ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့

  • Home
  • Myanmar
  • Gangaw
  • ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့, Education, Gangaw.

ပြဌာန်းစာအုပ်အတိုင်း သင်တာပဲ၊ စစ်ကျွန်ပညာရေးနဲ့ ဘာဆိုင်လို့လဲ ဆိုသူတွေ ပြန်စဉ်းစားမိအောင်လို့ စစ်ကျွန်ပညာရေးအကြောင်းကို ...
07/06/2026

ပြဌာန်းစာအုပ်အတိုင်း သင်တာပဲ၊ စစ်ကျွန်ပညာရေးနဲ့ ဘာဆိုင်လို့လဲ ဆိုသူတွေ ပြန်စဉ်းစားမိအောင်လို့ စစ်ကျွန်ပညာရေးအကြောင်းကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတဲ့ မောင်သစ်ဆင်းရဲ့ ကလေးတို့မနက်ဖြန် ဆိုတဲ့ စာအုပ်ထဲက "ကြောက်စိတ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့ အက်ဆေး။

***********************************

ကြောက်စိတ် (မောင်သစ်ဆင်း)
===================

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က
စံကျောင်း ဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ
အင်းသားကြီးငကြူးက
ငါးခြောက်ပြားကြီး တစ်ပြား လာပြီး လှူတယ်။

ဆရာတော်က ငါးခြောက်ကိုသိပ်ကြိုက်ပါသတဲ့ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန် ဖြစ်တော့

ဆရာတော်က မောင်လွင်ကို
ကျက်သရေခန်းထဲမှာ
သေသေချာချာ
သိမ်းခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့
ဆရာတော်
ဆွမ်းဘုဉ်းပေး တဲ့အခါ
မောင်လွင်ကို ငါးခြောက်
ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

ဆရာတော်ကတော့
လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။

မောင်လွင်မှာ
ဘယ်လိုမှ ရှာဖွေ မေးမြန်း
စုံစမ်းလို့မရဘဲ ဗျာများနေခိုက် ...
" ဟဲ့ ... ငလွင်မရသေးဘူးလား" လို့
မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး
ပျောက်ဆုံးသွားတဲ့အကြောင်း
တင်လျှောက် ရတော့တယ်။

" ငလွင် ... လာခဲ့" လို့
ထား၀ယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက
ကျောင်းသား အားလုံးရဲ့
နှလုံးသားကိုကန့်လန့်ဖြတ်၀င်သွားပါသတဲ့

"ဟဲ့ ... ငလွင် ...
နင်ဟာ ဘုရင့်သား
အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချူ ပ်မင်းလုပ်ရမယ့်သူ

ဒီလိုလူက
ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်လုပ်နိုင်တော့မှာလဲ" လို့ မိန့်ပြီးအချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့

ဒီဆောင်းပါးကို
သင်ပြီးတော့ ဆရာက
သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။

မေးခွန်း တစ်ခုက
စံကျောင်း ဆရာတော်၏ဆုံးမမှု ကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်လိုပေါက်တဲ့မေးခွန်းပါ။
နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့

ဆရာဟာ အတန်းထဲကို
ခြေသံပြင်းပြင်းနဲ့
၀င်လာပါတယ်
အဖြေလွှာ တွေကို စားပွဲပေါ်
ဘုန်းခနဲမြည်အောင် ပစ်ချ လိုက်ပါတယ်

ဆရာ့မျက်နှာက နီပြီးတင်းလို့။
တစ်တန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ် တစ်တန်းလုံး ကလည်း ငြိမ်လို့
ဆရာ ...ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပါပဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ...
ထိုကျောင်းသားရဲ့ အလှည့်ရောက်လာပါတယ်။

နာမည်ခေါ်သံကြားတာနဲ့
အဖြေရှင် ထိုကျောင်းသားဟာ ထရပ်လိုက်ပါတယ်
အသက် တစ်ချက် ပြင်းပြင်း ရှူသံကြားလိုက်တယ်။

ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။
" ဒါ........ မင်း အဖြေလား "
" ဟုတ်....... ဟုတ်ပါယ်ဆရာ "

" ဘယ်သူ့မှာ တာဝန်ရှိလဲ "
ဟုတ်ကဲ့..........
"ကျွန်တော်မှားပါတယ် ..."
"အေး ...
တစ်တန်းလုံး ကြားအောင် ဖတ်စမ်း"

နည်းနည်း အံ့သြနေပုံနှင့် ...
ကျောင်းသားက သူ့အဖြေကို
ဖတ်ပါတယ်။
" မှတ်မိသလောက်ဆိုရင်
စံကျောင်းဆရာတော်ရဲ့ဆုံးမပုံကို မကြိုက်ကြောင်း

ဆရာတော်ရဲ့
အဲဒီအချိန်က စိတ်ခံစားမှုဟာ
တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း၊

ပြီးတော့
ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာ မလိုကြောင်း၊
နား၀င်အောင်ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း၊

ဘုရားသားတော်တို့ မည်သည်
ရသတဏှာအဖြစ်
ဆွမ်းဘုဉ်း မပေးသင့်သည်ကို
သတိရသင့်ကြောင်း၊
ဆရာကိုယ်တိုင်က
ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ
စဉ်းစားဖွယ်ဖြစ်ကြောင်း၊

အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့်

မင်းတုန်းမင်း လက်ထက်မှာ
အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက်သို့ ထိုးပေးလိုက်ရတဲ့အတွက်
ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း"

အဲဒီလိုတွေ ဖြေထားတာကို
ဖတ်ပြပါတယ်။
တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊

သူတစ်ကြောင်းဖတ်လိုက်၊
ခိခိနဲ့ ကျိတ်ရယ်လိုက်ကြနဲ့။
ဆရာကတော့
ကျောင်းသားတွေရယ်လေ
ဒေါသထွက်နေလေပါပဲ။

ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။
"မင်း ငါ့ကို နောက်တာလား"
"ဟာ ..... မဟုတ်ပါဘူး ဆရာ၊
ကျွန်တော် မေးခွန်းကို ဖြေတာပါ"

"ကဲ .... အားလုံး ...
သူဖြေတာကို လက်ခံကြသလား တစ်ယောက်စီ မေးမယ် ကဲ ... မင်းကစ၊
သူဖြေတာ မှန်သလား မှားသလား

ပထမဆုံး အမေးခံလိုက်ရတဲ့
ရှေ့ဆုံးခုံက ကျောင်းသားဟာ
ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။
အဖြေရှင်ကျောင်းသားကို
ကြည့်လိုက်၊
ဆရာ့ကို ကြည့်လိုက်၊
ဘေးဘီကို ကြည့်လိုက်နဲ့။

ကျွန်တော့် စိတ်ထဲမှာတော့ ...
အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။
ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။
ဒါပေမယ့် ... သူ့လို ... မဖြေတတ်ဘူး။

သူ့လို ထောင့်စေ့အောင်
မမြင်တတ်ဘူး။
ပြီးတော့ သူ့လို ... မဖြေရဲဘူး။

တစ်တန်းလုံး လိုလိုလည်း
ကျွန်တော့်လိုဘဲ ... ထင်တယ်။
သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။

"ဟေ့ကောင် ... ဖြေလေကွာ"
ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို
တစ်ချက်ခိုးကြည့်ပြီး
ခေါင်းငုံ့ချ လိုက်တယ်။

တကယ်တော့ ...
ဆရာက ... မှန်သလား၊
မြား သလားဆိုတဲ့
မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့်

အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင်
အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊
မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။

ဆရာက ကျောင်းသားတွေကို
လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် ... သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။

ဒါကို အဲဒီကျောင်းသားလည်း
သဘောပေါက်ဟန် ... တူ ..ပါရဲ့ "သူဖြေတာ ... မှားပါတယ်"

"ဟုတ်ပြီ၊ နောက်တစ်ယောက်"
"မှား .... အဲ ...မှားပါတယ်"
"နောက်တစ်ယောက်"
"မှားပါတယ် ..."

