ECO LAND Accountancy Training Center

ECO LAND Accountancy Training Center Accountancy & Business Training Center

Accounting Foundation and Job Training Class မြေပြင်အတန်းကို လာမည့် December လ ပထမအပတ်တွင်စတင်သင်ကြားပါမည်။12 years Acco...
06/11/2024

Accounting Foundation and Job Training Class
မြေပြင်အတန်းကို လာမည့် December လ ပထမအပတ်တွင်စတင်သင်ကြားပါမည်။

12 years Accounting experience ရှိသည့်ဆရာမကိုယ်တိုင်သင်ကြားပါမည်ရှင်။

Accounting ပညာရပ်ကိုစိတ်ဝင်စားသူများ၊ လုပ်ငန်းခွင်ထဲ၌လက်ရှိ Accounting position ဖြင့်လုပ်ကိုင်နေသူများလည်းတက်ရောက်နိုင်ပါသည်။

Date: Sat and Sun (4 months course)
Time: 8:00 AM to 11:00 AM

Phone 09422215053
ထားဝယ်မြို့
တက်ရောက်မည့်သူများကိုလိပ်စာအတိကျပြောပါမည်။

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်မှာ စနစ်တကျနဲ့အောင်မြင်ချင်ရင်တော့ Accounting ကို system ကျကျထားဖို့အလွန်ရေးကြီးပါသည်။လုပ်...
31/08/2024

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်မှာ စနစ်တကျနဲ့အောင်မြင်ချင်ရင်တော့ Accounting ကို system ကျကျထားဖို့အလွန်ရေးကြီးပါသည်။

လုပ်ငန်းတစ်ခုတွင် ထားရှိရမည့်စာရင်းတွေဖြစ်သည့် အရင်းအနှီး (Capital)၊ ပိုင်ဆိုင်မှု ( Assets)၊ ပေးရန်ရှိ (Liability)၊ ချေးငွေ (Loan) တွေ၊ ‌ငွေစာရင်း ( Cash book)၊ ကုန်စာရင်း Inventory (stock)၊ဝင်ငွေ နဲ့ စာရိတ် (Income & expenditure) ၊အမြတ် သို့ အရှုံး (profit or loss)၊ Financial statement စာရင်းတွေကို လုပ်ငန်းရဲ့ Accountant ကိုယ်တိုင်ကလည်း စာရင်း ရေးဆွဲတတ်ဖို့လိုပါသည်။

Accountant သည် လုပ်ငန်းတစ်ခုလုံးရဲ့ Source of documents အထောက်အထားတွေကိုသိမ်းဆည်းဖို့လည်းလိုအပ်ပါသည်။

နောက်ထပ်သိချင်တာတွေရှိရင်တော့ Accounting Online Classes ကို Join နိုင်ပါသည်ရှင်။

အသေးစိတ်ကိုတော့ page messager ကနေမေးမြန်းနိုင်ပါသည်။

Ma Chue
09422215053
Dawei

31/08/2024

✌အောင်မြင်မှုထက်ပိုသော တန်ဖိုးကို တည်ဆောက်ခြင်း နည်းလမ်း 3 ခု

1.အခုချက်ချင်း စတင်ပါ ဖြစ်နိုင်ရင် ကိုယ်လုပ်နိုင်တဲ့ အလုပ်သေးသေးဖွဲဖွဲလေးတွေကနေ စတင်ပြီး နေ့ရွှေ ညရွှေ့
မရွှေ့ပဲ ချက်ချင်းလုပ်ကြည့်ပါ။

ဒါဆို ကိုယ့်ကိုယ်ကို အတွက်လုပ်လိုက်တဲ့အရာသေးသေးလေးတွေက သူများအတွက်ဘယ်လောက်အကျိုးရှိသွားလဲဆိုတာကို သင်အံ့သြမိပါလိမ့်မယ်။ .

