Glory Ace Learning Hub

Glory Ace Learning Hub International Preschool
"Building Brighter Futures From the Start!"
Language School for Kids
"Unlocking your potential, nurturing excellence with us!"

Our Babies' Halloween Costumes & Their Handmade Masks🎭------------------------------------------------------------“From ...
01/11/2025

Our Babies' Halloween Costumes & Their Handmade Masks🎭
------------------------------------------------------------
“From colorful costumes to handmade Halloween masks, our preschoolers let their imagination shine at our party time! 🎭✨ Such a fun and festive way to celebrate Halloween together!" 🎃
🧡
By Glory Ace International Preschool
"Building Brighter Futures from the Start!"

01/11/2025

Happy Halloween @ GALH!
----------------------------
“Tiny ghosts, superheroes, and princesses took over the classroom! 🎭🎃 What a spooktacular Halloween party — full of fun, treats, and smiles!" 👻🕷️ ゚viralシfypシ゚

Glory Ace Learning Hub ကထိန်အလှူတော်🙏----------------------------------------တီချယ်တို့ Glory Ace Learning Hub - Languag...
31/10/2025

Glory Ace Learning Hub ကထိန်အလှူတော်🙏
----------------------------------------
တီချယ်တို့ Glory Ace Learning Hub - Language School နှင့် International Preschool မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းကထိန်အလှူ ပဒေသာပင်ကို ယနေ့ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ရွှေဂူကြီးမင်းကျောင်းတိုက်သို့ သွားရောက်ပို့ဆောင်ခဲ့ကြပါတယ်။
Glory Ace ကျောင်းသား၊ ကျောင်းသူများကိုယ်စား "Glory Ace International Preschool - Foundation Class မှ သားသားမောင်မင်းမြတ်ကောင်းကြွယ်၊ သားသားမောင်ရွှေဘုန်းမြတ်ပိုင် နှင့် သားသားမောင်ခေတ်ဘုန်းခန့်" တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ ဆပ်ကပ်လှူဒါန်းပြီး အလှူဒါနပြုခဲ့ပါတယ်ရှင်.....

🙏"လှူဒါန်းသော ဝတ္ထုတန်ဖိုး"🙏
-------------------------
ပစ္စည်းတန်ဖိုး - ၅၀၁,၅၀၀ ကျပ်
ငွေသားတန်ဖိုး - ၁၆၅,၁၀၀ ကျပ်
----------------
စုစုပေါင်းတန်ဖိုး - ၆၆၆,၆၀၀ ကျပ် ဆက်ကပ်လှူဒါန်းပါသည်။

🙏"ယနေ့ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ကို နတ်လူ သာဓုခေါ်စေသော်"🙏

By Glory Ace Learning Hub
"Building Brighter Futures from the Start!"

#ကထိန်အလှူ ゚viralシfypシ゚

🎃 Halloween Party Invitation! 👻-----------------------------------Dear Our Preschoolers,Get ready for some spooky fun! J...
30/10/2025

🎃 Halloween Party Invitation! 👻
-----------------------------------
Dear Our Preschoolers,
Get ready for some spooky fun! Join us for our Halloween Party at our GALH preschool!
Wear your favorite Halloween costume and come dressed in Halloween colors — orange, black, purple, or green!
Let’s celebrate with games, treats, and lots of giggles! 🧙‍♀️🕸️🦇

🎃Party Time🎃
-----------
Date : October 31, 2025
Time: 9:00 AM - 3:00 PM
Place : No(9), Glory Ace Learning Hub, University Road, Myawaddy Ward, Hinthada.
By Glory Ace International Preschool
"Building Brighter Futures from the Start!"

゚viralシfypシ゚

25/10/2025

🌈 Exploring sunshine, clouds, and rain—learning is always bright here!☀️⛅️☁️🌧⛈
-------------------------------------------------
Our preschoolers now know what makes the sun shine and the rain fall. Rain or shine, our kids are discovering the wonders of the weather through songs, stories, and play!”