တစ်ယောက်ပြီးတစ်ယောက်
မေးလာလိုက်တာ ...
ကျွန်တော့်အလှည့်ရောက်လာပါတယ်။

ကျွန်တော် ထရပ်လိုက်ပါတယ်။
အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။
"မှားပါတယ် ..." ခင်ဗျ

အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ ပြီး ခုံပေါ်က ... စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။

ထူးခြားတာက
ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ
လူကုန်သွားတော့
ဆရာက အဲဒီကျောင်းသားကို
နောက်ပြောင်မှု နဲ့ အတန်းထဲမှာ ရိုက်ပါတယ်။

ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပါပဲ။

တစ်တန်းလုံးလည်း
ကျွန်တော့လိုဘဲ ခံစားနေရမှာပါ။
အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။

ဆရာ့ မှာ ဒီလိုတပည့်မျိုးဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ...ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။

ဘာဖြစ်လို့
ကျွန်တော်ဟာ ခံစားမှု ခြင်း
တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။

ဖြေရဲသူ ရှိလာတာတောင်
ကျွန်တော်က ဘာဖြစ်လို့ သူမှန်ပါတယ်လို့ မပြောရဲခဲ့တာလဲ။

အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံ ကြိုက် ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ ...
ကြိမ်လုံးတွေ ....
ကြိမ်လုံးတွေ .........
ခက်ထန်တဲ့ အမူအရာတွေ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ
ကြောက်သီးတွေ တတွဲတွဲ
ကြောက်ပွင့်တွေ တဝေဝေနဲ့ ...။

လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဘို့ လိုအပ်တဲ့ပြဿနာတွေ အခက်အခဲတွေရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး

အပြု ဘက်က မြင်ပြီး
ပြောင်းလဲပစ်လိုက်ရင်
အကျိုး ရှိမယ်ဆိုတာ
သေသေချာချာကြီး သိမြင်နေပါလျက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့
ကျွန်တော်ဘာမှ အကြံမပြု ရဲဘူး။

ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ ... မတောင်းကြဘူးလေ။
သင်ခဲ့ရတဲ့ ပညာတွေ
စာအုပ်ထဲ ပြန်သွားလည်း
သွားပေရော့ပေါ့။

ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ
မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ
ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊
တဖြည်းဖြည်းနဲ့ ... အဲဒါ ...
ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။

ဒီလို ယဉ်ကျေးမှုမျိုးပေါ်ထွန်းဖို့ထက်အထက် အဆင့်ဆင့်၊
အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒီလို ဖြစ်စဉ်မျိုး ကြုံလာရင်

ဒါကို မှန်တယ် ထင်လာကြရင်ဖြင့် ......ဌာန မနာဘူးလား
တိုင်းပြည် မနာဘူးလား
ပညာရပ်အမြင်နဲ့ ကြည့်ရင်
တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။

ဒါပေမယ့် .......
ကျွန်တော် အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့။
"ဘယ်လိုဖြစ်နေကြတာလဲကွာ"
"ဘယ်လိုဖြစ်ရမလဲ၊
တော့် သားက ...
အိမ်စာပြီးအောင် မလုပ်ဘဲ
ကမြင်းတာလေ ပန်းကန်တစ်လုံး ကွဲပြီ "

"ဘာဖြစ်လဲကွ၊
ကလေးဆိုတာ ... ဒီအရွယ်မှာ ..."

"တော် ... စာအုပ်ထဲက
ဟာတွေ လာပြောမနေနဲ့၊
ပန်းကန်တစ်လုံး ...
ဘယ်လောက် အောက်မေ့လို့လဲ ရှင့် ၀င်ငွေကဘယ်လောက် ....."

ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးများနဲ့
ကျွန်တော့်ကို ...
အားကိုးတကြီး ကြည့်နေရှာပါတယ်။

ဒါပေမယ့် ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ...
ဖြစ်နေတာ ကြာပါပြီကောလား ... သားရယ်။

မောင်သစ်ဆင်း

=============================

တကယ်တော့ စစ်ကျွန်ပညာရေးကို မလိုချင်တာဟာ ကိုယ့်အယူအဆ အတွေးအခေါ်တွေကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖော်ထုတ်တင်ပြခွင့်မရအောင် ရိုက်သွင်းခံထားခဲ့ကြရလို့ပဲ။

05/06/2026

ကြေညာချက်အမှတ် ( ၂၀/၂၀၂၆)
PGDTEd (US) Batch 4 အောင်စာရင်း - ၅ 🥳🥳

05/06/2026
"​ထီးအနီလေးနဲ့ သမီးငယ်"လဲကျသွားတဲ့ ဆိုင်ကယ်သမားကို သမီးဖြစ်သူ သွားကူညီမှာကို ကျွန်တော် တားခဲ့မိတယ်၊ အဲဒီအချိန်မှာ သူပြော...
01/06/2026

"​ထီးအနီလေးနဲ့ သမီးငယ်"

လဲကျသွားတဲ့ ဆိုင်ကယ်သမားကို သမီးဖြစ်သူ သွားကူညီမှာကို ကျွန်တော် တားခဲ့မိတယ်၊ အဲဒီအချိန်မှာ သူပြောလိုက်တဲ့စကားက ကျွန်တော့်ရင်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။

အဲဒီအကြောင်းကို သုံးပတ်တိတိ နေ့တိုင်း စဉ်းစားနေမိပြီး အခုထိ သူ့ရဲ့အသံက ကျွန်တော့်ခေါင်းထဲကနေ ထွက်မသွားသေးပါဘူး။

စနေနေ့တစ်ရက်ပါ။ ဇူလိုင်လ ၁၉ ရက်။ နွေရာသီရဲ့ အပူဆုံးနေ့တစ်နေ့ပေါ့။ ကျွန်တော်က အိမ်ထဲမှာ၊ တီဗီကလာတဲ့ အစီအစဉ်တစ်ခုကို ကြည့်နေပြီး၊ ကျွန်တော့်ဇနီးကတော့ မီးဖိုချောင်ထဲမှာ ရှိနေပါတယ်။

ကျွန်တော်တို့သမီးလေး 'အမ်မာ' _Emma ကတော့ အိမ်ရှေ့က ပလက်ဖောင်းပေါ်မှာ မြေဖြူခဲနဲ့ ပုံဆွဲနေခဲ့တာပါ။

အဲဒီအချိန်မှာ ဆိုင်ကယ်တစ်စီး ကျွန်တော်တို့လမ်းထဲကို မောင်းဝင်လာပါတယ်။ အသံက အရမ်းကျယ်ပါတယ်။လူတိုင်း လှမ်းကြည့်ရလောက်အောင် အလွန်ကျယ်တဲ့ အသံမျိုးပေါ့။

ဆိုင်ကယ်က အရှိန်လျော့သွားပြီး ယိမ်းထိုးသွားပါတယ်။ ပြီးတော့ ဆိုင်ကယ်စီးသမားက လမ်းပေါ်ကို ဘုန်းခနဲ လဲကျသွားတော့တာပါပဲ။
အရှိန်ပြင်းပြင်းနဲ့ လဲသွားတာဖြစ်ပြီး၊ဆိုင်ကယ်သမား ပြန်ထမလာတော့ပါဘူး။

အခုတော့ ကျွန်တော် ပြတင်းပေါက်နားကို ရောက်နေပြီ။ လမ်းထဲက လူတဝက်လောက်လည်း ထွက်ကြည့်နေကြပြီ။ အိမ်တံခါးတွေ ပွင့်လာပြီး လူတွေက သူတို့အိမ်ရှေ့ ဝရံတာတွေပေါ်မှာ ထွက်ရပ်နေကြပါတယ်။

လဲကျသွားတဲ့သူကို သွားမကူညီကြဘဲ၊ ဖုန်းတွေကိုယ်စီ ထုတ်ပြီး ဗီဒီယိုတွေ ရိုက်နေကြပါတယ်။

အဲဒီလူက လမ်းပေါ်မှာ လဲကျနေပါတယ်။ သားရေကုတ်အင်္ကျီ လက်ပြတ် ဝတ်ထားပြီး၊ လက်မောင်းတွေမှာ တက်တူးတွေ အပြည့်နဲ့ပါ။ မုတ်ဆိတ်မွေးတွေနဲ့၊ ခေါင်းပေါင်းပုဝါကိုလည်း စည်းထားပါတယ်။

သူက လူတွေအမြဲပြောလေ့ရှိတဲ့ "ဝေးဝေးရှောင်ရမယ့် ဆိုင်ကယ်သမား လူမိုက်ပုံစံ" မျိုး ပေါက်နေတာပါ။

ဘယ်သူမှလည်း သူ့ဆီသွားပြီး ဘာဖြစ်သွားလဲဆိုတာ သွားမကြည့်ရဲကြဘူး။

ကျွန်တော် စက္ကန့်သုံးဆယ်လောက် စောင့်ကြည့်နေမိပါတယ်။

စိတ်ထဲကတော့ 'တစ်ယောက်ယောက်က ဖြေရှင်းလိမ့်မယ်၊ သူ့နား ပိုနီးတဲ့သူ ဒါမှမဟုတ် ဘာလုပ်ရမလဲ သိတဲ့သူတစ်ယောက်ယောက် သွားကူညီလိမ့်မယ်' လို့ ကိုယ့်ကိုယ်ကို ပြောနေမိပါတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော် အမ်မာ့ကို မြင်လိုက်ရပါတယ်။

သူက ကိုင်ထားတဲ့ မြေဖြူခဲကို ချလိုက်ပြီး လမ်းပေါ်မှာ လဲနေတဲ့ ထိုလူကို စိုက်ကြည့်နေခဲ့ပါတယ်။

