A.then

A.then Write with love.

ပြည့် ကို ခြေရာခံခြင်း------------------------ထားဝယ်စကားသံတွင် ပြည့်ကို လဆွဲသံဖြင့် ပြောဆဲဖြစ်သည်။ ရှေးမြန်မာကျောက်စာအချ...
05/01/2026

ပြည့် ကို ခြေရာခံခြင်း
------------------------

ထားဝယ်စကားသံတွင် ပြည့်ကို လဆွဲသံဖြင့် ပြောဆဲဖြစ်သည်။ ရှေးမြန်မာကျောက်စာအချို့တွင်လည်း ပြည့်ကို လဆွဲပါ အရေးအသားဖြင့် တွေ့ရသည်။

သက္ကရာဇ် ၅၀၀ ကျော်က ကျောက်စာအချို့ပါ ရေးသားပုံကို ပုံတွင် ရှုပါ။

___ ပ္လည္အ် ___ ပ္လည်___ ကို အနီရောင်မျဉ်းသားပြထားပါသည်။

ပြည့်၊ ပြည့်စုံ၊ (ပြာသို) လပြည့် စသော အဓိပ္ပာယ်များနှင့်ရေးထားပါသည်။

ည အောက်တွင် အ ရှိနေခြင်းမှာ ယနေ့ခေတ်မြန်မာစာတွင် သုံးနေသော အောက်မြစ် (-့) သဘောဖြစ်သည်။ ထို့ကြောင့် __ ပ္လည္အ် __ဆိုသည်မှာ ပြည့် ဟု ဆိုနိုင်ပါသည်။ [ပုတ္တဟူ နိယ္အ် = ဗုဒ္ဓဟူး နေ့ ဟုရေးထားသည့်ကိုရှုပါ။ ]

ထားဝယ်သံကို မြန်မာစာဖြင့်ရေးလျှင် လဆွဲသံ အတွက် စဉ်းစားရလေ့ရှိသည်။ ယခင်က ရှေးမြန်မာစကား၊စာ ၌ အသုံးတွင်ခဲ့သော လဆွဲသည် ယပင့် နှင့် ယရစ် အသွင် ပြောင်းလဲလာသည်ဟု မှတ်ချက်ချထားသည်များရှိသည်။

ထို့ကြောင့် ပြည့် ကို ရေးဖို့အတွက် ရှေးမြန်မာကျောက်စာပါ ___ ပ္လည္အ် ___ကို ယူသုံးနိုင်၏။ သို့သော် ညအောက်တွင် အ ရှိနေခြင်းကို အမြင်ရှုပ်လျှင်၊ ဖတ်ရသူအဖို့ ခက်နေလျှင် ယနေ့ မြန်မာစာတွင် အသုံးတွင်နေနှင့်ပြီးသော အောက်မြစ်/အောက်ကမြစ် (-့) ကို ယူသုံးလိုက်၍ရနိုင်သည်။

ထိုအခါ မြန်မာစကား ပြည့် သည် ထားဝယ်အသံရေးလျှင် __ ပ္လည့် __ဟု ဖြစ်လာပေမည်။ အမြင်လည်း သိပ်မရှုပ်တော့သလို ရှေးမြန်မာကျောက်စာနှင့် ယနေ့ခေတ် မြန်မာစာ ပေါင်းစပ်မှု ဖြစ်လာနိုင်သည်။

မြန်မာစာကို အသုံးပြု၍ ထားဝယ်စကားသံကို ရေးသား ဖော်ပြသည့်အခါတွင် ရှေးဟောင်းမြန်မာကျောက်စာပါ စာလုံးပေါင်းပုံများသာမက ယနေ့ခေ...
04/01/2026

မြန်မာစာကို အသုံးပြု၍ ထားဝယ်စကားသံကို ရေးသား ဖော်ပြသည့်အခါတွင် ရှေးဟောင်းမြန်မာကျောက်စာပါ စာလုံးပေါင်းပုံများသာမက ယနေ့ခေတ် မြန်မာစာ၏ စာလုံးပေါင်းပုံများကိုလည်း ကိုးကားရလေ့ရှိသည်။

အထူးသဖြင့် ထားဝယ်စကားတွင် ကြားရများသော /ဟှ/ အသံကို ဖော်ပြရာတွင် မြန်မာအဘိဓာန်က ညွှန်းသော /ဟှ/ ရေးပုံကို သုံးသည်။

မြန်မာအဘိဓာန်ပါ အသံထွက်နည်းများကို ဖတ်ရှုပြီးသောအခါ ထားဝယ်စကားသံကို ရေးရာတွင် မတြာဝက် အသံများနှင့် အသံပြည့် ထွက်ရသည့် စကားလုံးများ၊ အဓိပ္ပာယ်မပြောင်းသော်လည်း နေရာကိုလိုက်၍ အသံပြောင်းလဲတတ်သည့် စကားသံများကို မည်သို့ ရေးကြမည်နည်း ဆိုသည်ကို အတွေးပွားရသည်။

