Future Star Pre School

Future Star Pre School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Star Pre School, Nursery, A Shae Pine, Heho.

- ကလေးလေးတွေရဲ့ ဦးနှောက်ထဲမှာ Mirror Neurons လို့ခေါ်တဲ့ ဆဲလ်လေးတွေရှိပါတယ်ရှင့် ။ အဲ့ဒီ ဆဲလ်လေးတွေက ဖေဖေမေမေ ၊ ​ဆရာမ (...
05/06/2026

- ကလေးလေးတွေရဲ့ ဦးနှောက်ထဲမှာ Mirror Neurons လို့ခေါ်တဲ့ ဆဲလ်လေးတွေရှိပါတယ်ရှင့် ။ အဲ့ဒီ ဆဲလ်လေးတွေက ဖေဖေမေမေ ၊ ​ဆရာမ (စသူတို့ရဲ့ ..) မျက်နှာအမူအယာ နဲ့တုန်လှုပ်မှုတွေကို မှန်တစ်ချပ်လို အလိုအလျောက်ရောင်ပြန်ဟပ်စေနိုင်ပါတယ်။ အဲ့ဒီကမှတစ်ဆင့် Amygdala ဆိုတဲ့ ဦးနှောက်ရဲ့ စိုးရိမ်စိတ်ထိန်းချုပ်ရာအပိုင်းရှိပါတယ် ။ အခုရာသီက ကလေးလေးတွေကျောင်းစပို့တဲ့အချိန်ဖြစ်တဲ့အတွက် ဒီအချက်လေးနဲ့ဆိုင်နေနိုင်တာလေးကို ပြောပြချင်ပါတယ်ရှင်။ ကလေးလေးတွေကို ကျောင်းပို့တဲ့အချိန် ကျောင်းတံခါးရှေ့မှာ ဖေဖေမေမေတို့နဲ့ နှုတ်ဆက်ကြရင်း ဖေဖေမေမေတို့ရဲ့ မျက်နှာအမူအယာ အသံနေအသံထားကို ကလေးတွေက ကြည့်ပါတယ်ရှင့် ။ အဲ့ချိန်မှာ သူတို့မြင်ရတာကက စိုးရိမ်တဲ့အမူအယာ ၊ တုန်လှုပ်တဲ့အသံနေအသံထား ဖြစ်နေရင် ကလေးတွေရဲ့ Amygdala ပိုင်းကနေတစ်ဆင့် ဒီနေရာက ကြောက်ရတဲ့နေရာပါလားဆိုပြီး မှတ်ယူရင်း သာမန်ထက် ငိုတာမျိုးတွေဖြစ်နိုင်ပါတယ်ရှင့် (အမြဲတမ်းမဟုတ် ၊ ကလေးတိုင်းမဟုတ်ပါရှင်) ။ အဲ့တော့ ကလေးလေးတွေကိုလာပို့ရင် အဲ့တစ်ချက်လေးကိုသတိထားပေးစေချင်ပါတယ်ရှင့် ။ ပထမဆုံးဆိုတော့ မိဘများအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနိုင်နေတာကိုလဲ နားလည်ပါတယ်ရှင့် ။ စိတ်ချပါရှင့် ဆရာမတို့ဘက်က ကလေးတွေအဆင်ပြေ​ပျော်ရွှင်ဖို့ ဂရုစိုက်ပေးပါ့မယ်ရှင့် ။ Future Star Pre School ကို ယုံကြည်စွာအပ်နှံပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် ❤️

lunch time with new babies 🐣❤️
05/06/2026

lunch time with new babies 🐣❤️

It's not just sliding . It's - Gross motor skills (လှေကားများတက်ခြင်းကြောင့် ကြွက်သားများသန်မာစေခြင်း) , Social skills a...
05/06/2026

It's not just sliding . It's - Gross motor skills (လှေကားများတက်ခြင်းကြောင့် ကြွက်သားများသန်မာစေခြင်း) , Social skills and turn - taking (တစ်ဦးပြီးမှတစ်ဦး အလှည့်ကျစောင့်ဆိုင်းခြင်းအလေ့အထ) , and Vestibular system (ဟန်ချက်ထိန်းစနစ်မှန်ကန်စေခြင်း ) ✨

05/06/2026

ငှက်ကလေးတွေတွေ့ရင် ​သေချာငေးကြည့်တတ်ကြတဲ့ ချစ်စရာ့အရွယ် ❤️

05/06/2026

အိမ်ပြန်ခါနီးကိုလည်း အဲ့လိုလို့ ❤️

Rainy season colouring 🌧️🎨
05/06/2026

Rainy season colouring 🌧️🎨

05/06/2026

မင်္ဂလာ နံနက်ခင်း ❤️

ကျောင်းကြီးပြောင်းတော့မယ့် ကလေးလေးတွေ 💕 ။ kg တက်မယ့်ကလေးလေးတွေကော ​G-1 တက်မယ့်ကလေးလေးတွေကိုကော အကောင်းဆုံးသင်ကြားပေးခဲ့ပ...
29/05/2026