By Glory Ace International Preschool
"Building Brighter Futures from the Start!"

゚viralシ

24/10/2025

“Happy Birthday, cutie pie! May your day be as bright and happy as you are!”
゚viralシ

23/10/2025

သားသားမီးမီးတို့အတွက် "တစ်ကိုယ်ရည် သန့်ရှင်းရေး"
゚viralシ

YLE Starters (Pre-A1) Course: Weekend Classes🔔🔔🔔*******************************************************"2025 - 2026 Acad...
19/10/2025

YLE Starters (Pre-A1) Course: Weekend Classes🔔🔔🔔
*******************************************************
"2025 - 2026 Academic Year: YLE Starters (Pre-A1) Level" အတွက် [General English (4 skills) နှင့် Grammar Class] - Batch (2)ကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းသားသစ်များလည်း ဆက်လက်လက်ခံလျက်ရှိပါတယ်ရှင်....

🔸Grade (2) မှ Grade (4) တက်ရောက်နေသော သားသားမီးမီးများအတွက် အခြေခံ English Language Skill ကို ထိထိရောက်ရောက်နှင့် တိုးတက်မှုများကို မျက်ဝါးဝါးထင်ထင်မြင်တွေ့နိုင်သော Starters Class ဖြစ်ပါတယ်..

🔸English (4 Skills) အပြင် Grammar နှင့်အတူ တွဲဖက်၍ လေ့လာသင်ကြားရမည်ဖြစ်ပါသဖြင့် ကလေးငယ်များ၏ ကျောင်းသင်ခန်းစာများအတွက် များစွာ အထောက်အပံ့ဖြစ်စေပါတယ်ရှင်...

🔔သင်တန်းအတန်းချိန်များကို ဝါတွင်းကာလအတွင်းတွင် "ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့"များ၌ တက်ရောက်ရမှာဖြစ်ပြီး ဝါထွက်ကာလတွင်လည်း ပုံမှန် (စနေနေ့၊ တနင်္ဂနွေနေ့)များ၌ ပြောင်းလဲ၍ တက်ရောက်ပေးရမှာ ဖြစ်ပါတယ်။🔔

Course Information
**********************
သင်တန်းအမည် : YLE Starters (Pre-A1) Course (Batch - 2)။
သင်တန်းရက်. : စနေနေ့၊ တနင်္ဂနွေနေ့။
သင်တန်းအချိန် : နေ့လည် 12:30 PM - 2:00 PM (4 Skills Class)။
နေ့လည် 2:30 PM - 4:00 PM (Grammar Class-Sunday Only)။
သင်တန်းကာလ: ၁ နှစ်။

Link to Full-shield Achievers (2025):🏆
-----------------------------------------
https://www.facebook.com/photo?fbid=122333971316126834&set=a.122102289872126834

Link to Speaking Test of Starters Class (Circle - B)
------------------------------------------------------------
https://www.facebook.com/gloryacelearninghub/videos/497658403131754

သင်တန်းအကြောင်းအရာများကို စုံစမ်းလိုပါက ဖုန်း 09 978265264 (သို့မဟုတ်) page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်‼️

By Glory Ace Learning Hub
"Unlocking your potential, nurturing excellence with us!"

☎️09978265264, 09264741801
🏫အမှတ်(၉)၊ Glory Ace Learning Hub၊ ရွှေဂူကြီးမင်းကျောင်းတိုက်ဘေး၊ တက္ကသိုလ်လမ်းမကြီး၊ မြဝတီရပ်ကွက်၊ ဟင်္သာတမြို့။

18/10/2025

Obstacle Course for Kids_Gross Motor Skill Development

“သားသားမီးမီးတို့၏ အနာဂါတ်အတွက် အလွန်အရေးပါသော 6C’s of Education”----------------------------------------"ITခေတ် (နည်းပည...
16/10/2025