ကျောက်စာတွေက ဘာပြောလဲ။-------------------------------ဒါကတော့ သံပျင်ရင်ကောင်ဘုရားကျောက်စာပါ။ သက္ကရာဇ် ၅၆၄ လို့ မှတ်တမ်းတင...
27/12/2025

ကျောက်စာတွေက ဘာပြောလဲ။
-------------------------------

ဒါကတော့ သံပျင်ရင်ကောင်ဘုရားကျောက်စာပါ။ သက္ကရာဇ် ၅၆၄ လို့ မှတ်တမ်းတင်ထားပါတယ်။ ပုံမှာပြထားတာတော့ ကျိန်စာ အပိုင်းပါ။

ကျောက်စာတွေကို ပြန်ကူးပြီး ကျောက်စာမှာပါတဲ့ စာလုံးတွေကို ဒီနေ့ခေတ်သုံး စာလုံးတွေနဲ့ ပြန်ရေးထားတဲ့ လက်ရေးမူပါ။ ကျောက်စာထိုးထားတာနဲ့ အနီးစပ်ဆုံးပြန်ရေးထားတဲ့အတွက် ရှေးခေတ်က ရေးသားပုံကို မြင်ရမှာပါ။

ဒီကျောက်စာကနေ ဒီနေ့ခေတ် အရေးအသား ပြောင်းပုံကို ယှဉ်ကြည့်နိုင်ပါတယ်။

ပြောချင်တာကတော့

(၁) ဝစ္စပေါက် အရေး မတွေ့ရပါ။
[ ၈ ပါ ဟူသောအရေးကိုကြည့်ပါ။ ]

(၂) ယပင့် -ျ နှင့် ယရစ် -ြ တို့သုံးထားပါတယ်။
[ပြိတ် နှင့် လျှံ ကိုရှု ]

(၃) နောင်မှာ -ျ နှင့် -ြ ဖြစ်လာမယ့် လဆွဲ အသုံးလည်း သုံးထားပါတယ်။
[မ္လေယ်၊ ဖ္လက်၊ ဖ္လစ်၊ ပ္လစ် ကိုကြည့်ပါ။ မြေ၊ ဖျက်၊ ဖြစ်၊ ပြစ် လို့ဆိုလိုပါတယ်။ ]

(၄) သုံးလုံးဆင့် သဖွယ် ဖြစ်တဲ့ အရေးပါ။
[ ဒီဖောင့်နဲ့ ရေးပြလို့ မရလို့ ပုံမှာ ဝိုင်းပြထားပါတယ်။ ]

ဒီကျောက်စာကနေ ဒီနေ့ ခေတ်ထားဝယ်စကားက အသံတွေနဲ့ တိုက်ကြည့်ရင်

--- ချွတ် နဲ့ ကျွတ် (ပုံမှာ ဝိုင်းပြထား) ဟာ ဒီကနေ့ ထားဝယ်စကားလို အသံထွက် နိုင်သလို အဓိပ္ပာယ်ကလည်း ထားဝယ်တွေ ဆိုလိုတဲ့ အတိုင်း အတိအကျ ဖြစ်ပါတယ်။

--- မ္လေယ် (မြေ) သည်လည်းထားဝယ်စကားအတိုင်းအသံထွက်ရော အဓိပ္ပာယ်ပါ ဆင်တူပါတယ်။

--- ဖ္လစ် နှင့် ပ္လစ် ကို ထားဝယ်စကားအသံထွက်မှာ သုံးနေဆဲ ဖြစ်ပါတယ်။ သို့သော် ကျောက်စာပါ အဓိပ္ပာယ်နဲ့ ကွဲလွဲပါတယ်။ ထားဝယ်များက ဖ္လစ် ကို ဖျစ် သည့် သဘောသုံးကြပြီး ကျောက်စာပါ သဘောမှာက ဖြစ် (ဖြစ်ခြင်း) ကို ညွှန်းထားပါတယ်။ ပ္လစ် ကို ထားဝယ်များက ပျော့ တာကိုဆိုလိုပြီး ကျောက်စာပါ ဆိုလိုချက်ကတော့ ပြစ် (အပြစ်) ဖြစ်ပါတယ်။

*** ဒီနေ့ခေတ် စာလုံးပေါင်း ပုံနဲ့ ကြည့်ရင် ကျောက်စာပါ လဆွဲ အသုံးဟာ ဖ နဲ့တွဲသုံးရာမှာ -ျ ရော -ြ သဘောပါ သုံးထားပါတယ်။ (ဖ္လက် = ဖျက်၊ ဖ္လစ် = ဖြစ်)

