
  • Home
  • Myanmar
  • Dawei

D-PEN ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း D-PEN ကိုယ်ပိုင်အထက်တန်းကျောင်း(ထားဝယ်

ကိုဗစ်ကာလ အတွင်း တန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိစွာ အသုံးချ ပေးပါသေား သင်ကြားရေးဖြစ်မြောက်စေရန် နည်းပညာပိုင်းဖြင်...
17/09/2020

ကိုဗစ်ကာလ အတွင်း တန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိစွာ အသုံးချ ပေးပါသေား သင်ကြားရေးဖြစ်မြောက်စေရန် နည်းပညာပိုင်းဖြင့် ကူညီပေးသေားဆရာဝေယံ(ပညာဥယျာဥ်) ကျောင်းသားမိဘများ ကျောင်းသား ကျောင်သူ သားသမီးများ နှင့် ဆရာ ဆရာမ များ အားလုံး ကို D-PEN ပညာရေး မိသားစု မှ အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျား။
ကျောင်းသား ကျောင်းသူ သားသမီးများ အနေဖြင့်လည်း ရှားပါးလှသေား အင်အားစုများကို အသုံးချပြီး သင်ကြားမှု သင်ယူ မှု ပြုလုပ်နေရသည့် အခြေနေများတွင် ဘာသာရပ်များကို ဂရုတစ်စိုက် ဖြင့် ယခုထက်ပိုမို ပြီး သင်ယူပါက ဖြေဆိုမည့် စာမေးပွဲများ အတွက် အဆင်သင့် ဖြစ်နေပါလိမ့်မည်။ ယခုလို စဥ်ဆက်မပြတ် စိတ်ပါဝင်စားစွာ သင်ယူမှု ပြုလုပ်ပေးခြင်း အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါသည်။
မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာ မများ အားလုံး ရေားဂါဘေးဆိုးမှ လွတ်မြောက်နိုင်ကြပါစေ။

D-PEN ကိုယ်ပိုင်ကျောင်း၏ပတ်ဝန်ကျင်လူမှုစီးပွားဖွံဖြိုးရေးအတွက်ပညာသင်ဆု အထောက်အပံခြင်း အစီအစဥ်
10/08/2020

D-PEN ကိုယ်ပိုင်ကျောင်း၏
ပတ်ဝန်ကျင်လူမှုစီးပွားဖွံဖြိုးရေးအတွက်
ပညာသင်ဆု အထောက်အပံခြင်း အစီအစဥ်

ဝမ်းမြောက်စွာဂုဏ်ပြုခြင်းနှင့်ကျောင်းသားမိဘများအား                        အသိပေးခြင်း         2019/20 ပညာသင်နှစ်တွင်  D-...
09/08/2020

