Learn with JUM JUM

Learn with JUM JUM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn with JUM JUM, Education Website, Dawei.

27/08/2026

Basic Shape 🔺🟫🟢
ထိတွေ့လေ့ကျင့်ကြခြင်း 🖍📃




゚viralシfypシ゚
゚viralシ


"Disclaimer: I do not own the rights to this music or song. All rights belong to the rightful owner. No copyright infringement intended. For entertainment/educational purposes only."

Learn with JUM JUM

☔ မိုးရာသီ မှာ မိမိရင်သွေး များအတွက်ကျန်းမာရေးဂရုစိုက်နိုင်ရန် လမ်းညွှန်ʟᴇᴀʀɴ ᴡɪᴛʜ ᴊᴜᴍ ᴊᴜᴍသားသားမီးမီးလေးတို့ရဲ့ ဖေဖေ၊ မ...
26/08/2026

☔ မိုးရာသီ မှာ မိမိရင်သွေး များအတွက်
ကျန်းမာရေးဂရုစိုက်နိုင်ရန် လမ်းညွှန်

ʟᴇᴀʀɴ ᴡɪᴛʜ ᴊᴜᴍ ᴊᴜᴍ

သားသားမီးမီးလေးတို့ရဲ့ ဖေဖေ၊ မေမေနှင့် အုပ်ထိန်းသူများရှင်

မုတ်သုံစဝင်လာနေပြီဆိုတော့ အခုလိုရာသီအကူးအပြောင်းမှာ သားသားမီးမီးလေးတွေ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ ဆင်ခြေထောက်ရောဂါ အပါအဝင် အခြားသော ကူးစက်ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုလေးတွေလုပ်ဖို့ လိုအပ်ပါတယ်။

ကူးစက်ရောဂါတွေအကြောင်းကတော့ အကျယ်တဝင့် ပြောမနေတော့ပါဘူး။ အဲဒီကူးစက်ရောဂါတွေဟာ ခြင်ကိုက်ခံရရာကနေ ဖြစ်ပွားကြတာဖြစ်ပါတယ် ။ ဒါကြောင့် ခြင်ကိုက်မခံရအောင် ကြိုတင်ကာကွယ်ဖို့အတွက်

🟧 အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ။

🟧 ယင်မနားတဲ့အစားအစာ၊ သန့်ရှင်းလတ်ဆတ်ပြီး ရောဂါကာကွယ်နိုင်မယ့် အာဟာရရှိတဲ့အစားအစာတွေ ကျွေးပေးပါ။

🟧 ဘယ်အချိန်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်နဲ့ အိပ်စေပါ။

🟧 Picaridine, DEET, Lemon & Eucalyptus စတာတွေပါဝင်တဲ့ ခြင်လိမ်းဆေး လိမ်း‌ပေးပါ။

🟧 လက်ကို စနစ်တကျ စင်ကြယ်အောင် ဆေးကြောစေပါ။

🟧 လူထူထပ်တဲ့နေရာတွေမှာ mask တပ်ဆင်စေပါ။

🟧 နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးပါ။

အကယ်၍ နှာစည်း၊ချောင်းဆိုခြင်း ၊ လည်ချောင်းနာခြင်း၊ကျောအောင့်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း နဲ့ အော့အန်ခြင်း
စတဲ့ ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေနဲ့ (၃)ရက်မှ (၇) ရက်အတွင်း အပြင်းဖျားခြင်း၊ မျက်လုံးအိမ်နောက်ဘက်မှ ကိုက်ခဲခြင်း၊ အရိုး၊အဆစ်၊အမြစ်များကိုက်ခဲခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း စတဲ့သွေးလွန်တုပ်ကွေးလက္ခဏာတွေ တွေ့နေရပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေကို အမြန်ဆုံး ပြသပြီးကုသဖို့ အကြံပြုလိုက်ပါတယ် ရှင်။

“Disclaimer: I do not own the rights to this music or song. All rights belong to the rightful owner. No copyright infringement intended. For knowledge sharing purposes only.”