2. ကိုယ်က ပေးဆပ်ချင်တဲ့သူကို တွေ့အောင်ရှာပါ အချိန်၊ စိတ်အား၊ လူအားတွေ ပေးပြီးကူညီလိုက်ခြင်းဆိုတာ ကျွန်တော်တို့အတွက် အကန့်အသတ်မဲ့တဲ့အရာတစ်ခုပါ။
ကျွန်တော်တို့ပေးဆပ်ခြင်တဲ့သူတစ်ယောက်၊အဖွဲ့အစည်းတစ်ခုကနေ ဘာတွေလိုအပ်နေလဲဆိုတာကို ကြည့်ပြီး ကိုယ်တိုင်က သင်ယူလေ့လာပြီးမှ အဲ့ဒီလူ အဲ့ဒီအဖွဲ့အစည်းအတွက် အချိန်တွေ စိတ်အား လူအားတွေကို
ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပါဝင် လိုက်ခြင်းမျိုးပါပဲ . .

3. ပေးဆပ်ခြင်း Trend ကို တည်ဆောက်ပါ ပေးဆပ်တတ်သော ခေါင်းဆောင်ဖြစ်အောင်နေပါ။ အနားမှာရှိတဲ့သူတွေနဲ့အတူ အလှူအတန်းများအတူတူလုပ်ပါ။ စိတ်ထဲခံစားမိစေရန် အနားမှ လူများကို အတွေ့အကြုံများမျှဝေပါ၊ အတူတူပျော်ပါ၊ တည်ထွင်ကြံဆပါ၊ စိတ်ဝင်စားစရာတွေ ဖန်တီးပါ။
နောက်ဆုံးမှာ ထိုသူများကိုယ်တိုင်က သူများအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံတတ်လာပါလိမ့်မယ်။ . .

အခြားသောသူများအတွက် အချိန်ပေးခြင်းက ထိုသူများနှင့်အတူ မိမိကိုယ်တိုင်အတွက်ပါ စိတ်ဒုက္ခများကို ပြေလျော့စေနိုင်ပြီး ဘဝခရီးကို ပေါ့ပါးစေပါသည်။

ကိုယ့်အတွေးတွေနဲ့ကိုယ်တိုင် ပိတ်မိနေခြင်းက မိမိကိုယ်ကို စိတ်ဖိစီးမှုတွေ ရှိစေနိုင်ပေမယ့် လူအများအတွက် မျှဝေကူညီခြင်း များက ကိုယ့်ကို အမှန်တရားနဲ့ပိုမိုနီးစပ်စေတာကြောင့်ပဲဖြစ်ပါတယ်။

Myanmar

သူတို့လေးတွေအကုန်လုံးနီးပါးပြည်ပကိုအလုပ်ကိုယ်စီနဲ့ရောက်သွားကြပြီ ကိုယ်ဘဲ့မရောက်သေးတာပါ🥰
02/08/2024

သူတို့လေးတွေအကုန်လုံးနီးပါးပြည်ပကိုအလုပ်ကိုယ်စီနဲ့ရောက်သွားကြပြီ ကိုယ်ဘဲ့မရောက်သေးတာပါ🥰

15/06/2024

🎓LCCI Level 1+2 and Accounting job training (batch -1) စာရင်းကိုင်သင်တန်းကို လာမည့် 31 Aug 2024 (စနေနေ့) တွင် ထားဝယ်မြို့ပေါ်တွင် စတင်ဖွင့်လှစ်သင်ကြားသွားပါမည်ရှင်။

📝 12 Years Accounting experience ရှိသည့်ဆရာမကိုယ်တိုင်သင်ကြားပါမည်။

💻လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ Accounting Knowledge များကို Sharing လုပ်ပေးသွားပါမည်။

လူဦးရေကန့်သတ်ထားပါသည်။

15.Aug.2024 မတိုင်မှီသင်တန်းအပ်နှင်း သူများအားလုံးကို ပုံမှန်သင်တန်းကြေးထက် 50,000 ကျပ် Discount ရရှိမှာဖြစ်ပါသည်ရှင်။