*** မ နဲ့ ပ မှာ လဆွဲကို -ြ အဖြစ်သုံးထားပါတယ်။ (မ္လေယ် = မြေ၊ ပ္လစ် = ပြစ်)

မြန်မာစာနဲ့ ထားဝယ်စကားကို ရေးဖို့ စဉ်းစားကြည့်တဲ့အခါ ကျောက်စာအချို့ရဲ့ စာလုံးပေါင်းပုံဟာ စိတ်ဝင်စားဖို့ ကောင်းသလို မှီငြမ်းလို့လည်း အတော် အဆင်ပြေပါတယ်။

ဒါပေမဲ့ ချွတ် နဲ့ ကျွတ် လို စာလုံး သုံးလုံးဆင့် လာတဲ့ အခါမှာ ဖောင့်ပြဿနာ ကြုံရသလို မျဉ်းကြောင်းနဲ့ တန်းရေးရတဲ့ အခါ သုံးလုံးဆင့်ရဲ့ နေရာစားမှုက စကားပြောပါတယ်။

ဒါကြောင့်လည်း သည်လို ချွတ် နဲ့ ကျွတ် လိုစကားလုံးတွေကို ခ္လေါန့် နဲ့ က္လောန့် လို့ တမျိုးရေးကြည့်နေတာပါပဲ။

ကျောက်စာအတိုင်း ရေးလို့လည်း ရပေမဲ့ ဖောင့်ပြဿနာရှိနေတာမို့ ဘယ်လို လုပ်ကြမလဲ ဆိုတာကလည်း တွေးဆစရာကျန်ပါတယ်။

ဧသင်

ထားဝယ်စကားတွင် ဝေါဟာရအချို့သည် မြန်မာ/ဗမာနှင့် ယှဉ်ကြည့်လျှင် ခပ်တိုတိုပင်။ ဝိ = ထွက်ကျသည်။ (ဥပမာ ဆီးဝမ်း မထိန်းနိုင်၍ ထ...
18/12/2025

ထားဝယ်စကားတွင် ဝေါဟာရအချို့သည် မြန်မာ/ဗမာနှင့် ယှဉ်ကြည့်လျှင် ခပ်တိုတိုပင်။

ဝိ = ထွက်ကျသည်။ (ဥပမာ ဆီးဝမ်း မထိန်းနိုင်၍ ထွက်ကျခြင်း)

ရှစ် = ၈၊ ချက်၊ အရှက်၊ ရှက်ကြောက်၊ သရက်

အု = အလွန်အမင်းမောပန်းလွန်း၍လည်းကောင်း၊ အကြောင်းတစုံတရာကြောင့် (စိတ်ခံစားမှု စသည်) တို့ကြောင့် ဆို့နစ် ခြင်းမျိုး

အထက်ပါ စကားလုံး နှစ်ခုမှာ သာဓက မျှသာဖြစ်သည်။ အချို့သော စကားလုံးများမှာ ရောဂါလက္ခဏာ အချို့ကို ခြုံငုံ၍ အသံထွက် ၃ လုံးတည်းနှင့် ပြောသည်။

ဆောန်းဗြင်းသတ် (အနီးစပ်ဆုံးမြန်မာပြန်ရလျှင် ဆောင်းပြင်းသက်) ။

သည်လို စကားသံ စကားလုံး များစွာရှိပါ၏။

အပြောမှ အရေးသို့ အပြောင်းတွင် (၃)---------------------------------------ကွဲပြားနေသော အသံများနှင့် မွေးစားအရေးစနစ်ထားဝယ်စ...
09/12/2025

အပြောမှ အရေးသို့ အပြောင်းတွင် (၃)
---------------------------------------

ကွဲပြားနေသော အသံများနှင့် မွေးစားအရေးစနစ်

ထားဝယ်စကားသည် အခြားသော ဘာသာစကားများစွာကဲ့သို့ပင် နေရာ ဒေသ အချိန်ကာလ အလိုက် ကွာခြားမှု ပြောင်းလဲမှုရှိနေသည်။ ဒေသတခုနှင့်တခု မတူသလို အချိန်ကာလ ရွေ့လျော၍ ပြောင်းလဲ သွားသည်လည်းရှိသည်။ ဤသို့သော အခင်းအကျင်းတွင် ယူသုံးရသော အရေးစနစ်ကလည်း မိမိတို့က စ၍ စိတ်ကြိုက် တီထွင်ထားသည်မဟုတ်ဘဲ ရှိနှင့်ပြီးသား မိမိတို့နှင့် နီးစပ်သည့် စနစ်တခုကို မွေးစားရသော အနေအထားဖြစ်သည်။