#သွေးလွန်တုပ်ကွေး
#မိုးရာသီ

#𝐟𝐨𝐥𝐥𝐨𝐰𝐞𝐫𝐬𝐫𝐞𝐞𝐥𝐬𝐟𝐲𝐩シ゚𝐯𝐢𝐫𝐚𝐥シ𝐟𝐲𝐩シ゚𝐯𝐢𝐫𝐚𝐥シ
゚viralシfypシ゚viralシ
#𝐟𝐲𝐩𝐚𝐠𝐞シ
#𝐥𝐞𝐚𝐫𝐧𝐰𝐢𝐭𝐡𝐣𝐮𝐦𝐣𝐮𝐦

Learn with JUM JUM

20/08/2026

💠 2025 October မှာ စတင်ခဲ့တဲ့ Fine Motor Class (Batch-1) မှ သားသားမီးမီးလေးတွေရဲ့ အကောင်းဆုံးရလဒ်လေးတွေကို မျှဝေပေးချင်
ပါတယ်။ 🎊🎉

အတန်းစတင်တက်ရောက်ချိန်မှာတော့ သားသား
မီးမီးလေးတွေဟာ အခြေခံမျဉ်းကြောင်းလေးတွေကို စနစ်တကျ ရေးဆွဲနိုင်ဖို့ စတင်လေ့ကျင့်ခဲ့ကြပါတယ်။

ဒီကနေတစ်ဆင့် စာရေးခြင်းရဲ့ အခြေခံအဆင့်တွေကိုလည်း တစ်ဆင့်ချင်းစီ လေ့လာသင်ယူခဲ့ကြပါတယ်။

စာရေးတတ်ဖို့ဆိုတာ “အခုသင်၊ အခုရေးတတ်” ဆိုတဲ့အရာမျိုး မဟုတ်ပါဘူး။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှု၊ ထပ်ခါတလဲလဲ လေ့ကျင့်မှုတွေနဲ့ အမှားတွေကနေ တစ်ဆင့် သင်ယူရင်း တဖြည်းဖြည်း တိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။ ❤️

သားသားမီးမီးလေးတွေရဲ့ လိုအပ်ချက်တွေကို မေမေတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး မေမေတို့ရဲ့ ပူးပေါင်းပါဝင်ပေးမှု၊ အားပေးပံ့ပိုးပေးမှုတွေနဲ့အတူ ကလေးလေးတွေဟာလည်း မရပ်မနား ကြိုးစားလေ့ကျင့်ခဲ့ကြပါတယ်။ 🤝💕

အခုဆိုရင်တော့ စာရေးတဲ့အချိန်မှာ စိတ်ဖိစီးမှုမရှိဘဲ ယုံကြည်မှုရှိရှိနဲ့ ရေးသားလာနိုင်ကြပြီဖြစ်သလို ✨

✏️ မြန်မာအက္ခရာ (က၊ ခ)
✏️ English Alphabet (Aa to Zz)

တို့ကိုလည်း သပ်ရပ်လှပစွာ ရေးသားနိုင်လာကြပါပြီ။ 👏👏

ဒီလိုတိုးတက်လာမှုလေးတွေဟာ သားသားမီးမီးတို့ရဲ့ ကြိုးစားမှု၊ မေမေတို့ရဲ့ ပူးပေါင်းပေးမှုနဲ့အတူတကွ ကြိုးစားပေးမှုတွေရဲ့ ရလဒ်ကောင်းလေးတွေပါ။ 🥰