သူ အိမ်ထဲကို ပြန်ဝင်လာပါတယ်။ ကျွန်တော့်ဘေးကနေ အသာလေး ဖြတ်သွားပြီး ကုတ်အင်္ကျီချိတ်တဲ့ စင်မှာရှိတဲ့ ထီးအနီရောင်ကို လှမ်းယူလိုက်ပါတယ်။ အဲဒီနောက် အိမ်ရှေ့တံခါးဆီကို တန်းတန်းမတ်မတ် ဦးတည်ပြီး ထွက်သွားတော့တာပါပဲ။

"အမ်မာ...ဘယ်လဲ... ရပ်လိုက်စမ်း။"
သူ မရပ်ခဲ့ပါဘူး။
"အမ်မာ....ရပ်လို့ ဖေဖေ ပြောနေတယ်လေ...အခုချက်ချင်း ရပ်လိုက်။"

ကျွန်တော် သူ့ပုခုံးကို လှမ်းဆွဲလိုက်ပါတယ်။ သူက လက်နှစ်ဖက်လုံးနဲ့ အဲဒီထီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ကျွန်တော့်ကို မော့ကြည့်တယ်။

"သမီးကို လွှတ်ပါဦး ဖေဖေ။"
​"သမီး အပြင်ကို သွားလို့ မရဘူး. အဲဒီလူက အန္တရာယ်ရှိတဲ့လူ ဖြစ်နိုင်တယ်။" လို့ တားလိုက်ပါတယ်။

​"သူ သေသွားနိုင်တယ်လေ။" လို့ ပြန်ပြောပါတယ်။
​"ဒါ တို့ကိစ္စ မဟုတ်ဘူး။ ဖေဖေ ၉၁၁ ကို ဖုန်းဆက်လိုက်မယ်—"

ကျွန်တော့်စကားကို အမ်မာ လက်မခံပါဘူး။

"တကယ်လို့ ဖေဖေသာ ဆိုရင်ကော...? ဖေဖေက လမ်းပေါ်မှာ လဲကျနေပြီး လူတွေအားလုံးက ဒီအတိုင်းပဲ ရပ်ကြည့်နေကြမယ်ဆိုရင်ကော "

ပြောရင်းသူမ ငိုပါတယ်။ မျက်ရည်တွေက သူ့မျက်နှာပေါ် စီးကျနေခဲ့တယ်။

​"လူတွေကို ကူညီရမယ်လို့ ဖေဖေပဲ သမီးကို ပြောခဲ့တာလေ။ လူကောင်းတွေဆိုတာ အဲဒီလိုလုပ်တာလို့ ဖေဖေ ပြောခဲ့တယ်လေ။ ဖေဖေ ကိုယ်တိုင် ပြောခဲ့တာနော်။"

အဲဒီနောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးကို ချာချာလည်သလို ခံစားရစေမယ့် စကားကို သူ ပြောလိုက်ပါတယ်။

"အခုအချိန်မှာ သမီးကို ကြောက်အောင် လုပ်နေတာ ဖေဖေကိုယ်တိုင်ပဲ။"

သမီးလေးက လမ်းပေါ်က ဆိုင်ကယ်သမားကြီးကို မကြောက်ဘူး၊ လူသားချင်း မစာနာဘဲ ရက်စက်နေတဲ့ အဖေဖြစ်သူက ပိုကြောက်ဖို့ကောင်းတယ်လို့ ပြောလိုက်တာပါ။

ကျွန်တော် သူမရဲ့ လက်မောင်းကို လွှတ်ပေးလိုက်မိတယ်။ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ပြီး လွှတ်လိုက်တာ မဟုတ်ပါဘူး။ ကျွန်တော့်လက်က အလိုလို ပြေလျော့သွားခဲ့တာပါ။

သူ နောက်လှည့်ပြီး အိမ်ရှေ့တံခါးကနေ ထွက်သွားပါတော့တယ်။ ပြီးတော့ မြက်ခင်းပြင်ကို ဖြတ်ပြီး လမ်းပေါ်မှာ လဲနေတဲ့ လူကြီးဆီကို ပြေးသွားပါတော့တယ်။

တံခါးဝမှာ မတ်တတ်ရပ်ရင်း... လမ်းထဲက ဘယ်လူကြီးမှ မလုပ်ရဲတဲ့ အလုပ်ကို... အသက် ၆ နှစ်အရွယ် သမီးလေးက လုပ်ပြနေတာကို ကျွန်တော် ငေးကြည့်နေမိပါတော့တယ်။

သမီးလေးက သူ့ဘေးမှာ ဒူးထောက်ထိုင်လိုက်တယ်။ ထီးအနီရောင်ကို ဖွင့်ပြီး နေအပူကာပေးဖို့ သူ့မျက်နှာပေါ်မှာ မိုးပေးထားလိုက်တယ်။

အပူချိန်က ၉၅ ဒီဂရီ ဖာရင်ဟိုက်လောက် ရှိနေပြီး ကတ္တရာလမ်းက ပူကျက်နေတာပါပဲ။ သူ အဲဒီလမ်းပေါ်မှာ လဲနေတာ နှစ်မိနစ်လောက် ရှိသွားပြီမို့ သူ့အရေပြားတွေက နီရဲနေပါပြီ။

အိမ်နီးနားချင်းတွေကတော့ ကြည့်နေကြတုန်းပဲ။ ဗီဒီယိုလည်း ရိုက်နေကြတုန်းပဲ။ ဂါဝန်အစိမ်းနုလေးဝတ်ထားတဲ့ ကလေးငယ်လေးတစ်ယောက်က လဲကျနေတဲ့ ဆိုင်ကယ်သမားကြီးကို ထီးမိုးပေးထားတဲ့ မြင်ကွင်းက၊ အင်တာနက်ပေါ်မှာ Like တွေ အများကြီး ရမှာလေ။

ဘယ်သူမှ သူတို့ရဲ့ ဖုန်းတွေကို အောက်မချခဲ့ကြဘူး။

ကျွန်တော့်ဇနီးက ရေသန့်ဗူးတစ်ဗူးကို လှမ်းယူပြီး ကျွန်တော့်ဘေးကနေ အပြင်ကို ပြေးထွက်သွားတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သတိပြန်ဝင်လာတယ်။

ကျွန်တော်လည်း နောက်ကနေ လိုက်သွားပြီး အဲဒီလူကြီးရဲ့ ဘေးမှာ ဒူးထောက်ထိုင်လိုက်တယ်။

အနီးကပ်ကြည့်လိုက်တော့ သူက နေမကောင်းဖြစ်နေတဲ့ ပုံပါ။

သူ့မျက်နှာက ပြာနှမ်းနေပါပြီ။ အသက်ရှူတာကလည်း မှုမမှန်တော့ပါဘူး။ မျက်လုံးတွေက တစ်ဝက်လောက် ပွင့်နေပေမယ့် သတိရနေလား သတိမေ့နေလား မသေခြာတော့ပါဘူး။

သူ့လက်က ဘယ်ဘက်လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းတွေကလည်း ညိုပြာရောင် ပြောင်းနေပါတယ်။

ဒါတွေက နှလုံးရပ်ခါနီး ဖြစ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

" အရေးပေါ်ကို ဘယ်သူ ဖုန်းဆက်ပြီးကြပြီလဲ..." လို့ အိမ်နီးနားချင်းတွေကို ကျွန်တော် လှမ်းအော်မေးလိုက်ပါတယ်။

ပြန်ဖြေသံ မကြားရပါဘူး။ သူတို့ ဗီဒီယိုရိုက်နေတာ နှစ်မိနစ်တောင် ရှိပြီဖြစ်ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ ဖုန်းမဆက်ရသေးပါဘူး။

"အရေးပေါ်ဖုန်း အခုချက်ချင်း ဆက်ကြစမ်းပါဗျာ။"

ကျွန်တော် အနီးကပ် ထပ်ကြည့်လိုက်တော့ သူ့အင်္ကျီကော်လာမှာ စစ်မှုထမ်းတံဆိပ်လေး တွေ့ရပါတယ်။ သူက အသက် ၆၀ လောက် ရှိမှာပါ။ အဲဒီအချိန်မှာပဲ သူ့ရဲ့ အသက်ရှူသံက ရပ်သွားပါတယ်။

အမ်မာကတော့ ထီးကို ကိုင်ထားတုန်းပဲ။ တုန်ရင်ခြင်းမရှိ တည်တည်ငြိမ်ငြိမ်လေးနဲ့ပေါ့။

"ကောင်းသွားမှာပါ ဦးရယ်၊ ဘာမှမဖြစ်ဘူးနော်" လို့ သမီးလေးက ထိုလူကြီးကို ပြောလိုက်တယ်။

"သမီးရဲ့ ဖေဖေက... ဦးကို ကူညီပေးပါလိမ့်မယ်။"

နှလုံးပြန်နှိုးတဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ ရင်ဘတ်ကို ဖိနှိပ်ပေးခဲ့ပါတယ်။ ကျွန်တော့်ဇနီးက သူ့ရဲ့ အသက်ရှူလမ်းကြောင်းကို ရှင်းပေးတယ်။

အမ်မာက ထီးမိုးပေးထားတဲ့အချိန်မှာ ကျွန်တော်တို့ဇနီးမောင်နှံ သူ့အသက်ကို ကယ်ဖို့ကြိုးစားကြပါတယ်။

လူနာတင်ယာဉ် ရောက်လာဖို့ ၁၁ မိနစ် ကြာခဲ့တယ်။ အဲဒီ ၁၁ မိနစ်က ကျွန်တော့်ဘဝမှာ အရှည်လျားဆုံး ၁၁ မိနစ်ပါပဲ။

အရေးပေါ်ကျန်းမာရေးဝန်ထမ်း က ကျွန်တော့်ရဲ့ ရှေးဦးသူနာပြုစုမှု ကြောင့် အဲ့ဒီလူ အသက်ရှင်ခဲ့တာလို့ ပြောပါတယ်။

ဒါပေမဲ့ ကျွန်တော်ကတော့...