ဝမ်းမြောက်စွာဂုဏ်ပြုခြင်းနှင့်ကျောင်းသားမိဘများအား
အသိပေးခြင်း
2019/20 ပညာသင်နှစ်တွင် D-PEN အထက်တန်းဆင့်သင်ကိုယ်ပိုင်ကျောင်း ထားဝယ်မြို့ တွင် တက်ရောက်ပညာသင်ကြား၍ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ သေား ကျောင်းသူ ကျောင်းသားများနှင့် နိုင်ငံတော် မှ သတ်မှတ်ထားသေား စည်းကမ်းချက်များနှင့် အညီ တက္ကသိုလ် ဝင်တန်းသင်​ကြားမှု ပြီးမြောက် ခဲ့သေား ကျောင်းသား ကျောင်းသူများ အားလုံး ကို D-PEN ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း တည်ထောင်သူများ / ဆရာ ဆရာမများ နှင့်ကျောင်းသားမိဘများ ကိုယ်စား ကျောင်း ဖွ့ံဖြိုးတိုးတက်ရေး ကော်မတီ မိဘဆရာ အသင်းမှ ဝမ်းမြောက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ထူးချွန်စွာအောင်မြင်ခဲ့သေားဂုဏ်ထူးရကျောင်းသားများ
ဂုဏ်ထူးရဘာသာ
တထ-၂၀၆. မောင်ဇေယျာမင်းစိုး ဇီဝဗေဒ
တထ-၂၀၇- မောင်ဇင်မင်းထက် ဇီဝဗေဒ
တထ-၂၁၁-မ​အေမိုမို ဇီဝဗဒေ
တထ-၂၁၄-မောင်ရဲအောင်မင်း ဇီဝဗေဒ
တထ-၂၁၅-မနှင်းရနံ့လွင် ဇီဝဗေဒ
ဂုဏ်ထူးရအောင် နှင့် အောင်မြင်စွာ ဖြေဆိုနိုင်အောင် သင်ကြားပေးပါ သေား ဆရာ ဆရာမ များ အားလုံး အထူးကျေးဇူးတင်ရှိပါသည် ။
လူမှုစီးပွားဖွံ့ဖြိုးရေးပံ့ပိုးမှု အစီအစဥ် အနေဖြင့် D-PEN ပတ်ဝန်းကျင်တွင်ရှိသော ကြက်စားပြင် /ဒေါင်းငူ/တံငါ/ဘုမ္မော် ရပ်ကွက် အတွင်းရှိ တက္ကသိုလ် ဝင်တန်း ဖြေဆိုမည့် ကျောင်းသား များအတွက် မိဘများ၏ ကိုဗစ်ကာလအတွင်းစီးပွားရေး အခက်အခဲများအားတစ်ဖက်တစ်လမ်း မှကူညီဖြေရှင်းပေးသည့် အနေဖြင့် ပညာသင်စရိတ်လျော့ကျစေရန် ရည်ရွယ်၍ D-PEN အထက်တန်းအဆင့်သင်ကိုယ်ပိုင်ကျောင်း မှ ကျောင်းလခ၏ 50% အား လျော့ပေါ့၍ ပညာသင်ဆု အဖြစ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။
တည်ထောင်သူများ
D-PEN အထက်တန်းဆင့်သင်ကိုယ်ပိုင်ကျောင်း
ထားဝယ်မြို့

စည်းကမ်းလိုက်နာဘေးကင်းကွာ ပညာသင်ကြားရေးဦးစားပေး
21/07/2020

စည်းကမ်းလိုက်နာဘေးကင်းကွာ ပညာသင်ကြားရေးဦးစားပေး

21.7.2020 တွင် D-PEN အထက်တန်းဆင့်သင် ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ပါမည်။ ကျောင်းဖွင့်လှစ်ချိန်တွင် ကျောင်းသူ ကျောင်းသားမျာ...
15/07/2020

21.7.2020 တွင် D-PEN အထက်တန်းဆင့်သင် ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ပါမည်။ ကျောင်းဖွင့်လှစ်ချိန်တွင် ကျောင်းသူ ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ မှညွှန်​ကြားထားသော ကိုဗစ်19ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးစီမံချက် စီစဥ်ဆောင်ရွက်မှုများအား တာဝန်ရှိသူများလာရောက်​ ကြည့်ရှု့စစ်ဆေခဲ့ပါသည်။

မိဘများ၏ Covid-19 ကာလ စီးပွားရေးအခက်အခဲများကြောင့် ပညာသင်စရိတ် ဝန်ထုပ်ဝန်ပိုး လျော့ကျစေရန်ရည်ရွယ်၍ ကျောင်းလခများပြင်ဆင်သ...
13/07/2020

မိဘများ၏ Covid-19 ကာလ စီးပွားရေးအခက်အခဲများကြောင့် ပညာသင်စရိတ် ဝန်ထုပ်ဝန်ပိုး လျော့ကျစေရန်ရည်ရွယ်၍ ကျောင်းလခများပြင်ဆင်သတ်မှတ်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်းကြီးဌာန တို့ ပူးပေါင်းကာ ရေားဂါကင်းစင်၍ ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး အစီစဥ်များပြုလုပ်ထားခြင်းများကို မိဘပြည်သူများအားအသိပေးခြင်း ။