ဤသို့သော အခြေအနေတွင် ရေးသူများနှင့် ဖတ်သူများအကြားကြုံရသည်မှာ နားလည်မှု လွဲခြင်း၊ မိမိတို့ အပြောသံနှင့် ရေးထားသည့် အရာ စာလုံးပေါင်းမှာ လွဲနေခြင်း၊ မိမိတို့မသုံးသော အသုံး၊ အသံထွက်ပုံမျိုး ဖြစ်နေခြင်း အစရှိသည့် ပြဿနာများပေါ်လာပေသည်။

အရေးသည် အပြောကို အခြေခံခြင်းကြောင့် မတူသော ဒေသက လူများသည် မတူသော အသံကို သူတို့ နားလည်သလို အာသီသ ရှိသလို ရေးကြပေမည်။ ဤသည်ကား အရေးအသား စံနစ် အတိအကျရှိပြီးသား ဘာသာစကား အရေးတွင်ပင် သဒ္ဒါစည်းများကို ဖောက်၍ (ရေးတော့ အမှန်၊ ဖတ်တော့အသံ) မတူသော စာလုံးပေါင်းပုံဖြင့် အသံထွက် အတိုင်း ရေးသည်လည်းရှိပေသည်။ ထိုသို့ သဒ္ဒါသဘောအရ၊ စာလုံးပေါင်းပုံအရ မမှန်သော်လည်း အသုံးတွင်နေသည်လည်းရှိသည်။

မြန်မာစာအရေးစနစ်ကို သုံး၍ ထားဝယ်သံကို ရေးရာတွင် မတူသော စာလုံးပေါင်းပုံ၊ အသံထွက် ဆိုလိုပုံ၊ အဓိပ္ပာယ်ဖွင့်ပုံ တို့မှာ နေရာ ဒေသ အလိုက် ကွဲပြားနေပေတော့သည်။ ဤသည်က သဘာဝ ကျပါသည်။ သို့ရာတွင် အရေးအသားမှာ အလွန်ကွဲပြားနေလျှင် နားလည်မှုအလွန်လွဲနိုင်သော အနေအထားဖြစ်သည်။ ရေးသူနှင့် ဖတ်သူအကြား နားလည်မှုလွဲပြီဆိုလျှင် ဆက်သွယ်ရေး၏ အခြေခံ သဘောတရားမှာ ပျက်ပြယ်သွား၏။

ဆိုလိုသည်မှာ အရေးအခြေပြုဆက်သွယ်ရေး မအောင်မြင်ခြင်း ဖြစ်သည်။
ထို့ကြောင့် အရေးအသားကို နားလည်မှုမလွဲမှားကြရအောင်၊ သုံးစွဲလွယ်ကူအောင် အရေးအသားစံနှုန်း မျိုးကွဲများစွာ မထားကြဘဲ အရေအတွက် နည်းအောင် လုပ်ထားလေ့ရှိသည်။ ထိုအခါတွင် မည်သည့် အသံထွက်ကို အခြေခံ၍ စံသတ်မှတ်မည်ဟူသော မေးခွန်းရှိလာသည်။ ဤသည်မှာ ခေါင်းခြောက်စရာ သုတေသန မေးခွန်းကြီးလည်းဖြစ်သည်။

အပိုင်း (၁) - https://www.facebook.com/share/p/14Rrgkp6SV2/

အပိုင်း (၂) - https://www.facebook.com/share/p/1GrzqqLwtm/



အပြော မှ အရေးသို့ အပြောင်းတွင် - ၂========================သို့သော် ဤသို့ ရှိရင်းစွဲ အရေးအသားကို အလွယ်ယူသုံးရုံ၊ နည်းနည်း...
05/12/2025

အပြော မှ အရေးသို့ အပြောင်းတွင် - ၂
========================

သို့သော် ဤသို့ ရှိရင်းစွဲ အရေးအသားကို အလွယ်ယူသုံးရုံ၊ နည်းနည်းမွမ်းမံလိုက်ရုံ နှင့် ကိုယ့်အရေးအသား ဖြစ်သွားပြီဟု ဆိုရန်ခက်သည်။ အကြောင်းမှာ ထိုအရေးအသားစနစ်က မိမိတို့၏ အပြောစကားသံများကို လိုရင်းရောက်အောင် ခပ်ရှင်းရှင်း ဖော်ပြနိုင်အောင် ပြည့်စုံနေသည်လား ဟူသော အမေးရှိလာခြင်းကြောင့်ဖြစ်သည်။