"ကျွန်တော့်သမီးလေးကြောင့် သူ အသက်ရှင်ခဲ့တာပါ၊ ကျွန်တော်က နောက်ကျမှ ရောက်လာတာပါ" လို့ ပြန်ပြောခဲ့ပါတယ်။

သူ့နာမည်က 'ဂရီ ဆူလီဗန်' _Gary Sullivan တဲ့။ အသက်က ၆၁ နှစ်ရှိပါပြီ။ ဗီယက်နမ်စစ်ပွဲပြန် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး၊ အငြိမ်းစား စက်ပြင်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။

အိမ်ထောင်သက် ၃၈ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၃ ယောက်နဲ့ မြေး ၅ ယောက် ရှိပါတယ်။

သူ့သမီးဆီကို အလည်သွားပြီး အိမ်ပြန်လာတဲ့လမ်းမှာ ရုတ်တရက် 'နှလုံးရပ် ဝေဒနာ' _Heart attack ခံစားခဲ့ရတာ ဖြစ်ပါတယ်။

သူက ဆေးရုံကလူတွေကို ကျွန်တော်တို့မိသားစုကို ရှာပေးဖို့ တောင်းဆိုခဲ့ပါတယ်။

"သမီးလေးတစ်ယောက်ရယ်၊ ထီးအနီရောင်လေးရယ် ပါတဲ့ မိသားစု" လို့ အမှတ်အသား ပြောပြီး ရှာခိုင်းခဲ့တာပါ။

ကြာသပတေးနေ့မှာ ကျွန်တော်တို့ ဆေးရုံကို သွားလည်ခဲ့ကြပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ 'ရုသ်' _Ruth က ကျွန်တော့်ဇနီးကို အားရပါးရ ဖက်လိုက်တာ... ကျွန်တော့်ဇနီးရဲ့အရိုးတွေတောင် ကျိုးသွားမလား အောက်မေ့ရပါတယ်။

အမ်မာကတော့ ကျွန်တော့်ခြေထောက်နောက်မှာ ပုန်းနေခဲ့တယ်။ အခုတော့ ရှက်နေရှာတာပေါ့။ သာမန် အသက် ၆ နှစ်အရွယ် ကလေးလေးတစ်ယောက်လို ပြန်ဖြစ်သွားတာပေါ့။

'ဂရီ'က သမီးလေးကို မြင်လိုက်ရတဲ့အချိန်မှာ သူ့မျက်ဝန်းတွေက မျက်ရည်စိုစွတ်လာခဲ့တယ်။

"သမီးလေး... ဒီကိုလာပါဦး" လို့ သူက လှမ်းခေါ်တယ်။
သမီးလေးက အနားသွားတော့ သမီးလေးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။
"သမီးလေးက ဦးဦးကို ထီးလေး မိုးပေးခဲ့တာကိုး။"
"ဦးဦးက နေပူထဲမှာ ရောက်နေတာကိုး" လို့ 'အမ်မာ' က ပြန်ပြောပါတယ်။
"လမ်းကလည်း အရမ်းပူနေတာ။"

"ဦးဦး သတိလစ်ခါနီး အချိန်မှာ 'အဆင်ပြေသွားမှာပါ' လို့ ပြောတဲ့ ကလေးအသံလေးကို ဦး ကြားခဲ့ရတယ်၊ အဲဒါ သမီးလေးမလား....?"

အမ်မာက ခေါင်းကိုငြိမ့်ပြလိုက်တယ်။

"အဲဒီအသံလေးက ဦးရဲ့ အသက်ရှင်ချင်စိတ်ကို ဆွဲထိန်းထားပေးခဲ့တာ" လို့ 'ဂ​ရီ'က ပြောပါတယ်။

"ဒီကလေးမလေးတောင်မှ ငါ့ကိုကူညီဖို့ သတ္တိရှိသေးရင်၊ ငါလည်း အသက်ရှင်အောင် ကြိုးစားဖို့ သတ္တိရှိရမယ်လို့ ဦး တွေးခဲ့တာ။"

တစ်လအကြာမှာတော့ 'ဂရီ'က ကျွန်တော်တို့အိမ်ကို သူ့ဆိုင်ကယ်ကြီးနဲ့ မောင်းလာခဲ့ပါတယ်။ ဆိုင်ကယ်သံ ကြားကြားချင်းမှာတင် ကျွန်တော့်ရဲ့ ပထမဆုံး တုံ့ပြန်မှုက စိုးရိမ်စိတ်နဲ့ ကိုယ်ခန္ဓာက တောင့်တင်းသွားပါတယ်။

ကျွန်တော့်ဘာသာ သတိပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အရှက်ရမိပြန်တယ်။

ကျွန်တော် ဘာမှမပြောရသေးခင်မှာတင် 'အမ်မာ'က အပြင်ကို ပြေးထွက်သွားခဲ့ပြီး၊ တက်တူးတွေအပြည့်နဲ့ ဆိုင်ကယ်သမားကြီးက ကျွန်တော်တို့ အိမ်ရှေ့လမ်းဝမှာ ဒူးထောက်ထိုင်ချလိုက်ပြီး ကျွန်တော့် သမီးလေးကို ဖက်ထားလိုက်ပါတော့တယ်။

အဲဒီအချိန်မှာ... သူ လဲကျသေဆုံးတော့မလို ဖြစ်နေတုန်းက ဖုန်းနဲ့ ဗီဒီယိုရိုက်နေခဲ့ကြတဲ့ အိမ်နီးနားချင်းတွေကတော့ သူတို့ရဲ့ဝရံတာတွေပေါ်ကနေပဲ အံ့သြတုန်လှုပ်စွာနဲ့ စောင့်ကြည့်နေကြပါတယ်။

'အမ်မာ' အိမ်ထဲမှာ ကစားနေတုန်း ကျွန်တော်နဲ့ ဂရီတို့ အိမ်ရှေ့ဆင်ဝင်အောက်မှာ အတူတူ ထိုင်နေခဲ့ကြပါတယ်။

"ကျွန်တော် ခင်ဗျားကို တောင်းပန်ဖို့ လိုတယ်" လို့ ကျွန်တော်ပြောတော့.... သူက "ဘာအတွက်လဲ" လို့ ပြန်မေးပါတယ်။

"ကျွန်တော် သမီးလေးကို တားခဲ့မိလို့ပါ။ ခင်ဗျား လမ်းပေါ်မှာ လဲနေတုန်းက ကျွန်တော့်သမီးက သွားကူညီချင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်က သူ့လက်မောင်းကို ဖမ်းဆွဲပြီး 'မသွားရဘူး' လို့ တားခဲ့တယ်"။

ဂရီတစ်ယောက် တိတ်ဆိတ်သွားပြီးမှ... "ဘာဖြစ်လို့လဲ" လို့ မေးပါတယ်။

ကျွန်တော် လိမ်ပြောလိုက်လို့ ရပေမယ့်၊ သူက အမှန်တရားကို သိပိုင်ခွင့်ရှိတဲ့သူမို့လို့ အမှန်အတိုင်းပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

"ခင်ဗျားရဲ့ အပြင်ပန်း အသွင်ပြင်ကြောင့်ပါ။ တက်တူးတွေ၊ ဝတ်ထားတဲ့ အင်္ကျီလက်ပြတ်၊ ဆိုင်ကယ်ကြီး... အဲဒါတွေကို မြင်ပြီး ခင်ဗျားအကြောင်း ဘာတစ်ခုမှ မသိသေးခင်မှာတင် ခင်ဗျားကို အန္တရာယ်ရှိတဲ့လူလို့ ကျွန်တော် သတ်မှတ်လိုက်မိလို့ပါ"။

"မင်းက အဲလိုထင်တဲ့အထဲမှာ ပထမဆုံး လူ မဟုတ်ပါဘူး" လို့ ဂရီက အနည်းငယ်ရယ်ပြီး ပြောပါတယ်။

"ကျွန်တော့်ရဲ့ ၆ နှစ်သမီးလေးက ဒီလမ်းထဲက လူကြီးတွေအားလုံးထက် ပိုပြီး သတ္တိရှိခဲ့တယ်"။

"ကလေးတွေဆိုတာ အဲလိုပါပဲ" လို့ ဂရီက ပြောပါတယ်။

"သူတို့က ဘယ်လိုလူမျိုးကို ကြောက်ရမလဲဆိုတာ မသင်ယူရသေးဘူး။ သူတို့က လူတွေကို လူလိုပဲ မြင်တာ"။

သူက ဝေ့တက်လာတဲ့ မျက်ရည်တွေကို သုတ်ရင်း...

