Success Services Education Center

Success Services Education Center Success Service

စက်ချူပ်Interview ကြိုးစားဖြေဆိုနေကြပုံ🤗🚨 ရုံးဖွင့်ချိန် — မနက် (၈) နာရီမှ ညနေ (၅) နာရီ🚨 တစ်ပတ်ခြား စနေနှင့် တနင်္ဂနွေနေ...
29/09/2026

စက်ချူပ်Interview ကြိုးစားဖြေဆိုနေကြပုံ🤗

🚨 ရုံးဖွင့်ချိန် — မနက် (၈) နာရီမှ ညနေ (၅) နာရီ
🚨 တစ်ပတ်ခြား စနေနှင့် တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါသည်။

🇯🇵 Success Service Education Center
☎️ 09-780-327-408
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

25/09/2026

🇯🇵✨ TOKYO အနီး CHIBA ဘက်မှာရှိတဲ့ CLASS-1 ကျောင်းအတွက် 2027 APRIL INTAKE အခွင့်အရေးကောင်းတစ်ခု! 🎓

ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားပေမယ့်
📌 လက်ရှိ N5 Certificate မရှိသေးသူများ
📌 ဂျပန်စာကို N5ပြီးဆုံးထားသူများ
📌 Tokyo အနီးမှာ ပညာသင်ကြားချင်သူများ
အတွက် အထူးစိတ်ဝင်စားစရာကောင်းတဲ့ အခွင့်အရေးလေး ဖြစ်ပါတယ်။ 🇯🇵✨

🏫 CLASS-1 SCHOOL
📍 CHIBA — TOKYO အနီး
🎯 2027 APRIL INTAKE
👉 2027 ခုနှစ် (2) လပိုင်းမတိုင်ခင် N5 Certificate ရရှိနိုင်မယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ N5 Certificate မရှိသေးလို့
❌ “ဂျပန်သွားဖို့ မဖြစ်နိုင်သေးဘူး” ဆိုပြီး စိတ်မပျက်ပါနဲ့။
📚 အခုကတည်းက စနစ်တကျပြင်ဆင်ပြီး
📝 N5 Exam ကို ဖြေဆိုကာ
🎓 2027 February မတိုင်ခင် N5 Certificate ရရှိအောင် ပြင်ဆင်နိုင်မယ်ဆိုရင် 2027 April Intake ကို ရည်မှန်းနိုင်ပါတယ်။

✨ ဒီအခွင့်အရေးရဲ့ အားသာချက်များ —
✅ CLASS-1 SCHOOL ဖြစ်ခြင်း
✅ CHIBA မှာရှိပြီး TOKYO အနီး ဖြစ်ခြင်း
✅ 2027 APRIL INTAKE အတွက် လျှောက်ထားနိုင်ခြင်း
✅ 2027 February မတိုင်ခင် N5 Certificate ရရှိနိုင်သူများ လျှောက်ထားနိုင်ခြင်း
✅ လက်ရှိ N5 မရှိသေးသူများအနေနဲ့လည်း အခုကတည်းက ပြင်ဆင်ပြီး လျှောက်ထားနိုင်မယ့်အခွင့်အရေး
✅ ဂျပန်နိုင်ငံမှာ ပညာသင်ကြားပြီး အနာဂတ် Career လမ်းကြောင်းကို ဆက်လက်တည်ဆောက်နိုင်မယ့် အခွင့်အရေး 🇯🇵

2027 April Intake Interview ကာလသည်(၉)လပိုင်းကုန်ထိသာရှိပါတော့မယ်ရှင့်🤗🤗🤗

🚨ရုံးဖွင့်ချိန် မနက်(၈)နာရီမှ (၅)နာရီ
တစ်ပတ်ခြားစနေနှင့်တနင်္ဂနွေနေ့တိုင်းရုံးပိတ်သည်။🚨

🇯🇵 Success Service Education Center
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။








