Union of No.6 Basic Education Students, Dawei

Union of No.6 Basic Education Students, Dawei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Union of No.6 Basic Education Students, Dawei, Education, Dawei.

တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲအတည်ပြုမှုအပေါ် တနင်္သာရီဒေသတွင်း အင်အားစုမ...
19/11/2023

တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲအတည်ပြုမှုအပေါ် တနင်္သာရီဒေသတွင်း အင်အားစုများမှ သဘောထားထုတ်ပြန်ချက်

#

18/04/2023

ယနေ့ကျရောက်သောမြန်မာသက္ကရာဇ်၁၃၈၅ခုနှစ်၊ တန်ခူးလဆုတ် (၁၃)ရက်နေ့သည် မြန်မာ့ပြက္ခဒိန်အရ နှစ်ဟောင်းမှသည် နှစ်သစ်အချိန်အခါသမသို့ ကူး​ပြောင်းသော နှစ်ဆန်း၁ရက်နေ့ အချိန်အခါသမယဖြစ်ပါသည်။

နှစ်သစ်အချိန်အခါသည်လည်း မတရားမှုအောက်ကျရောက်နေသရွေ့ တော်လှန်သွေး၊ တော်လှန်စိတ်တို့ ရဲရဲတောက် ထွန်းပြောင်လျက် ပန်းတိုင်ဆီသို့ရောက်သည်အထိတိုက်ပွဲဝင်သွားကြရမည်။

နှစ်သစ်မှစ၍ တိုင်းသူပြည်သားအားလုံးသည် မင်းဆိုးသူယုတ်မာတို့၏ ညှင်းပန်းနှိပ်စက် မတရားသဖြင့်ဖိနှိပ်မှုအောက်မှ အမြန်ဆုံးကင်းလွတ်နိုင်ပြီး အေးချမ်းသာယာဝပြောသော ရောင်နီသာယာသည့် အနာဂတ်နေ့သစ်များဆီသို့ အ​မြန်ဆုံးရောက်လှမ်းနိုင်ပါစေကြောင်း ကျွန်တော်၊ကျွန်မတို့ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ တောင်းဆုပြုလိုက်ရပါသည်ခင်ဗျာ၊ရှင့်။

#သတင်းနှင့်ပြန်ကြားရေး

15/04/2023
09/04/2023
တော်လှန်သင်္ကြန်
09/04/2023

တော်လှန်သင်္ကြန်

28/02/2023

ယနေ့ဟာ ထားဝယ်‌‌မြေတွင်အကျအဆုံးအများဆုံး နှင့်ပထမဆုံးအာဇာနည်ရဲဘော် ၄ ဦးအသက်ပေးခဲ့ရသည်မှာ နှစ် နှစ်တင်းတင်းပြည့်ဖြစ်သွားပြီဖြစ်သည်။၂၇.၂.၂၀၂၁တွင် အကြမ်းဖက်စစ်ကောင်စီမှ ငြိမ်းချမ်းစွာသပိတ်မှောက်ဆန္ဒပြနေကြသူများအား ပထမဆုံး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ၂၈. ၂ .၂၀၂၁ တွင် လူထုသပိတ်အား ကျည် အစစ်သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့ရာ ရွှေဝယ်မြေတွင် အာဇာနည်ရဲဘော် ၄ဦး ပထမဆုံးသွေးမြေကျခဲ့ရသည်။

Today, it has been two years since the death of the first 4 heroes in Dawei. On 27.2.2021, the SAC first violently cracked down on peaceful protestors.On 28. 2. In 2021,a public strike was violently broken up using bullets, and 4 heroes were the first to lose their lives in Shwe Dawei Myay.