“သားသားမီးမီးတို့၏ အနာဂါတ်အတွက်
အလွန်အရေးပါသော 6C’s of Education”
----------------------------------------
"ITခေတ် (နည်းပညာခေတ်), ယနေ့၂၁ရာစုတွင် မွေးဖွားကြီးပြင်းလာကြသော ကလေးငယ်များအတွက် အနာဂါတ်မှာ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ဘယ်လိုနည်းလမ်းမျိုးများဖြင့် ပြုစုပျိုးထောင်ပေးကြမလဲ❓"👨‍👩‍👧‍👦
--------------------------------
ယနေ့ခေတ်ဖေဖေမေမေတို့အတွက် အမြဲဦးနှောက်ခြောက်စရာ၊ စဥ်းစားစရာအပြည့်ဖြစ်စေသော မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဤကြမ်းတမ်းလှ၍ ပြောင်းလဲမှုမြန်ဆန်သော ခေတ်စနစ်သစ်ကြီးထဲ၌ သားသားမီးမီးလေးများကို မှန်ကန်သော လမ်းကြောင်းပေါ်တွင် စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်ရန် အရမ်းအရေးကြီးလှပါပေတယ်။ ထို့ကြောင့် ပြောင်းလဲနေသော ခေတ်စနစ်ကြီးနှင့်အတူ လိုက်လျောညီထွေစွာ နေထိုင်နိုင်၍ ပျော်ရွှင်မှုနှင့် အောင်မြင်မှုများကို အရယူရန်အတွက်ဆို ကလေးငယ်များအား "ရှေးရိုးစွဲ လမ်းစဥ်ဟောင်းဖြစ်သော စာပေပညာတစ်ခုတည်း"ကို သင်ကြားပေးရုံမဟုတ်ဘဲ "၂၁ရာစု၏ ဘဝနေထိုင်မှုပုံစံများ၊ လိုအပ်သော skillနှင့် ကျွမ်းကျင်မှုများအပြင် နိုင်ငံသားပီသမှုစသည့်နယ်ပယ်များ"တွင်လည်း ထပ်မံအာရုံစိုက်ပြီး လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါတယ်ရှင်...

"ကလေးတစ်ဦး၏ မှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် 6C's"
---------------------------------------------------------
သားသားမီးမီးတို့အား စနစ်တကျနှင့် မှန်ကန်သော လမ်းကြောင်းပေါ်၌ ပြုစုပျိုးထောင်လိုသော ဖေဖေမေမေများအတွက် အောက်ပါ 6C's of Education နည်းလမ်းလေးကို ကျင့်သုံး၍ ကလေးများကို သင်ကြားလေ့ကျင့်ပေးရန် အကြံပြုပါရစေရှင်...

🌟Critical Thinking - ဝေဖန်ပိုင်းခြားတွေးခေါ်မှု
-----------------------------------------
အချက်အလက်အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ အကဲဖြတ်ခြင်းနှင့် ပေါင်းစပ်၍ တိကျခိုင်မာပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ခြင်း (သို့မဟုတ်) ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းနိုင်သော တွေးခေါ်မှုစွမ်းရည် ဖြစပါတယ်။ ကလေးများအတွက် အလွတ်ကျက်ခြင်းထက် စူးစမ်းလိုစိတ်နှင့် ဆင်ခြင်တုံတရားကို အားပေးစေသည့် မေးခွန်းများ မေးမြန်းခြင်း (ဥပမာ - "ဘာကြောင့်" နှင့် "ဘယ်လို" ဆိုသည့် မေးခွန်းများမေးခြင်း)၊ ပဟေဠိများဖြေရှင်းခြင်း၊ အထောက်အထားအချက်အလက်များကို အကဲဖြတ်စေခြင်း စသည်တို့ကို ပြုလုပ်လေ့ကျင့်ပေးနိုင်ပါတယ်။