ရိုးရိုးတွေးကြည့်လျှင်ပင် မိမိတို့၏ အသံနှင့် ယူသုံးရသော အရေးစနစ်ပါ သဒ္ဒါစည်းကမ်း၊ စာလုံးပေါင်း အသံထွက်စနစ်များမှာ အလုံးစံ အံကိုက်မကျနိုင်။ သို့သော်လည်း နီးစပ်သဖြင့် ပြင်သုံး၍ ရသော အနေအထားမျိုးဖြစ်သည်။ မိမိတို့နှင့်ကိုက်အောင် ပြင်ယူခြင်း၊ အများလက်ခံ၍ အသုံးတွင်ကျယ်လာခြင်း၊ ရေးထုံးစံနှုန်းတခု သတ်မှတ်လာနိုင်ခြင်း အစရှိသည့် အဆင့်များကို ဖြတ်ကျော်ပြီးမှသာလျှင် မိမိတို့၏ ကိုယ်ပိုင်အရေးသားစနစ်ဟု ဆိုနိုင်မည် ဖြစ်သည်။

မြန်မာစာ အရေးအသားစနစ်ကို သုံး၍ ထားဝယ်အသံများကို ရေးကြည့်ရန် ကြိုးစားကြည့်ရာတွင် အောက်ပါအချက်များကို ထည့်စဉ်းစားသည်။

• ထားဝယ်နှင့် မြန်မာစကားသည် သဒ္ဒါဖွဲ့စည်းပုံအရ အပြောသံတွင် ကျောရိုးဆင်လှသည်။

• စကားသံ များသည် အများအားဖြင့် လွန်စွာမကွာလှသလို ထပ်တူကျသော စကားလုံး များစွာလည်း ရှိသည်။

• ရှေးမြန်မာကျောက်စာအချို့ပါ စာလုံးပေါင်းပုံသည် ယနေ့ ထားဝယ်သူ/သားများ ပြောဆို သုံးစွဲ နေဆဲ အသံများကို ဖော်ပြနိုင်သည်ဟု ပညာရှင်အချို့က ယူဆသလို ယူသုံး၍လည်း ရနိုင်သည်။

• ရှေးကျောက်စာပါ စာလုံးပေါင်းအချို့၏ အသံထွက် နှင့် အဓိပ္ပာယ်မှာ ယနေ့ ထားဝယ်တွင် ပြောဆို သုံးနှုန်းနေသည့် စကားအချို့နှင့် အသံရော အဓိပ္ပာယ်ပါ ထပ်တူကျဆဲဖြစ်သည်။

• ထားဝယ်အများစုသည် မြန်မာစာ/စကားနှင့် မစိမ်းသလို မြန်မာစာကို ကျောင်းတွင် သင်ကြား တတ်မြောက်ထားကြသည်။

• ထားဝယ်အများစုအတွက် မြန်မာစကား (ဗမာစကား) သည် မိခင်ဘာသာစကားမဟုတ် သော်လည်း မြန်မာစာသည် နေ့စဉ်သုံး အရေးအသားဖြစ်နေသည်။

• ယဉ်ကျေးမှု ထုံးတမ်း ဓလေ့များသည်လည်း အလွန်မခြားနားလှသလို အပြန်အလှန် နားလည် ခံစား နိုင်သည့် အခြေအနေမျိုးဖြစ်သည်။

ဆက်ရန် -

အပိုင်း (၁) - https://www.facebook.com/share/p/14Rrgkp6SV2/



အပြော မှ အရေးသို့ အပြောင်းတွင် ====================နှုတ်တရာ စာတလုံး ဟူသော ဆိုရိုးရှိသည်။ အပြောနှင့် အရေး၏ အရေးကြီးသော ကွ...
03/12/2025

အပြော မှ အရေးသို့ အပြောင်းတွင်
====================
နှုတ်တရာ စာတလုံး ဟူသော ဆိုရိုးရှိသည်။ အပြောနှင့် အရေး၏ အရေးကြီးသော ကွာခြားချက်ကို ထောက်ပြ၏။ အရေးသည် ကျစ်လစ်စွာနှင့် အဓိပ္ပာယ်များကို ဖော်ပြနိုင်ခြင်းပင်ဖြစ်သည်။

* အရေးအသားစံဟူ၍ မရှိ၊ သီးခြားအက္ခရာများမရှိသေးသော ဘာသာစကားတခုကို အရေးသို့ ပြောင်းမည်ဟု ဆိုသော အခါ စဉ်းစားတွေးဆစရာများရှိလာသည်။

စကားသံများကို မည်သို့ဖော်ပြမည်နည်း ဆိုသည် မေးခွန်းသည် အက္ခရာဖြစ်လာသည်။ ထိုမေးခွန်းနှင့် ဆက်စပ်သော မေးခွန်းများလည်းပေါ်လာသည်။ အများလက်ခံ၍ တွင်ကျယ်စွာသုံးသော အရေးအသား ဖြစ်လာရန်ကား အားထုတ်မှုများစွာနှင့် အချိန်ကာလတခု လိုအပ်နေသေး၏။