22/09/2026

အချိန်ပိုင်းအလုပ်ချိန်နှင့် ပတ်သက်၍ အသိပေးကြေညာချက်

အချိန်ပိုင်းအလုပ် တစ်ပတ် ၂၈ နာရီ စည်းမျဉ်း

ဂျပန်နိုင်ငံတွင် နိုင်ငံခြားကျောင်းသားများသည် အချိန်ပိုင်းအလုပ်လုပ်ကိုင်ရာတွင် တစ်ပတ်လျှင် အများဆုံး ၂၈ နာရီအထိသာ အလုပ်လုပ်ခွင့်ရှိပါသည်။

⚠️ အလုပ် ၂ နေရာ သို့မဟုတ် ၃ နေရာ လုပ်နေပါက အလုပ်အားလုံး၏ နာရီကို ပေါင်းပြီး ၂၈ နာရီအတွင်း ဖြစ်ရပါမည်။

❗️ အရေးကြီးဆုံးသတိထားရမည့်အချက် — “၂၈ နာရီ” ကို ဘယ်လိုတွက်မလဲ?

တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိကိုသာ ၂၈ နာရီအဖြစ် တွက်တာ မဟုတ်ပါ။
👉 မည်သည့်နေ့မှ စတွက်သည်ဖြစ်စေ၊ ဆက်တိုက် ၇ ရက်အတွင်း အလုပ်လုပ်သည့် စုစုပေါင်းအချိန်သည် ၂၈ နာရီထက် မကျော်ရပါ။
ဥပမာ -
အင်္ဂါနေ့ → တနင်္လာနေ့ = ၂၈ နာရီအတွင်း
ဗုဒ္ဓဟူးနေ့ → အင်္ဂါနေ့ = ၂၈ နာရီအတွင်း
ကြာသပတေးနေ့ → ဗုဒ္ဓဟူးနေ့ = ၂၈ နာရီအတွင်း
အဓိကမှတ်ထားရန် — “တစ်ပတ်” ဆိုတာ တနင်္လာနေ့ရောက်တိုင်း အလုပ်ပြန်စလုပ်လို့ရသည်မဟုတ်ပါ။

အလုပ် Shift ရရှိတိုင်း မိမိလုပ်မည့်အလုပ်ချိန်ကို ကိုယ်တိုင်တွက်ချက်စစ်ဆေးပါ။
အလုပ် ၂ နေရာ သို့မဟုတ် ထို့ထက်ပို၍ လုပ်နေပါက အလုပ်အားလုံး၏ အချိန်ကို ပေါင်းတွက်ရပါမည်။

၂၈ နာရီကျော်လွန်ပြီး အလုပ်မလုပ်မိရန်သတိထားပါ။

⚠️ ၂၈ နာရီထက် ကျော်လွန်၍ အလုပ်လုပ်ခြင်းသည် ဥပဒေချိုးဖောက်မှု ဖြစ်နိုင်သောကြောင့် အလွန်အရေးကြီးစွာ သတိပြုကြပါရန် အသိပေးအပ်ပါသည်။
“တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ ၂၈ နာရီ” မဟုတ်ပါ။
“မည်သည့်နေ့မှစ၍ ဆက်တိုက် ၇ ရက်ဖြစ်စေ ၂၈ နာရီအတွင်း” ဖြစ်ရပါမည်။

ကျောင်းသားအားလုံး ဂျပန်မှာ အချိန်ပိုင်းအလုပ်လုပ်တဲ့အခါ မိမိ၏ အလုပ်ချိန်ကို တာဝန်ယူ၍ သေချာစွာ စီမံခန့်ခွဲကြပါရန် အသိပေးအပ်ပါသည်။

🚨ရုံးဖွင့်ချိန် မနက်(၈)နာရီမှ (၅)နာရီ
တစ်ပတ်ခြားစနေနှင့်တနင်္ဂနွေနေ့တိုင်းရုံးပိတ်သည်။🚨

🇯🇵 Success Service Education Center
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။




ကျောင်းသားလေးတွေ ပျောက်ဆုံးနေတာကြောင့် တွေ့ရှိပါက မူရင်း page ကကျောင်းလေးကို ဆက်သွယ်လေးကြပါဦးနော် 🙇
20/09/2026

ကျောင်းသားလေးတွေ ပျောက်ဆုံးနေတာကြောင့် တွေ့ရှိပါက မူရင်း page ကကျောင်းလေးကို ဆက်သွယ်လေးကြပါဦးနော် 🙇



