07/06/2025
စတုတ္ထအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်များနှင့် မေဂျာများကို အသိပေးကြေညာခြင်း
____________________
စတုတ္ထအကြိမ်ခေါ်ယူမည့် သင်တန်းများတွင် မြန်မာနိုင်ငံရှိ နည်းပညာနှင့် နှီးနွှယ်တက္ကသိုလ်အသီးသီးမှ သပိတ်မှောက် CDM ကျောင်းသား၊ကျောင်းသူများ လာရောက် လျှောက်ထားနိုင်ပါသည်။
စတုတ္ထအကြိမ်ခေါ်ယူမည့် မေဂျာများနှင့် သင်တန်းနှစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။
၁။ ဗိသုကာ (Architecture)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၂။ ဓာတုအင်ဂျင်နီယာ (Chemical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၃။ မြို့ပြအင်ဂျင်နီယာ (Civil Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၄။ အီလက်ထရောနစ်အင်ဂျင်နီယာ ( Electronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၅။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၆။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၇။ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ ( Mechatronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
၈။ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
၉။ ရေနံအင်ဂျင်နီယာ (Petroleum Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
ထို့ကြောင့် စတုတ္ထအကြိမ်ခေါ်ယူမည့် သင်တန်းများကို လေ့လာသင်ယူကြမည့် စစ်ကျွန်ပညာရေး သပိတ်မှောက်CDM ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာယာယီတက္ကသိုလ်များနှင့် ဦးစွာချိတ်ဆက်ကြပါရန် ထပ်မံ(ထပ်မံ) အသိပေးအပ်ပါသည်။
(( https://m.facebook.com/story.php?story_fbid=178677595160055&id=100090534476789 ))
ထို့အပြင် ကျန်ရှိနေသော သင်တန်းနှစ်များ၊ သင်တန်းအမျိုးအစားများနှင့်ပတ်သက်သော ကြားကာလပညာရေးအစီအစဥ်များကို နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork
30/12/2024
Happy Karen New Year
____________________________________
ယနေ့၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ကရင်နှစ် ၂၇၆၄ ခုနှစ်တွင် ကျရောက်သော ကရင်အမျိုးသား နှစ်သစ်ကူးအခါသမယတွင် ကရင်တိုင်းရင်းသားများများအပါအဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့်ပြည့်စုံနိုင်ပါစေကြောင်း မိမိတို့ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
Happy Karen New Year
____________________________________
ယနေ့၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ကရင်နှစ် ၂၇၆၄ ခုနှစ်တွင် ကျရောက်သော ကရင်အမျိုးသား နှစ်သစ်ကူးအခါသမယတွင် ကရင်တိုင်းရင်းသားများများအပါအဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့်ပြည့်စုံနိုင်ပါစေကြောင်း မိမိတို့ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
15/11/2024
"တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)"
ယနေ့ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)လေးမှာ မိဘပြည်သူတို့ ဘေးအန္တရာယ်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ၍ အေးချမ်းမှုအပေါင်းနဲ့ ပြည့်စုံကြပါစေရန် ကျွန်ုပ်တို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဆုမွန်ကောင်းပို့သအပ်ပါသည်။
"တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)"
ယနေ့ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)လေးမှာ မိဘပြည်သူတို့ ဘေးအန္တရာယ်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ၍ အေးချမ်းမှုအပေါင်းနဲ့ ပြည့်စုံကြပါစေရန် ကျွန်ုပ်တို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဆုမွန်ကောင်းပို့သအပ်ပါသည်။
16/09/2024
ရေဘေးအကူအညီ
___________________
ထားဝယ်နည်းပညာတက္ကသိုလ်ကောင်စီမှ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ရေဘေးသင့် CDM ဆရာ၊ဆရာများအား ထောက်ပံ့ရန် ရှိပါသောကြောင့် ရေဘေးသင့် ဆရာ၊ဆရာမများအနေနှင့် သက်ဆိုင်ရာ Focal person များမှသော်လည်းကောင်း၊ လူမှုကွန်ရက် platform များမှသော်လည်းကောင်း အမြန်ဆုံးဆက်သွယ်စာရင်ပေးပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
