Royal Education International English Language Academy

Royal Education International English Language Academy 🔑Education is a weapon which can change the world.

🔑Royal Education is a key to your success.

စာမေးပွဲဆိုင်ရာ အသိပေးကြေညာခြင်း💯💯💯💯💯💯💯💯💯💯💯💯💯Royal Education Academy Dawei နှင့် ဆက်စပ်သင်တန်းများတွင် တက်ရောက်နေကြသော သ...
16/08/2026

စာမေးပွဲဆိုင်ရာ အသိပေးကြေညာခြင်း
💯💯💯💯💯💯💯💯💯💯💯💯💯

Royal Education Academy Dawei နှင့် ဆက်စပ်သင်တန်းများတွင် တက်ရောက်နေကြသော သားသားမီးမီးလေးများသည် အောက်ပါစာမေးပွဲနှစ်မျိုးကို ၀င်ရောက်ဖြေဆိုနိုင်ခွင့်ရပါမည်။

၁။ မဖြစ်မနေဖြေရမည့်စာမေးပွဲ
၂။ မဖြေလည်းရသည့်စာမေးပွဲ

၁။ မဖြစ်မနေဖြေဆိုရမည့်စာမေးပွဲဆိုသည်မှာ Royal Education Academy Dawei မှ နှစ်စဉ် Level တစ်ခုချင်းစီအတွက် စီစဉ်ကျင်းပသော စာမေးပွဲများဖြစ်ပါသည်။ ကျောင်းမှ ကျင်းပသောစာမေးပွဲဖြစ်သည့်အတွက် Weekend English School, E2E Learning Hug, Home Class အတန်းများအားလုံး ဖြေဆိုကြရမည်ဖြစ်ပါသည်။

သတင်းကောင်း
✅✅✅✅✅
ယခုနှစ် ၂၀၂၆တွင် ဖြေဆိုရမည့် သင်တန်းသားတိုင်းအတွက် အခွင့်အလမ်းကောင်းတစ်ခုရှိပါသည်။ Royal Education Academy Dawei မှာ ဖြေဆိုကြမည့် သားသားမီးမီးများအားလုံး 🎯Myanmar Commercial College🎯 မှ ချီးမြှင့်မည့် Certificate များ လျှောက်ထားခွင့်ရရှိပါပြီ။ 🥰🥰🥰 Weekend English School, E2E Learning Hug, Home Class နှင့် Summer English School မှ Level အသီးသီးအောင်မြင်ကြသော သားသားမီးမီးများအားလုံး လျှောက်ထားနိုင်ပါမည်။ အသေးစိတ်ကို ဆက်သွယ်အကြောင်းကြားပေးပါမည်။

၂။ မဖြေလည်းရသည့် စာမေးပွဲဆိုသည်မှာ Cambridge, UK စာမေးပွဲများဖြစ်ပါသည်။ ၀င်ရောက်ဖြေဆိုစေချင်ပါသည်။ သိုသော် မဖြေလို့လည်းရပါသည်။
Starters, Movers, Flyers, KET, PET စာမေးပွဲဖြေဆိုကြမည့် သားသားမီးမီးများ စာရင်းပေးသွင်းနိုင်ပါပြီ။ စာရင်းပေးသွင်းပြီးသည်နှင့် စာပေးပွဲအတွက် လေ့ကျင့်ပြင်ဆင်ကြရပါမည်။ စာမေးပွဲဖြေဆိုကြရမည့်ရက်မှာ 29/11/2026 ဖြစ်ပါသည်။

✅အသေးစိတ်သိလိုသည်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📱09441561913

12/08/2026

ညနေပိုင်း E2E အတန်းမှာ သားငယ်လေးနဲ့ စပ်မိစပ်ရာ 😍😍😍
အင်္ဂလိပ်စကား မြန်မြန်တတ်ဖို့ များများနားထောင်များများပြောပေးဖို့လိုပါတယ်။
Royal Education Academy Dawei မှာ E2E အတန်းလေးတွေတက်လို့ရနေပါပြီနော်။ 🙆🙆🙆

🎓အစိုးရပညာရေးက အစစ်လား?🎓ပုဂ္ဂလိကပညာရေးက အတုလား?✅တချို့သော လူတွေက ပုဂ္ဂလိကပညာရေး pathway တွေကို အတုလိုထင်တတ် ပြောတတ်ကြပါတ...
07/08/2026

🎓အစိုးရပညာရေးက အစစ်လား?
🎓ပုဂ္ဂလိကပညာရေးက အတုလား?

