CDM - အဝေးသင်ကျောင်းသားများကွန်ရက်

  • Home
  • Myanmar
  • Hinthada
  • CDM - အဝေးသင်ကျောင်းသားများကွန်ရက်

CDM - အဝေးသင်ကျောင်းသားများကွန်ရက် Establish and protect interim learning opportunities for students

ဟင်္သာတတက္ကသိုလ် အဝေးသင်ကျောင်းသားထုအဖွဲ့အစည်း-HUDSOမှကြီးမှူးကျင်းပမည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားနှင့် CDMကျောင...
18/07/2022

ဟင်္သာတတက္ကသိုလ် အဝေးသင်ကျောင်းသားထုအဖွဲ့အစည်း-HUDSOမှကြီးမှူးကျင်းပမည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားနှင့် CDMကျောင်းသားထုတွေ့ဆုံပွဲကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့၊ ည(၇)နာရီတွင် ပြုလုပ်မည်ဖြစ်ရာ ဟင်္သာတတက္ကသိုလ် နေ့သင်တန်းနှင့်အဝေးသင်သင်တန်းရှိ CDMကျောင်းသား/သူများ ပါဝင်တက်ရောက်ပေးနိုင်ပါရန်နှင့် ဆွေးနွေးပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

နေရာ-Telegram Group
https://t.me/+5zRqGVRGZGphNTA1
အချိန်-ည၇နာရီ
နေ့ရက်-19-7-2022(အင်္ဂါနေ့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၅/၂၀၂၂)၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်...
07/05/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၅/၂၀၂၂)
၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်
ပညာရေး၀န်ကြီးဌာနမှအရည်အသွေးပြည့်ဝသည့်ကြားကာလအဆင့်မြင့်နှင့်သက်မွေးပညာရေး လုပ်ငန်းများဆောင်ရွက်နေခြင်းအား အသိပေးကြေညာခြင်း
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြသော အမှန်တရားကို မြတ်နိုးကျင့်သုံးနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် အာမခံချက်ရှိပြီး တရားမျှတသော ကြားကာလပညာရေးကို အမြဲမပြတ် အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေသော အသုံးချခံပညာရေးစနစ်တွင် ပါဝင်ပတ်သက်နေသူများကို Non-CDM များအဖြစ် သတ်မှတ်ကြောင်း သက်ဆိုင်ရာကျောင်းကောင်စီအသီးသီးမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနမှလည်း ကြေညာချက်အမှတ် (၃/၂၀၂၁)၊ (၁၁/၂၀၂၁)၊ (၂၀/၂၀၂၁) နှင့် (၄၀/၂၀၂၁) တို့ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။
၂။ သို့ဖြစ်ပါ၍ အဓမ္မနည်းလမ်းအမျိုးမျိုးဖြင့် စစ်ကျွန်ပညာရေးယန္တရားလည်ပတ်နိုင်ရန်အတွက် တက္ကသိုလ်များ ဖွင့်ရန် အားထုတ်ခြင်း၊ တက္ကသိုလ်၀င်တန်းအောင် စာမေးပွဲများ ကျင်းပခြင်း၊ တက္ကသိုလ်ပထမနှစ် ၀င်ခွင့်များ ခေါ်ယူခြင်း တို့ပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီက ကြိုးစားနေရာတွင် အဆိုပါယန္တရားတွင် ပါ၀င်နေသော ကျောင်းသား၊ကျောင်းသူများအား Non-CDM ကျောင်းသား၊ကျောင်းသူများအဖြစ် သတ်မှတ်ပါသည်။ (၂၀၂၀)ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ထားသော်လည်း စစ်ကောင်စီ၏တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထား ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို CDM ကျောင်းသား၊ကျောင်းသူများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။
၃။ ဖိအားအမျိုးမျိုးကြောင့် တက္ကသိုလ်၀င်ခွင့်လျှောက်ခဲ့ရပြီး ဝင်ခွင့်ရသွားသော်လည်း ကျောင်းတက်ခြင်းမပြုဘဲ စစ်ကျွန်ပညာရေးအား သပိတ်မှောက်သည့် တက္ကသိုလ်၀င်တန်း အောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူ လူငယ်များကို သက်ဆိုင်ရာကျောင်းကောင်စီအသီးသီးမှ CDM ကျောင်းသား၊ ကျောင်းသူများဟု မှတ်တမ်းတင်ထားရှိသည်ကို ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။
၄။ တော်လှန်ရေးကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ ခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာကျောင်း ကောင်စီ အသီးသီးမှလည်း ကြားကာလသင်ကြားရေး အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှလည်း Open Access Education/ Open University (OU) အား ပြည်တွင်းပြည်ပပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်လျက် ရှိပါသည်။ ထို့အပြင် သင်ကြားရေးအစီအစဉ်များတွင် သက်မွေးနှင့်နည်းပညာဆိုင်ရာ သင်တန်းများ ကိုလည်း ထည့်သွင်း သင်ကြားသွားနိုင်ရန် စီစဉ်ထားပါသည်။
၅။ တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ နှင့် ရွေ့ပြောင်းကျောင်းသားပညာရေးအဖွဲ့အစည်းများနှင့်လက်တွဲ၍ စဉ်ဆက်မပြတ်ပညာရေးကို ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ နှင့် ရွေ့ပြောင်းကျောင်းသားပညာရေးအဖွဲ့အစည်းများမှ ကျင်းပသော တက္ကသိုလ်ဝင်တန်း သို့မဟုတ် အထက်တန်း (၁၀ တန်း) စာမေးပွဲများအောင်မြင်လာသော ကျောင်းသား၊ကျောင်းသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများ မှ စီစဉ်ဆောင်ရွက်နေသည့် ကြားကာလ အဆင့်မြင့်ပညာ၊ သက်မွေးပညာများကို သင်ယူခွင့်ရှိမည် ဖြစ်ပါသည်။
၆။ Open Access Education/ Open University (OU)တွင် အောက်ပါအစီအစဉ် (၃) ရပ်ဖြင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(က)ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရသော အတန်းပညာရေးများ အတွက် ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသား သမဂ္ဂများနှင့် ကျောင်းကောင်စီများ၏ သဘောတူညီမှု ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။
(ခ)(၂၀၂၀) ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသား ဒေသကျောင်းများ နှင့်ရွှေ့ပြောင်းကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ် မရောက်မီ ၎င်းတို့သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာများ ရနိုင်ရန်အတွက် Core Curriculum များကို Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါသည်။
(ဂ)သတ်မှတ်ချက်နှင့် ကိုက်ညီသော စိတ်ပါဝင်စားသည့် မည်သူမဆို လွတ်လပ်စွာတက်ရောက် လေ့လာ သင်ယူနိုင်မည့် Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါသည်။