"ငါ မင်းကို တစ်ခုလောက် ပြောပြရမလား။ ငါ အဲဒီကတ္တရာလမ်းပေါ်မှာ လဲနေတုန်း အရာအားလုံး မှောင်မိုက်သွားခဲ့တာ။ ဒါပေမဲ့ အဲဒီ ထီးအနီရောင်လေးကို ငါမြင်ခဲ့ရတယ်၊ ပြီးတော့ ကလေးတစ်ယောက်ရဲ့မျက်နှာလေးကို မြင်ရပြီး၊ သူက 'အဆင်ပြေသွားမှာပါ၊ သမီးရဲ့ ဖေဖေက ဦးကို ကူညီပေးပါလိမ့်မယ်' လို့ ပြောခဲ့တယ်..."

သူ ကျွန်တော့်ကို စိုက်ကြည့်လိုက်တယ်။

"မင်း သူကို တားပြီး၊ လက်မောင်းကို ဖမ်းဆွဲခဲ့တာတောင်မှ... သူက မင်းဟာ မှန်ကန်တဲ့အရာကို လုပ်လိမ့်မယ်လို့ ယုံကြည်နေတုန်းပဲ။ မင်းအပေါ်မှာ သူ ယုံကြည်ချက်က အပြည့်ရှိနေတုန်းပဲ..."

"မှန်တာကို လုပ်လိမ့်မယ်လို့ သူ ဘာဖြစ်လို့ ယုံကြည်တာလဲ.." လို့ မေးလိုက်ပါတယ်။

" ဘာလို့လဲဆိုတော့ မင်းကိုယ်တိုင်က ဒီကလေးကို လူကောင်းဖြစ်အောင် သင်ပေးခဲ့လို့ပေါ့။ သူကလည်း အဲဒါကို ကောင်းကောင်း မှတ်ထားပြီး မင်းကိုပါ ပြန်ပြီး သတိပေးခဲ့တာ။ အဲဒါ ကျရှုံးတဲ့ မိဘ မဟုတ်ပါဘူး။ အဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံး မိဘတစ်ယောက်ရဲ့ အုပ်ထိန်းမှုပဲ။ မင်းက မင်းထက်သာတဲ့ လူသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ"။

ကျွန်တော် အကြည့်ကို လွှဲလိုက်ရပါတယ်။ မျက်ရည်ကျမလို ဖြစ်သွားလို့ပါ။ လမ်းမဆီကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။

"ကျွန်တော် ဒီထက် ပိုကောင်းတဲ့လူ ဖြစ်အောင် ကြိုးစားပါ့မယ်။ သမီးလေးကြောင့်ရော၊ ခင်ဗျားကြောင့်ရောပေါ့" လို့ ကျွန်တော် ပြောလိုက်ပါတယ်။

အခုတော့ 'အမ်မာ'နဲ့ ....ဂရီရဲ့ မြေးမလေး 'လီလီ' _Lily တို့ဟာ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြပါပြီ။ ပိတ်ရက်တိုင်းလည်း အတူတူ ကစားကြပါတယ်။

ပြီးခဲ့တဲ့လက အမ်မာတို့ ကျောင်းရဲ့ ' Show and Tell ' အစီအစဥ်ကို ဂရီ လာခဲ့ပါတယ်။ သားရေကုတ်အင်္ကျီ၊ တက်တူးတွေ အပြည့်နဲ့ အရင်အတိုင်းပဲပေါ့။

အမ်မာက သူ့ သူငယ်ချင်းတွေကို "ဒါက ငါ ထီးလေးနဲ့ ကယ်ခဲ့တဲ့၊ ငါ့ရဲ့ သူငယ်ချင်း ဂရီ " လို့ မိတ်ဆက်ပေးခဲ့ပါတယ်။

ကလေးတစ်ယောက်က သူက 'လူဆိုးလား' လို့ လှမ်းမေးပါတယ်။

"ဦးက လူဆိုးပုံ ပေါက်နေလို့လား" လို့ ဂရီက ပြန်မေးတော့၊ ကလေးက "နည်းနည်းတော့ ပေါက်တယ်" လို့ ဖြေပါတယ်။

"အင်း... ဒါပေမဲ့ ဦးက လူဆိုးမဟုတ်ပါဘူး။ အဲဒါကို ဘယ်လိုသိနိုင်လဲ သိလား။ မင်းတို့သူငယ်ချင်း အမ်မာက ဦးကို လူဆိုးမဟုတ်ဘူးလို့ ဆုံးဖြတ်ပေးခဲ့လို့ပဲ။ သူက ဦးဦး သိသမျှတွေထဲမှာ အတော်ဆုံးနဲ့ အလိမ္မာဆုံးပဲ" လို့ ဂရီက ပြောလိုက်ပါတယ်။

'လီလီ' ဆွဲပေးထားတဲ့ ပုံလေးကို ရေခဲသေတ္တာပေါ်မှာ ကျွန်တော် ကပ်ထားပါတယ်။ လူပုံလေး နှစ်ပုံရယ်၊ ထီးအနီရောင်လေး တစ်ချောင်းရယ်ပေါ့။

ပြီးတော့ ကျွန်တော့်သမီးလေးရဲ့ စကားလုံးတွေကိုလည်း နေ့တိုင်း ကျွန်တော့်ခေါင်းထဲမှာ သတိရနေမိတယ်။ 'အခုအချိန်မှာ သမီးကို အကြောက်ဆုံးဖြစ်အောင် လုပ်နေတာ ဖေဖေကိုယ်တိုင်ပဲ' ဆိုတဲ့ စကားလေးပေါ့။

အသက် ၆ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အဲဒီစကားလုံးတွေက "လူပီသတဲ့လူတစ်ယောက် ဖြစ်ဖို့" သင်ကြားပြသပေးခဲ့ပါတယ်။

တစ်ကယ်တော့ ကြောက်စရာကောင်းတဲ့သူဟာ လမ်းပေါ်မှာ လဲနေတဲ့ ဆိုင်ကယ်သမားကြီး မဟုတ်ပါဘူး။ ဒုက္ခရောက်နေတဲ့သူကို မျက်ကွယ်ပြုထားရမယ်လို့ သမီးဖြစ်သူကို သင်ပေးမိလုနီးပါး ဖြစ်ခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်သာ ဖြစ်ပါတယ်။

- Saya U Khin Zaw ( ဘာသာပြန်)

🔲   "  တခြားနိုင်ငံတွေရဲ့ တော်လှန်ရေးကာလမှာ ပညာရေးကို ဘယ်လို အသက်ဆက်ခဲ့ကြသလဲ "တော်လှန်ရေးကာလတိုင်းမှာ မိဘတော်တော်များမျာ...
31/05/2026

🔲 " တခြားနိုင်ငံတွေရဲ့ တော်လှန်ရေးကာလမှာ ပညာရေးကို ဘယ်လို အသက်ဆက်ခဲ့ကြသလဲ "

တော်လှန်ရေးကာလတိုင်းမှာ မိဘတော်တော်များများရဲ့ စိုးရိမ်မှုက တစ်ခုတည်းပဲ ရှိတတ်ပါတယ်။

"ကလေးတွေ ပညာရေး မပျက်စီးဖို့ ဘယ်လိုလုပ်မလဲ"

ဒီစိုးရိမ်မှုဟာ ဒီနေ့ မြန်မာနိုင်ငံမှာမှ ပေါ်လာတာ မဟုတ်ပါဘူး။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ဖူးတဲ့ နိုင်ငံတိုင်းနီးပါးမှာ ဒီမေးခွန်းကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါကြောင့် အခြားနိုင်ငံတွေရဲ့ တော်လှန်ရေးသမိုင်းကို ပြန်လေ့လာကြည့်တဲ့အခါ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကို တွေ့ရပါတယ်။

👉 ပညာရေးဆိုတာ အစိုးရကျောင်းတစ်ကျောင်းထဲမှာပဲ ရှင်သန်ခဲ့တာ မဟုတ်ဘူး။

ကမ္ဘာ့သမိုင်းတစ်လျှောက် တော်လှန်ရေးတွေ၊ လွတ်လပ်ရေးတိုက်ပွဲတွေ၊ စစ်ပွဲတွေအတွင်းမှာ လူတွေဟာ ပညာရေးကို နည်းလမ်းမျိုးစုံနဲ့ အသက်ဆက်ခဲ့ကြပါတယ်။

✴️ တောင်အာဖရိကနိုင်ငံ

Apartheid ခေတ်တုန်းက ကျောင်းတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် လူထုက "ကျောင်းရှိရင် ပြီးရော" လို့ မယူဆခဲ့ကြဘူး။