ကျောင်းသီးသန့် =800000 သိန်းကျပ်( နဝမတန်း/ဒသမတန်း)
(16.72020)ရက်နေ့ နောက်ဆုံးထားအပ်နှံသူများကို
(50000)ကျပ် Discount ရရှိပါမည်။

ဘော်ဒါအဆောင်နေသီးသန့်= 18 သိန်းကျပ် ဖြစ်ပြီး
(16.7.2020)ရက်နေ့နောက်ဆုံးအပ်နှံသူများအား (100000) သိန်းကျပ် Discount ရရှိပါမည်။

ကျောင်းသားကျောင်းသူဟောင်းများဖြစ်ပါက Discount(200000)ကျပ် ရရှိမည် ဖြစ်ပါသည်။

မှတ်ချက်။ ​ကျောင်းသားကျောင်းသူဟောင်းမိဘများမှ အပ်နှံပေးပါက (150000) Discountရရှိပြီး မိသားစုဝင်/ ဆွေမျိုးစပ်(2)ဦးထက်ပို ၍ အပ်နှံပါက မိသားစုသုံးစွဲငွေ သက်သာစေရန်အတွက် တစ်ဦးလျှင် (200000) ကျပ် Discount ပေးပါမည်။

08/07/2020

ဒီနေ့အတွက် သိကောင်းစရာ (၁၅)
(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၅) ရက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျောင်းသား/ သူများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားမှု ကာကွယ်ဖို့ ကျောင်းသို့မလာမီ မိဘအုပ်ထိန်းသူများ ဘာတွေဆောင်ရွက်ရမလဲ?
မိမိတို့ ရင်သွေးငယ် (ကျောင်းသား/သူများ)ကို အောက်ပါအချက်များကို ရင်းနှီးကျွမ်းဝင်အောင် အိမ်တွင် စနစ်တကျ ကြိုတင်သင်ကြားပေးပါ။

၁။ လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောနည်း၊
လက်ဆေးနည်းကဗျာ - “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊
ကုတ်၍ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။”

၂။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်နည်းနှင့် ဆောင်ရန်/ရှောင်ရန်များ
• အရောင်ပိုရင့်သည့်မျက်နှာပြင်ကို အပြင်ဘက်တွင် ထားရှိခြင်း၊
• ပါးစပ်နှင့်နှာခေါင်း နှစ်ခုစလုံးကို လုံခြုံအောင် စနစ်တကျဖုံးအုပ်ခြင်း၊
• ဖယ်ရှားမည်ဆိုပါက Mask အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားခြင်း၊
• အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်တတ်ခြင်း၊ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးခြင်း၊
• အသုံးပြုနေစဉ် Mask ကို လက်ဖြင့် ထိတွေ့ကိုင်တွယ် မပြုလုပ်ခြင်း၊
• Mask ကို မေးအောက်တွင် သိုင်းထားခြင်း၊ နားတွင် ချိတ်ထားခြင်း၊ လက်ဖြင့်ကိုင်ထားခြင်း၊ အခြားနေရာ များတွင် ချထားခြင်းများ မပြုလုပ်ခြင်း၊

၃။ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ
• နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊
• တစ်ရှူး အသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်တတ်ခြင်း၊ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးခြင်း၊

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် လက္ခဏာများရှိသော ကလေးများကို ကျောင်းသို့ လုံးဝ မလွှတ်ပါနှင့်။ ခွင့်တိုင်ကြားပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ပါ။

, , , #ဒီနေ့အတွက်သိကောင်းစရာ

 #အထက်တန်းပြဆရာ/မနှင့် အတန်းပိုင်နေရာများအတွက် လျှောက်ထားနိုင်ပါသည်။၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် D-PEN ကိုယ်ပိုင် အထက်တန်...
20/06/2020