✅တချို့သော လူတွေက ပုဂ္ဂလိကပညာရေး pathway တွေကို အတုလိုထင်တတ် ပြောတတ်ကြပါတယ်။

ဒါဟာအမှန်ပဲလား။ 🤔🤔🤔

👉🏻လုံးဝ မမှန်ပါဘူး။ "Government Education (အစိုးရ အသိအမှတ်ပြု) မဟုတ်ရင် အတု (Fake/Fraud)" လို့ စွပ်စွဲ စွဲချက်တင်တာဟာ ပညာရေးစနစ်နဲ့ နိုင်ငံတကာ ဥပဒေ/လုပ်ထုံးလုပ်နည်းတွေကို သေချာ မသိနားမလည်လို့ ဖြစ်ပေါ်လာတဲ့ လွဲမှားတဲ့ အယူအဆ (Misconception) တစ်ခု ဖြစ်ပါတယ်။

✅​အတု မဟုတ်ကြောင်းနဲ့ ပုဂ္ဂလိက ပညာရေးရဲ့ တကယ့် သဘောသဘာဝကို ဒီအချက်တွေနဲ့ နားလည်လို့ရပါတယ်။

​၁။ တရားဝင် မှတ်ပုံတင်မှုနှင့် ဥပဒေကြောင်းအရ (Legal Status)

✅​အတု (Degree Mill / Fake)

🎓အတုဆိုတာ ဘာသင်တန်းမှ မသင်ပေးဘဲ၊ ကျောင်းစိုက်ရာနိုင်ငံမှာ တရားဝင် ကုမ္ပဏီ/ကျောင်းအဖြစ် မှတ်ပုံမတင်ထားဘဲ ပိုက်ဆံပေးရုံနဲ့ ဘွဲ့လက်မှတ် အတု ရောင်းစားတဲ့ တရားမဝင် လုပ်ငန်းတွေကို ခေါ်တာပါ။ အဲဒီလိုမဟုတ်ပဲ လက်ရှိပြည်တွင်းမှာ လည်ပတ်နေကြတဲ့ လေ့လာထားမိတဲ့ပြည်ပကျောင်းများဟာ သက်ဆိုင်ရာ ဥပဒေများအတိုင်း တရားဝင် စီးပွားရေး/ပညာရေး အဖွဲ့အစည်းအဖြစ် ရုံးစိုက်ရာနိုင်ငံအသီးသီးမှာ မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။ ကျောင်းသားတွေကို သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးခြင်း၊ စာမေးပွဲ/Dissertation စစ်ဆေးခြင်းများ အမှန်တကယ် ပြုလုပ်ပြီးမှ ဘွဲ့ပေးတာဖြစ်လို့ အတု လုံးဝ မဟုတ်ပါ။ တစ်ခုတော့ သတိထားစိစစ်ရပါမယ်။ ကိုယ်တက်မယ့်ပြည်တွင်းကတာ၀န်ခံကျောင်းဟာ ပြည်ပကျောင်းရဲ့ အမှန်တကယ် အသိအမှတ်ပြုထားတဲ့ကျောင်း ဖြစ်မဖြစ်ဆိုတာပါ။ ဆိုလိုတာက ပြည်တွင်းကကျောင်းဟာ ပြည်ပကျောင်းနဲ့ အမှန်တကယ်ချိတ်ဆက်ထားမှုမရှိဘဲ ချိတ်ဆက်ထားသလို လှည့်ဖြားတတ်တာမျိုး။

​၂။ ပုဂ္ဂလိက ပညာရေး၏ သဘောသဘာဝ (Private/Non-Traditional Education)

✅​ကမ္ဘာပေါ်မှာ ပညာရေးအဖွဲ့အစည်း နှစ်မျိုးရှိပါတယ်
​Public/State Accredited 🎓အစိုးရ ဘတ်ဂျက်နဲ့ လည်ပတ်ပြီး အစိုးရ ဝန်ကြီးဌာနရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ တက္ကသိုလ်များ။

