02/06/2024
# #💔💔 ထောင်ကျတော့မယ့်ကောင်လေးတစ်ယောက်အမေက သူ့သားလေးစိတ်ဓာတ်မကျသွားအောင် ဘယ်လိုလုပ်ရမလဲတဲ့။ အဲဒီမေးခွန်းကို ထောင်ကျဖူးတဲ့သူတစ်ယောက်က ပြန်ဖြေထားပုံလေးကို အင်္ဂလိပ်စာလည်း လေ့လာရင်း စိတ်ဓာတ်ခွန်အားလေးလည်းဖြစ်အောင် ပြန်လည်မျှဝေလိုက်ပါတယ် 💔💔 # #
💥💥My son got sentenced to 15 years in prison. He is 20 years old. I don’t want him to feel depressed and give up. Is there anything I can do for him while he is in prison?
ကျွန်မသားလေး ထောင် ၁၅နှစ် ကျသွားတယ်။ သူ့အသက် ၂၀ ပဲရှိသေးတယ်။ သူ့ကို စိတ်ဓာတ်မကျစေချင်ဘူး။ အရှုံးမပေးစေချင်ဘူး။ သူထောင်ထဲမှာရှိနေတဲ့အချိန် သူ့အတွက် ဘာများလုပ်ပေးနိုင်တာရှိမလဲ ရှင်။???????💥💥
I've been out a year after doing 22 years off a 15-to-Life sentence in prison.
ကျွန်တော် ၂၂ နှစ်ထောင်ကျပြီး လွတ်လာတာ တစ်နှစ်ရှိပြီ။
I will say to you, as compassionately as I am able, that you have NO IDEA what your son will HAVE TO deal with in there, depression, though prevalent, being low on the list.
ကျွန်တော်အတတ်နိုင်ဆုံးကို ကိုယ်ချင်းစာပြီးပြောပါမယ်။ အဲဒီထောင်ထဲမှာ ခင်ဗျားရဲ့သား ဘာတွေရင်ဆိုင်ရမလဲ ဆိုတာ ခင်ဗျားသိမှာမဟုတ်ပါဘူး။ စိတ်ဓာတ်ကျကြတာ များပေမယ့် အဲတာပါမွှားပဲရှိပါသေးတယ်။
There are no pretty words to alleviate your worries, Ma'am, because prison in America is in no way constructed to be a relief of any kind.
အစ်မကြီးရဲ့ သောကတွေပျောက်အောင် လုပ်ပေးမယ့် စကားလုံးလှလှလေးတွေတော့ ကျွန်တော့မှာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိက က ထောင်တွေက စိတ်သက်သာရအောင် တည်ဆောက်ထားတာ မဟုတ်လို့ပဲ။
Your son will face hardships and challenges incomprehensibly alien to the free world, and experience true loneliness that is quite literally unspeakable, especially in such an environment.
အစ်မသား က လွတ်လပ်တဲ့ကမ္ဘာကြီးနဲ့ လုံးဝအစိမ်းသက်သက် ဖြစ်သော ဒုက္ခတွေ စိန်ခေါ် မှုတွေ ကို ရင်ဆိုင်ရမယ်။ အထူးသဖြင့် ဒီလိုပတ်ဝန်းကျင်မှာ ပြောမထွက်အောင် ဆိုးရွားသော တကယ့်အထီးကျန်မှုတွေကို တွေ့ကြုံရလိမ့်မယ်။
And he will either grow and gain knowledge and maturity, and physical as well as inner strengths, and be of so intimate an understanding of the harshnesses of Life that he chooses for himself a greater path than the one he's known…..or not.
သူ ဗဟုသုတတွေ ရလာမယ်၊ ရင့်ကျက်လာမယ်၊ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကြံ့ခိုင် လာမယ်၊ လောကကြီးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို သေသေချာချာ နားလည်လာမှာဖြစ်တဲ့အတွက်ကြောင့် သူသိထားတဲ့ လမ်းကြောင်းထက် ပိုကောင်းတဲ့လမ်းကြောင်းကို ရွေးချယ်ကောင်းရွေးချယ်မယ်။ အဲလိုမျိုးဖြစ်မလာတာလည်း ဖြစ်နိုင်တယ်။
What you can do for him, Mom, that would be a godsend through the hardships and conducive to his growth and gaining, is to accept them as the reality they are, and encourage him to be not just 'strong', but to be steel.
သူ့အတွက်အမေတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်မယ့်အရာ၊ ဒုက္ခ တွေကြားမှာ တကယ့်အကူအညီဖြစ်မယ့်အရာ၊ သူ့ကိုတိုးတက်သင်ယူစေဖို့ကူညီမယ့်အရာ ကတော့ သူ့ရဲ့အဖြစ်မှန်ကို လက်ခံပေးဖို့ နှင့် သူတို့ကို သန်မာဖို့ အားပေးရုံမက စတီးလို ဖြစ်ဖို့ အားပေးရမယ်။
To be iron.
သံလိုမာဖို့အားပေးရမယ်။
Say to him how you have always known that you gave birth to a lion. A leader.
သူ့ကိုပြော။ ငါက ခြင်္သေ့လေး မွေးဖွားထားတယ်လို့ပဲ အမြဲသိထားတာလို့ပြော။ ခေါင်းဆောင်တစ်ယောက်မွေးထားတာ လို့ပြော။
Let him know that there is wisdom to be gained from every situation he may be confronted with, and to analyze EVERYTHING.
