Our Mechanical Squad - TU, Dawei

Our Mechanical Squad - TU, Dawei All activities of T.U Dawei Mechanical Major are stated from our page!!! ����
Keep in touch with us!!!����

How many dead bodies do UN and International Governments need to take action? တစ်နိုင်ငံလုံးအနှံ့ သွေးညှီနံ့တွေ…… အသက်ကိ...
26/04/2023

How many dead bodies do UN and International Governments need to take action?

တစ်နိုင်ငံလုံးအနှံ့ သွေးညှီနံ့တွေ……
အသက်ကို ပြင်းပြင်းရှူ….. ကျုပ်တို့နှာခေါင်းဝမှာ ပဇီကြီးက သွေးညှီနံ့တွေ …….
မမေ့နဲ့ ၊ ပဇီကြီးဆိုတဲ့ အမည်နာမကို မမေ့နဲ့ ...၊ နန့်နိမ်၊ အနန့်ပါ မမေ့နဲ့၊ လက်ယက်ကုန်းကို မမေ့နဲ့၊ ဒီအမည်နာမတွေထဲမှာ ကျုပ်တို့ရဲ့ ဒေါသတွေကို ပစ်ထည့်ကြ၊ ခံပြင်းမှုတွေကို ပစ်ထည့်ကြ…။ လောင်ကျွမ်းနေတဲ့ ခံပြင်းမှုတွေနဲ့ ကမ္ဘာကို ကိုင်လှုပ်ပစ်ကြ၊ ကျုပ်တို့နိုင်ငံက သွေးညှီနံ့တွေနဲ့ ကမ္ဘာကို လှုပ်နှိုးပစ်ကြ…

အိပ်ပျော်နေတဲ့ နိုင်ငံတကာရဲ့ အိမ်မက်လှလှလေးထဲ ပဇီကြီးက အရိုးခေါင်းတွေ သွားပစ်ထည့်ကြ၊ ပဇီကြီးက အော်ဟစ်သံတွေကို နားစွင့်ကြ၊ အွန်လိုင်းပေါ်က status တွေကို တော်လှန်လုပ်ရပ်တွေ အဖြစ် ပြောင်းလဲကြ ၊ ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးတွေနဲ့ နိုင်ငံတကာကို ရိုက်နှိုးကြ။

အာဏာရှင်ကို မကြောက်ကြနဲ့၊ ပဇီကြီးက မကြောက်ခဲ့ဘူး။

ပဇီကြီးက သွေးအလိမ်းလိမ်းကို အကျီတွေပေါ် သုတ်လိမ်း၊ မြို့နယ်အနှံ့အပြားက သပိတ်ကော်မတီတွေ ပေါင်းစု နှိုးဆော်တဲ့ ပဇီကြီး လှုပ်ရှားမှုမှာ ပူးပေါင်းကြ။

ပူးပေါင်းကြလော့... ပဇီကြီးအတွက်ကျခဲ့တဲ့ မျက်ရည်တွေကို တော်လှန်မိုးတွေအဖြစ် ပြောင်းလဲကြ။

ပဇီကြီးလှုပ်ရှားမှုမှာ ပါဝင်ကြ။

စစ်ရာဇဝတ်ကောင် အကြမ်းဖက် စစ်တပ်ကို အရေးယူဖို့ ငါတို့ ပြည်သူတွေရဲ့ အလောင်းတွေ ဘယ်လောက်လိုဦးမှာလဲလို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရတွေကို မေးခွန်းထုတ်ကြ။

GSCB ၏ တိုက်တွန်းနှိုးဆော်ချက်။

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကို အကြောင်းပြု၍ အကြမ်းဖက်စစ်တပ်အား အရေးယူမှုများ ပြုလုပ်နိုင်စေရန်နှင့် လျစ်လျူရှု ခံထားရသော မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများအား နိုင်ငံတကာမှ ပြန်လည် သတိပြုလာစေရန်အတွက် ‘’ ပဇီကြီး လှုပ်ရှားမှု ‘’ ဟူသော အမည်ဖြင့် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆန္ဒပြသပိတ်တိုက်ပွဲများ ဖော်ဆောင်မည်၊ သွေးစွန်းနေသော ပုံသဏ္ဍာန်များဖြင့် ဓာတ်ပုံရိုက်၍ နိုင်ငံတကာတွင် လူမှုကွန်ရက်မီဒီယာများတွင် ထိုးဖောက်နိုင်ရန်ကြိုးစားဆောင်ရွက်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပဇီကြီး ဖြစ်ရပ်အား ရွံရှာမုန်းတီးသူ ပြည်သူလူထုအနေဖြင့် ပဇီကြီးလှုပ်ရှားမှု ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