တောင်ငူတက္ကသိုလ် CDMကျောင်းသားများကွန်ရက် ဖွဲ့စည်းခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာရက်စွဲ။ ၂၀၂၂ခုနှစ်၊ ဧပြီလ၊ ၂...
24/04/2022

တောင်ငူတက္ကသိုလ် CDMကျောင်းသားများကွန်ရက် ဖွဲ့စည်းခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ရက်စွဲ။ ၂၀၂၂ခုနှစ်၊ ဧပြီလ၊ ၂၄ရက်

ကြားကာလပညာသင်ကြားရေးအစီအစဉ် Short Course-2 "Federalism"သင်တန်းကို မေလ(12)ရက်နေ့နောက်‌ဆုံးထားလျှောက်ထားနိုင်ရန် အသိပေးလို...
21/04/2022

ကြားကာလပညာသင်ကြားရေးအစီအစဉ် Short Course-2 "Federalism"သင်တန်းကို မေလ(12)ရက်နေ့နောက်‌ဆုံးထားလျှောက်ထားနိုင်ရန် အသိပေးလိုပါသည်။ လျှောက်ထားပြီးသူကျောင်းသား/သူများကိုစိစစ်၍ သင်တန်းဝင်ခွင့်ညွှန်ကြားလွှာအား တစ်ဦးချင်းထံသို့ CDM-DSNမှပေးပို့ထားပြီးဖြစ်ပါသည်။

သင်္ကြန်ပွဲတော်နှင့်စပ်လျဉ်း၍ မိဘပြည်သူများနှင့် အဝေးသင်ကျောင်းသား/သူများသို့ HUDSOမှ မေတ္တာရပ်ခံချက်
12/04/2022

သင်္ကြန်ပွဲတော်နှင့်စပ်လျဉ်း၍ မိဘပြည်သူများနှင့် အဝေးသင်ကျောင်းသား/သူများသို့ HUDSOမှ မေတ္တာရပ်ခံချက်

CDM အဝေးသင်ကျောင်းသားများကွန်ရက်(ဟင်္သာတတက္ကသိုလ်)မှ ဆောင်ရွက်သည့် ကြားကာလပညာသင်ကြားရေးအစီအစဉ်(Short Course- 2)  ကိုဗစ်က...
08/04/2022

CDM အဝေးသင်ကျောင်းသားများကွန်ရက်(ဟင်္သာတတက္ကသိုလ်)မှ ဆောင်ရွက်သည့် ကြားကာလပညာသင်ကြားရေးအစီအစဉ်(Short Course- 2)

ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ရပ်တန့်ခဲ့ရသည့် အဝေးသင်ပညာရေးသင်ယူမှုကို အထောက်အကူပြုနိုင်ရန်အတွက် အောက်ပါကာလတိုသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်းအမည် - Federalism (ဖက်ဒရယ်စနစ်အကြောင်း)
သင်တန်းကာလ - (၂)ပတ်
သင်တန်းစတင်မည့်ရက် - ၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်(စနေနေ့)
သင်ကြားမည့်ပုံစံ - Telegram တွင်သင်ကြားမည်ဖြစ်ပြီး ကိုယ်တိုင်လေ့လာသည့်စနစ် (Self-Study)ကိုအခြေခံကာ online+offlineဖြင့် သင်ကြားမည်ဖြစ်သည်။

သင်တန်းသားသတ်မှတ်ချက် - CDMပြုလုပ်သည့် အဝေးသင်ကျောင်းသား/သူ မည်သူမဆို တက် ရောက်သင်ယူနိုင်ပါသည်။ Assignmentများကို သတ်မှတ်ရက်အတွင်း ပြန်လည်တင်ပေးရန်နှင့် သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရ ပါမည်။

Federalism (ဖက်ဒရယ်စနစ်အကြောင်း) သင်တန်းတွင်
(က) ဖက်ဒရယ်စနစ်
(ခ) ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ခြင်း
(ဂ) ကမ္ဘာ့နိုင်ငံများ၏ ဖက်ဒရယ်စနစ်များ
(ဃ) ဖက်ဒရယ်ဘဏ္ဍာရေးစနစ်
(င) ဖက်ဒရယ်ပညာရေးစနစ်
(စ) ပြည်နယ်ဖွဲ့စည်းပုံအခြေခံရေးဆွဲပြဋ္ဌာန်းခြင်း
စသည့်သင်ရိုးများပါဝင်သည်။

သင်တန်းကာလပြီးဆုံးပြီးနောက် အကဲဖြတ်အမှတ်ပေးခြင်းဖြင့် အောင်/ရှုံး သတ်မှတ်ဆောင်ရွက်မည် ဖြစ်ပြီး အောင်မြင်သူများကို အသိအမှတ်ပြုလက်မှတ် (Certificate) ထုတ်ပေးမည်ဖြစ်သည်။ သင်တန်း အသေးစိတ်ကို သင်တန်းစတင်ဖွင့်လှစ်သည့်နေ့တွင် အသိပေးကြေညာပေးပါမည်။

အောက်ဖော်ပြပါ Telegram Accountတွင် စာရင်းပေးတက်ရောက်နိုင်ပါသည်။
(Telegram search bar တွင် ဟုရိုက်ထည့်၍ စာရင်းပေးလျှောက်ထားနိုင် ပါသည်။ (ပုံတွင်ကြည့်ရှုပါ)
(Formပိတ်ရက်- ၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်၊ ည(၇)နာရီ)

Telegram တွင်လျှောက်ထားရန် အခက်အခဲရှိပါက CDM-အဝေးသင်ကျောင်းသားများကွန်ရက် Page Messengerတွင် စာရင်းသွင်းတက်ရောက်နိုင်ပါသည်။

https://www.facebook.com/CDMDSNHU2022/

(Formပိတ်ရက်- ၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်၊ ည(၇)နာရီ)

သတ်မှတ်ရက်အတွင်း လျှောက်ထားသူများကိုသာ ထည့်သွင်းစဉ်းစား၍ တက်ရောက်ခွင့်ရရှိ သူများကို အကြောင်းပြန်ပါမည်။

CDM-အဝေးသင်ကျောင်းသားများကွန်ရက်
ဟင်္သာတတက္ကသိုလ်

CDM-အဝေးသင်ကျောင်းသား/သူများနှင့် ဟင်္သာတတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ၄-၄-၂၀၂၂ရက...
04/04/2022

CDM-အဝေးသင်ကျောင်းသား/သူများနှင့် ဟင်္သာတတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ၄-၄-၂၀၂၂ရက်နေ့ ၊ယနေ့ည ၈နာရီအချိန်တွင် ပြုလုပ်ရာ ယာယီအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ HUDSO အလုပ်အမှုဆောင်များ၊ ဖက်ဒရယ်အဝေးသင်မူဝါဒရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်များနှင့် စစ်ကောင်စီမှဖွင့်လှစ်သည့် အဝေးသင်သင်တန်းများကို တက်ရောက်ပူးပေါင်းခြင်းမပြုသည့် ဟင်္သာတတက္ကသိုလ် CDM-အဝေးသင်ကျောင်းသား/သူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲ၌ တက်ရောက်လာသူ အဝေးသင်ကျောင်းသား/သူများမှ အဝေးသင်ရေးရာကိစ္စရပ်များကိုမေးမြန်းပြီး သက်ဆိုင်ရာအဖွဲ့ကိုယ်စားလှယ်များမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ကြားကာလပညာသင်ကြားရေးကိစ္စ၊ CDMကိစ္စနှင့်
HUDSOမှဆောင်ရွက်သည့်ကြားကာလသင်တန်းကိစ္စ၊CDM IDကိစ္စနှင့် CDMစာရင်းကောက်ယူမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။