06/09/2024
Email များစစ်ကြရန် အသိပေးခြင်း
____________________________
ထားဝယ်နည်းပညာတက္ကသိုလ်ဝင်ခွင့် လူတွေ့ ဖြေဆိုရန် ရွေးချယ်ထားသူအားလုံးအား interview Email များ ပေးပို့ထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Email များစစ်ပါရန်နှင့် interview အချိန်စာရင်း အတိုင်း interview ပါရန်နှင့် သုံးကြိမ်တိတိ ခေါ်ဆို၍ မလာသူအားလုံးအား တက္ကသိုလ်ဝင်ခွင့်အား လုံးဝ စဉ်းစားမည် မဟုတ်ဘဲ ပယ်ချသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
02/09/2024
တက္ကသိုလ်ဝင်ခွင့်လျောက်ထားသူများ သတိပြုပါရန်
________________________________________
ထားဝယ်နည်းပညာတက္ကသိုလ် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့သည် စိစစ်ရွေးချယ်မှု ပဏာမ ရွေးချယ်မှု ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ interview အဆင့်သို့ဆက်လက်ရွေးချယ်ခံရသူများကိုလည်း MES system မှ တစ်ဆင့်ဖော်ပြထားပြီးဖြစ်ပါသည်။ (interview ဝင်ရန် Email များကို ဆက်လက်ပေးပို့သွားမည်ဖြစ်ပါသည်။)
အရွေးချယ်မခံရသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် အမှားအယွင်းတစ်စုံတရာရှိသည်ဟု အခိုင်အမာယူဆပါက ထားဝယ်နည်းပညာတက္ကသိုလ်၏ တရားဝင် Email လိပ်စာသို့လိပ်မူ၍ ယနေ့မှစ၍ (၃) ရက်အတွင်း ရုံးစာအတိုင်း ရေးသားတင်ပြနိုင်ပါသည်။ (၃ ရက်ကျော်လွန်၍ ရောက်ရှိလာသောစာများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့
ထားဝယ်နည်းပညာတက္ကသိုလ်
08/08/2024
၈၈၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံ
_____
တစ်ပါတီ စစ်အာဏာရှင်စနစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ရဟန်းရှင်လူ၊ကျောင်းသား ပြည်သူများမှ အသက်သွေးမြေကျ စွန့်လွှတ်အနစ်နာခံ တွန်းလှန်ခဲ့သည့် ၈၈၈၈ လူထုအရေးတော်ပုံကြီးသည် ယနေ့ဆိုလျှင် ၃၆ နှစ်တိုင်တိုင်ရှိပြီ ဖြစ်ပါတယ်။
တစ်ပါတီ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သည့် ရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအား အစဉ်ဦးညွှတ်လျက် (၈၈၈၈) ရှစ်လေးလုံးစိတ်ဓာတ်အခြေခံကာ ယခုနွေဉီးတော်လှန်ရေးတွင်လည်း ပြည်သူအားလုံး စစ်အာဏာရှင်စနစ်အား နိဂုံးချုပ်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တိုင်းရင်းသားအားလုံးစုပေါင်း၍ အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါသည်။
မိမိတို့ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂသည်လည်း ပြည်သူလူထုတရပ်လုံးနှင့်အတူ စစ်အာရှင်စနစ်နှင့်ဖက်ဆစ်စနစ် ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်နိုင်သည်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။
"အရေးတော်ပုံ အောင်ရမည်"
#၈၈၈၈
24/07/2024
"ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်(ဒုတိယအကြိမ်) အတွက် စီနီယာကျောင်းသား ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်းအစီအစဉ်"
ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်၀င်ခွင့် (ဒုတိယအကြိမ်) အတွက် စီနီယာ ကျောင်းသား၊ ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်း အစီအစဥ်
အပိုင်း (၄)
နေ့ရက် - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ။
#တက္ကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့
16/07/2024
ဗကသများ အဖွဲ့ချုပ် ( အဖွဲ့ဝင် ) ကျောင်းသားရဲဘော် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံရမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (နောက်ဆက်တွဲ)
ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်
၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ်၊ ဗကသများ အဖွဲ့ချုပ် ( အဖွဲ့ဝင် ) ကျောင်းသားရဲဘော် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ ည (၉) နာရီခန့်၌ သုသာန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်း တွင် ရက်စက်စွာ လည်လှီးဖြတ်၍ ဥပဒေမဲ့မတရားသဖြင့် အသတ်ခံရကြောင်း သိရှိရပါသည်။