Success Service Education Center သို့ ယုံကြည်စွာဖြင့်မိမိတို့၏ အသိမိတ်ဆွေများနှင့် သူငယ်ချင်းများကို ကျောင်းလျှောက်ထားနိ...
18/09/2026

Success Service Education Center သို့ ယုံကြည်စွာဖြင့်
မိမိတို့၏ အသိမိတ်ဆွေများနှင့် သူငယ်ချင်းများကို ကျောင်းလျှောက်ထားနိုင်ရန် မိတ်ဆက်ပေးကြသော ကျောင်းသားဟောင်းများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙇‍♀️💐

ကျောင်းသားဟောင်းများ၏ ယုံကြည်စွာ မိတ်ဆက်ပေးမှုကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်
Success Service Education Center ၏ Referral Program အရ မိတ်ဆက်ပေးထားသော ကျောင်းသား/သူမှ သက်ဆိုင်ရာကျောင်း၏ Interview ဝင်ခွင့်ရရှိပြီးဖြစ်သည့်အတွက် Referral Fee အား ကျောင်းသားဟောင်းထံ Yen 20,000 အား ပြန်လည်ပေးအပ်ခဲ့ပါတယ်ရှင့်။ 💰🎁

✨Success Service မှာတော့ ကျောင်းသားဟောင်းများရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး ကျေးဇူးတုံ့ပြန်ပေးနေပါတယ်❤️

📩 အသေးစိတ်သိရှိလိုပါက Success Service Education Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

☎️ 09-780-327-408 / 09-751-923-117

🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။



🎊🇯🇵 2026 OCTOBER INTAKE TOKYO COE RESULT ALL PASSED— နောက်ထပ်ရလဒ်ကောင်းတစ်ခု ထပ်မံရရှိ! ❤️အချိန်ကြာကြီး စောင့်ဆိုင်းခဲ့ရ...
17/09/2026

🎊🇯🇵 2026 OCTOBER INTAKE TOKYO COE RESULT ALL PASSED— နောက်ထပ်ရလဒ်ကောင်းတစ်ခု ထပ်မံရရှိ! ❤️

အချိန်ကြာကြီး စောင့်ဆိုင်းခဲ့ရပေမယ့် နောက်ဆုံးမှာတော့ TOKYO ဘက်ရှိ ကျောင်းများထဲမှ နောက်ထပ်ကျောင်းတစ်ကျောင်း၏ COE RESULT ကောင်းများကို ထပ်မံရရှိခဲ့ပါပြီရှင့်။ 🎉🇯🇵

SUCCESS SERVICE EDUCATION CENTER မှ 2026 October Intake အတွက် လျှောက်ထားပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများရဲ့ COE Result များကို အဆင့်ဆင့် ရရှိနေပြီဖြစ်ပြီး ယခုတစ်ကြိမ်မှာလည်း TOKYO ဘက်ရှိ ကျောင်းတစ်ကျောင်းမှ ရလဒ်ကောင်းများ ထပ်မံရရှိလာခဲ့ပါတယ်ရှင့်။ ❤️

⏳ စောင့်ဆိုင်းရတဲ့ အချိန်ကာလကြာမြင့်ခဲ့ပေမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် မျှော်လင့်စောင့်စားခဲ့ရတဲ့ ရလဒ်ကောင်းတစ်ခုအဖြစ် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 🥰

ယုံကြည်စွာ လက်တွဲပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏❤️

နောက်ထပ်ကျောင်းများ၏ COE RESULT များကိုလည်း ရင်ခုန်စွာ ဆက်လက်စောင့်မျှော်နေပါတယ်။ 🎊🇯🇵






15/09/2026

🇯🇵🎓 ဂျပန်နိုင်ငံမှာ 4 နှစ်ဘွဲ့ရယူရင်း English + Japanese နှစ်ဘာသာလုံးကို တိုးတက်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခု! 🇯🇵✨

📚 文学部 (Faculty of Liberal Arts)
🎓 英語文化・コミュニケーション学科
English Culture & Communication Department