#အထက်တန်းပြဆရာ/မနှင့် အတန်းပိုင်နေရာများအတွက် လျှောက်ထားနိုင်ပါသည်။

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် D-PEN ကိုယ်ပိုင် အထက်တန်းဆင့်သင်ကျောင်းတွင် အောက်ပါရာထူးနေရာများဖြင့် (ထား၀ယ်မြို့တွင်) တာ၀န်ထမ်းဆောင်ရန် လျှောက်ထားနိုင်ပါသည်။

အထက်တန်းဆင့်သင် ဘာသာရပ်ပြ ဆရာ/မများ
လျှောက်ထားနိုင်သည့် ဘာသာရပ်များ -
အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ သမိုင်း

အရည်အချင်းသတ်မှတ်ချက်များ

ဘာသာပြဆရာ/ဆရာမရာထူးလျှောက်ထားသူသည်
(၁) ပညာရေးဘွဲ့/ သင်ကြားရမည့် ဘာသာရပ်နှင့်ကိုက်ညီသော အသက်မွေး၀မ်း ကျောင်းဆိုင်ရာ ဘာသာရပ်ဘွဲ့/ မဟာဘွဲ့နှင့် အထက် ရရှိပြီးသူဖြစ်ရမည်။
(၂) သက်ဆိုင်ရာဘာသာရပ်ပြ လုပ်သက် အနည်းဆုံး (၅) နှစ်ရှိရမည်။
(၃) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ထုတ်ပေးသောကာလတွင် လျှောက်ထား နိုင်သူဖြစ်ရမည်။
(၄) လိုအပ်သော သင်ကြားအုပ်ချုပ်မှုဆိုင်ရာ မွန်းမံသင်တန်းများကို တက်ရောက် နိုင်ရမည်။

အတန်းပိုင်ဆရာမရာထူးအတွက် လျှောက်ထားသူသည်
(၁) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးဖြစ်ရမည်။
(၂) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ထုတ်ပေးသောကာလတွင် လျှောက်ထား နိုင်သူဖြစ်ရမည်။
(၃) လိုအပ်သော သင်တန်းများကို တက်ရောက် နိုင်ရမည်။

စိတ်ပါ၀င်စားလျှောက်ထားလိုသူများသည်
(၁) ကိုယ်ရေးအကျဉ်း (CV Form)အပြည့်အစုံ - (ပတ်စပို့ဓါတ်ပုံနှင့်တကွ)
(၂) မိမိလျှောက်ထားလိုသည့် ရာထူးနေရာ
(၃) ဘွဲ့လက်မှတ်မိတ္တူ
(၄) မှတ်ပုံတင်မိတ္တူ
(၅) အိမ်ထောင်စုစာရင်းမိတ္တူ
စသည်တို့ဖြင့် ပြည့်စုံစွာ တင်ပြလျှောက်ထားရန်။

လျှောက်လွှာများကို ( ၂၆ . ၆ . ၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍

၀၉၇၇၅၂၂၆၇၇၉ သို့ Viber ဖြင့်သော်လည်းကောင်း၊

D-PEN ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း Massage Box မှသော်လည်းကောင်း ၊
Gmail - [email protected] မှသော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

__________________________________

D-PEN (Dawei Private Education Network)

အမှတ် (၇၆၃)၊ မင်းရပ်ကူးတို့လမ်း၊ ကြက်စားပြင်ရပ်၊ ထား၀ယ်မြို့။
ဖုန်း - ၀၉၄၀၀၅၈၈၈၁၀၊ ၀၉၄၀၀၅၈၈၈၂၀၊ ၀၉၇၇၅၂၂၆၇၇၉၊ ၀၉၇၉၇၇၉၆၆၀၃