သားသားမီးမီးတို့ရေ… ဒီထက်ပိုပြီး တိုးတက်အောင်မြင်လာနိုင်ကြပါစေ။ ❤️

Congratulations, သားသားမီးမီးတို့ရေ! 🎊🎉🎉



#ကခဂဃင




゚viralシfypシ゚


Learn with JUM JUM

19/08/2026

မြန်မာအက္ခရာ မှန်မှန်နဲ့လှလှ ရေးကြမယ်✍️

Fine motor class (Batch-1)📊
#တိုးတက်မှုအခြေအနေ



#ကခဂဃင
゚viralシfypシ゚


Learn with JUM JUM

17/08/2026

🌿 ကလေးတွေကို ပုံစံမသွင်းနဲ့၊ ပျိုးထောင်ပေးပါ

𝐊𝐧𝐨𝐰𝐢𝐧𝐠 𝐬𝐡𝐚𝐫𝐢𝐧𝐠 𝟐𝟖 | 𝐋𝐞𝐚𝐫𝐧 𝐰𝐢𝐭𝐡 𝐉𝐮𝐦 𝐉𝐮𝐦

ဒီနေ့ 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 မှာတော့ ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ အလွန် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ “ကလေးရဲ့အပြုအမူနဲ့ ကလေးရဲ့တန်ဖိုးကို ခွဲခြားမြင်ပေးခြင်း” အကြောင်းကို မျှဝေပေးချင်ပါတယ်။

တစ်ခါတလေ ကလေးတွေက မိဘစကားကို နားမထောင်တာ၊ အော်ဟစ်တာ၊ ဒေါသထွက်တာ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ရန်ဖြစ်တာ၊ ပစ္စည်းတွေကို ပစ်တာမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီအချိန်မှာ မိဘတွေအနေနဲ့ စိတ်တိုပြီး

“မင်းက မလိမ္မာတဲ့ကလေးပဲ”

“မင်းက အမြဲတမ်းဆိုးတယ်”

“မင်းက ဘာမှမတတ်ဘူး”

“ဟိုကလေးတွေကိုကြည့်၊ သူတို့က မင်းထက်ပိုလိမ္မာတယ်”

“မင်းက သူတို့လောက်တောင် မလုပ်နိုင်ဘူးလား”
ဆိုပြီး ပြောမိတတ်ပါတယ်။

ဒါပေမဲ့ ဒီလိုစကားတွေက ကလေးရဲ့အပြုအမူကို ပြုပြင်ပေးတာထက် ကလေးရဲ့စိတ်ထဲမှာ

“ငါက မကောင်းတဲ့ကလေးပါလား”

“ငါက သူတို့လောက်တောင် မလုပ်နိုင်ပါလား”

“ငါက တခြားကလေးတွေလို မတော်ဘူး”

“မေမေ၊ ဖေဖေက ငါ့ကို မချစ်ဘူး” ဆိုတဲ့
သိမ်ငယ်တဲ့ခံစားချက်တွေ ဖြစ်လာစေနိုင်ပါတယ်။

အထူးသဖြင့် ကလေးတွေဟာ မိဘတွေရဲ့စကားကို အလွန်အလေးထားတတ်ကြတဲ့အတွက် မိဘတွေရဲ့စကားတစ်ခွန်းဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါကြောင့် ကလေးကို “မလိမ္မာဘူး” လို့ တံဆိပ်ကပ်မယ့်အစား အပြုအမူကိုပဲ ပြုပြင်ပေးဖို့ အရေးကြီးပါတယ်။

ဥပမာ ။ ။
“မင်းက ဆိုးတယ်” လို့ မပြောဘဲ
“အခု ညီမလေးကို ရိုက်လိုက်တာ မသင့်တော်ဘူး။ ဒေါသထွက်ရင် စကားနဲ့ပြောကြရအောင်” လို့ ပြောနိုင်ပါတယ်။

“မင်းက သူတို့လောက်မတော်ဘူး” လို့ မပြောဘဲ
“ဒီတစ်ခါ မအောင်မြင်သေးဘူး။ မေမေနဲ့အတူ ထပ်ကြိုးစားကြမယ်” လို့ ပြောနိုင်ပါတယ်။