သို့CDMအဝေးသင်ကျောင်းသား/သူများဟင်္သာတတက္ကသိုလ်HUDSO နှင့် CDMအဝေးသင်ကျောင်းသားများတွေ့ဆုံပွဲ(၃/၂၀၂၂)ဖိတ်ကြားလွှာ  HUDSO...
02/04/2022

သို့
CDMအဝေးသင်ကျောင်းသား/သူများ
ဟင်္သာတတက္ကသိုလ်

HUDSO နှင့် CDMအဝေးသင်ကျောင်းသားများတွေ့ဆုံပွဲ(၃/၂၀၂၂)ဖိတ်ကြားလွှာ

HUDSOနှင့် CDMအဝေးသင်ကျောင်းသားများတွေ့ဆုံပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့အနေဖြင့် တက်ရောက်ဆွေးနွေးပေးနိုင်ပါရန်ဖိတ်ကြား အပ်ပါသည်။

တွေ့ဆုံပွဲတွင် “စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်များ၏ အဝေးသင် ဝင်ခွင့်ရရှိသူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပါမည်။

အစီအစဉ်
နေ့ရက် - ၃/၄/၂၀၂၂(တနင်္ဂနွေနေ့)
အချိန် - ည ၇နာရီ၁၅မိနစ်
နေရာ - Telegram Group

(https://t.me/+5ZpC7z-4EmsxZTQ1)

မှတ်ချက်။ ။ Telegram Group သို့joinရာတွင် အမည်မှန်နှင့် profileပုံကို လုံခြုံရေး သတိပြု၍ တင်ထားခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဟင်္သာတတက္ကသိုလ်
အဝေးသင်ကျောင်းသားထုအဖွဲ့အစည်း

16/03/2022

HUDSO နှင့် ဟင်္သာတတက္ကသိုလ် CDMအဝေးသင်ကျောင်းသားများ တွေ့ဆုံဆွေးနွေးခြင်း(ပြန်လည်ထုတ်လွှင့်ခြင်း)

သက်ဆိုင်ရာတက္ကသိုလ် မိတ်ဖက်အဝေးသင်အသင်းများအား ကြားကာလပညာရေးစတင်နိုင်ရန်  HUDSOမှ အကြုံပြုစာလွှာပေးပို့
07/03/2022

သက်ဆိုင်ရာတက္ကသိုလ် မိတ်ဖက်အဝေးသင်အသင်းများအား ကြားကာလပညာရေးစတင်နိုင်ရန် HUDSOမှ အကြုံပြုစာလွှာပေးပို့

CDM-အဝေးသင်ကျောင်းသားများကွန်ရက်မှဖော်ဆောင်သည့် ကြားကာလပညာသင်ကြားရေးအစီအစဉ်"ဥပဒေအခြေခံသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၅-၃-...
05/03/2022

CDM-အဝေးသင်ကျောင်းသားများကွန်ရက်မှဖော်ဆောင်သည့် ကြားကာလပညာသင်ကြားရေးအစီအစဉ်"ဥပဒေအခြေခံသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၅-၃-၂၀၂၂ရက်နေ့(စနေနေ့)ည၇နာရီခွဲတွင် ကျင်းပပြုလုပ်ရာ ဟင်္သာတတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ၊ ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗ.က.သ)၊ ဟင်္သာတတက္ကသိုလ် အဝေးသင်ကျောင်းသားထုအဖွဲ့အစည်း၊ သင်ခန်းစာပို့ချမည့်ဆရာများနှင့်သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါတယ်။

ဖွင့်ပွဲကို အစီအစဉ် ၇ရပ်ဖြင့်ပြုလုပ်ရာ တက်ရောက်ကြသူအဖွဲ့အစည်းအသီးသီးတာဝန်ရှိသူများမှ အမှာစကားပြောကြားခဲ့ကြပါတယ်။
သင်တန်းသူ/သားများမှ အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ပြီးမြောက်‌ေ‌အာင်မြင်ခဲ့ပါတယ်။

Address

University Street
Hinthada

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 12:00
Sunday 15:00 - 17:00

Alerts

Be the first to know and let us send you an email when CDM - အဝေးသင်ကျောင်းသားများကွန်ရက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CDM - အဝေးသင်ကျောင်းသားများကွန်ရက်:

Shortcuts

Share

Category