၂။ ထိုကျောင်းသားသည် အရွယ်မရောက်သေးသည့်အပြင် အနေအေးပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်း စုံစမ်းသိရှိရပါသည်။ ဤကဲ့သို့သော ကျောင်းသားလူငယ်ကို လူမဆန်စွာ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ကြောင်း သိရှိရသည့်အတွက် များစွာဝမ်းနည်းအံ့ဩထိတ်လန့်ရပါသည်။
၃။ ကျောင်းသား/သူများ၏ ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်၊ ကျောင်းသားသမဂ္ဂများတွင် ပါဝင်ဆောင်ရွက် ခွင့်၊ လွတ်လပ်စွာသင်ယူခွင့်၊ လုံခြုံဘေးကင်းစွာအသက်ရှင်နေထိုင်ခွင့် အပါအဝင် ကလေးသူငယ်အခွင့် အရေးများကို ချိုးဖောက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အုပ်စုဖွဲ့ဥပဒေမဲ့ရက်စက်ရမ်းကားမှုများ၊ ဖိနှိပ်မှုများ အားလုံးနှင့် ကျူးလွန်သူများအားလုံးကို ကျွန်ုပ်တို့ ကြားကာလတက္ကသိုလ်ကောင်စီများနှင့် ဘာသာရပ်ဘုတ် အဖွဲ့များအနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးသည့် နယ်မြေတွင် ဖြစ်ပေါ်ခဲ့သည်ဖြစ်ရာ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ယူမှုတာဝန်ခံမှုရှိစွာ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် စေခိုင်းသူများ၊ ကျူးလွန်သူများနှင့် ပူးပေါင်းဆောင်ရွက်သူများအပါအဝင် ဤအမှုတွင် ပါဝင်ဆက်စပ်ပတ်သက်သူများ အားလုံးကို ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ပွင့်လင်း မြင်သာစွာထုတ်ပြန်ပေးရန် အလေးအနက်ထား တောင်းဆိုလိုက်သည်။
ဘာသာရပ်ဘုတ်အဖွဲ့များနှင့် ကြားကာလတက္ကသိုလ်ကောင်စီများ
13/07/2024
ဝက်လက်မြို့နယ်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အသက် (၁၆) နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး
လူမဆန်စွာဖြင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့်အပေါ် သဘောထားထုတ်ပြန်ချက်
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်များကွန်ရက်
ဝက်လက်မြို့နယ်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အသက် (၁၆) နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး
လူမဆန်စွာဖြင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့်အပေါ် သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်
၁။ ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အသက် (၁၆)နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက် ညပိုင်းအချိန်တွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံရသည်ကို ကြားသိရပါသဖြင့် ကျွန်ုပ်တို့ နည်းပညာနှင့်နှီးနွယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်။
၂။ အကြမ်းဖက်စစ်အုပ်စုကို အတူလက်တွဲတော်လှန်နေသောအချိန်ကာလတွင် တော်လှန်ရေးအင်အားစုများ အချင်းချင်း သွေးစည်းညီညွတ်ကြရမည်ဖြစ်သော်လည်း လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်နေခြင်းများကို ကျွန်ုပ်တို့ အနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါသည်။
၃။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်သာမက မည်သည့်အာဏာရှင်စနစ်မှ ထပ်မံမပေါ်ပေါက်လာစေရေး အတွက် တော်လှန်နေသော တော်လှန်ရေးတစ်ခုဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် မိမိတို့ကိုယ်တိုင် တော်လှန်ရေးအစိုးရဟု မှတ်ယူထားလျှင် တော်လှန်ရေးအစိုးရတစ်ရပ်နှင့်လျော်ညီသော တာဝန်ယူမှု၊ တာဝန်ခံမှုကို အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံ လုပ်ဆောင်သင့်ပါသည်။
၄။ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် ယခုကဲ့သို့ အလားတူ ဖြစ်စဉ်၊ ဖြစ်ရပ်များ နောက်ထပ် ထပ်မံ မပေါ်ပေါက် လာစေရေးနှင့် ယခုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သော လူပုဂ္ဂိုလ်များ၊ ပါဝင်ပတ်သက်ခဲ့သူများအားလုံးကို စနစ်ကျပြီး မှန်ကန် ထိရောက်သော တရားစီရင်မှုများ လုပ်ဆောင်ပေးရန်အတွက် ကျွန်ုပ်တို့မှ အလေးအနက်ထား တိုက်တွန်းတောင်းဆို လိုက်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် အပြည့်အဝတာဝန်ရှိသည့်အတွက် ယခုကဲ့သို့ လက်နက်အားကိုးပြီး ရက်ရက်စက်စက် လူမဆန်စွာ ပြုလုပ်နေမှုများကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူစေရန် ကျွန်ုပ်တို့အနေဖြင့် ထပ်မံတောင်းဆိုကာ အမှန်တရားဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်များကွန်ရက်