04/05/2026
ဘာလို့ လူတိုင်း ဂျာမနီသွားဖို့ ကြိုးစားနေကြတာလဲ? 🤔✈️
🇩🇪ဂျာမနီနိုင်ငံဟာ အခမဲ့ပညာရေးစနစ်နဲ့ ခိုင်မာတဲ့ အလုပ်အကိုင်စျေးကွက်ကြောင့် ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ အနှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်လာပါပြီ🧑🎓
ဒီနေ့မှာတော့ ဂျာမနီရဲ့ ထူးခြားချက်တွေကို ဝေမျှပေးချင်ပါတယ်
📌ဂျာမနီမှာ လူကြိုက်အများဆုံး လမ်းကြောင်း (၂) ခု ရှိပါတယ်။
✅University (Bachelor/Master): ဂျာမနီနိုင်ငံရဲ့ အစိုးရတက္ကသိုလ်အများစုမှာ ကျောင်းလခ အခမဲ့ဖြစ်ပြီး Semester Fee အနည်းငယ်သာ ပေးရပါတယ်။
✅Ausbildung (Dual Vocational Training): ဒါကတော့ ဂျာမနီရဲ့ အထူးခြားဆုံးစနစ်တခုပါ။ ကျောင်းတက်ရင်း ကုမ္ပဏီတစ်ခုမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရတာပဲ ဖြစ်ပါတယ်။ ထူးခြားချက်က ကျောင်းလခ ပေးစရာမလိုတဲ့အပြင် လစဉ် လစာပါ ရရှိတာဖြစ်လို့ ကိုယ့်စရိတ်ကိုယ် ရှာချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ🇩🇪🧑🎓
📌အလုပ်အကိုင် အခွင့်အလမ်း အကောင်းဆုံး နယ်ပယ်များ 💼
ဂျာမနီဟာ ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံဖြစ်လို့ အလုပ်အကိုင် အခွင့်လမ်းတွေ အလွန်များပါတယ်။
✅Health Care: သူနာပြု (Nursing) နဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးပိုင်းဟာ ဂျာမနီနိုင်ငံမှာ အလိုအပ်ဆုံး ဖြစ်နေပါတယ်။
✅Engineering: ကားထုတ်လုပ်ရေး၊ စက်မှုပိုင်းနဲ့ လျှပ်စစ်အင်ဂျင်နီယာ အစရှိတာတွေအတွက် ဂျာမနီဟာ အလုပ်အခွင့်ရေးပေါများပါတယ်။
✅IT & Technology: Software Developer တွေနဲ့ Data Scientist တွေအတွက် လစာအမြင့်ဆုံး ရနိုင်တဲ့ နယ်ပယ်ပါ။
✅Hospitality: ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းပိုင်းမှာလည်း အလုပ်သင် လမ်းကြောင်းကနေ အလုပ်အကိုင် အခိုင်အမာလည်း ရနိုင်ပါသေးတယ်။
ဂျာမနီနိုင်ငံကို သွားပြီး ဒီလို အခွင့်ရေးတွေကို ရယူဖို့အတွက် ပထမဆုံး လိုအပ်ချက်က ဂျာမန်ဘာသာစကားဘတက်မြောက်ထားဖို့ပါပဲ💎 ဒါကြောင့် Diamond Education ကနေ အခြေခံမှ စတင်ပြီး A1 level တန်းခွဲအသစ်လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ💎
A1 (Beginner): A1.1 + A1.2
Online: zoom class
💰 သင်တန်းကြေး: 150000MMK(A1.1 + A1.2 )
📩 သင်တန်းတက်ရောက်လိုပါက Messenger မှတစ်ဆင့် အမည်နှင့် ဖုန်းနံပါတ်ပေး၍ စာရင်းပေးသွင်းနိုင်ပါပြီ။