ထားဝယ်အသံကို အရေးသို့ပြောင်းမည်ဟု တွေးသောအခါ မည်သို့ ဖော်ပြမည်နည်း ဆိုသည်နှင့် ပတ်သက်၍ အောက်ပါတွေးဆချက် အချို့ထွက်လာသည်။

အသံကို ဖော်ပြရန် ကြားခံ အက္ခရာ/ ရုပ်ပုံ/ သင်္ကေတ အရေးအသားစနစ်တခု အကြမ်းအားဖြင့် လိုသည်။ ရေးသူနှင့် ဖတ်သူကလည်း အကြမ်းဖျင်းအားဖြင့်နားလည်ပါမှ စမ်းသပ် ရေးသားခြင်း၊ အရေးစနစ်တခု စတင်ကြည့်ခြင်းက အသက်ဝင်မည်ဖြစ်သည်။

မိမိတို့ စကားတူသုံးသည့် လူများနှင့် မျက်မှန်းတမ်းမိနေသော၊ ရင်းနှီးသော (အလွန်မစိမ်းလှသော) အက္ခရာ/ ရုပ်ပုံ/ သင်္ကေတ တခုခုကို စဉ်းစားကြည့်သည်။ တကယ်တမ်းတော့ နေ့စဉ်သုံး အပြော စကားကို အများအားဖြင့် မရေးကြသော်လည်း နေ့စဉ်သုံးမဟုတ် မိခင်ဘာသာ စကားမဟုတ်သည်ကိုတော့ အများက ရေးနေကြသည်သာ။ ဆိုတော့ သူတို့နှင့် အသားကျပြီးသား အရေးအသားစနစ်ကို သုံးလျှင်တော့ အဆင်ပြေနိုင်သည်ဟု ကြံဆမိသည်။

နောက်တခုမှာ ရှိနှင့်ပြီးသော အရေးစနစ်တခုနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အပြောအဆိုအရ နီးစပ်မှု ပတ်သက်ဆက်နွယ်မှုကိုလည်း စေ့ငု ကြည့်ရခြင်းဖြစ်သည်။ မတူညီသော အရာများရှိသလို တူညီသော အရာများလည်း ရှိမည်သာ။

သို့သော် အသုံးပြုလိုသည့် အရေးသားစနစ်က သယ်ပိုးထားသော အရာများနှင့် မိမိတို့ အလှမ်းကွာလွန်းနေပါကလည်း ထိုစနစ်ကို သုံးရန် အခက်များတွေ့နိုင်ပေမည်။ ထို့ကြောင့် မိမိတို့ လူများနှင့် နီးစပ်သည့် အရာကိုလည်း အသေအချာ တွေးရပါသည်။

ဆက်ရန် -



ထဝယ် ၊ တနင်သာရိ==============ရှေးမြန်မာကျောက်စာတွင် ထားဝယ်၊ တနင်္သာရီ စသော အရပ်များကို မှတ်တမ်းပြုထားခဲ့သည်။ ထားဝယ်ကို ထ...
01/12/2025

ထဝယ် ၊ တနင်သာရိ
==============

ရှေးမြန်မာကျောက်စာတွင် ထားဝယ်၊ တနင်္သာရီ စသော အရပ်များကို မှတ်တမ်းပြုထားခဲ့သည်။
ထားဝယ်ကို ထဝယ်၊ တနင်္သာရီ ကို တနင်သာရိ ဟု ရေးထိုးထားခဲ့သည်။

ထိုမှတ်တမ်းမှာ သက္ကရာဇ် ၅၆၀ ခု၊ ဓမ္မရာဇိက ဘုရားကျောက်စာ ဖြစ်သည်။

စဉ်းစားစရာ အချက်မှာ ထိုမှတ်တမ်းပါ ထဝယ် သည် ယနေ့ ထားဝယ် အရပ်ကို ဆိုလို သလား ။ သို့တည်း မဟုတ် အခြားအရပ်လားဟူ၍ပင်။

တဖက်တွင်လည်း ဥဩအော်သည် ထားဝယ်တည်ဟု သက္ကရာဇ် စာချိုး (၁၁၁၆ ) ရှိသဖြင့် လည်း တွေးဆ စရာများ ဖြစ်ရပြန်ပါ၏။


ပိနှဲ ပန် (ပိန္နဲ ပင်)===========ထားဝယ်တွင် ပိန္နဲသီးကို ပိနှဲ သီး၊ နှဲသီး ဟုခေါ်ကြသည်။ အသီး၏ အမာအပျော့ပေါ်မူတည်၍လည်း သီ...
29/11/2025