👩🏻‍🎓 လက်ခံမည့် ကျောင်းသားဦးရေ – 20 ဦး

🌸 တက္ကသိုလ်မှာ ဘာတွေ လေ့လာရမလဲ?
အင်္ဂလိပ်ဘာသာစကားကို အဓိကထားလေ့လာရမယ့်အပြင်
📖 English Culture & Communication
🗣 English Communication Skills
🇯🇵 Japanese Language
🌏 အမျိုးမျိုးသော Liberal Arts ဘာသာရပ်များကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် English + Japanese နှစ်ဘာသာလုံးကို တိုးတက်အောင် လေ့လာပြီး ဂျပန်နိုင်ငံမှာ မိမိရဲ့ Career ကို တည်ဆောက်ချင်သူများအတွက် သင့်တော်တဲ့ 4-Year Degree Program တစ်ခုဖြစ်ပါတယ်။ 🌸

📌 Requirements
✅ အထက်တန်းအောင်မြင်ပြီးသူ
✅ Japanese — JLPT N5 အဆင့်ခန့်
✅ English — CEFR B1 အဆင့်ခန့်
✅ Japanese & English နှစ်ဘာသာကို အသုံးပြုပြီး University Level ပညာသင်ယူနိုင်မည့် အခြေခံအရည်အချင်းရှိသူ

🌸 ဘယ်လိုကျောင်းသားတွေ လျှောက်သင့်လဲ?
💡 English ဘာသာရပ်ကို စိတ်ဝင်စားပြီး University Level အထိ လေ့လာချင်သူများ
💡 ဂျပန်နိုင်ငံမှာ 4 နှစ်ဘွဲ့ ရယူချင်သူများ
💡 English + Japanese နှစ်ဘာသာလုံး တိုးတက်ချင်သူများ
💡 ဘွဲ့ရပြီးနောက် ဂျပန်နိုင်ငံမှာ Career တည်ဆောက်ချင်သူများ
💡 English ဖြင့် သင်ကြားပေးသော University Education ကို လေ့လာချင်သူများ

📝 ဝင်ခွင့်စာမေးပွဲအတွက်
“事前英語エッセイ (Pre-submitted English Essay)” တစ်ခုတည်းဖြင့် စစ်ဆေးသွားမည်ဖြစ်ပါတယ်။

📢 စက်တင်ဘာလ 18 ရက်နေ့ခန့်တွင် Essay မေးခွန်းကို ပေးပို့မည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်နိုင်ရန် အချိန်ရရှိမှာဖြစ်ပါတယ်။

⏰ DEADLINE — 25.9.2026
🎓 လက်ခံမည့်ဦးရေ 20 ဦးသာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေဖြင့် အချိန်မီ စာရင်းပေးထားနိုင်ပါပြီရှင့်။

📩 အသေးစိတ်အချက်အလက်များနှင့် လျှောက်ထားနိုင်ရန် Success Service Education Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ 🇯🇵🌸

🚨ရုံးဖွင့်ချိန် မနက်(၈)နာရီမှ (၅)နာရီ
တစ်ပတ်ခြားစနေနှင့်တနင်္ဂနွေနေ့တိုင်းရုံးပိတ်သည်။🚨

🇯🇵 Success Service Education Center
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။









14/09/2026

🇯🇵 2023 မှစတင်၍ ဂျပန်နိုင်ငံရှိ ဂျပန်ရုံးချုပ်၏ မြန်မာကျောင်းခွဲအဖြစ် ကျောင်းလျှောက်ထားမှုများကို ဆောင်ရွက်ပေးနေသော Success Service Education Center 🇲🇲✨

2023 မှစတင်ပြီး ယနေ့အချိန်အထိ…
Success Service Education Center နဲ့အတူ ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့၊ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ရှာဖွေဖို့ ရွေးချယ်ခဲ့ကြတဲ့ ကျောင်းသား/သူများရဲ့ ခရီးစဉ်တွေကို ဒီ Video လေးထဲမှာ ပြန်လည်မျှဝေပေးထားပါတယ်။ ❤️

📚 Intake တစ်ခုချင်းစီတိုင်းမှာ လျှောက်ထားခဲ့တဲ့ ကျောင်းသား/သူများ
📄 COE Result ထွက်ရှိမှုများ
🎓 ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ ထွက်ခွာသွားကြတဲ့ ကျောင်းသား/သူများ
✈️ လေဆိပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ အမှတ်တရအခိုက်အတန့်များ
တို့ကို တစ်စုတစ်စည်းတည်း ပြန်လည်မှတ်တမ်းတင်ထားပါတယ်။