“ဟိုကလေးတွေကိုကြည့်” လို့ နှိုင်းယှဉ်မယ့်အစား
“မနေ့ကထက် ဒီနေ့ ပိုကောင်းလာတယ်။ ဆက်ကြိုးစားကြမယ်” လို့ အားပေးနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခု
ကတော့ ကလေးရဲ့အပြုအမူနောက်က အကြောင်းရင်းကို နားလည်ပေးဖို့ ဖြစ်ပါတယ်။

ကလေးတစ်ယောက် ပုံမှန်အခြေအနေမဟုတ်ဘဲ ပြောင်းလဲနေတာဟာ သာမန်လို့ယူဆလို့ မရပါဘူး။

တကယ်တော့ သူရင်ဆိုင်နေရတာက ပင်ပန်းနေတာဖြစ်နိုင်ပါတယ်။ ဗိုက်ဆာနေတာဖြစ်နိုင်ပါတယ်။
အာရုံစိုက်ခံချင်တာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူ့ခံစားချက်ကို စကားနဲ့ မဖော်ပြတတ်သေးတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့်

“ဒီကလေးက ဘာလို့ဒီလောက်ဆိုးတာလဲ”

“ဘာလို့မလုပ်နိုင်ရတာလဲ”
လို့ စဉ်းစားမယ့်အစား

“ဒီကလေးက အခု ဘာကိုခံစားနေရတာလဲ?”

“သူဘာကိုလိုအပ်နေတာလဲ?”

“သူ့ကို ဘယ်လိုသင်ပေးရမလဲ?”

ဆိုတာကို စဉ်းစားပေးကြရအောင်။

ဒါပေမဲ့ ကလေးရဲ့ခံစားချက်ကို နားလည်ပေးတာဟာ အပြုအမူတိုင်းကို ခွင့်ပြုတာတော့ မဟုတ်ပါဘူး။လိုအပ်ရင် လိုအပ်သလို့ သူ့ခံစားချက်ကို နားလည်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဥပမာ ။ ။

“သား ဒေါသထွက်နေတာ မေမေသိတယ်။ ဒေါသထွက်လို့ရတယ်။ ဒါပေမယ့် သူများကို ရိုက်လို့တော့ မရဘူး။ ဒေါသထွက်ရင် ‘မကြိုက်ဘူး’ လို့ စကားနဲ့ပြောကြမယ်နော်။”

ဒီလိုပြောပေးခြင်းအားဖြင့် ကလေးရဲ့ခံစားချက်ကို လက်ခံပေးရင်း မသင့်တော်တဲ့အပြုအမူကိုလည်း သင်ပေးနိုင်ပါတယ်။

နောက်တစ်ခုက မိဘကိုယ်တိုင်က ကလေးတွေအတွက် 𝐑𝐨𝐥𝐞 𝐌𝐨𝐝𝐞𝐥 ဖြစ်ဖို့ လိုပါတယ်။

ကလေးကို “စိတ်ဆိုးရင် မအော်နဲ့၊”
“နင်က တုံးလိုက်တာ” လို့ ပြောပြီး မိဘကိုယ်တိုင် စိတ်ဆိုးတဲ့အခါ အော်ဟစ်နေရင် ကလေးက မိဘပြောတာထက် မိဘလုပ်တာကို ပိုပြီးသင်ယူသွားနိုင်ပါတယ်။

ဒါကြောင့် မိဘကိုယ်တိုင်လည်း
“မေမေ အခု စိတ်တိုလာတယ်။
ခဏလေး အသက်ရှူပြီးမှ ပြောမယ်နော်”
လိုမျိုး ကိုယ့်စိတ်ခံစားချက်ကို ကိုယ်ထိန်းချုပ်ပြပေးနိုင်ရင် ကလေးအတွက် လက်တွေ့သင်ခန်းစာကောင်းတစ်ခု ဖြစ်လာပါတယ်။