15/06/2020

#အထက်တန်းပြဆရာ/မနှင့် အတန်းပိုင်နေရာများအတွက် လျှောက်ထားနိုင်ပါသည်။

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် D-PEN ကိုယ်ပိုင် အထက်တန်းဆင့်သင်ကျောင်းတွင် အောက်ပါရာထူးနေရာများဖြင့် (ထား၀ယ်မြို့တွင်) တာ၀န်ထမ်းဆောင်ရန် လျှောက်ထားနိုင်ပါသည်။

အထက်တန်းဆင့်သင် ဘာသာရပ်ပြ ဆရာ/မများ
လျှောက်ထားနိုင်သည့် ဘာသာရပ်များ -
အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ သမိုင်း

အရည်အချင်းသတ်မှတ်ချက်များ

ဘာသာပြဆရာ/ဆရာမရာထူးလျှောက်ထားသူသည်
(၁) ပညာရေးဘွဲ့/ သင်ကြားရမည့် ဘာသာရပ်နှင့်ကိုက်ညီသော အသက်မွေး၀မ်း ကျောင်းဆိုင်ရာ ဘာသာရပ်ဘွဲ့/ မဟာဘွဲ့နှင့် အထက် ရရှိပြီးသူဖြစ်ရမည်။
(၂) သက်ဆိုင်ရာဘာသာရပ်ပြ လုပ်သက် အနည်းဆုံး (၅) နှစ်ရှိရမည်။
(၃) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ထုတ်ပေးသောကာလတွင် လျှောက်ထား နိုင်သူဖြစ်ရမည်။
(၄) လိုအပ်သော သင်ကြားအုပ်ချုပ်မှုဆိုင်ရာ မွန်းမံသင်တန်းများကို တက်ရောက် နိုင်ရမည်။

အတန်းပိုင်ဆရာမရာထူးအတွက် လျှောက်ထားသူသည်
(၁) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးဖြစ်ရမည်။
(၂) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ထုတ်ပေးသောကာလတွင် လျှောက်ထား နိုင်သူဖြစ်ရမည်။
(၃) လိုအပ်သော သင်တန်းများကို တက်ရောက် နိုင်ရမည်။

စိတ်ပါ၀င်စားလျှောက်ထားလိုသူများသည်
(၁) ကိုယ်ရေးအကျဉ်း (CV Form)အပြည့်အစုံ - (ပတ်စပို့ဓါတ်ပုံနှင့်တကွ)
(၂) မိမိလျှောက်ထားလိုသည့် ရာထူးနေရာ
(၃) ဘွဲ့လက်မှတ်မိတ္တူ
(၄) မှတ်ပုံတင်မိတ္တူ
(၅) အိမ်ထောင်စုစာရင်းမိတ္တူ
စသည်တို့ဖြင့် ပြည့်စုံစွာ တင်ပြလျှောက်ထားရန်။

လျှောက်လွှာများကို ( ၂၄ . ၆ . ၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍

၀၉၇၇၅၂၂၆၇၇၉ သို့ Viber ဖြင့်သော်လည်းကောင်း၊

D-PEN ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း(https://www.facebook.com/dpen.dawei/?modal=admin_todo_tour) Massage Box မှသော်လည်းကောင်း ၊
Gmail - [email protected] မှသော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

__________________________________

D-PEN (Dawei Private Education Network)

အမှတ် (၇၆၃)၊ မင်းရပ်ကူးတို့လမ်း၊ ကြက်စားပြင်ရပ်၊ ထား၀ယ်မြို့။
ဖုန်း - ၀၉၄၀၀၅၈၈၈၁၀၊ ၀၉၄၀၀၅၈၈၈၂၀၊ ၀၉၇၇၅၂၂၆၇၇၉

D-PEN ကိုယ်ပိုင်အထက်တန်းကျောင်း(ထားဝယ်

Address

763, Minyutkadote Road, Kyet-sar-pyin Quarter, Dawei Town
Dawei

Telephone

+959400588810

Website

Alerts

Be the first to know and let us send you an email when D-PEN ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category