ကျောင်းလျှောက်ထားခြင်းဆိုတာ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး လျှောက်ထားရုံနဲ့ ပြီးဆုံးသွားတာမဟုတ်ပါဘူး။
ကျောင်းသား/သူတစ်ယောက်ချင်းစီရဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ အနာဂတ်အိပ်မက်တွေ ပါဝင်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တာကြောင့် လျှောက်ထားမှုအစပိုင်းကနေစပြီး အဆင့်ဆင့် သေချာစွာ ဆောင်ရွက်ပေးဖို့က အရေးကြီးပါတယ်။ 🤝🏻

Success Service Education Center အနေနဲ့လည်း ကျောင်းသား/သူများအတွက် သက်ဆိုင်ရာ Intake အလိုက် လိုအပ်သည့် လျှောက်ထားမှုများကို ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်ပေးခြင်း၊ ကျောင်းနှင့်ပတ်သက်သည့် လိုအပ်သော အချက်အလက်များကို ရှင်းလင်းပေးခြင်းတို့မှစ၍ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားတဲ့အချိန်အထိ တတ်နိုင်သမျှ လိုက်လံကူညီပေးခဲ့ပါတယ်။ 🇯🇵

ဒီ Video ထဲက COE Result တစ်ခုချင်းစီ ဟာလည်း Success Service နဲ့အတူ လျှောက်ထားခဲ့ကြတဲ့ ကျောင်းသား/သူတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 📄✨

ပြီးတော့ လေဆိပ်မှာ ကျောင်းသား/သူတွေကို လိုက်လံပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တိုင်းကတော့
“လျှောက်ထားပေးခဲ့တဲ့နေ့ကနေ ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့နေ့အထိ”
အတူတူဖြတ်သန်းခဲ့တဲ့ ခရီးစဉ်တစ်ခုရဲ့ အမှတ်တရတွေ ဖြစ်ပါတယ်။ ✈️❤️
တချို့အတွက်တော့ ဂျပန်နိုင်ငံကို သွားရောက်ပညာသင်ကြားဖို့ဟာ အိပ်မက်တစ်ခုဖြစ်နိုင်ပါတယ်။

တချို့အတွက်တော့ ကိုယ့်ရဲ့အနာဂတ်ကို ပိုကောင်းအောင် တည်ဆောက်ဖို့အတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်နိုင်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဂျပန်နိုင်ငံကို သွားရောက်ကြမယ်ဆိုပါစေ…

ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းက အရေးကြီးပါတယ်။ 🌸

2023 မှစတင်ခဲ့တဲ့ ခရီးစဉ်ကနေ ယနေ့အချိန်အထိ
Intake တစ်ခုချင်းစီတိုင်း၊ COE Result တစ်ခုချင်းစီတိုင်း၊ ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့ ကျောင်းသား/သူတစ်ယောက်ချင်းစီတိုင်းဟာ Success Service Education Center ရဲ့ ခရီးစဉ်ထဲက အရေးကြီးတဲ့ အမှတ်တရများ ဖြစ်ပါတယ်။ ❤️

အခုလည်း 🇯🇵 Japan ကို ပညာသင်ဖို့ ရည်မှန်းထားသူများအတွက်
မိမိနဲ့သင့်တော်မယ့် School & Intake ကို ရွေးချယ်နိုင်ဖို့၊ လျှောက်ထားမှုအဆင့်ဆင့်ကို နားလည်နိုင်ဖို့နဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာနိုင်တဲ့အထိ လိုအပ်သလို ကူညီပေးဖို့ Success Service Education Center မှ အမြဲအသင့်ရှိနေပါတယ်။ 🤝🏻
✨

🚨ရုံးဖွင့်ချိန် မနက်(၈)နာရီမှ (၅)နာရီ
တစ်ပတ်ခြားစနေနှင့်တနင်္ဂနွေနေ့တိုင်းရုံးပိတ်သည်။🚨

🇯🇵 Success Service Education Center
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။