ကျောင်းကြီးပြောင်းတော့မယ့် ကလေးလေးတွေ 💕 ။ kg တက်မယ့်ကလေးလေးတွေကော ​G-1 တက်မယ့်ကလေးလေးတွေကိုကော အကောင်းဆုံးသင်ကြားပေးခဲ့ပြီး ကလေးလေးတွေကလည်း သေချာတက်မြောက်ခဲ့ကြပြီမို့ အများကြီးပီတိဖြစ်ရပါတယ်ရှင့် 📚💕 ။

27/05/2026

ကျောင်းလာအပ်တဲ့အခါ......
အရင်နေခဲ့တဲ့ကျောင်းကတော့ မကောင်းလို့ .....
ဘယ်လိုဖြစ်လို့........အဆင်မပြေလို့ ..........စသဖြင့် အကြောင်းအမျိုးမျိုး ကို ကြားရတဲ့အခါ ဝမ်းသာအယ်လဲ နဲ့ ........ဟုတ်လား!!!!!
ကျွန်မတို့ကတော့ ဘယ်လို ဂရုစိုက်တာ ကျွန်မတို့ကတော့ ဘယ်လိုတွေလုပ်ပေးတာ အဲ့လိုတွေ မရှိဘူး
စသဖြင့် ပြန်မပြောဖြစ်ခဲ့ဘူး........
(မိဘတကယ်အဆင်မပြေတာလည်း ရှိခဲ့နိုင်တာမို့ ပိုမိုဂရုစိုက်ပေးမယ်နော်လောက်နဲ့သာရပ်တံ့ပေးခဲ့တယ်။
ယခင်ကျောင်းကို ပိုမိုအမြင်စောင်းစေတဲ့ စကားတွေကိုအတတ်နိုင်ဆုံးရှောင်ခဲ့သလို ကျောင်းကတီချယ်တွေကိုလည်း တခြားကျောင်းကိုပုတ်ခတ်မိစေတဲ့စကားတွေ မိဘနဲ့ မဆွေးနွေးမိစေဖို့ အမြဲကြပ်မတ်ခဲ့တယ်)

ဘာလို့လည်းဆိုရင် .....ကိုယ်ချင်းစာလို့ပါ👍

ကိုယ့်စွမ်းဆောင်ရည်ကိုမိဘလိုအင်မပြည့်လိုက်တဲ့အခိုက်အတံ့မှာ ယခင် မည်သို့ပင်ကောင်းပါစေ ကလေးမိဘမျက်စိထဲမှာလိုအပ်ချက်ကတော့ရှိနေတတ်စမြဲမို့....ကိုယ့်ကျောင်းလည်း ထိုနည်းလည်းကောင်း အပြောခံရမယ်ဆိုတာမလွဲမသွေပါပဲ👍

ကျောင်းတိုင်းကျောင်းတိုင်းဟာ ကိုယ့်ပုံစံ ကိုယ့်ဟန်နဲ့ အမြဲမောင်း‌နှင်နေကြတာမို့ မိမိတို့‌ကျောင်းပိုမို တိုးတက်ဖို့အရေး အစွမ်းကုန်ကြိုးစားနေကြမှာပါပဲ❤️

မိဘဆိုသည်မှာလည်း မိမိကလေးအမြဲပိုမိုတိုးတက်ကောင်းမွန်မယ်ထင်တဲ့အရာတွေကို အမြဲဆောင်ရွက်နေရမှာပါပဲ❤️

ဆရာဆရာမတွေအနေနဲ့လည်း မိမိလက်ထဲ ရောက်လာတဲ့ ကလေးတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးတွေဖန်တီးပေးနေမှာပါပဲ ❤️

တခြားကျောင်းပြောင်းသွားတဲ့အခါမှာလည်း ကိုယ့်ကျောင်းက အခြေခိုင်အောင် လုပ်ဆောင်ပေးခဲ့လို့တိုးတက်နေတာမြင်ရရင်လည်း ပီတိဖြစ်နေရမှာပါပဲ❤️

တခြားကျောင်းက ပြောင်းလာတဲ့ကလေးကိုလည်း
ယခင်ကျောင်းကသူရရှိပြီးသားအခြေခံအချက်တွေကို ထပ်ဆောင်းတိုးတက်အောင်ဆက်လက်လုပ်ဆောင်ပေးနေဦးမှာပါပဲ❤️

💥မိဘများသတိချပ်သင့်တာက မိမိကလေး လူမမယ်အချိန်မှာ အစွမ်းကုန်ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာဆရာမတွေကို အကောင်းမမြင်ရင်တောင် အသိအမှတ်လေးတခုတော့ရင်ထဲမှာရှိနေပေးနိုင်ပါ‌စေလို့...
ပြောကြားရင်း.......

စာရေးသင်မှ ဆရာမ မဟုတ်တဲ့.......
စာဆိုတဲ့အရာတွေလွယ်ကူစွာထိတွေ့နိုင်ဖို့
ဖွံ့ဖြိုးမှုတွေကိုလုပ်ဆောင်ပေးနေတဲ့သူ‌တွေဟာလည်းဆရာမပါပဲ........

မူကြိုဆရာမရေးတဲ့စာ✍️
Tr Thiri

22/05/2026

တောဂေါ်လီ 😎

Address

A Shae Pine
Heho

Website

Alerts

Be the first to know and let us send you an email when Future Star Pre School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category