါ။ ပြီးရင် Change Advanced Sharing Settings ကို နှိပ်ပါ။
အောက်ပြထားတဲ့ ပုံတွေထဲကအတိုင်း အကုန် ON လုပ်ပေးပြီး နောက်ဆုံးတစ်ခု Password Protected
Sharing မှာတော့ Turn Off ကို ရွေးပြီး Save လုပ်ပါ။

3. အောက်မှာပြထားတဲ့ ပုံတစ်ပုံချင်းစီကို နှိပ်ကြည့်ပါ။

Unicode Version

ကွန်ပျူတာနှစ်လုံး အချင်းချင်း ဖိုင်များကူးနည်း

ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး အချင်းချင်းချိတ်ပြီး ဖိုင်ကူးနည်း များစွာရှိတဲ့အထဲကမှ အလွယ်နည်းနဲ့
ဖိုင်တွေကူးတဲ့နည်းကို ဝေမျှလိုက်ပါတယ်။ ဒီနည်း ကတော့ ကွန်ပျူတာနှစ်လုံးစလုံးကို အင်တာနက်
အတူတူချိတ်ထားပြီး Network ပေါ်ကနေ Sharing လုပ်တဲ့နည်းဖြစ်ပါတယ်။

1. ကွန်ပျူတာနှစ်လုံးစလုံး အင်တာနက်အတူတူ၊အင်တာနက်တစ်ခုတည်းမှာ ချိတ်ထားရမယ်။ ဥပမာ
PC1 နဲ့PC2 ဆိုတဲ့ ကွန်ပျူတာနှစ်လုံးကို အင်တာနက် တစ်ခုတည်းမှာ အတူတူချိတ်ထား၊အသုံးပြုထားရမယ်။

2. ကွန်ပျူတာနှစ်လုံးစလုံး Internet ချိတ်ပြီး သုံးလို့ ရနေပြီဆိုရင် ကွန်ပျူတာရဲ့Task bar, Desktop ရဲ့
ညာဖက်ထောင့်အောက်မှာ အင်တာနက်ပုံ Icon (or) WiFi ဆိုရင် WiFi Icon ကို Right Click > Open
Network & Sharing Center ကို နှိပ်လိုက်ပါ။ ပြီးရင် Change Advanced Sharing Settings ကို နှိပ်ပါ။
အောက်ပြထားတဲ့ ပုံတွေထဲကအတိုင်း အကုန် ON လုပ်ပေးပြီး နောက်ဆုံးတစ်ခု Password Protected
Sharing မှာတော့ Turn Off ကို ရွေးပြီး Save လုပ်ပါ။

3. အောက်မှာပြထားတဲ့ ပုံတစ်ပုံချင်းစီကို နှိပ်ကြည့်ပါ။

အား လုံး အဆင်ပြေ ကြပါစေဗျာ
မူရင်းသို့
https://www.facebook.com/roadtoitprofessional/

ကွန်ပျူတာ ထဲက မလိုအပ်တဲ့ Software များ ဖျတ်(uninstall )လုပ်နည်း
16/08/2022

ကွန်ပျူတာ ထဲက မလိုအပ်တဲ့ Software များ ဖျတ်(uninstall )လုပ်နည်း

Address

Hopong

Telephone

09253153028

Website

Alerts

Be the first to know and let us send you an email when NaungTaung Computer Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to NaungTaung Computer Center:

Shortcuts

Share