#ပဇီကြီးလှုပ်ရှားမှု
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ

ဖဲကြိုးနက်လှုပ်ရှားမှုတွင် FDECN ပူးပေါင်းပါဝင်ဩဂုတ် ၂၄၊ ၂၀၂၂"ထောင်တွင်းအကြမ်းဖက်မှု၊ မတရားသတ်ဖြတ်မှုများနှင့် နိုင်ငံရေ...
24/08/2022

ဖဲကြိုးနက်လှုပ်ရှားမှုတွင် FDECN ပူးပေါင်းပါဝင်

ဩဂုတ် ၂၄၊ ၂၀၂၂

"ထောင်တွင်းအကြမ်းဖက်မှု၊ မတရားသတ်ဖြတ်မှုများနှင့် နိုင်ငံရေးအကျဥ်းသားများအပေါ် သေဒဏ်စီရင်မှုကို ဆန့်ကျင်ခြင်း၊ ထောင်တွင်တိုက်ပွဲများနှင့်အတူရပ်တည်ခြင်း" ဖဲကြိုးနက်လှုပ်ရှားမှုတွင် ဖက်ဒရယ်ဒီမိုကရေစီပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက်(FDECN)လည်း ပူးပေါင်းပါဝင်လာပြီဖြစ်သည်။

FDECNသည် တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ(RC of UTAs)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်(TTF)၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ(BEWU-SC)နှင့် အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)တို့ ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းတခုဖြစ်သည်။

" ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု
ဒို့လက်မခံ
ပညာရေးနဲ့ လူထုအသံ"

#အခြေခံပညာ_ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ





#ဖဲကြိုးနက်လှုပ်ရှားမှု

03/08/2022

"ကျည်ဖိုးရဖို့ ဝိုင်းကူကြစို့" Campaign
________________________________________

နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေးအဆင့်သိုပြောင်းလဲပြီးကတည်းက တနင်္သာရီဒေသအသီးသီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲများဖွဲစည်းကာ ဖက်ဆစ်တပ်ကို တွန်းလှန်လျက်ရှိ‌နေပါတယ်။ တော်လှန်ရေးကာလ (၁) နှစ်ကျော်ကြာသည်အထိ တပ်ဖွဲဝင်များမှာ ဖက်ဆစ်တပ်၏ခေတ်မှီလက်နက် များဒဏ်ကိုတုံပြန်နိုင်ရန် လက်နက်၊ ရိက္ခာ၊ ဆေးဝါးလိုအပ်ချက် များကြုံတွေ့နေရလျက်ရှိ‌ေနပါတယ်။ မိမိတို့ တနင်္သာရီဒေသအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲများ ရာဂဏန်းခန့်ရှိရာ အချို‌့အဖွဲ့များထံသို့ ကျည်လိုအပ်ချက် များကို ဖြေရှင်းပေးရန် လိုအပ်လျက်ရှိနေပါတယ်။ ကျည်အမျိုးအစားအလိုက် ဈေးနှုန်းအမျိုးအစားမတူသည့်အတွက် မို့ ကျည်တထောင့် ကို (၅၀၀၀) ကျပ်နှုန်းဖြင့် ကျည်တထောင့်ဖိုးဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေများစုပေါင်းပြီးဖြစ်ဖြစ် လှူဒါန်းလို့ရပါတယ်။ ဒါမှမဟုတ် မိမိတို့တတ်နိုင်သည့်ပမာဏမှစတင်၍ လှူဒါန်းလို့ရကြောင်းကို အသိပေးလိုပါတယ်။

အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ဖို့တိုက်ပွဲဝင်သော မိမိတို့တောင်ပိုင်းသူရဲကောင်းများအတွက် တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက် မှ‌ ဒေသကာကွယ်ရေးတပ်ဖွဲအချို့၏ ကျည်လိုအပ်ချက်များကိုတစိတ်တပိုင်း‌ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ " ကျည်ဖိုးရဖို့ ဝိုင်းကူကြစို့ " ဆိုတဲ့ ကမ်ပိန်းလေးမှာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ နှိုးဆော်လိုက်ရပါတယ်။

အလှူငွေကို (၃.၈.၂၀၂၂) ရက်နေ့မှစ၍ (၁၃.၈.၂၀၂၂) ရက်နေ့အထိ နောက်ဆုံးထားကောက်ခံသွားမှာဖြစ်ပါတယ်။ လှူဒါန်းမည့်မိဘပြည်သူများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း အဆင်ပြေမှုရှိအောင် ပြင်ဆင်ထားရှိပါတယ်။

➥ Kpay၊ Wavepay၊ NUG pay ၊ Paypal၊ Kasikorn Bank၊ Cash app တို့နဲ့လည်းပါဝင်လှူဒါန်းပေးလို့ရတဲ့အတွက် ပြည်ပရောက်နေတဲ့မိတ်ဆွေတိုကိုလည်းပါဝင်ပေးကြဖိုလက်တို‌ေပးစေခြင်ပါတယ်။

➥ အလှူငွေထည့်ဝင်လိုပါက ထားဝယ်နည်းပညာတက္ကသိုလ် Page ရဲ့ Messenger၊ Instagram chatbox၊Twitter Chatbox နှင့် Telegram username မှာဝင်ရောက် မေးမြန်းပါဝင်လှူဒါန်းနိုင်ပါတယ်။


24/03/2022
ထားဝယ်နည်းပညာ တက္ကသိုလ်ရှိကျောင်းသား/ကျောင်းသူများသိရှိနိုင်စေရန်_________________________________________ပညာရေးဝန်ကြီးဌ...
28/11/2021

ထားဝယ်နည်းပညာ တက္ကသိုလ်ရှိကျောင်းသား/ကျောင်းသူများသိရှိနိုင်စေရန်
_________________________________________

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။
AUTODESK REVIT MEP COURSE
စမည့်ရက် - ဒီဇင်ဘာလ (၉) ရက်နေ့ ၊ ၂၀၂၁ ခုနှစ်။
သင်တန်းလိုအပ်ချက် - Assignments / Tutorial များ ပြန်လည်တင်ပေးရန်လိုသည်။
သင်တန်းကာလ - ၂ လခွဲ - ၃ လ ခန့်မျှ။
သင်ကြားမည့်ပုံစံ - Facebook Close Group

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် နှင့် M&E Hub Engineering Learning Center တို့မှ ပူးပေါင်းစီစဉ်ပေးခြင်းဖြစ်သည်။ လေ့လာရမည့် Course Video Files များအား Facebook Close Group တွင် အစဉ်မပြတ် တင်ပေးမည်ဖြစ်ပြီး Classworks နှင့် Assignments များ အားလည်း အချိန်မှီ ပြန်တင်ပေးရန်လိုသည်။ ဤသင်တန်းအား Laptop/PC မရှိသူများလည်း တတ်ရောက်နိုင်ပြီး Non-PC group အတွင်းသို့ တတ်ရောက်ကာ သင်တန်း lectures video files များအားရရှိနိုင်သော်လည်း Certificate ရရှိမည်မဟုတ်ပေ။ Laptop/PC ရှိသူများအနေဖြင့် Assignments နှင့် Tutorial များ လိုက်လံလုပ်ဆောင်မှသာ Certificate ရရှိနိုင်မည်ဖြစ်သည်။

သင်တန်းတတ်ရောက်မည့်လူများ အနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
https://forms.gle/sU9aNg3rYvScaVU87
ဖောင်ပိတ်မည့်ရက် - ဒီဇင်ဘာလ (၂) ရက်နေ့ ၊ ည (၁၁း၅၉) နာရီ ၊ ၂၀၂၁ ခုနှစ်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

ဝင်ခွင့်ရသူများ အနေဖြင့် မိမိသက်ဆိုင်ရာ Facebook Close Group အတွင်းသို့ ဒီဇင်ဘာလ (၇) ရက်နေ့ နောက်ဆုံးထား ဝင်ရမည် ဖြစ်ပြီး ဒီဇင်ဘာလ (၉) ရက်နေ့တွင် သင်တန်းစတင်မည်ဖြစ်သည်။

Course Outlines
သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

1. INTRODUCTION OF BUILDING INFORMATION MODELLING
2. OVERVIEW OF REVIT MEP
3. REVIT MEP INTERFACE
4. GENERAL DRAWING & MODIFYING TOOLS
5. WORKING WITH VIEWS
6. SETTING UP REVIT MEP PROJECT
7. CREATING ANNOTATION STYLES
8. WORKING WITH SYSTEM FAMILIES
9. HANDS ON EXERCISE
10. CREATING LOADABLE FAMILIES
11. CREATING TAGS
12. CREATING SCHEDULES
13. CREATING SHEETS.