"ဒီပညာရေးက ဘယ်လို လူသားမျိုးကို မွေးထုတ်နေတာလဲ"

ဆိုတဲ့ မေးခွန်းကို မေးခဲ့ကြတယ်။

ပညာရေးရဲ့ အနှစ်သာရနဲ့ တန်ဖိုးတွေကို ဆွေးနွေးခဲ့ကြတယ်။

✴️ အယ်လ်ဂျီးရီးယားနိုင်ငံ

လွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ကျောင်းအများအပြား ပျက်စီးခဲ့ပါတယ်။

ဒါပေမယ့် လူထုဟာ ပညာရေးကို မစွန့်လွှတ်ခဲ့ဘူး။

လျှို့ဝှက်စာသင်ကျောင်းတွေ ဖွင့်ခဲ့တယ်။

ရွေ့လျားစာသင်ခန်းတွေ တည်ထောင်ခဲ့တယ်။

အခက်အခဲတွေကြားကပဲ ကလေးတွေကို ဆက်လက်ပညာသင်ကြားပေးခဲ့ကြတယ်။

✴️ ဗီယက်နမ်နိုင်ငံ

စစ်ပွဲအတွင်းမှာ ကလေးတွေဟာ စာသင်ခန်းကြီးတွေထဲမှာပဲ သင်ယူခဲ့ကြတာ မဟုတ်ဘူး။

တောထဲမှာ သင်ယူခဲ့တယ်။

ဗုံးခိုကျင်းအနီးမှာ သင်ယူခဲ့တယ်။

လူထုရဲ့ အကူအညီနဲ့ သင်ယူခဲ့တယ်။

🩷 သူတို့ ယုံကြည်ခဲ့တာက စစ်ပွဲပြီးသွားတဲ့အခါ နိုင်ငံကို ပြန်လည်တည်ဆောက်မယ့်သူတွေဟာ ဒီနေ့ စာသင်နေတဲ့ ကလေးတွေပဲ ဆိုတာ ဖြစ်တယ်။

ဒီသမိုင်းတွေက ပြောနေတဲ့ အချက်တစ်ခု ရှိပါတယ်။

ပညာရေးဆိုတာ အဆောက်အဦးတစ်လုံး မဟုတ်ဘူး။

အစိုးရတစ်ရပ်ရဲ့ လက်မှတ်တစ်ခုလည်း မဟုတ်ဘူး။

ပညာရေးဆိုတာ အသိပညာ၊ အတွေးအခေါ်နဲ့ တန်ဖိုးတွေကို မျိုးဆက်တစ်ခုဆီ လက်ဆင့်ကမ်းပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်။

ဒါကြောင့် တော်လှန်ရေးကာလတိုင်းမှာ လူတွေဟာ ပညာရေးကို စွန့်လွှတ်ခဲ့တာ မဟုတ်ဘူး။

နည်းလမ်းအသစ်တွေ ရှာဖွေခဲ့ကြတယ်။

အခက်အခဲတွေကြားက ဆက်လက်အသက်ရှင်စေခဲ့ကြတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာလည်း အလားတူ မေးခွန်းတစ်ခုကို ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီကျောင်းတက်မှ ပညာရေး ရနိုင်မှာလား။

ဒါမှမဟုတ် အခက်အခဲတွေကြားကပဲ ပညာရေးကို ဆက်လက်ရှင်သန်စေမယ့် နည်းလမ်းတွေ ရှိနိုင်သလား။

ဒီမေးခွန်းရဲ့ အဖြေကို သမိုင်းက ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။

👉 ပညာရေးကို အသက်ဆက်ဖို့ နည်းလမ်းတစ်ခုတည်း ရှိတာ မဟုတ်ဘူး။

ဒီအချက်ကို သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်တယ်။

စစ်ကောင်စီက ကျောင်းတွေ ဖွင့်ပါလိမ့်မယ်။

ဒါပေမယ့် မိဘတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းက

"ကျောင်းထားမလား"

ဆိုတာထက်

"ငါ့ကလေးကို ဘယ်လို ပညာရေးမျိုး ပေးချင်တာလဲ"

ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲတစ်ခုတည်း မဟုတ်ပါဘူး။

အာဏာရှင်စနစ်တစ်ခုကို အဘက်ဘက်ကနေ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

အဲ့ဒီလမ်းကြောင်းမှာ ပညာရေးဟာလည်း အရေးကြီးတဲ့ တိုက်ပွဲမျက်နှာစာတစ်ခု ဖြစ်တယ်။

အခက်အခဲတွေ ရှိမယ်။

အကြပ်အတည်းတွေ ရှိမယ်။

ဒါပေမယ့် အနာဂတ်မျိုးဆက်အတွက် ဆိုရင် အဲ့ဒီအခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရမှာပဲ ဖြစ်ပါတယ်။

အတူတူ ဒုက္ခခံပြီး အတူတူ ဖြတ်ကျော်ကြပါစို့ .... ။

✍️‌ထက်နွေ
၃၁၊၅၊၂၀၂၆

ပညာတတ်ကြီးလား၊ စစ်ကျွန်ကြီးလား“ ငါကတော့ အငယ်ကောင်ကို မြို့ပေါ်ကျောင်းမှာဘဲ သွားထားတော့မယ်အေ “ဟေ … ။ ဘယ်လိုဖြစ်လို့လဲ မအေ...
30/05/2026

ပညာတတ်ကြီးလား၊ စစ်ကျွန်ကြီးလား

“ ငါကတော့ အငယ်ကောင်ကို မြို့ပေါ်ကျောင်းမှာဘဲ သွားထားတော့မယ်အေ “

ဟေ … ။ ဘယ်လိုဖြစ်လို့လဲ မအေးရ ။ ခု ရွာကျောင်းမှာ ထားတာ ဘာဖြစ်လို့လဲဟ

“ အောင်ထွန်းရာ ရှင်မသိတာလည်း မဟုတ်ဘူး ၊ လေယာဥ်ပစ်ရင် ပိတ် ၊ စစ်ကြောင်းထိုးရင် ပိတ်တာနဲ့ ကလေးက ပညာတတ်မှာကို မဟုတ်ပါဘူး ၊ ငါ ဘဝ ငါ ဘယ်လိုဖြစ်ဖြစ် ၊ ငါ့ကလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တာအေ “

“ ပညာတတ်ကြီး .. အော် ပညာတတ်ကြီး ။ မြို့ပေါ်ကျောင်း သွားထားရင် ပညာတတ်ကြီး ဖြစ်လာမှာလား မိအေး “

မိအေးက မျက်မှောင်ကြုတ်သွားပြီး “ဟဲ့ အနည်းဆုံးတော့ အေးအေးဆေးဆေး စာသင်ရမယ်၊ စာမေးပွဲတွေ အောင်မယ်၊ လက်မှတ်လေး ဘာလေး ရမယ်လေ။ အခုလို တောထဲမှာ ပြေးလွှားနေရတာထက် စာရင်တော့ သူ့ခေါင်းထဲ စာဝင်မှာပေါ့” ဟု ခပ်ဆတ်ဆတ် ပြန်ဖြေသည်။

“အေး... နင့်ကလေး စာမေးပွဲတော့ အောင်လာပါလိမ့်မယ်။ အောင်လက်မှတ်တွေလည်း ရလာမှာပေါ့။ ဒါပေမယ့် စာရွက်ပေါ်က အောင်လက်မှတ်ရရုံနဲ့ ပညာတတ်ဖြစ်ပြီလို့ နင်ထင်နေတုန်းပဲလား မိအေး။ အခု မြို့ပေါ်မှာ သင်နေတဲ့ စနစ်ကြီးက ကလေးတွေကို အမှားအမှန် ဝေဖန်ပိုင်းခြားတတ်အောင် သင်ပေးနေတာမှ မဟုတ်တာ။ အထက်က ခိုင်းတာကို စက်ရုပ်တွေလို ခေါင်းငုံ့ခံအောင်၊ သူတို့ သွတ်သွင်းချင်တဲ့ ဝါဒမှိုင်းတွေကို ခေါင်းထဲရိုက်ထည့်နေတာလေဟာ။

ဒို့ရွာနဲ့ ဒို့အိမ်ကို မီးရှို့တုံးက “ ရက်စက်လိုက်ကြတာ ၊ လုပ်ရက်လိုက်ကြတာ ၊ လူမှ ဟုတ်ကြသေးရဲ့လားဟယ် “ ဆိုပြီး နင်မေးခဲ့တာ မှတ်မိလား မိအေး ၊

အဲ့တာ နင်ပြောတဲ့ ပညာတတ်ကြီးတွေက ခိုင်းတာဗျာ ၊ နင်ပြောတဲ့ ပညာတတ်ကြီးတွေကဘဲ လုပ်ခဲ့တာမဟုတ်ဘူးလား မိအေးရ ၊ နင့် ကလေးက အဲ့သလို လူမျိုးတွေ ဖြစ်မလာဘူး နင်ယုံလား မိအေး