သူ့ကို အသိပေး။ သူရင်ဆိုင်ရတဲ့ အခြေအနေတိုင်းကနေ အသိပညာတွေ ရနိုင်ကြောင်း နှင့် အရာရာကို သေချာစဥ်းစားချင့်ချိန်ဖို့။
Not with fear, but for what he can learn from it.
အကြောက်တရားနဲ့တော့ မဟုတ်ဘူးနော်။ သူအဲဒီကနေ ဘာတွေသင်ယူနိုင်မလဲ ဆိုတာနဲ့ပေါ့။
You tell your son, Ma'am, that YOU are a warrior, and that YOUR blood is HIS blood, so in THAT way, you are always with him.
အစ်မသားကို အစ်မပြော။ မင်းဟာ စစ်သည်တော်တစ်ယောက်ပဲနော်။ မင်းသွေးဟာ ငါ့သွေး။ အဲ့လိုပုံစံမျိုးနဲ့ အစ်မဟာသူနဲ့အမြဲ ရှိနေမယ်။
These words may be TRULY the only way your hopes and wishes will have as deep down an impact as you would like at this point in his life.
ဒီစကားလုံးတွေ က တကယ်ပဲ သူ့အတွက်ထားတဲ့ မင်းရဲ့မျှော်လင့်ချက်တွေ ဆန္ဒတွေ အတွက် သူ့ရဲ့ဘဝမှာ ထိရောက်စေသော တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်တယ်။
Fluffy words and cliché phrases of love and care, (though meant with all your heart, Mom, this I know…), are unfortunately PALE against the blinding light of a flashbang gr***de exploding, guntower block-gun firing, alarm blaring, prisoner rioting prison yard, Ma'am.
မေတ္တာ၊ ဂရုစိုက်မှုနဲ့ပတ်သက်တဲ့ ပေါ့ပေါ့ပါးပါး စကားလုံးတွေ သုံးနေကျစကားလုံးတွေကတော့ (ဟိုးရင်ဘတ်ထဲကနေ ပြောတာဖြစ်သောလည်း၊ အစ်မ ကျွန်တော်သိတယ်။ ဒါဟာ) ဗုံးပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေ၊ alarm မြည်သံတွေ၊ ထောင်သားတွေဆူပူညံသံတွေကြားမှာ ဘာမှထိရောက်မှုရှိမှာ မဟုတ်ဘူး။
It will do his courage and Will to survive immeasurable good if he can draw from YOU a Warrior Mother’s strength, and bravery, and love.
သူသာ စစ်သည်တော်အမေတစ်ယာက်၏ ခွန်အားမျိုး၊ ရဲရင့်မှု နှင့် အချစ်မေတ္တာကိုသာ ရနိုင်ရင် သူ့ရဲ့သတ္တိနဲ့ အသက်ရှင်လိုတဲ့ စိတ်စွမ်းအားကို အတိုင်းအဆမရှိ မြှင့်တင်ပေးနိုင်လိမ့်မယ်။
because, please understand, he resides now, and for a generation to come, in a place that can become a battlefield, within the span of a second.
ဘာကြောင့်လဲဆိုတော့ အခုကနေ နောင်မျိုးဆက်သစ်တစ်ခုစာလောက် သူနေမယ့်နေရာက အချိန်တစ်စက္ကန့်အတွင်းမှာ စစ်မြေပြင် ဖြစ်သွားနိုင်တယ်ဗျာ။
So it takes a certain level of mental and physical strength to maintain such a constant awareness.
အဲဒီအရာကို အမြဲခေါင်းထဲထည့်ထားဖို့ အတိုင်းအတာတစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု လိုအပ်တယ်။
I wish I could apologize to you for the picture I painted of your son's life.
ကျွန်တော် အစ်မသား ရင်ဆိုင်ရမယ့်ဘဝအခြေအနေပုံစံ ဖော်ပြမှုနှင့် ပတ်သက်ပြီး ကျွန်တော် တောင်းပန်နိုင်ရင်ကောင်းမယ်ဗျာ။
Mom, but you can't apologize for the truth, however harsh.
အစ်မရေ ဒါမေယ့် ဘယ်လောက်ပဲခါးသီးပါစေ အမှန်တရားအတွက်တော့ တောင်းပန်လို့မရဘူးလေ။
It would mean to live a lie.
လိမ်သလိုဖြစ်နေမှာပေါ့။
And sugarcoated lies are not what you and your son need going forward.
ပြီးတော့ ရှေ့လျှောက်သွားမယ့် လမ်းမှာ အဲလို အလိမ်အညာ ချိုချိုလေးတွေ က အစ်မနှင့်အစ်မသား လိုအပ်တဲ့အရာ မဟုတ်ဘူးလေ။
The road is long and rougher than you can imagine.
အစ်မတွေးကြည့်တာထက် ခရီးလမ်းက ရှည်ပြီး ပိုကြမ်းတမ်းမယ်။
I wish you, for your son, a Warrior Mother's heart.
ကျွန်တော် အစ်မဆီမှာ အစ်မသားအတွက် စစ်သည်တော်အမေတစ်ယောက်၏နှလုံးသားမျိုး ပိုင်ဆိုင်ပါစေလို့ဆုတောင်းပါတယ်။
This is the best thing you can do for him, Mom.
ဒါဟာ သူ့အတွက် အစ်မလုပ်ပေးနိုင်သော အကောင်းဆုံးအရာပဲ။
May God bless you, and your son, and all who may be with you on this road.
အစ်မ၊ အစ်မသားနှင့်တကွ ဤခရီးလမ်းမှာ အစ်မတို့အတူရှိကောင်းရှိမယ့်သူတွေအားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေဗျာ။