30/08/2024
Coaching ဆိုတာ ဘာလဲ ?
Coaching ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့
Personal, Professional နှင့် Business တွေမှာ
ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့၊
စွမ်းဆောင်ရည်တွေ တိုးတက်ဖို့၊
ကျွမ်းကျင်မှု အတတ်ပညာတွေ တိုးပွါးစေဖို့၊ Coach နဲ့ အတူ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ်။
Coaching လို့ ပြောလိုက်ရင် Clients ရဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေ၊
မတွေးမိတဲ့ အမြင်တွေ၊
တခြားသော ရှုထောင့်တွေ အစရှိတာတွေကို Powerful Questionsလို့ပြောတဲ့ မေးခွန်းတွေ မေးပြီး
Clients ကို ကိုယ်ပိုင် အသိဥာဏ် Wisdoms ရအောင်
အလင်းပွင့်သွားအောင်
အဓိက လုပ်ဆောင်တာဖြစ်တယ်။
Coaching က
Therapy, Counseling နဲ့ မတူတဲ့အချက်ကတော့ Past အတိတ် အကြောင်း ပြောဆိုတာမဟုတ်ဘဲ၊ Present & Future လက်ရှိ နဲ့ အနာဂတ် ကို အာရုံစိုက်ပြီး ဆွေးနွေးကြတာဖြစ်တယ်။
Advisor , Consultant တွေလိုမျိုး
အကြံဥာဏ်ပေးမျိုး စစ်မှန်သောCoaching မှာ
လုပ်လေ့မရှိပါဘူး။
Coach အနေနဲ့ အကြံဥာဏ်ပေးတယ်ဆိုတာထက် own experience လက်တွေ့ အတွေ့အကြုံကို မျှဝေပြီး ပွင့်လင်းစွာ ဆွေးနွေးကြတယ်။
Coaching မှာ
Clients ရဲ့ ကိုယ်ပိုင် အားသာချက်၊
စွမ်းဆောင်ရည် နဲ့ အသိဥာဏ်၊
အကြံဥာဏ်တွေကို Clients ကိုယ်တိုင် မြင်သာ တွေ့ရှိလာအောင် လမ်းညွှန်ပြပေးပြီး Clients လိုချင်တဲ့ ရလဒ် ရဖို့ အတူ ခရီးလမ်းမှာ ပါဝင်ပေးတာပဲ ဖြစ်တယ်။