10/12/2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပခဲ့သော "မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်" အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မြို့တော်ခန်းမ၊ ပုသိမ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်းအခမ်းအနား၏ ဒုတိယပိုင်းအစီအစဉ်ဖြစ်သော အတွေ့အကြုံလူငယ်စကားဝိုင်းတွင် လူငယ်ဖိုရမ် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် NGL’s executive member
ကိုထက်ပိုင်၊ စတုတ္ထနှစ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်) က "ကမ္ဘာ့လုံးဆိုင်ရာချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း" ဟူသောခေါင်းစဉ်ဖြင့် ဆင့်ပွားဆွေးနွေးကာ အမေးအဖြေများကိုလည်း ပြုလုပ်ခဲ့ပါသည်။
ဤသို့သော အခမ်းအနားများ ကျင်းပပေးခြင်းသည် လူငယ်တို့၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို အလွန့်အလွန် အထောက်အကူဖြစ်စေသောကြောင့် စီစဉ်ကျင်းပပေးပါသော Ayeyarwaddy Division Youth Affairs Committee နှင့်အတူ ကြွရွောက်ချီးမြှင့်ပေးပါသော အကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ လူငယ်အသီးသီးကိုလည်း NGL မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိအပ်ပါသည်ခင်ဗျာ...