ထားဝယ်နည်းပညာတက္ကသိုလ်ရှိစက်မှု အင်ဂျင်နီယာကျောင်းသားကျောင်းသူများသိရှိနိုင်စေရန်_______________________________________...
11/10/2021

ထားဝယ်နည်းပညာတက္ကသိုလ်ရှိစက်မှု အင်ဂျင်နီယာကျောင်းသားကျောင်းသူများသိရှိနိုင်စေရန်
_____________________________________________

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ
စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ
ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာပြီး
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါကို အနိုင်ယူပါ”

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။

FIRST AID TRAINING (Batch - 2)
သင်တန်းရက်
- ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ
သင်တန်းအချိန်
- မနက် (၁၀) မှ (၁၁) နာရီအထိ။

(၁၆) မှ (၂၀) ရက်အထိ။
သင်တန်းကာလ
- ငါးရက်။
သင်ကြားမည့်ပုံစံ
- Zoom Application.
လက်ခံမည့်ဦးရေ
- (၃၀၀) ဦး။

ဤသင်တန်းကို နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ မှ ဦးဆောင်၍စီစဥ်ခြင်း ဖြစ်ပါသည်။ တော်လှန်ရေးကာလ ပိုမိုအားကောင်းလာသည့်အလျောက် အရေးပေါ် အခြေအနေများတွင် မိမိကိုယ်အားလည်းကောင်း၊ မိမိပတ်ဝန်းကျင်အားလည်းကောင်း ကုသကယ်ဆယ်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းအား စီစဉ်ခြင်းဖြစ်သည်။

သင်တန်းတတ်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင်မှန်ကန်စွာ ဝင်ရောက်ဖြည့်ပေးရန်လိုအပ်ပါသည်။
https://forms.gle/7q6HThxr9UKkdjfX9

ဖောင်ပိတ်မည့်ရက် - အောက်တိုဘာလ (၁၅) ရက်နေ့ ၊ ၂၀၂၁ ခုနှစ်၊ မနက် (၉) နာရီ။
သင်တန်းတက်ရောက်ခွင့်ရသူများအား အောက်တိုဘာလ (၁၅) ရက်နေ့ ၊ နေ့လည် ၁၂ နာရီတွင် Zoom Meeting Link အား Email ပို့၍ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ ထိုနေ့တွင် Email စစ်ရာ၌ Inbox, All mail များတွင်မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါမည်


စက်မှုအင်ဂျင်နီယာကျောင်းသားများသိရှိ‌နိုင်စေရန်_____________________________________________ပညာရေးဝန်ကြီးဌာန၊ အမျိုးသားည...
27/09/2021

စက်မှုအင်ဂျင်နီယာကျောင်းသားများသိရှိ‌နိုင်စေရန်
_____________________________________________

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ
စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ
ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာပြီး
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါကို အနိုင်ယူပါ”

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။

Excavator 101 And Heavy Machinery Career Map Webinar For Engineers
သင်တန်းရက်စွဲ ၂.၁၀.၂၀၂၁ (စနေနေ့) ည ၆း၃၀ မှ ၈း၃၀ နာရီ
သင်ကြားပေးမည့်အကြောင်းအရာများ
Excavator (မြေတူးစက်)တစ်စီး၏ဖွဲ့စည်းတည်ဆောက်ပုံများ၊ လုပ်ငန်းဆောင်တာအသုံးဝင်ပုံများ အမျိုးအစားအမျိုးမျိုးအကြောင်းများနှင့် အသုံးပြုပုံများအကြောင်း။

ဤသင်တန်းကို စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်မှ ဦးဆောင်၍စီစဥ်ခြင်းဖြစ်ပါသည်။ စက်မှုအင်ဂျင်နီယာကျောင်းသားများအတွက် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါသည်။

သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါဖောင်တွင် မှန်ကန်စွာဖြည့်ပေးရန်လိုအပ်ပါမည်။
https://forms.gle/vdAnofJKUppQ39An8

ဖောင်ပိတ်မည့်ရက်။ ။ စက်တင်ဘာလ (၃၀)ရက်နေ့၊ ၂၀၂၁ ခုနစ် ၊ မနက် (၁၀)နာရီ။
သင်တန်းတက်ရောက်ခွင့်ရသူများအား အောက်တိုဘာလ (၁) ရက်နေ့၊နေ့လည် ၁၂ နာရီတွင် Zoom Meeting Link အား Email ပို့၍ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ ထိုနေ့တွင် Email စစ်ရာ၌ Inbox တွင်မတွေ့ပါက Spam Category တွင်ရှာပေးရန် လိုအပ်ပါမည်။


18/09/2021

🎈 ထားဝယ်နည်းပညာတက္ကသိုလ် Mechanical Engineering major မှ ကျောင်းသားဟောင်းဖြစ်သူ ကိုဗိုလ်ဟိန်းကျော်နှင့် ဇနီးဖြစ်သူ မနှင်းကလျာဝင်း တို့ပြန်လည်လွှတ်​မြောက်
------‐--------------------------------

စက်တင်ဘာလ (၁၆)ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများ၏ မတရားဖမ်းဆီးခံခဲ့​ရသော
ထားဝယ်နည်းပညာတက္ကသိုလ် Mechanical Engineering major မှ ကျောင်းသားဟောင်းဖြစ်သူ ကိုဗိုလ်ဟိန်းကျော်နှင့် ဇနီးဖြစ်သူ မနှင်းကလျာဝင်းတို့ နှစ်ဦးစလုံး ယမန်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရပါသည်။


ယနေ့ စက်တင်ဘာလ (၁၆)ရက်နံနက်အစောပိုင်း၌ ကိုဘိုဟိန်းကျော် ထားဝယ်နည်းပညာတက္ကသိုလ်မှ  Mechanical Power ဘာသာရပ်ဖြင့် ဘွဲ့ရထား...
16/09/2021

ယနေ့ စက်တင်ဘာလ (၁၆)ရက်နံနက်အစောပိုင်း၌ ကိုဘိုဟိန်းကျော် ထားဝယ်နည်းပညာတက္ကသိုလ်မှ Mechanical Power ဘာသာရပ်ဖြင့် ဘွဲ့ရထားသည့် ကျောင်းသားဟောင်း သည် ဇနီးဖြစ်သူ
မနှင်းကလျာဝင်းနှင့်အတူ ထားဝယ်မြို့ နေအိမ်တွင် စစ်ကောင်စီတပ်သားများ၏မတရားဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

တာဝန်ကျေပြည်သူ့ဝန်ထမ်းကောင်းများဖြစ်ခဲ့ကြသည့်အတွက် Mechanical Power major အနေနှင့်ဂုဏ်ယူဝမ်းမြောက်ပြီး စိတ်မကောင်းလည်းဖြစ်ရပါသည်။

တော်လှန်ရေးသက်တမ်းကာလတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီသည်
လက်နက်အားကိုးဖြင့် တရားဥပဒေနှင့်မညီ လူ့အခွင့်အရေးချိုးဖောက်ကာ အကြမ်းဖက်လုပ်ရပ်များစွာကိုပြလုပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ကျောင်းသား/သူများ ၊ မိဘပြည်သူများအနေနှင့် သတိရှိစွာ သွားလာနေထိုင်ကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်အပ်ပါသည်။


အရေးပေါ်အခြေ‌အနေအတွက် နည်းပညာတက္ကသိုလ်စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်မှ အဆင့်မှီ First Aid Training အားစုစုပေါင်း...
07/09/2021

အရေးပေါ်အခြေ‌အနေအတွက် နည်းပညာတက္ကသိုလ်စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်မှ အဆင့်မှီ First Aid Training အားစုစုပေါင်းကျောင်းသား 600 တိတိအားလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ စိတ်ဝင်စားသူမည်သူမဆို လျောက်ထားနိုင်ကြပါသည်။