ဆရာကြီး အောင်သင်း ပြောဖူးတာ နင် ကြားဖူးတယ်မလား။ 'အမှားနဲ့အမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြားပိုင်းခြားတတ်မှ ပညာတတ်အစစ်' တဲ့။ အခု ဟိုက သင်ပေးနေတာတွေက အဲဒီလို စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ်တွေကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးနေတာဟ”

နင့် ကလေးကို သူတို့လို လူတွေ လက်ထဲ
ထည့်ရမှာနော် ၊ ကြာလာရင် သူတို့လို
ဖြစ်မလာဘူးလို့ နင်ယုံလား မိအေး

နင့်ကလေး ကိုယ်တိုင်က “ ဒီရွာတွေကို မီးရှို့တာက အကြမ်းဖက်တွေမလို့ ရှို့ရတာ ” ဆိုတဲ့ စကားမျိုး ပြောလာအောင် သူတို့ လုပ်နိုင်တယ်နော် မိအေး။

မိအေး မျက်နှာ အနည်းငယ် တွေဝေသွားသည်။ သို့သော် မိခင်တစ်ယောက်၏ စိုးရိမ်စိတ်ဖြင့် ထပ်ပြောပြန်သည်။

“ဒါပေမယ့် အောင်ထွန်းရာ... ဒီမှာက ပုံမှန်မှ မသင်ရတာ။ ကလေးတွေ အချိန်ကုန်တာပဲ အဖတ်တင်မှာပေါ့”

“အချိန်ဆိုတာ နောက်မှ ပြန်ဖြည့်ဆည်းလို့ ရတယ် မိအေး။ ကလေးရဲ့ ဦးနှောက်ထဲကို မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ အဆိပ်အတောက်တွေ ရောက်သွားရင် ဆေးကြောပစ်ဖို့ အများကြီး ပိုခက်တယ်။ အခု ရွာမှာက လေယာဉ်လာရင် ပြေးရတယ်၊ စစ်ကြောင်းလာရင် ပုန်းရတယ်။ ခက်ခဲတယ်။ မှန်တယ်။

စာအုပ်ထဲက စာတွေလည်းလိုသလို ၊ လူသားဆန်တဲ့ စာရိတ္တပညာမပါရင် ဒါတွေအကုန် အလကား ဘဲဆိုတာ ဒီနွေဦးမှာ ငါတို့ သိခဲ့ရတာဘဲ ။

အခုခေတ်က ကျောင်းဝင်းကြီးထဲ သွားထိုင်မှ ပညာတတ်တာ မဟုတ်တော့ဘူးလေ။ ကလေးက တကယ် သင်ချင်စိတ်ရှိအောင်ပဲ ပျိုးထောင်ပေးရမှာ။ တို့ရွာက CDM ဆရာ၊ ဆရာမတွေကလည်း အသက်စွန့်ပြီး သင်ပေးနေကြတာပဲ။ အဲဒီလို ကိုယ်ကျင့်တရား ကောင်းတဲ့ ဆရာတွေဆီက သင်ရတဲ့ ပညာကမှ တကယ့် အသိပညာ အစစ်အမှန်ဟ။

အချိန်ကုန်တယ်ဆိုတာ ခဏပါ မိအေးရယ်... ကိုယ်ကျင့်တရားမရှိဘဲ လူရာမဝင်တဲ့၊ အမိန့်နာခံရုံသက်သက် စက်ရုပ်ကြီးဖြစ်သွားရင် နင့်ကလေးရဲ့ တစ်သက်တာလုံး ဆုံးရှုံးသွားမှာနော်။ အဲဒီအခါကျမှ ငါ့ကလေးကို ဘယ်သူတွေက ဒီလိုပုံသွင်းလိုက်တာလဲ ဆိုပြီး နင် နောင်တမရပါစေနဲ့။”

မိအေး တစ်ယောက် ငြိမ်သက်သွားသည်။ သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ရစ်သိုင်းလာပြီး အဝေးဆီက ပြာကျသွားခဲ့ပြီဖြစ်သော ရွာလယ်က အိမ်နေရာဟောင်းလေးဆီသို့ ဆွေးဆွေးမြေ့မြေ့ ငေးကြည့်နေမိတော့သည်။
......................
ဦးနှောက်ဆေး ပညာရေးကို ဆန့်ကျင်ပါ။
ပညာစစ်စစ်ကို ရနိုင်တဲ့နေရာကနေ ရှာဖွေပါ။

တက္ကသိုလ်တွေကို ပညာတကယ်သင်တဲ့
တက္ကသိုလ်တွေအဖြစ် ပြန်လည်သိမ်းပိုက်နိုင်အောင်
စုပေါင်းကြိုးစားကြပါမယ်။......................

မောင်ဒွန်း

ပညာတတ်ကြီးလား ၊ စစ်ကျွန်ကြီးလား
လက်ကမ်းစာစောင် ၊ တူမီးတော်လှန်ရေးစာစဥ်

26/05/2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.org၁၃၈၈ ခုနှစ်၊ နယုန်လဆန...
22/05/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက်နေ့
(၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်)

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့် (စနစ်ဟောင်း ဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ




(New)
(Old)

အမျိုးသားညီညွတ်ရေးအစိုးရ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၆-ခုနှစ်၊ ဘွဲ့ကြိုပထမနှစ် ဝင်ခွင့်လျှောက်ထားလာသော ...
13/05/2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၆-ခုနှစ်၊ ဘွဲ့ကြိုပထမနှစ် ဝင်ခွင့်လျှောက်ထားလာသော ကျောင်းသား၊ ကျောင်းသူများအား အသိပေးအကြောင်းကြားခြင်း

※ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို English နှင့် အထွေထွေဗဟုသုတ ဘာသာရပ်၂ခုအတွက် ဝင်ရောက်ဖြေဆိုရမည့် လင့်များနှင့်အတူ ဖြေဆိုနည်းလမ်းညွှန်အသေးစိတ်နှင့် ဝင်ရောက်ဖြေဆိုပုံ သရုပ်ပြလမ်းညွှန်များအား လျှောက်ထားစဉ်က ဖော်ပြပါရှိသည့် Email များထံ ပေးပို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။ လက်ခံ ရရှိခြင်း မရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် [email protected] သို့လည်းကောင်း page messenger သို့လည်းကောင်း အမြန်ဆုံး ဆက်သွယ်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

※ဝင်ခွင့်ဖြေဆိုရမည့်ရက် ၁၅-၅-၂၀၂၆ (တစ်ရက်တည်းသာ)※
※စာဖြေလင့်များကို ၁၅-၅-၂၀၂၆ ရက်နေ့ 00:00 AM မှစတင် ဝင်ရောက်နိုင်မည်ဖြစ်ပြီး ၁၅-၅-၂၀၂၆ ရက်နေ့ 24:00 PM နောက်ပိုင်း ဝင်ရောက်ဖြေဆို၍ ရနိုင်တော့မည် မဟုတ်ပါ။

※မဖြေမီ ကြိုတင်၍ အောက်ဖော်ပြပါ အချက်များနှင့် ပူးတွဲဖော်ပြပါ ပုံများအား သေချာစွာဖတ်ရှုပေးစေလိုပါသည်။

(က) ဖြေဆိုရမည့်ရက်တွင် မိမိအဆင်ပြေမည့်အချိန်တွင် ဖြေဆိုနိုင်သော်လည်း မိမိ၏ Exam ID ဖြင့် တစ်ဘာလျှင် တစ်ကြိမ်သာ ဖြေဆိုနိုင်ပါသည်။ ဂဏန်းတစ်မျိုးတည်းကို English ဘာသာဖြင့် ဖြည့်ပါ။

(ခ) Device တစ်ခုသာ အသုံးပြုနိုင်ပါသည်။

(ဂ) လျှောက်ထားစဉ်က အမည် (English ဘာသာဖြင့်)၊ အီးမေးလ်လိပ်စာများကို မှန်ကန်စွာ ဖြည့်ပေးရပါမည်။

(ဃ) စာဖြေနေစဉ်အခက်အခဲတစ်စုံတရာပေါ်လာပါက UFES ကောင်စီ page ၏ CB မှ တဆင့် ချက်ချင်းဆက်သွယ်ပါ။ https://www.facebook.com/council.ufes/

(င) စာဖြေနေစဉ် ဖြေသည့် နေရာမှ ထသွားခြင်း၊ မျက်နှာလွှဲခြင်းများ မပြုလုပ်ရပါ။

(စ) တစ်ဘာသာကို တထိုင်တည်း ဖြေဆိုရပါမည်။

(ဆ) တစ်ဘာသာပြီးလျင် စိတ်ကြိုက်နားနိုင်ပြီး နောက်တစ်ဘာသာကို ည ၂၄ နာရီ မကျော်မီ ဖြေဆိုရပါမည်။