ပြီးတော့ ကလေးကောင်းတာလုပ်တဲ့အချိန်မှာလည်း ချက်ချင်းအသိအမှတ်ပြုပေးဖို့ လိုပါတယ်။

“သားက လိမ္မာတယ်” လို့ ယေဘုယျပြောတာထက်
“သားက ညီမလေးကို အရုပ်မျှပေးလိုက်တာ အရမ်းကောင်းတယ်”
“အခု စိတ်ဆိုးပေမယ့် မရိုက်ဘဲ စကားနဲ့ပြောနိုင်တာ အရမ်းကောင်းတယ်”
လိုမျိုး ကလေးက ဘာကောင်းတာလုပ်ခဲ့လဲဆိုတာ တိတိကျကျပြောပေးခြင်း က ကလေးရဲ့ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဖေဖေ၊ မေမေတို့ကို မှာချင်တာက-
ကလေးကို အပြစ်တင်တာထက် သင်ပေးပါ။

ကလေးကို တံဆိပ်ကပ်တာထက် သူ့စိတ်ခံစားချက်တွေကို နားလည်ပေးပါ။

ကလေးကို နှိုင်းယှဉ်တာထက် အားပေးပါ။

ကလေးရဲ့အကျင့်ကို ပြုပြင်ပါ။

ကလေးရဲ့တန်ဖိုးကို မထိခိုက်စေပါနဲ့။

လူကြီးတွေတောင်မှ ကိုယ်လမ်းလွဲနေရင် လမ်းအမှန်ရောက်အောင် အတော်လေးအချိန်ယူရပါတယ်။

ကလေးတွေလည်း ဒီလိုပါပဲ့။ အခုပြောပြတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားပြုပြင်ပေးလို့ အခုချက်ချင်း အဆင်ပြေသွားတာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ကလေးတွေလည်း လူသားတွေပဲ့မို့ သူတို့အတွက် အချိန်တစ်ခုလိုအပ်ပါတယ်။

ကလေးတစ်ယောက်ဟာ မွေးကတည်းက “မလိမ္မာတဲ့ကလေး” ဖြစ်လာတာ မဟုတ်ပါဘူး။

သူတို့ဟာ ဘယ်လိုပြောရမလဲ၊ ဘယ်လိုခံစားချက်ကို ထိန်းချုပ်ရမလဲ၊ ဘယ်လိုပြုမူရမလဲဆိုတာ သင်ယူနေကြတာပါ။

အဲဒီသင်ယူနေတဲ့အချိန်မှာ မိဘတွေရဲ့ စကားတစ်ခွန်းက ကလေးကို သိမ်ငယ်စေနိုင်သလို၊ တစ်ဖက်မှာလည်း မိဘတွေရဲ့ နားလည်ပေးမှုနဲ့ အားပေးမှုက ကလေးရဲ့ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။

ဒါကြောင့် “မင်းက မလိမ္မာဘူး” လို့ မပြောဘဲ
“မင်းလုပ်လိုက်တာကို ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ” လို့ ပြောပေးကြရအောင်။
ကလေးကို တံဆိပ်ကပ်မယ့်အစား လမ်းပြပေးကြရအောင်။

"ကလေးကို “မလိမ္မာတဲ့ကလေး” လို့ တံဆိပ်မကပ်ဘဲ နားလည်ပေးပြီး ပြုစုပျိုးထောင်ကြရအောင်"

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 : 𝐄𝐂𝐂𝐃 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠


#လိမ္မာတဲ့ကလေးလေး
#ပျိုးထောင်ပါ
゚viralシfypシ゚
゚viralシ


Learn with JUM JUM

13/08/2026

မျဥ်းနဲ့အရောင်ထိတွေ့လေ့ကျင့်ကြခြင်း 🖍📃




゚viralシfypシ゚
゚viralシ


"Disclaimer: I do not own the rights to this music or song. All rights belong to the rightful owner. No copyright infringement intended. For entertainment/educational purposes only."