ပိနှဲ ပန် (ပိန္နဲ ပင်)
===========

ထားဝယ်တွင် ပိန္နဲသီးကို ပိနှဲ သီး၊ နှဲသီး ဟုခေါ်ကြသည်။ အသီး၏ အမာအပျော့ပေါ်မူတည်၍လည်း သီးခြား မျိုးခွဲ နာမည် ပေးထားလေ့ရှိသည်။ ဥပမာ _ လားသီး၊ ဒွယ်သီး။

သက္ကရာဇ် ၄၂၉ ခုနှစ်၊ မနူဟာ ဘုရားကျောက်စာ အလှူမှတ်တမ်းတွင် သစ်ပင်များစိုက်လှူသည့် စာရင်းပါ၏။ ထိုစာရင်းတွင် ပိန္နဲ ပင် ကို ပိနှဲ ပန် ဟု ရေးထားသည်ကို တွေ့ ရသည်။

ထိုကျောက်စာ အရေးကို ကြည့်ခြင်းဖြင့် ယနေ့ ထားဝယ်၌ သုံးဆဲ ဖြစ်သည့် ပိနှဲ (ပိန္နဲ) နှင့် ပန် (ပင်) တို့ကို တွေ့လိုက်ရသည်။ ထားဝယ်စကားကို ထိုသို့ ရေး၍ ရနိုင်မည်ဟု ယူဆပါသည်။

ရိခါ (ရိက္ခာ) ==========သက္ကရာဇ် ၅၃၂ ခု၊ ဖုန်းမြတ်သားပြည့်စုံ ကျောက်စာ၊ ကြောင်းရေ ၁၆ တွင် ရိခါ ဟု ရေးထိုးထားသည်ကို ဖတ်ရသ...
27/11/2025

ရိခါ (ရိက္ခာ)
==========

သက္ကရာဇ် ၅၃၂ ခု၊ ဖုန်းမြတ်သားပြည့်စုံ ကျောက်စာ၊ ကြောင်းရေ ၁၆ တွင် ရိခါ ဟု ရေးထိုးထားသည်ကို ဖတ်ရသည်။ အလှူစာရင်းတွင် ဖော်ပြသော ရိက္ခာ များအကြောင်း ရေးထားခြင်းပင်။

ထားဝယ်စကားတွင် ရိက္ခာကို ရိခါ ဟုပင် တွင်ကျယ်စွာ သုံးဆဲ ဖြစ်သောကြောင့် စာဖြင့် ရေးလျှင်လည်း ရိက္ခာ ကို ရိခါ ဟု ကျောက်စာပါ အတိုင်းပင် ရေးနိုင်မည် ဟု ယူဆပါသည်။

မြစ်ထဲမှာ...။ (၉)မြစ်ထဲမှာ ကျနော်တို့ ထပ်စုန်ဆင်းတယ်။ အစုန်ဆိုတော့ လှေခုတ်သံဟာ ခပ်ငြိမ့်ငြိမ့်ပဲ။ ဒါပေမဲ့ ရေတက်ချိန်နဲ့က...
25/11/2025

မြစ်ထဲမှာ...။ (၉)

မြစ်ထဲမှာ ကျနော်တို့ ထပ်စုန်ဆင်းတယ်။ အစုန်ဆိုတော့ လှေခုတ်သံဟာ ခပ်ငြိမ့်ငြိမ့်ပဲ။ ဒါပေမဲ့ ရေတက်ချိန်နဲ့ကပ်လာတော့ ရေအီလာသလိုလိုပါပဲ။ ရေပြင်ကျယ်လှတော့ ရေငြိမ်တာလည်း ဖြစ်နိုင်တယ်။ မြစ်ကြီးတခုရဲ့ နှလုံးခုန်သံလား၊ အသက်ရှုသံလား သဲသဲကွဲကွဲ မသိဘူး။ ကျနော်ဟာ မြစ်ကြီးနဲ့ သိပ်မရင်းနှီးဘူးကိုး။

နေမြင့်လာလေတော့ ကောင်းကင်ဟာ ပြာကြည်လို့ ။ စိတ်ချမ်းသာစရာပဲ။ ကျနော်တို့ စ စုန်ဆင်းခဲ့တဲ့ ဆိပ်ကမ်း၊ တထောက်နားခဲ့တဲ့ ဆိပ်ကမ်း၊ လမ်းမှာ မြင်ခဲ့ရ တွေ့ကြုံခဲ့ရတာတွေက မှတ်စရာ တထွေးကြီးပါ။ တချို့ဟာတွေကျတော့ ကျနော်တို့သိပြီးသား ရောက်ခဲ့ဖူးပြီးသားနေရာတွေ ဖြစ်ပေမဲ့ မြစ်ထဲက လှေပေါ် ခရီးသွားရင်း မြင်လိုက်ရတာက အမြင်သစ် ရှုထောင့်သစ်ကို ရစေတယ်။ ဪ ဒီနေရာပါလား။ မြစ်ထဲကကြည့်တော့ လှသားဟ။ အဲသလိုမျိုးပေါ့။ ကုန်းကြောင်းနဲ့ ရေကြောင်း ခရီးတွင်ပုံခြင်း တွေ့မြင်ခံစားရပုံခြင်း မတူဘူးမဟုတ်လား။

