Tr.Yu - KL International Preschool & STEM Learning Center

Tr.Yu - KL International Preschool & STEM Learning Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr.Yu - KL International Preschool & STEM Learning Center, School, ထောက်ကြန့်မြို့ရှောင်လမ်း, Hmawbi.

Art time
19/12/2023

Art time

သူငယ်ချင်းများချစ်ခင်စွာ ကာယဉဏ်ပညာစွမ်းရည်ပြိုင်
23/09/2023

သူငယ်ချင်းများချစ်ခင်စွာ ကာယဉဏ်ပညာစွမ်းရည်ပြိုင်

မိုးရာသီဆိုတော့သစ်ပင်လေးများအကြောင်းခြံဝန်းအတွင်းလေ့လာရေးထွက်
23/09/2023

မိုးရာသီဆိုတော့သစ်ပင်လေးများအကြောင်းခြံဝန်းအတွင်းလေ့လာရေးထွက်

Hey... 🙋 Update အသစ်လေးကလေးငယ်များ၏ မျက်လုံး အရောင်၌ အရောင်အသွေး စုံလင်စွာ သိရှိစေဖို့ရန်လည်း ဆေးရောင်ခြယ်ပြီး စာလုံးတွေ...
06/08/2023

Hey... 🙋 Update အသစ်လေး

ကလေးငယ်များ၏ မျက်လုံး အရောင်၌
အရောင်အသွေး စုံလင်စွာ သိရှိစေဖို့ရန်လည်း
ဆေးရောင်ခြယ်ပြီး စာလုံးတွေ မှတ်ရမည့် Activity ကလည်း
မပါမဖြစ် လိုအပ်ပြန်တယ်💜

မိမိရင်သွေးငယ်
ငယ်စဉ်မှစ ဦးနှောက်တိုးတတ်နေစေဖို့
Preschool နှင့် ပတ်သက်ပြီးအ‌ကြောင်းအရာများ သိရှိရန်
Contact Number - 09 798 239 156

ကလေးဘဝ ငယ်စဉ်ကတည်းက💜မိမိ၏ စိတ်နှင့် ခန္ဓာ အား ပူးတွဲ၍ ဖြစ်စေ သီးခြားသိမြင်နိုင်၍ ဖြစ်စေ*စိတ်၏သဘောသဘာဝ အား သိရှိစေရေး*အာရ...
06/08/2023

ကလေးဘဝ ငယ်စဉ်ကတည်းက💜
မိမိ၏ စိတ်နှင့် ခန္ဓာ အား
ပူးတွဲ၍ ဖြစ်စေ သီးခြားသိမြင်နိုင်၍ ဖြစ်စေ
*စိတ်၏သဘောသဘာဝ အား သိရှိစေရေး
*အာရုံးစူးစိုက်နိုင်စွမ်း များ တိုးတတ်စေရေး
* အသက်ရှုလေ့ကျင့်မှု၏ ကောင်းကျိုးများအား သိရှိစေရေး
စသည့် Meditation & Mindfulness (အသိ (သို့) သတိ တရားရှုမှတ်ခြင်း)များ
လုပ်ဆောင်ခြင်း🧘🧘🧘

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံးသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။     * အိုင်...
23/06/2023

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး
သတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့
ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက်က သုံးခုထဲမှာ.. ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ
သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။ ကိုယ့်ဦးနှောက် အသိဉာဏ် လယ်ဗယ်ကို တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ❓ (တွေ့ရှိချက် အသစ်တဲ့)👍

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊ မယားကွဲ၊ အလုပ်ပြုတ်၊ စိတ်ကျ၊ ဆူဆိုက်လုပ်၊ လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. အေကျူလယ်ဗယ် နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...
မိဘတွေဟာ.. ကိုယ့်သားသမီး အေကျူလယ်ဗယ် မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့.. နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

original writer
မူလ ရေး သူ ကို creditပေးပါတယ်။
ကြိုက် လိုcopy ယူ လာတာပါ။

သားသားမီးမီးများ ၏ လက်ချောင်းလေးများ သန်မာလာစေဖို့ လေ့ကျင့် သင်ကြားမှု💜🌿
21/06/2023

သားသားမီးမီးများ ၏
လက်ချောင်းလေးများ သန်မာလာစေဖို့
လေ့ကျင့် သင်ကြားမှု💜🌿

Kaung Satt Linn Thit International Preschool ၏ သားသားမီးမီးများ ရဲ့ Happy Friday Activities လုပ်ဆောင်မှု ပုံရိပ်များ🌿💜
21/06/2023

Kaung Satt Linn Thit
International Preschool ၏
သားသားမီးမီးများ ရဲ့
Happy Friday Activities လုပ်ဆောင်မှု ပုံရိပ်များ🌿💜

Go to Zoo 🐻🐼🐴Happy Time🌿Happy trip 💜
25/04/2023

Go to Zoo 🐻🐼🐴
Happy Time🌿
Happy trip 💜

08/04/2023

သားသားမီးမီးများရဲ့ နွေဦးကဗျာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှု💜

08/04/2023

Grade 3 သမီးလေးများ ရဲ့
မြနန္နာသီချင်းဖြင့် ဖျော်‌ဖြေတင်ဆက်မှု💜

08/04/2023

Training dance time💜

Address

ထောက်ကြန့်မြို့ရှောင်လမ်း
Hmawbi

Opening Hours

Monday 07:00 - 22:30
Tuesday 07:00 - 22:30
Wednesday 07:00 - 22:30
Thursday 07:00 - 22:30
Friday 07:00 - 22:30
Saturday 07:00 - 23:30
Sunday 07:00 - 12:00

Telephone

+959420144857

Website

Alerts

Be the first to know and let us send you an email when Tr.Yu - KL International Preschool & STEM Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category