Learn with JUM JUM

10/08/2026

𝐋𝐞𝐭'𝐬 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐨𝐮𝐫 𝐞𝐥𝐞𝐠𝐚𝐧𝐭 𝐚𝐧𝐝 𝐛𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐡𝐚𝐧𝐝𝐰𝐫𝐢𝐭𝐢𝐧𝐠 . 📚📖

𝗙𝗶𝗻𝗲 𝗺𝗼𝘁𝗼𝗿 𝘀𝗸𝗶𝗹𝗹 သင်ထောက်ကူ စာအုပ်တွေ
ထပ်ရောက်လာပါပြီရှင်။👦🏻👧🏻

သားသားမီးမီး​လေးများအတွက် သင်ထောက်ကူစာအုပ်များ ပြန်လည်ရရှိပါပြီ 📚

❝ လက်ရေးမသင်ခင် လေ့ကျင့်မယ် ❞ 📕
❝ ပျော်ပျော်ရွှင်ရွှင် ထပ်ကူးသင် ❞ 📘

𝗙𝗶𝗻𝗲 𝗺𝗼𝘁𝗼𝗿 𝘀𝗸𝗶𝗹𝗹 အတွက် စာအုပ်တစ်စုံကို ၃၀၀၀၀ ကျပ် ( 𝟑𝟎,𝟎𝟎𝟎 𝐦𝐦𝐤 ) နဲ့ ဝယ်ယူနိုင်ပါတယ် ။

🔶 ထားဝယ်မြို့တွင်း မှာယူပါက အိမ်တိုင်ရာရောက် ပို့ပေးပါမယ် ။ အခြား ကားဂိတ်တင်ပေးလို့ရတဲ့ ဒေသ တွေ ကိုလည်း ဂိတ်တင်ပေးပါမယ် ။

🔔လိုအပ်သူများအနေနဲ့ 𝐋𝐞𝐚𝐫𝐧 𝐰𝐢𝐭𝐡 𝐉𝐮𝐦 𝐉𝐮𝐦 ရဲ့ Page Messager နဲ့ Viber No - +𝟗𝟓𝟗𝟕𝟕𝟗𝟑𝟕𝟏𝟗𝟐𝟓 ၊ Telegram () တွေ ကနေ မှာယူနိုင်ပါတယ် ။

Learn with JUM JUM

09/08/2026

💙 သင့်ကလေး စာနာယုယ နှလုံးလှစေဖို့


𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝟐𝟖 | 𝐋𝐞𝐚𝐫𝐧 𝐰𝐢𝐭𝐡 𝐉𝐮𝐦 𝐉𝐮𝐦

မင်္ဂလာပါ ဖေဖေ၊ မေမေတို့ရေ…

ယခုအပတ်ရဲ့ 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 မှာတော့ ဖေဖေ၊ မေမေတို့အတွက် သားသား၊ မီးမီးတို့ကို ယဉ်ကျေးလိမ္မာပြီး စိတ်သဘောထားကောင်းတဲ့ ကလေးတွေဖြစ်လာစေဖို့ ဘယ်လိုပြုစုပျိုးထောင်ပေးမလဲ ဆိုတဲ့အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။

ပထမဆုံးအနေနဲ့ ဖေဖေ၊ မေမေတို့ရေ…

သားသား၊ မီးမီးတို့ကို ယဉ်ကျေးလိမ္မာပြီး စိတ်သဘောထားကောင်းတဲ့ ကလေးတွေဖြစ်လာစေချင်တယ်ဆိုရင် အရင်ဆုံး ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့—

ကလေးတွေ ဘာကြောင့် ဒေါသထွက်တတ်ကြသလဲ?

ဒေါသထွက်လာတဲ့အခါ ဘယ်လိုထိန်းချုပ်တတ်အောင် သင်ပေးရမလဲ?

ကိုယ့်ရဲ့ဒေါသက အနီးအနားက လူတွေက ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲ?

ဆိုတာတွေကို မျှဝေပေးသွားချင်ပါတယ်။

👶 ကလေးတွေ ဘာကြောင့် ဒေါသထွက်တတ်ကြသလဲ?

