22/10/2023
I don't like coffee. She doesn't like coffee either.
ငါကော်ဖီမကြိုက်ဘူး။
သူလည်းကော်ဖီမကြိုက်ဘူး။
ဒီဝါကျမှာ #လည်းပဲ ဆိုတဲ့အဓိပ္ပာယ်ပါအောင်
either သုံးထားတယ်။
She doesn't like coffee too. လို့ကော ရေးလို့ရပါသလားခမျာ။
(မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြီးမေးလာတယ်။ ကျွန်တော်ကလည်း လေကြောကခပ်ရှည်ရှည်ဆိုတော့ Post သက်သက်ရေးတင်ပေးပါမယ်သာပြောလိုက်ရတယ်။ မရှည်လို့လည်းမရ၊ (တစ်ခုမေး တစ်ခုဖြေ ပြီးပြီးရော အဖြေမျိုးကားမပြောလိုပေ။)အင်္ဂလိပ်စာရဲ့ နက်နဲမှုကို လေ့လာမှသာသိရတယ်။တတ်နိုင်သမျှ လိုရင်းပဲရှင်းပါမယ်။
I don't like coffee. She doesn't like coffee either.
I don't like coffee. She doesn't like coffee too.
ဒီလိုပုံစံမျိုးလုံးဝ(လုံးဝ)မသုံးရ၊မရေးရပါဘူး။
"Too" is used in positive sentences to add an agreeing thought.
"Either" is used in negative sentences to add an agreeing thought.
အကြိုက်တူတဲ့သဘောကိုပြဖို့ too ကိုသုံးပြီး
အငြင်းပါတဲ့ဝါကျဆို either ကိုသုံးရမယ်လို့ဆိုထားတာကိုး။
နောက်ထပ် ဥပမာများနဲ့လေ့လာကြည့်ပါဦး။
Mr. Jones wanted the contract. Ms. Jackson, too, thought it was necessary.
Mr.Jones က သဘောတူစာချုပ်ချုပ်ချင်တာ၊ Ms.Jackson ကလည်း သူ့လိုပဲလေ။
Donna is working on a solution to the problem. I, too, am trying to find a way to resolve the conflict.
Donna က ပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတာ။ကျွန်တော်လည်း ပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတာ။
Jane doesn't speak French. Sam doesn't speak French either.
Jane က ပြင်သစ်စကားမပြောဘူး။Sam ကလည်းမပြောဘူး။
I don't like chocolate. I don't like pizza either.
ကျွန်တော်ချောကလက်မကြိုက်ဘူး။ ကျွန်တော် ပီဇာလည်းမကြိုက်ဘူး။
Frank cannot come with us. Nancy cannot come with us either.
Frank ကတို့နဲ့မလိုက်နိုင်ဘူး။ Nancy ကလည်းတို့နဲ့မလိုက်နိုင်ဘူး။
တစ်ခါတည်း ကြုံတာနဲ့ ဝါကျဆက် ပုံစံလေးတွေ(Patterns of Connected Statements) အကြောင်းပြောဖို့ ''too,also, as well''အသုံးလေးတွေတင်ပြပါဦးမယ်။
သူလည်းဒါကြိုက်တယ်၊ ငါလည်းဒါကြိုက်တယ်ဆိုတဲ့ ဝါကျရေးဟန်တွေကို မလိုအပ်ဘဲထပ်တလဲလဲ ဖြစ်မနေစေဖို့ ဝါကျတွေကို ဆက်ရေးရပါတယ်။အဲဒါတွေကို connected statements လို့ခေါ်တယ်။
ဥပမာ
Jeff likes to play football.Greg likes to play football, too.
Jeff ကဘောလုံးကစားရတာကြိုက်တယ်။ Greg ကလည်းဘောလုံးကစားရတာကြိုက်တယ်။
ဝါကျနှစ်ကြောင်းဟာ မလိုအပ်ဘဲထပ်တလဲလဲပြန်ရေးနေရတယ်။ ဒီလိုမျိုးဖြစ်နေရင် ဝါကျဆက်ပုံစံရေးလိုက်လို့ရပါတယ်။ နှိုင်းယှဉ်ကြည့်ပါ။
Jeff likes to play football, and Greg does too.
Jeff ကဘောလုံးကစားရတာကြိုက်ပြီး Greg ကလည်း ထိုနည်းတူပင်ဖြစ်သည်။
ဝါကျဆက်များ(Connected statements) ကိုရေးသားရာမှာ ဆောင်ရန်ရှောင်ရန်အချက်များလည်းရှိပါတယ်။
(ပထမ ဝါကျရဲ့ကြိယာဟာ verb to be လို့ခေါ်တယ် (am,is,are,was,were)ဖြစ်မယ်ဆိုရင် ဒုတိယဝါကျဆက်ရဲ့ ကြိယာကလည်း verb to be ဖြစ်ပြီး sub & verb aggrement ဖြစ်ရပါမယ်။
ဥပမာ
I am eight today, and my cousin is too.
I am waiting for our new school to open, and my cousin is too. (present)
နောက်တစ်ချက် #လည်းပဲ ဆိုတဲ့အဓိပ္ပာယ်ပေါ်လွင်စေဖို့ အောက်ပါစကားလုံးတွေကိုလည်း အချင်းချင်း လဲလှယ်သုံးလို့ရပါသေးတယ်။ဥပမာများနဲ့လေ့လာကြည့်ကြပါကုန်။
also, too, or as well:
* She bought the necklace. She also bought the earrings.
* She bought the necklace. She bought the earrings, too.
* She bought the necklace. She bought the earrings as well.
တစ်ခုသတိပြုရမှာက too နဲ့ as well ကိုသုံးတဲ့အခါ sentence ရဲ့ယေဘုယျအားဖြင့် နောက်ဆုံးမှာထားလေ့ရှိပါတယ်။ as well ကပိုပြီး formal ကျလေရဲ့။ also ကိုတော့
verb/adjective များရဲ့ ရှေ့မှာသာလျှင်ထားရတယ်။
He likes chocolate, and I also do.(I also like chocolate)
He likes chocolate, and I do also.I like also chocolate)
The apples are delicious.The pears are also delicious.
The apples are delicious.The pears are delicious also.
Aye Chan
10/05/2018