12/09/2026

COE Reject တွေကို
😊 ဘယ်လို ဆက်လုပ်ရမလဲဆ်ုတာ လမ်းညွှန်လဲဆိုရင် တော့

🇯🇵 တစ်ခါမအောင်မြင်ခဲ့ပေမယ့်… အခွင့်အရေးအသစ်နဲ့ ပြန်စတင်နိုင်ပါတယ် ✨

ဒီတစ်ကြိမ် COE Result အဆင်မပြေခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း SUCCESS SERVICE EDUCATION CENTER မှာ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

တစ်ကြိမ် Reject ဖြစ်သွားတာနဲ့
🇯🇵 ဂျပန်နိုင်ငံကို သွားရောက်ပညာသင်ယူမယ့် အိပ်မက်ကို လက်လျှော့ဖို့ မလိုပါဘူး။

လက်ရှိမှာ 2027 APRIL INTAKE အတွက်
🎓 KAIGO SCHOLARSHIP PROGRAM ဖြင့် ကျောင်းပြန်လည်လျှောက်ထားနိုင်ရန် စီစဉ်ပေးနေပါတယ်။

ဒါ့အပြင် COE Reject ဖြစ်ထားသူများအတွက် ပြန်လည်လျှောက်ထားနိုင်မယ့် Program များစွာ ကိုလည်း SUCCESS SERVICE EDUCATION CENTER မှ ဆက်လက်ရှာဖွေစီစဉ်ပေးနေပါတယ်။ ✨

Reject ဆိုတာ အဆုံးသတ်မဟုတ်ပါဘူး။
တစ်ခါမအောင်မြင်ခဲ့တဲ့လမ်းကြောင်းကို ပြန်လည်သုံးသပ်ပြီး မိမိအခြေအနေနဲ့ ကိုက်ညီတဲ့ Program အသစ်၊ School အသစ်တွေနဲ့ ထပ်မံကြိုးစားနိုင်ပါတယ်။ 💪🏻🇯🇵

ဒီလိုအချိန်မှာ အရေးကြီးဆုံးက
❌ စိတ်ဓာတ်ကျပြီး လက်လျှော့မထားဖို့
❌ “ဒီတစ်ခါ Reject ဖြစ်ပြီဆိုတော့ မရတော့ဘူး” လို့ မတွေးဖို့ပါ။

အခွင့်အရေးကောင်းတွေ ရှိနေသေးသရွေ့
အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ SUCCESS SERVICE EDUCATION CENTER ကလည်း ဆက်လက်ကြိုးစားပေးနေပါတယ်။ ❤️

🙏 SUCCESS SERVICE EDUCATION CENTER ကို ယုံကြည်စွာနဲ့ ကျောင်းအပ်နှံပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။

ကျွန်မတို့အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက်
COE Result အဆင်မပြေတဲ့အချိန်မှာလည်း ကျောင်းသားတွေရဲ့အနာဂတ်ကို လက်လွှတ်မထားဘဲ ရရှိနိုင်မယ့် အခွင့်အရေးအသစ်တွေကို ဆက်လက်ရှာဖွေစီစဉ်ပေးသွားမှာပါ။ 🤝🏻❤️

🌸 တစ်ကြိမ် Reject ဖြစ်တာနဲ့ အိပ်မက်ကို မရပ်လိုက်ပါနဲ့။
🌸 2027 APRIL INTAKE အတွက် ပြန်လည်စတင်နိုင်မယ့် အခွင့်အရေးတွေ ရှိနေပါသေးတယ်။
🌸 KAIGO SCHOLARSHIP အပါအဝင် Program များစွာဖြင့် ထပ်မံကြိုးစားနိုင်ပါတယ်။

🚨ရုံးဖွင့်ချိန် မနက်(၈)နာရီမှ (၅)နာရီ
တစ်ပတ်ခြားစနေနှင့်တနင်္ဂနွေနေ့တိုင်းရုံးပိတ်သည်။🚨

🇯🇵 Success Service Education Center
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။





11/09/2026

🚗🔧 ကားပြင်ဆင်ရေးအလုပ်အကိုင်အခွင့်အရေး 🇯🇵
ကားပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အရေးကို စိတ်ဝင်စားသူများအတွက် အလုပ်ခေါ်ယူနေပါပြီရှင့်။ 🇯🇵✨