ဖေဖေ၊ မေမေတို့ရေ…

လူတိုင်းမှာ တစ်ခါတလေ ဒေါသထွက်တဲ့အချိန်တွေ ရှိကြပါတယ်။ ကလေးတွေလည်း အတူတူပါပဲ။
ကလေးတစ်ယောက် ဒေါသထွက်တယ်ဆိုတာ သူဟာ မကောင်းတဲ့ကလေးဖြစ်လို့ မဟုတ်ပါဘူး။

တစ်ခါတလေမှာ ကလေးတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့—

စိတ်ပျက်မှု
မကျေနပ်မှု
မဖြစ်ချင်တာ ဖြစ်လာမှု
အာရုံစိုက်မှု မရရှိခြင်း
ကိုယ်လိုချင်တဲ့အရာကို မရရှိခြင်း

စတဲ့ ခံစားချက်တွေကို ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲဆိုတာ မသိသေးတဲ့အတွက် ဒေါသနဲ့ ဖော်ပြတတ်ကြပါတယ်။

ဒါကြောင့် ကလေးဒေါသထွက်လာတဲ့အခါ
“ဒီကလေးက ဆိုးလိုက်တာ” လို့ သတ်မှတ်တာထက်
“ငါ့ကလေး ဘာကြောင့် ဒီလိုခံစားနေရတာလဲ” ဆိုပြီး နားလည်ပေးဖို့ အရေးကြီးပါတယ်။

မိဘတွေအနေနဲ့လည်း ကိုယ်ဟာ ကလေးအတွက် အတုယူရမဲ့ စံနမူနာကောင်းတစ်ယောက် ဖြစ်ဖို့လိုပါမယ်။

👶 ဒေါသထွက်တဲ့အခါ ဘယ်လိုအပြုအမူတွေ တွေ့ရနိုင်သလဲ?

ကလေးတစ်ယောက် ဒေါသထွက်လာတဲ့အခါ
ပစ္စည်းတွေကို လွှင့်ပစ်တာ ၊အော်ဟစ်တာ
၊ငိုတာ ၊ ခြေထောက်ဆောင့်တာ ၊စိတ်ဆိုးပြီး မပြောမဆိုနေတာ ၊ တစ်ခြားသူကို ရိုက်တာ၊ တွန်းတာ
စတဲ့ အပြုအမူတွေကို တွေ့ရနိုင်ပါတယ်။

ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ ဒေါသထွက်တာကို အပြစ်ပေးဖို့ထက် ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးဖို့ ပိုအရေးကြီးပါတယ်။

👨‍👩‍👧 မိဘတွေအနေနဲ့ ကလေးတွေကို ဒေါသထိန်းချုပ်တတ်အောင် ဘယ်လိုသင်ပေးမလဲ?

ပထမဆုံးအနေနဲ့ ကလေးကို သူ့ဒေါသရဲ့ အကြောင်းအရင်းကို သိအောင် ကူညီပေးရပါမယ်။

ဥပမာ ။ ။
“သား/သမီး ဘာကြောင့် စိတ်ဆိုးသွားတာလဲ?”
“ဘာဖြစ်လို့ ဒေါသထွက်သွားတာလဲ?”
“သား/သမီး အခု ဘယ်လိုခံစားနေရလဲ?”
ဆိုပြီး မေးမြန်းပေးနိုင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ဒေါသထွက်တာဟာ သဘာဝကျတဲ့ခံစားချက်တစ်ခုဖြစ်ပေမယ့် ဒေါသကြောင့် တခြားသူကို ထိခိုက်အောင်လုပ်တာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတော့ မလုပ်သင့်ဘူး ဆိုတာကို နားလည်အောင် သင်ပေးဖို့လိုပါတယ်။
ဒေါသအရမ်းထွက်နေတဲ့အချိန်မှာတော့ ကလေးကို ခဏအနားပေးပြီး စိတ်အေးအောင် ကူညီပေးနိုင်ပါတယ်။