​Private/Autonomous🎓 ကိုယ်ပိုင် ဘတ်ဂျက်၊ ကိုယ်ပိုင် သင်ရိုး၊ Flexible ဖြစ်တဲ့ အွန်လိုင်း/အဝေးသင် နည်းစနစ်တွေနဲ့ လည်ပတ်ပြီး Private Quality Assurance Bodies (ပုဂ္ဂလိက အရည်အသွေးစစ် အဖွဲ့များ) ရဲ့ အသိအမှတ်ပြုမှုကို ယူထားတဲ့ ကျောင်းများ။

​အစိုးရတက္ကသိုလ် မဟုတ်တိုင်း အတုမဟုတ်သလို၊ နိုင်ငံတကာမှာလည်း လုပ်ငန်းခွင်ဝင်နေသူများ (Working Professionals) အတွက် ပုဂ္ဂလိက ဘွဲ့/ဒီပလိုမာ စနစ်တွေဟာ အလွန် ခေတ်စားပြီး တရားဝင် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

​၃။ ဘာကြောင့် အတုလို့ အထင်ခံရတာလဲ

✅​သတင်းအချက်အလက် မပြည့်စုံခြင်း

မြန်မာပြည်မှာ လူအများစုက "အစိုးရ ဘွဲ့" နဲ့ "ပုဂ္ဂလိက ဘွဲ့" ဆိုတဲ့ အကွဲအပြားကို မသိဘဲ "အစိုးရ မဟုတ်ရင် တရားမဝင်ဘူး/အတုပဲ" လို့ ဒွိဟဖြစ်ပြီး အလွယ်တကူ ကောက်ချက်ဆွဲလိုက်ကြတာပါ။

✅​အသုံးပြုသည့် နယ်ပယ် မတူညီခြင်း

ထိုဘွဲ့များဟာ အစိုးရဌာန ဝန်ထမ်း ခန့်အပ်ရေးအတွက် မဟုတ်ဘဲ၊ Private Sector (ပုဂ္ဂလိက ကုမ္ပဏီများ)၊ ကိုယ်ပိုင် စီးပွားရေး/အကယ်ဒမီများ၊ လုပ်ငန်းခွင်အတွင်း Practical Skill ပြသရန်နှင့် Portfolio တည်ဆောက်ရန်အတွက် သီးသန့် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

​အနှစ်ချုပ်ရရင် ဖြင့်
အစိုးရ ထောက်ခံချက် မပါတာကို "အစိုးရဘွဲ့ မဟုတ်ဘူး (Non-State Accredited)" လို့ ပြောရင် မှန်ပေမဲ့ "အတု (Fake)" လို့ ပြောရင်တော့ လုံးဝ မှားယွင်းပါတယ်။ မိမိ ရယူထားတဲ့ Qualifications တွေဟာ Practical Knowledge နဲ့ Private Professional Portfolio အတွက် တရားဝင် တန်ဖိုးရှိတဲ့ ပညာရေးဆိုင်ရာ အထောက်အထားများဖြစ်၊မဖြစ်ဆိုတာ စိစစ်မှတ်တမ်းတင်ထားဖို့ပါ။

Dr. Soe Thu Aung

🎓Royal Education Academy Dawei 🎓Weekend English School ✅ဝါတွင်းကာလအတွင်း သင်တန်းရက်ပြောင်းလဲ သတ်မှတ်ခြင်း✅၂၀၂၆ခုနှစ်၊ အပ...
01/08/2026

🎓Royal Education Academy Dawei
🎓Weekend English School

✅ဝါတွင်းကာလအတွင်း သင်တန်းရက်ပြောင်းလဲ သတ်မှတ်ခြင်း✅

၂၀၂၆ခုနှစ်၊ အပတ်စဉ် စနေ၊ တနင်္ဂနွေ ဖွင့်လှစ်သော WEEKEND ENGLISH SCHOOL၊ English 4 Skills သင်တန်းများကို ဝါတွင်းကာလ ၃လအတွင်းတွင် 🎁ဥပုသ်ရက်နှင့် တနင်္ဂနွေ🎁 ရက်များကို သင်တန်းရက်များအဖြစ်ပြောင်းလဲ တက်ရောက်ရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

🎯🎯🎯🎯🎯

🏫Royal Education Academy Dawei 🎓Summer English Proficiency Program ✅2026 Summer English Program Results ✅🏆၂၀၂၆ခုနှစ် နွေ...
01/08/2026