🤝Collaboration - ပူးပေါင်းဆောင်ရွက်မှု
-----------------------------------
သူငယ်ချင်းများနှင့် အတူ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်နိုင်မှု၊ ပူးပေါင်း၍ ထိရောက်စွာ ပြဿနာဖြေရှင်းနိုင်သော စွမ်းရည်ဖြစ်သည့်အတွက်
ကလေးများအား အုပ်စုလိုက် ပရောဂျက်များပြုလုပ်ပေးခြင်း၊ အသင်းဖွဲ့ကစားခြင်းများ၊ မိဘများနှင့်အတူ ပူးပေါင်းပြဿနာဖြေရှင်းသည့် လှုပ်ရှားမှုများပြုလုပ်ခြင်းမှတစ်ဆင့် ဤစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။

💡 Creativity - ဖန်တီးမှုစွမ်းရည်
----------------------------
ကလေးများအတွက် ဆန်းသစ်တီထွင်မှု၊ စူးစမ်းလိုစိတ်၊ စိတ်ကူးသစ် (သို့မဟုတ်) ဖြေရှင်းနည်းသစ်များကို ဖန်တီးနိုင်သော စွမ်းရည်သည် မရှိမဖြစ် လိုအပ်ပါတယ်။ ပုံဆွဲခြင်း၊ ကိုယ်ပိုင်ပုံပြင်များကို ဖန်တီးပြောဆိုစေခြင်း၊ ကစားနည်းအသစ်များ တီထွင်၍ ဆော့ကစားစေခြင်း (သို့မဟုတ်) လေ့လာသင်ယူစေလိုသော အကြောင်းအရာများအပေါ် အခြေခံ၍ ပရောဂျက်များ ရေးဆွဲပြီး အကောင်အထည်ဖော်စေခြင်းတို့မှတစ်ဆင့် ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။

🗣️Communication - ဆက်သွယ်ပြောဆိုမှု
-------------------------------------
ကလေးငယ်များ၏ အတွေးအမြင်များကို မျှဝေရာတွင် ရှင်းလင်းပြတ်သား၍ ထိရောက်စွာ ဖော်ပြနိင်သော စွမ်းရည်ဖြစ်သည့်အလျောက် သားသားမီးမီးများသည် မိမိတို့၏ စိတ်ကူး၊ အယူအဆနှင့် အတွေးအမြင်အပေါ်၌ ယုံကြည်မှုရှိလာခြင်းမှသည် မိမိကိုယ်ကို ယုံကြည်မှု၊ ပတ်ဝန်းကျင်နှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းအားများကိုပါ တည်ဆောက်ပေးပါတယ်။ ထို့ကြောင့် မိသားစုတွင်း ဆွေးနွေးပွဲငယ်များ ပြုလုပ်ပေးခြင်း၊ ကိုယ်ပိုင်ဂျာနယ်များ ရေးသားခိုင်းခြင်း၊ ကျောင်းတွင်းပြဇာတ်ပွဲများတွင် ပါဝင်ခြင်းတို့မှ လေ့ကျင့်ပေးနိုင်ပါတယ်။

🌍Citizenship - နိုင်ငံသားပီသမှု
-------------------------------
လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်အပေါ် တာဝန်ယူမှု၊ တက်ကြွစွာ ပါဝင်လှုပ်ရှားမှုများအပြင် မတူညီသော ယဥ်ကျေးမှုအကြောင်း သိမြင်နားလည်မှု၊ ကရုဏာနှင့် လေးစားမှုရှိခြင်းတို့ကို သင်ကြားလေ့ကျင့်ပေးခြင်းရန် အရေးကြီးပါတယ်။ Citizenship သည် ကလေးငယ်များကို "ငါတစ်ယောက်တည်း" မဟုတ်ဘဲ "ငါတို့အားလုံး" ဆိုသော အတွေးအခေါ်ဖြင့် ကြီးပြင်းလာစေရန် အားပေးသည့်အတွက် သားသားမီးမီးများအား အနာဂတ်၏ ပညာတတ်၊ ဂရုစိုက်တတ်သော၊ တာဝန်ယူတတ်သော ခေါင်းဆောင်ကောင်းများအဖြစ် ရပ်တည်နိုင်စေရန် အခြေခံအုတ်မြစ်ချပေးနိုင်မည် ဖြစ်ပါတယ်။