တနေရာမှာတော့ လူတွေက လှေတွေ ဝါးလုံးတွေ နဲ့ ဝါးဖောင်တွေနဲ့ အလုပ်ရှုပ်လို့။ သူတို့ တခုခုကို ဆောက်နေကြတာ။ အဝေးက ကြည့်တော့ အဲဒါလေးတွေက ပိစိကလေးတွေရယ်။ ဝါးတံတားကလေး မြစ်ကူးတံတားကလေးလိုလို ခပ်ရေးရေး မြင်ရပေါ့။ နီးလာတော့မှ သူတို့တွေ ဆောက်နေတာ အတော်လေး မြင့်တာကို တွေ့ရတယ်။ မြစ်ထဲမှာ ပိုက်ချပြီး အလိုရှိရာဖမ်းဖို့ ရေစိုက်စင်တွေပေါ့။ ရေအတက်အကျအလိုက် ပိုက်ချမယ် ရုပ်မယ် ဖမ်းလို့ရတာတွေ ဖြုတ်မယ် သယ်မယ်၊ ခဏနားမယ်၊ ညအိပ်စောင့်မယ် စတဲ့ လိုအပ်တဲ့ လုပ်ငန်းသုံး အဆောက်အအုံပေါ့။ ဒါကြီးကို အစအဆုံး ဘယ်လို ဆောက်ကြပါလိမ့်လို့ စောင့်ကြည့်ချင်ပေမဲ့ ကိုယ်တွေအတွက်က အချိန်မရ။ လှေနဲ့ ခဏ ဖြတ်တုန်းလေး ကြုံကြိုက်လို့ ကြုံရတာရယ်။

ဝါးခုတ်သမား ဖောင်စီးသမားတွေ လှေသမားတွေ တံငါတွေ လှေထွင်းလှေဆောက်သူတွေ ရေထွက် လက်လီလက်ကား ဒိုင်တွေ အလုပ်သမားတွေ ပို့ဆောင်ရေးယာဉ်တွေ၊ ခေါင်းရွက် ဗြက်ထိုး ရောင်းချသူတွေ၊ စားသုံးသူတွေ …။ ကွင်းဆက်ကြီးတွေထဲက အစိတ်အပိုင်းအချို့ကို ကျနော်တို့ မျက်ဝါးထင်ထင်မြင်ရတယ်။ ကျနော်တို့ ငါးပိ ငါးခြောက် ဘယ်ကလာသလဲ။ ရွာထဲက ကုန်စုံဆိုင်ကလေးက လာတယ်ရယ်လို့ပဲ သိလို့ မတော်ဘူးကိုး။ မြစ်ထဲဆင်းတာ သင်ခန်းစာကြီး တခုကို ပျော်ပျော်ရွှင်ရွှင် သင်ရသလိုပါပဲ။ စာအုပ်ထဲသာ အဲလိုဟာတွေ ဖတ်ရ သင်ရရင် ပျင်းဖို့ ကောင်းမယ်။ စာလုံးတွေကြားမှာ အနက်အဓိပ္ပာယ်တွေ ကျပျောက်ကုန်နိုင်တယ်။ အခုတော့ ဆက်စပ်တွေ၊ သိမြင် ခံစား၊ ထိတွေ့ သုံးသပ်ရင်းကနေ သင်ယူရတာ မကုန်မခမ်းပါလားလို့ ခံစားမိရဲ့။

ဧသင်

မျစ်ပေါက်ထူ========မမမဇ္ဇူ မျစ်ပေါက်ထူခုခါခုခါ ခမ်းဒေါင်းစူမျစ်စောန်း ရှဲရှယ်ဝယ်ဟှားငယ်မျစ်စိအောန်းမယ်ဒိထားကွယ်…။ ---- -...
23/11/2025

မျစ်ပေါက်ထူ
========
မမမဇ္ဇူ မျစ်ပေါက်ထူ
ခုခါခုခါ ခမ်းဒေါင်းစူ
မျစ်စောန်း ရှဲရှယ်
ဝယ်ဟှားငယ်
မျစ်စိအောန်းမယ်
ဒိထားကွယ်…။
---- ---

ဧသင် (ခေတ္တ ဟွေး)


Address

Dawe

Website

Alerts

Be the first to know and let us send you an email when A.then posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share