(ဇ) ဖြေဆိုနေစဉ် ဖြေဆိုသည့်နေရာတွင် တစ်ဦးတည်းသာ ရှိရပါမည်။

(ဈ) အခြားသူ၏ အကူအညီဖြစ်စေ၊ မီးငြမ်းစာအုပ်စာရွက်မျာဖြစ်စေ၊ AI အကူအညီဖြစ်စေ၊ အခြားမည်သည့်အကူအညီဖြစ်စေ အကူအညီရယူဖြေဆိုခြင်း မပြုလုပ်ရပါ။ စီစစ်တွေ့ရှိရပါက အရည်အချင်းးမပြည့်မီကြောင်း သတ်မှတ်ပြီး ဝင်ခွင့်ရရှိမည် မဟုတ်ပါ။

(ည) မသမာသောနည်းလမ်းဖြင့်ဖြေဆိုခြင်း၊ လူအစားထို့ ဖြေဆိုခြင်းများကို နည်းပညာဖြင့် စောင့်ကြည့်နေမည်ဖြစ်ပါသဖြင့် အထူးသတိထားဖြေဆိုကြရန် ကြိုတင် အသိပေးပါသည်။

(ဋ) စာဖြေနေစဉ် ကော်ပီကူးဖြေခြင်း၊ Screen Shot (SS ရိုက်ခြင်းများ) ကို ခွင့်မပြုပါ။

(ဌ) ဖြေဆိုပြီးသော်လည်း သံသယဖြစ်စရာ တစုံတရာ တွေ့ရပါက အကျအဖြစ် သတ်မှတ်ပါမည်။

(ဍ) မဖြေဆိုမီ ယခု အီးမေးလ်းတွင် တွဲပေးထားသော အွန်လိုင်းဖြေဆိုခြင်း နည်းလမ်းကို သေသေချာချာကြိုတင် လေ့လာဖတ်ရှုထားကြရန် ကြိုတင်ပေးပို့ပါသည်။

ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများကို လျှောက်ထားစဉ် ဖြည့်သွင်းထားသော အီးမေးလ်သို့ တစ်ဦးချင်းစီအကြောင်းကြားမည်ဖြစ်ပါသည်။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာကြားကာလတက္ကသိုလ်ကောင်စီ၏ page မှလည်း စာဖြေနံပါတ် (Exam ID)များဖြင့် ၂၅-၅-၂၀၂၆ရက်နေ့တွင် အောင်စာရင်းထုတ်ပြန်ပေးသွားပါမည်။

အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ....

ကြားကာလတက္ကသိုလ်ကောင်စီ
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊
အမျိုးသားညီညွတ်ရေးအစိုးရ

13/05/2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၆-ခုနှစ်၊ ဘွဲ့ကြိုပထမနှစ် ဝင်ခွင့်လျှောက်ထားလာသော ကျောင်းသား၊ ကျောင်းသူများအား အသိပေးအကြောင်းကြားခြင်း

※ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို English နှင့် အထွေထွေဗဟုသုတ ဘာသာရပ်၂ခုအတွက် ဝင်ရောက်ဖြေဆိုရမည့် လင့်များနှင့်အတူ ဖြေဆိုနည်းလမ်းညွှန်အသေးစိတ်နှင့် ဝင်ရောက်ဖြေဆိုပုံ သရုပ်ပြလမ်းညွှန်များအား လျှောက်ထားစဉ်က ဖော်ပြပါရှိသည့် Email များထံ ပေးပို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။ လက်ခံ ရရှိခြင်း မရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် [email protected] သို့လည်းကောင်း page messenger သို့လည်းကောင်း အမြန်ဆုံး ဆက်သွယ်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

※ဝင်ခွင့်ဖြေဆိုရမည့်ရက် ၁၅-၅-၂၀၂၆ (တစ်ရက်တည်းသာ)※
※စာဖြေလင့်များကို ၁၅-၅-၂၀၂၆ ရက်နေ့ 00:00 AM မှစတင် ဝင်ရောက်နိုင်မည်ဖြစ်ပြီး ၁၅-၅-၂၀၂၆ ရက်နေ့ 24:00 PM နောက်ပိုင်း ဝင်ရောက်ဖြေဆို၍ ရနိုင်တော့မည် မဟုတ်ပါ။

※မဖြေမီ ကြိုတင်၍ အောက်ဖော်ပြပါ အချက်များနှင့် ပူးတွဲဖော်ပြပါ ပုံများအား သေချာစွာဖတ်ရှုပေးစေလိုပါသည်။

(က) ဖြေဆိုရမည့်ရက်တွင် မိမိအဆင်ပြေမည့်အချိန်တွင် ဖြေဆိုနိုင်သော်လည်း မိမိ၏ Exam ID ဖြင့် တစ်ဘာလျှင် တစ်ကြိမ်သာ ဖြေဆိုနိုင်ပါသည်။ ဂဏန်းတစ်မျိုးတည်းကို English ဘာသာဖြင့် ဖြည့်ပါ။

(ခ) Device တစ်ခုသာ အသုံးပြုနိုင်ပါသည်။

(ဂ) လျှောက်ထားစဉ်က အမည် (English ဘာသာဖြင့်)၊ အီးမေးလ်လိပ်စာများကို မှန်ကန်စွာ ဖြည့်ပေးရပါမည်။

(ဃ) စာဖြေနေစဉ်အခက်အခဲတစ်စုံတရာပေါ်လာပါက UFES ကောင်စီ page ၏ CB မှ တဆင့် ချက်ချင်းဆက်သွယ်ပါ။ https://www.facebook.com/council.ufes/

(င) စာဖြေနေစဉ် ဖြေသည့် နေရာမှ ထသွားခြင်း၊ မျက်နှာလွှဲခြင်းများ မပြုလုပ်ရပါ။

(စ) တစ်ဘာသာကို တထိုင်တည်း ဖြေဆိုရပါမည်။

(ဆ) တစ်ဘာသာပြီးလျင် စိတ်ကြိုက်နားနိုင်ပြီး နောက်တစ်ဘာသာကို ည ၂၄ နာရီ မကျော်မီ ဖြေဆိုရပါမည်။

(ဇ) ဖြေဆိုနေစဉ် ဖြေဆိုသည့်နေရာတွင် တစ်ဦးတည်းသာ ရှိရပါမည်။

(ဈ) အခြားသူ၏ အကူအညီဖြစ်စေ၊ မီးငြမ်းစာအုပ်စာရွက်မျာဖြစ်စေ၊ AI အကူအညီဖြစ်စေ၊ အခြားမည်သည့်အကူအညီဖြစ်စေ အကူအညီရယူဖြေဆိုခြင်း မပြုလုပ်ရပါ။ စီစစ်တွေ့ရှိရပါက အရည်အချင်းးမပြည့်မီကြောင်း သတ်မှတ်ပြီး ဝင်ခွင့်ရရှိမည် မဟုတ်ပါ။

(ည) မသမာသောနည်းလမ်းဖြင့်ဖြေဆိုခြင်း၊ လူအစားထို့ ဖြေဆိုခြင်းများကို နည်းပညာဖြင့် စောင့်ကြည့်နေမည်ဖြစ်ပါသဖြင့် အထူးသတိထားဖြေဆိုကြရန် ကြိုတင် အသိပေးပါသည်။

(ဋ) စာဖြေနေစဉ် ကော်ပီကူးဖြေခြင်း၊ Screen Shot (SS ရိုက်ခြင်းများ) ကို ခွင့်မပြုပါ။

(ဌ) ဖြေဆိုပြီးသော်လည်း သံသယဖြစ်စရာ တစုံတရာ တွေ့ရပါက အကျအဖြစ် သတ်မှတ်ပါမည်။

(ဍ) မဖြေဆိုမီ ယခု အီးမေးလ်းတွင် တွဲပေးထားသော အွန်လိုင်းဖြေဆိုခြင်း နည်းလမ်းကို သေသေချာချာကြိုတင် လေ့လာဖတ်ရှုထားကြရန် ကြိုတင်ပေးပို့ပါသည်။

ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများကို လျှောက်ထားစဉ် ဖြည့်သွင်းထားသော အီးမေးလ်သို့ တစ်ဦးချင်းစီအကြောင်းကြားမည်ဖြစ်ပါသည်။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာကြားကာလတက္ကသိုလ်ကောင်စီ၏ page မှလည်း စာဖြေနံပါတ် (Exam ID)များဖြင့် ၂၅-၅-၂၀၂၆ရက်နေ့တွင် အောင်စာရင်းထုတ်ပြန်ပေးသွားပါမည်။

အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ....

ကြားကာလတက္ကသိုလ်ကောင်စီ
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊
အမျိုးသားညီညွတ်ရေးအစိုးရ

The university council is the highest authority of the UFES during the interim period. It was founded in accordance with interim university charter (entered into force on 27 April 2021) to exercise administrative and academic affairs of the university.

Address

Gangaw

Website

Alerts

Be the first to know and let us send you an email when ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့:

Shortcuts

Share

Category