13/08/2021
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး( Short Course) အစီအစဉ်
ကြားကာလပညာရေးအစီအစဥ် (Short Course for Students) ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ ကျောင်းသားများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
Korea နိုင်ငံ၏ Asean Cyber University Project နှင့် Cyber University of Korea (CUK) တို့ ပူးပေါင်းဖွင့်လှစ်သင်ကြားမည့် online interactive Korean Language class အစီအစဥ်ဖြစ်ပါသည်။
Basic Korean Language တက်ရောက်ရန် စိတ်ပါဝင်စားသူ တက္ကသိုလ်များမှ မည်သူမဆို အောက်ဖော်ပြပါ Link သို့ ၀င်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
https://bit.ly/acu-cuk
သင်တန်းကာလ ၄ လ ကြာမြင့်မည်ဖြစ်ပြီး 16 August 2021 နောက်ဆုံးထားစာရင်းသွင်းရန်ဖြစ်ပါသည်။
Name of Course: Quick Korean
Period: September to December 2021
Course level: Basic
Channel: http://www.aseanoer.net နှင့် interactive online class အတွက် “ZOOM”
Platform အသုံးပြုမည်ဖြစ်ပါသည်။
Course syllabusအား အောက်ဖော်ပြပါ Linkတွက် downloadရယူနိုင်ပါသည်။
https://drive.google.com/file/d/15Lbog4vI3gLYiGhXUHx0Rg-Pv7T0mvpY/view?usp=sharing
30/07/2021
◾တတိယနှစ် ၊ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် NUG ရဲ့ Personal Development Training
Personal Development Training- ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း သင်တန်းကို လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်၍ တတိယနှစ်၊ နောက်ဆုံးနှစ်ကျောင်းသားများတက်ရောက် လျှောက်ထားနိုင်ပါသည်။
သင်တန်းကာလ - တပတ်တရက်ဖြင့် (၈) ပတ်
စာရင်းပေးသွင်းရမည့်လင့်
https://docs.google.com/forms/d/e/1FAIpQLSecbno4qeREWX28naHMW5pUOE9M0QzIVjTy28Nt9Nszdh4Q5g/viewform
**Course To Attend မှာ Personal Development Training ကို ရွေးပေးရန်ဖြစ်သည်။**
Unity School by Unity Corner Team နှင့်ပူးပေါင်းကာ ဦးစွာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။
25/07/2021
ထားဝယ်တက္ကသိုလ်တွင် DUPSSA နာမည်တူနှစ်ခုရှိနေပါသောကြောင့် အမည်ပြောင်းလဲခေါ်ဆိုပြင်ဆင်ခြင်း
23/07/2021
ထားဝယ်တက္ကသိုလ်စိတ်ပညာအထူးပြု ကျောင်းသား၊ေကျာင်းသူများ အဖွဲ့အစည်း ဖွဲ့စည်းကြောင်းကြေညာခြင်း
23/07/2021
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ”
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ ကျောင်းသားများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျက်ရှိသည်။
ဇူလိုင် ၂၄ - ၂၀၂၁ ခုနှစ် မှ ဇူလိုင် ၂၈ ၂၀၂၁ ခုနှစ်အထိ
Applied GPS Course
Mobile phone တစ်လုံးရှိရုံဖြင့် GPS App များအားအသုံးချပြီး Handheld GPS ကဲ့သို့ အသုံးပြု နိုင်မည့် နည်းလမ်းများအား သင်ကြားပေးမည်ဖြစ်ပါသည်။ မြေပြင်တွင် လက်တွေ့ အသုံးပြုနိုင်မည့် တည်နေရာ မှတ်သားခြင်းများ၊ လမ်းကြောင်းရှာခြင်းများ၊ Tracking လုပ်ခြင်းများ၊ မြေပုံဆွဲခြင်းများ၊ မြေပုံဖတ်ခြင်းများအား Mobile GPS ဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်မည်ကို မျှဝေပေးမည့် အစီအစဉ်ဖြစ်ပါသည်။
တက္ကသိုလ်၊ ကောလိပ် အသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ စိတ်ပါဝင်စားသူများတက်ရောက်နိုင်ပါသည်။
သင်တန်းစတင်နေချိန်နှင့် တပြိုင်နက် Ministry of Education, NUG ၏ page နှင့် YouTube Channel များမှ တပြိုင်နက်တည်း Live လွှင့်ပေးပါမည်။
အောက်ဖော်ပြပါ Link သို့ ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
https://us02web.zoom.us/webinar/register/WN_wa4BcknKTEm3uTcVPC3X-g
Live လွှင့်မည့် page နှင့် YouTube Channel
page: https://www.facebook.com/Ministry-of-Education-National-Unity-Government-of-Myanmar-109386154653912
YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ
Credit...
https://www.facebook.com/109386154653912/posts/139285594997301/