#သတင်းနှင့်ပြန်ကြားရေး

▪️စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့် သဘောထားထုတ်ပြန်ချက်။       #သတင်းနှင့်ပြန်ကြားရေး
01/02/2023

▪️စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့် သဘောထားထုတ်ပြန်ချက်။

#သတင်းနှင့်ပြန်ကြားရေး

"တသံတည်းညီ တချီတည်းရုန်း"●──●──●──●──●──●──●တိတ်ဆိတ်ခြင်းရဲ့ ကျယ်လောင်တဲ့ အသံတွေနဲ့ ကျနော်တို့ဟာ စစ်အာဏာရှင်ကို ခြောက်ခြ...
27/01/2023

"တသံတည်းညီ တချီတည်းရုန်း"

●──●──●──●──●──●──●

တိတ်ဆိတ်ခြင်းရဲ့ ကျယ်လောင်တဲ့ အသံတွေနဲ့ ကျနော်တို့ဟာ စစ်အာဏာရှင်ကို ခြောက်ခြား တုန်လှုပ်အောင် အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီးခဲ့ကြပြီးပါပြီ။ လာမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ၊ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကြီးကို ကျွန်တော်တို့ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုတွေကြားထဲကပဲ ရရာ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထပ်မံ မှတ်ကျောက်တင်ဖို့လိုပါတယ်။

ဒါ့ကြောင့် ကျနော်တို့ဟာ နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (၁ ဖေဖော်ဝါရီ ၂၀၂၃)နေ့မှာ ပြည်သူတွေရဲ့ တိတ်ဆိတ်တဲ့အသံတွေ၊ ခြောက်ကပ်နေတဲ့လမ်းမတွေ၊ ပြင်းပြတဲ့အောင်စိတ်တွေနဲ့အတူ “Silent Strike” ကို ထပ်မံ ပုံဖော်ကြဦးမှာပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ

ကျနော်တို့အားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန် လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေ တိတ်ဆိတ်နေခြင်းနဲ့ စစ်ကောင်စီကို ကြောက်လန့်စေကြမယ်။ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးဟာ အကြမ်းဖက်စစ်အာဏာရှင်ကို သွေးမအေးသေးပဲ ဆက်လက်တော်လှန်နေဆဲဖြစ်ကြောင်း ထပ်မံပြသကြရမှာလည်း ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီဘက်မှ ခြေလှမ်းပြင်လာတဲ့ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ”ကိုလည်း လက်သင့်မခံကြောင်းကိုပါ တပါတည်း ကမ္ဘာသိ ထုတ်ဖော်ပြသရမှာဖြစ်ပါတယ်။

"တသံတည်းညီ တချီတည်းရုန်း"ရင်း ၂၀၂၃ ခုနှစ် တော်လှန်နှစ်ရဲ့ အဆုံးသတ်အတွက်၊ အဆုံးဖြတ်အဖြစ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

#တရားမဝင်အတုအယောင်ရွေးကောက်ပွဲ_လူထုအားနဲ့တိုက်ဖျက်ကြ”

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#တိတ်ဆိတ်ခြင်းဖြင့်_အကျယ်လောင်ဆုံးဟစ်ကြွေးကြ

中国新年快乐ယနေ့ကျရောက်သော တရုတ်နှစ်သစ်ကူးအခါသမယတွင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအပါအဝင် ပြည်သူပြည်သားများအားလုံး ကိုယ်စ...
21/01/2023

中国新年快乐
ယနေ့ကျရောက်သော တရုတ်နှစ်သစ်ကူးအခါသမယတွင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအပါအဝင် ပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှဖျာ ကျမ်းမာချမ်းသာ၍ ဘေးရန်ကင်းကြပါစေကြောင်း ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
လွတ်လပ်၍ လူသားအားလုံး တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ ကျွန်တော်/ကျွန်မတို့ ဝိုင်းဝန်းပါဝင် ရှေ့ဆက်ကြပါစို့။


#中国新年快乐

Address

Dawei

Website

Alerts

Be the first to know and let us send you an email when Union of No.6 Basic Education Students, Dawei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Union of No.6 Basic Education Students, Dawei:

Shortcuts

Share

Category