ဥပမာ ။ ။

🌿 ခဏတစ်ဖြုတ် တစ်ယောက်တည်း အေးအေးဆေးဆေးနေခြင်း
🌿 အသက်ရှူသွင်း၊ အသက်ရှူထုတ် လုပ်ခြင်း
🌿 လမ်းလျှောက်ခြင်း
🌿 စာအုပ်ဖတ်ခြင်း
🌿 ကိုယ်နှစ်သက်တဲ့ ကစားစရာတွေနဲ့ ကစားခြင်း
🌿 မိဘနဲ့ စကားပြောခြင်း
🌿သူတို့နှစ်သက်တဲ့ အစားအသောက်တွေ ကျွေးခြင်း
🌿 တေးသီချင်းတွေ သီဆိုခြင်း
🌿 သူတို့လေးတွေနဲ့ အတူတူကစားပေးခြင်း

စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ ကလေးစိတ်အေးသွားတဲ့အချိန်မှ ပြန်လည်ဆွေးနွေးပေးဖို့ပါ။

👶“ဘယ်အရာက သား/သမီးကို ဒေါသထွက်စေတာလဲ?”

👶 “နောက်တစ်ခါ ဒီလိုအခြေအနေမျိုးကြုံတဲ့အခါ ဘယ်လိုလုပ်ရင်ကောင်းမလဲ?”

ဆိုပြီး ကလေးနဲ့အတူ ဖြေရှင်းနည်းရှာပေးနိုင်ပါတယ်။

စကားပြောခြင်းက ကလေးတွေရဲ့ ခံစားချက်တွေကို နားလည်ဖို့နဲ့ ဒေါသကို ထိန်းချုပ်တတ်ဖို့ အများကြီးကူညီပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဖေဖေ၊ မေမေတို့ရေ…

ဒေါသထွက်တာက မမှားပါဘူး။ ဒါပေမယ့် ဒေါသကြောင့် တခြားသူကို ထိခိုက်စေတာကတော့ မဖြစ်သင့်ပါဘူးဆိုတာကို ကလေးနားလည်နိုင်သလို ပြောပြပေးရပါမယ်။

ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်အနီးနားကလူတွေကိုပါ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်ပါတယ်။

ဒါပေမယ့် ဒေါသကို နားလည်ပြီး ထိန်းချုပ်တတ်လာတဲ့အခါ ကိုယ်တိုင်လည်း ပိုပြီးအေးချမ်းပျော်ရွှင်လာနိုင်သလို၊ အနီးနားကလူတွေနဲ့လည်း ပိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် သားသား၊ မီးမီးတို့ကို ဒေါသမထွက်အောင် တားဆီးပေးဖို့ထက်၊ ဒေါသထွက်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ရမလဲ၊ ကိုယ့်ခံစားချက်ကို ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲဆိုတာ သင်ပေးကြရအောင်နော်။

ကျေးဇူးတင်ပါတယ်ရှင်။

𝑹𝒆𝒇𝒆𝒓𝒆𝒏𝒄𝒆 : ကလေးငယ်များ ယဥ်ကျေးလိမ္မာဖို့ (𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑾𝒆𝒍𝒍 𝑩𝒆𝒊𝒏𝒈)

#𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍𝑾𝒆𝒍𝒍𝑩𝒆𝒊𝒏𝒈


゚viralシfypシ゚



Learn with JUM JUM

04/08/2026

စိတ်ကူးထဲက
မွေးနေ့ကိတ်လေး
ရေးဆွဲကြမယ်။🧁🎂🍰








Learn with JUM JUM

03/08/2026

အခြေခံမျဥ်း ဒီဇိုင်းများအကြား 🕸
အရောင်ခြယ်လေ့ကျင့်ကြခြင်း 🖍





゚viralシfypシ゚
゚viralシ


Learn with JUM JUM

Address

Dawei

Website

Alerts

Be the first to know and let us send you an email when Learn with JUM JUM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share