🛠 အလုပ်အမျိုးအစား — ကားပြင်ဆင်ရေးလုပ်ငန်း
ဂျပန်နိုင်ငံမှာ ကားပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အရေးကို စိတ်ဝင်စားသူများအနေနဲ့ အောက်ပါဘာသာစကားအရည်အချင်းတစ်ခုခု ရှိထားဖို့ လိုအပ်ပါတယ်။

📌 လိုအပ်ချက်
✅ JLPT N4 အောင်မြင်ထားသူများ
OR
✅ JFT-A2 အောင်မြင်ထားသူများ

ကားပြင်ဆင်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကိုင်လိုသူများ၊ ဂျပန်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အရေး ရှာဖွေနေသူများအတွက် စိတ်ဝင်စားဖွယ် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်ရှင့်။ 🇯🇵💪

🔥 အသက် (၃၀) မှ (၃၅) ကြားသူများအတွက် အထူးအခွင့်အရေး 🔥

━━━━━━━━━━━━━━
အသက်အရွယ်ကြောင့် ဂျပန် Language School လျှောက်ထားဖို စိုးရိမ်နေသူများအတွက်လည်း 2027 APRIL INTAKE မှာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ်ရှင့် 💯

📌 အောက်တိုဘာလမှာ NAT-TEST N5 ဖြေဆိုပြီး အောင်လက်မှတ်ရရှိနိုင်ပါက
➡️ 2027 APRIL INTAKE ဖြင့် ဂျပန်နိုင်ငံသို သွားရောက်နိုင်မယ့် အခွင့်အရေးရှိပါတယ် 🇯🇵✈️

📍 CHIBA ခရိုင်
🚆 TOKYO မြိုအနီးတဝိုက်
🔥 အသက်အရွယ်အပိုင်းမှာလည်း အထူးစိတ်ချရပါတယ်!

လက်ရှိ 2026 OCTOBER INTAKE မှာ
👉 အသက် (၃၈) နှစ်အထိ COE ရရှိခဲ့ပြီး
👉 ဒီကျောင်းကို လျှောက်ထားခဲ့တဲ့ ကျောင်းသားများ COE ALL PASSED ဖြစ်ထားပါတယ် 🎉💯

💥 ထူးခြားချက်အနေနဲ့
✅ ကြိုတင်ငွေသွင်းစရာမလို
✅ Interview ဝင်ခွင့်ရရှိနိုင်

━━━━━━━━━━━━━━
🚨Requirement

(၁၀)လပိုင်းတွင်N5လက်မှတ်ရအောင်ယူပေးနိုင်ရမည်။

🎓 မိမိရဲ့ ပညာရေးနောက်ခံ
🎯 အသက်အရွယ်
📚 လက်ရှိ Japanese Level
💼 အနာဂတ် Career Plan
တိုအပေါ်မူတည်ပြီး မိမိနဲ့အသင့်တော်ဆုံး Course ကို ရွေးချယ်နိုင်ပါတယ်ရှင့်။

🇯🇵 ဂျပန်မှာ စာသင်ရုံတင်မကဘဲ မိမိရဲ့ အနာဂတ် Career အတွက်ပါ ကြိုတင်စီစဉ်ထားချင်သူများအတွက် — လမ်းကြောင်းမှန်ကို ရွေးချယ်ဖို အရေးကြီးပါတယ်။ 🌸

📩 အသေးစိတ်သိရှိလိုပါက SUCCESS SERVICE EDUCATION CENTER ရဲ့ Chatbox / Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။

🚨ရုံးဖွင့်ချိန် မနက်(၈)နာရီမှ (၅)နာရီ
တစ်ပတ်ခြားစနေနှင့်တနင်္ဂနွေနေ့တိုင်းရုံးပိတ်သည်။🚨

🇯🇵 Success Service Education Center
☎️ 09-751-923-117
🏢 အမှတ် C.2B၊ သဇင်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။


#ကားပြင်ဆင်ရေး




#ဂျပန်အလုပ်အကိုင်

Address

Thazin Street
Hlaing

Website

Alerts

Be the first to know and let us send you an email when Success Services Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share