🏫Royal Education Academy Dawei
🎓Summer English Proficiency Program

✅2026 Summer English Program Results ✅

🏆၂၀၂၆ခုနှစ် နွေရာသီ အင်္ဂလိပ်စာသင်တန်းအသီးသီးမှာ တက်ရောက်လေ့ကျင့်ခဲ့ကြသော သင်တန်းသား သားသားမီးမီးလေးများ၏ English 4 Skills အောင်စာရင်း ရလဒ်များ 🏆

Congratulations to you all 🎉 🏆🏆🏆

✅ဒီနှစ် နွေရာသီ အင်္ဂလိပ်စာ Summer English Program ကို အခက်အခဲများကြားထဲက ပြီးဆုံးအောင် လည်ပတ်နိုင်ခဲ့ တဲ့အတွက် သက်ပြင်း...
30/07/2026

✅ဒီနှစ် နွေရာသီ အင်္ဂလိပ်စာ Summer English Program ကို အခက်အခဲများကြားထဲက ပြီးဆုံးအောင် လည်ပတ်နိုင်ခဲ့ တဲ့အတွက် သက်ပြင်းအရှည်ကြီးချနိုင်ခဲ့တယ်ပြောရပါမယ်။

✅ပြီးဆုံးတယ်လို့ပဲ ပြောချင်ပါတယ်။ အောင်မြင်တယ်လို့မပြောလိုပါ။ မပြောရဲပါ။

✅အဓိက အခက်အခဲကတော့ ဓာတ် ဆီတန်းစီရတာနဲ့ စုံမ စနစ်ကြောင့်ဖြစ်သွားခဲ့ရတာပါပဲ။ ဒီအတွက်ကြောင့် တချို့သော သင်တန်းသား ကလေးလေးတွေ ခရီးအခက်အခဲတွေကြောင့် နားလိုက်ရတဲ့ ရာခိုင်းနှုန်းတစ်ခု ရှိခဲ့တယ်။

🫩သူတို့လေးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။

🎓သင်တန်းအစမှ အဆုံး ပြီးဆုံးအောင် ကြိုးစားသင်ယူခဲ့ကြတဲ့ ကလေးလေးတွေအတွက်လည်း အထူးဂုဏ်ယူမိကြောင်း ပြောချင်ပါတယ်။

🤔ဒီနှစ်မှာ ကြိုးစားအောင်မြင်ခဲ့ ကလေးတွေအတွက် ထူးခြားတာလေးတွေ ရှိပါမယ်။

🫣🫣🫣ဒါနဲ့ အောင်စာရင်းထွက်မယ့်ရက်လေးက

👉🏻👉🏻👉🏻1/8/2026 လာမည့် စနေနေ့ဖြစ်ပါတယ်နော်။

💯ဘယ်သူတွေက ဘယ် Grade နဲ့ အောင်ကြမလဲ?
Level အသီးသီးရဲ့

💯Winner
💯1st Runner-up
💯2 nd Runner-up ဆုတွေကို ဘယ်သူတွေ သိမ်းပိုက်သွားနိုင်မလဲဆိုတာ အတူတူရင်ခုန်စောင့်မျှော်ကြရအောင်ပါ 🥰🥰🥰

✅Royal Education Academy Dawei 🎓 🎯2026 နွေရာသီ အင်္ဂလိပ်စာသင်တန်းရဲ့ 🎯Grammar & Writing အတန်းမှာမေးသွားတဲ့ Final မေးခွန်...
27/07/2026

✅Royal Education Academy Dawei 🎓
🎯2026 နွေရာသီ အင်္ဂလိပ်စာသင်တန်းရဲ့

🎯Grammar & Writing အတန်းမှာမေးသွားတဲ့ Final မေးခွန်းလေးဖြစ်ပါတယ်။

15/07/2026

✅Royal Education Academy Dawei 🎓
✅E2E Learning Hug
✅English-to-English Evening Class

အင်္ဂလိပ်စကား များများပြော၊ မြန်မြန်ပြောတတ်စေဖို့ E2E Learning Hug 🤗🤗🤗ကြိုဆိုနေပါတယ်နော်....






Big shout out to my newest top fans! 💎 May Gabar, Eidde HeinDrop a comment to welcome them to our community,
03/07/2026

Big shout out to my newest top fans! 💎 May Gabar, Eidde Hein

Drop a comment to welcome them to our community,

Address

6th Street
Dawei
14011

Website

Alerts

Be the first to know and let us send you an email when Royal Education International English Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share