လျောက်ထားရန် Form
https://forms.gle/61SUR3iBrm4NA7Yv6

Telegram Channel link
https://t.me/joinchat/gc_uCJ04B8hkMWM1


စက်မှုအင်ဂျင်နီယာ မေဂျာရှိ ကျောင်းသား၊ကျောင်းသူများသိရှိနိုင်စေရန်__________________________________________ပညာရေးဝန်ကြီ...
05/09/2021

စက်မှုအင်ဂျင်နီယာ မေဂျာရှိ ကျောင်းသား၊ကျောင်းသူများသိရှိနိုင်စေရန်
__________________________________________

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ
စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ
ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာပြီး
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါကို အနိုင်ယူပါ”

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။

Engineering Drawings and Building Information Modeling (BIM) Webinar
သင်တန်းရက်စွဲ
( ည ၆း၃၀ မှ ၈ နာရီ) သင်ကြားပေးမည့်အကြောင်းအရာများ
၉.၉.၂၀၂၁ (ကြာသပတေး)
Engineering Drawing အရေးပါပုံ၊ 2D, 3D Drawing များအကြောင်း နှင့်Building Information Modeling အကြောင်းမိတ်ဆက်
၁၆.၉.၂၀၂၁ (ကြာသပတေး)
Drawing များကိုစနစ်တကျဖတ်ခြင်း၊ Drawing များကိုစနစ်တကျဖန်တီးခြင်း၊ CAD နှင့် BIM အကြောင်းများအား နှိုင်းယှဉ်လေ့လာခြင်း
၂၃.၉.၂၀၂၁ (ကြာသပတေး)
Construction Lifecycle နှင့် Engineering Drawings, Engineering Drawings By BIM, Advantages of BIM

ဤသင်တန်းကို စက်မှုအင်ဂျင်နီယာကျောင်းသားများမှ ဦးဆောင်၍စီစဥ်ခြင်းဖြစ်ပါသည်။ စက်မှုအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ ဗိသုကာဘာသာရပ် အထူးပြုကျောင်းသားများအတွက် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါဖောင်တွင် မှန်ကန်စွာဖြည့်ပေးရန်လိုအပ်ပါမည်။
https://forms.gle/mRrAaZBtjDQaV7t17
ဖောင်ပိတ်မည့်ရက်။ ။ စက်တင်ဘာလ (၇)ရက်နေ့၊ ၂၀၂၁ ခုနစ် ၊ မနက် (၁၀)နာရီ။
သင်တန်းတက်ရောက်ခွင့်ရသူများအား စက်တင်ဘာလ (၇) ရက်နေ့၊နေ့လည် ၁၂ နာရီတွင် Zoom Meeting Link အား Email ပို့၍ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ ထိုနေ့တွင် Email စစ်ရာ၌ Inbox တွင်မတွေ့ပါက Spam Category တွင်ရှာပေးရန် လိုအပ်ပါမည်။


Mechanical major ကျောင်းသားများကွန်ရက် နှင့်ဆရာကွန်ရက်များမှ ပူးပေါင်း၍ ကြားကာလပညာသင်ကြားရေး အစီအစဉ်အတွက် Mechanical maj...
31/08/2021

Mechanical major ကျောင်းသားများကွန်ရက် နှင့်ဆရာကွန်ရက်များမှ ပူးပေါင်း၍ ကြားကာလပညာသင်ကြားရေး အစီအစဉ်အတွက် Mechanical major ရှိ ကျောင်းသားများအား survey ကောက်ယူလျက်ရှိပါသည်။ ထို့ကြောင့် Mechanical major ရှိ ကျောင်းသားများအနေနှင့် အချိန် အနည်းငယ်ပေး၍ ဖြေဆိုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ပထမနှစ်မှ ပဉ္စမနှစ်အထိကျောင်းသားများ ဖြည့်စွက်ပေးပါရန်

https://docs.google.com/forms/d/e/1FAIpQLSf5PktpS240au4pwn0hjMYW5bunzR7izoWE57VCyzw-6LsPLA/viewform

Final year ကျောင်းသားများသာဖြည့်စွက်ပေးပါရန်

https://forms.gle/Q4ossVedhtoiY1Q1A

We aim to start and continue the unfinished academic works for the students by collaboration of teachers, students and National Unity Government (NUG) in coming days. We are assure that we will keep in touch your privacy not to leak to others and this education system is covered to those whose are i...

Address

Dawei

Telephone

+959955433356

Website

Alerts

Be the first to know and let us send you an email when Our Mechanical Squad - TU, Dawei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category