သင်တန်းအချိန် .....🗓

Section A (၄ လပြတ်)
- Sat (3:00 PM to 5:00 PM)
- Sun (3:00 PM to 5:00 PM)

ဆက်သွယ်ရမည့်လိပ်စာ...
Ma Chue
Phone: 09422215053
Dawei Downtown

မှတ်ချက် - သင်တန်းတက်ရောက်မည့်သူများကို လိပ်စာအတိကျပြောပါမည်ရှင်။

စာရင်းကိုင်တစ်ယောက်က စာရင်းရေးဆွဲတော့မည်ဆိုရင် 💻ပထမ - ကိုယ်ကိုတိုင် စာရင်းသဘောကိုနားလည်‌နေရပါမည်။ (မှတ်ချက် -Accounting ...
29/04/2024

စာရင်းကိုင်တစ်ယောက်က စာရင်းရေးဆွဲတော့မည်ဆိုရင် 💻

ပထမ - ကိုယ်ကိုတိုင် စာရင်းသဘောကိုနားလည်‌နေရပါမည်။ (မှတ်ချက် -Accounting Experience နည်းရင်တော့ အမှားတွေကိုမြင်နိုင်မှာမဟုတ်ပါဘူး)

ဒုတိယ - လုပ်ငန်း nature ကိုသိအောင်လုပ်ရပါမည်။ လုပ်ငန်းရဲ့ အထောက်အထား source document တွေ data တွေကိုတောင်းရပါမည်။ လုပ်ငန်း nature တွေကတော့ တစ်ခုနှင့်တစ်ခု မတူနိုင်ပါ။ စာရင်းကိုင်က လုပ်ငန်း nature အလိုက်စာရင်းရေးဆွဲ‌ပေးဖို့လိုပါတယ်။ စာရင်းရေးဆွဲပြီးပါက စာရင်းကိုင်က လုပ်ငန်းရဲ့အားနည်းချက် အားသာချက်တွေကို ထောက်ပြနိုင်ရပါမည်။

တတိယ - စိတ်ရှည်နိုင်မှရပါမည်။ စေ့စပ်သေချာရမည်။

ကိုယ့်လုပ်ငန်းရဲ့ စာရင်းတွေကို မှန်မှန်ကန်ကန် စနစ်တကျ ရေးဆွဲချင်ရင်တော့ ဒီ page ကနေ စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်။

Ma Chue
Phone 09422215053
Address - Dawei

12/07/2022
ကဆုန်လပြည့်နေ့🙏🙏🙏
14/05/2022

ကဆုန်လပြည့်နေ့
🙏🙏🙏

26/04/2022

E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
======================================

မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။

နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။

1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)

2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)

3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)

4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)

5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)

6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)

7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")

8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)

9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)

10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)

11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to ### as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)

12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)

13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)

14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)

15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)

16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)

17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)

18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)

19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)

20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)

21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)

22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)

အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။
Credit - မှုရင်းရေးသားပြုစုသူထံမှပြန်လည်ကူးယူမျှဝေပေးသည်။
MMPyi 4MMPeople

Accounting Foundation Course Batch-13 Month Course ပြီးဆုံးပါပြီရှင်၃ ယောက်ဖြေ ၃ ယောက်အောင်မြင်ပါသည်။ကြိုးစားဖြေပေးသူတွေ...
16/02/2022

Accounting Foundation Course Batch-1
3 Month Course ပြီးဆုံးပါပြီရှင်
၃ ယောက်ဖြေ ၃ ယောက်အောင်မြင်ပါသည်။
ကြိုးစားဖြေပေးသူတွေကိုကျေးဇူးတင်ပါတယ်😇

Address

Dawei

Website

Alerts

Be the first to know and let us send you an email when ECO LAND Accountancy Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ECO LAND Accountancy Training Center:

Shortcuts

Share

Category