💪Character - ကိုယ်ရည်ကိုယ်သွေး
------------------------------
ရည်ရွယ်ချက် ပန်းတိုင်များ တည်ဆောက်ခြင်း၊ မိမိ၏ စိတ်ခံစားမှုများကို ကောင်းမွန်စွာ သိရှိနားလည်၍ စီမံခန့်ခွဲနိုင်ခြင်း၊ ခံနိုင်ရည်စွမ်းအား၊ ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှန်ကန်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းများကို ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်သင်ကြားပေးပါ။
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်အတွက် ပျိုးထောင်ခြင်းသည် ကလေးများအား စာရိတ္တကောင်းမွန်သော၊ တာဝန်ယူတတ်သော၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်သော လူကြီးများအဖြစ် ကြီးပြင်းလာစေရန် အခြေခံအုတ်မြစ်ချပေးခြင်း ဖြစ်ပါတယ်။ ထို့ပြင်ကောင်းမွန်သော ကိုယ်ကျင့်တရားသည် ပညာရေးအောင်မြင်မှုထက် ပိုမိုတန်ဖိုးရှိသော ဘဝအောင်မြင်မှုကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်ရှင်...

အချုပ်အားဖြင့် ဆိုရလျှင် "6C's of Education" သည် ကလေးငယ်များအား ပညာရေးတွင်သာမက ဘဝတစ်သက်တာ အောင်မြင်မှုအတွက် အထောက်အကူပြုသော ကျွမ်းကျင်မှုများကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဖေဖေမေမေတို့အနေဖြင့် မိမိတို့ သားသားမီးမီးများအား အနာဂါတ်တွင် တောက်ပသော ကြယ်လေးများ ဖြစ်လာစေရန်အတွက် ငယ်စဥ်ကတည်းကပင် စနစ်တကျ ပြုစုပျိုးထောင်နိုင်စေရန် ရည်ရွယ်၍ ဤ"6C's Education" ကို မျှဝေရခြင်း ဖြစ်ပါတယ်ရှင်...

"အချိန်ပေး၍ အဆုံးအထိ ​ဖတ်ရှူပေးပါသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်.."

By Glory Ace Learning Hub
"Building Brighter Futures from the Start!"

゚viralシ

YLE A1 Movers: Practice Test (1)----------------------------------📘 Our young learners are gearing up for success! Today...
12/10/2025

YLE A1 Movers: Practice Test (1)
----------------------------------
📘 Our young learners are gearing up for success! Today we held a Cambridge English YLE Movers practice test to help students build confidence and prepare for the real exam.
💪 Great job, everyone — your hard work is paying off! 🌟

By Glory Ace Learning Hub
"Unlocking your potential, nurturing excellence with us!"

📱0️⃣9️⃣9️⃣7️⃣8️⃣2️⃣6️⃣5️⃣2️⃣6️⃣4️⃣

🏫 အမှတ်(၉)၊ Glory Ace Learning Hub၊ တက္ကသိုလ်လမ်းမကြီး၊ မြဝတီရပ်ကွက်၊ ဟင်္သာတမြို့။

゚viralシ

Reminder: Our Preschool Starts Tomorrow Again!🔔----------------------------------------------------The Thadingyut break ...
12/10/2025

Reminder: Our Preschool Starts Tomorrow Again!🔔
----------------------------------------------------
The Thadingyut break is over, little stars! 🌟
It’s time to pack your tiny bags — preschool starts tomorrow! 🎒💖
We can’t wait to see you all! 😊

By Glory Ace International Preschool
"Building Brighter Futures from the Start!"

゚viralシ

Address

No. (9), (Next To Shwe Gu Gyi Min Temple), University Road, Myawaddy Ward
Hinthada

Alerts

Be the first to know and let us send you an email when Glory Ace Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share