T r. A m e l i e

T r. A m e l i e General English 4 skills and Starters, Movers, Flyers, KET, PET exam preparation Center
(Onsite and Online Classes are available.)

18/08/2026

🎤 Speaking Project: City vs. Countryside 🏙️🌿

One of our students compare city and countryside life and share their opinions in English! 💬✨

Learn. Speak. Grow. 🌱


17/08/2026

“စာသင်ရတာ ဘာလို့ကြိုက်တာလဲ?”

သူတို့လေးတွေကြောင့်ပါ။

A, B, C, D ကနေ စခဲ့တဲ့ ကလေးလေးတွေ တစ်နေ့ပြီးတစ်နေ့ တဖြည်းဖြည်း တိုးတက်လာတာကို မြင်ရတာ…

အတန်းထဲမှာ သင်လိုက်၊ ဖတ်လိုက်ရတဲ့အကြောင်းအရာလေး တွေကို တစ်နေ့မှာ သူတို့ကိုယ်တိုင် ပြန်ပြောလာနိုင်၊ ပြန်ရေးလာနိုင်တာ…

အဲဒီအချိန်လေးတွေက Teacher တစ်ယောက်အတွက် အကြီးမားဆုံးဆုလာဘ်ပါပဲ။

ကလေးတစ်ယောက်ရဲ့ တိုးတက်မှုဟာ
Teacher တစ်ယောက်ရဲ့ အပျော်ဆုံးအောင်မြင်မှုပါပဲ... 🍀💛

07/08/2026

📖 ၂ မျက်နှာလောက်ပါတဲ့ Long Reading တွေကို ဘယ်လိုဖတ်တတ်အောင် သင်ကြမလဲ?

TAEC မှာတော့ စာရှည်ကြီးတွေကို တစ်ခါတည်း ဖတ်ပြီး အဖြေရှာခိုင်းတာမျိုး မဟုတ်ပါဘူး။

✨ Warm-up နဲ့ စိတ်ဝင်စားမှုဖန်တီးခြင်း
✨ Skimming နဲ့ စာရဲ့ Main Idea ကို အရင်ဖမ်းယူခြင်း
✨ Scanning နဲ့ လိုအပ်တဲ့ Specific Information တွေကို မြန်မြန်ဆန်ဆန် ရှာဖွေတတ်အောင် လေ့ကျင့်ခြင်း
✨ Jigsaw Reading နဲ့ အပိုင်းလိုက်ဖတ်၊ အဖွဲ့လိုက်မျှဝေပြီး အတူတကွ နားလည်အောင် လေ့လာခြင်း
✨ CCQs & ICQs နဲ့ နားလည်မှုကို စစ်ဆေးခြင်း
✨ Pair Work & Group Discussion နဲ့ ကိုယ်ပိုင်အမြင်တွေ မျှဝေခြင်း
✨ Controlled Practice → Freer Practice အထိ အဆင့်ဆင့် လေ့ကျင့်ပေးခြင်း

💡 စာဖတ်တာကို သင်ပေးတာထက် "ဘယ်လိုဖတ်ရမလဲ" ဆိုတဲ့ နည်းလမ်းကို သင်ပေးတာက ပိုအရေးကြီးပါတယ်။

TAEC မှာ​တော့ စာဖတ်ခိုင်းရုံမဟုတ်ဘူး၊ ဖတ်တတ်အောင် သင်ပေး​နေတာပါ.. ☘️💛

☘️💛
28/07/2026

☘️💛

16/07/2026

ပထမဆုံး သူတို့ရဲ့ Speaking Video Project ​လေး...
ကြိုးကြိုးစားစား​လေး ​​ပြောပြ​နေတဲ့ ...
Starters 1 အတန်းက Kevin ပါ ..☘️💛


13/07/2026

"PET ပြီးထားတာနဲ့ PET Level ရှိနေပြီလို့ သေချာပေါက် ပြောလို့ရမလား?"

အဖြေကတော့ "အမြဲတမ်းတော့ မပြောနိုင်ပါဘူး။"

TAEC မှာ ကျောင်းသားအသစ်တိုင်းကို Level Test စစ်ဆေးပေးပါတယ်။

တချို့ကျောင်းသားတွေက Flyers ပြီးထားတယ်၊ KET တက်ထားတယ်၊ PET သင်ထားတယ် လို့ ပြောကြပါတယ်။

ဒါပေမယ့် Test Result ကို သေချာသုံးသပ်ကြည့်လိုက်တဲ့အခါ လက်ရှိအင်္ဂလိပ်စာစွမ်းရည်က အောက်တစ်ဆင့်မှာ ရှိနေတတ်တာမျိုး ကို တွေ့ရတတ်ပါတယ်။

ဒါက ကျောင်းသားမကြိုးစားလို့ မဟုတ်သလို၊ ဘယ်သင်တန်းက ပိုကောင်းတယ်၊ မကောင်းဘူးလို့လည်း မဆိုလိုပါဘူး။

သင်တန်းတစ်ခုနဲ့တစ်ခုမှာ Learning Hours၊ သင်ရိုးအစီအစဉ်နဲ့ သင်ကြားပုံစနစ် မတူညီကြတဲ့အတွက် Class Name နဲ့ အမှန်တကယ် တတ်မြောက်ထားတဲ့ Level ဟာ အမြဲတမ်း တူညီနေမယ်လို့ မပြောနိုင်ပါဘူး။

တစ်ခုတော့ ခြွင်းချက်ရှိပါတယ်။

အကယ်၍ Cambridge English Official Exam (ဥပမာ Flyers, KET, PET) ကို ဝင်ရောက်ဖြေဆိုပြီး Grade A နဲ့ အောင်မြင်ထားသူဖြစ်ပါက၊ အဲဒီရလဒ်ဟာ ကျောင်းသားရဲ့ စွမ်းရည်ကို ယုံကြည်စိတ်ချရတဲ့ အတိုင်းအတာတစ်ခုအထိ ဖော်ပြပေးနိုင်ပါတယ်။

ဒါပေမယ့် Cambridge Official Exam မဖြေထားဘဲ သင်တန်းတက်ပြီးစီးထားခြင်းသာ ဖြစ်ပါက ကျောင်းသားရဲ့ လက်ရှိအင်္ဂလိပ်စာစွမ်းရည် ကို သိနိုင်ဖို့ Level Test ကို ပြန်လည်စစ်ဆေးပေးရပါတယ်။

ဘာကြောင့်လဲဆိုတော့...

အင်္ဂလိပ်စာဆိုတာ Listening, Speaking, Reading, Writing ဆိုတဲ့ Skill (၄) မျိုးလုံး ကို ညီညီမျှမျှ ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။

တချို့ကျောင်းသားတွေက Speaking ကောင်းပေမယ့် Reading နဲ့ Writing ကို ထပ်ပြီး အားဖြည့်ဖို့ လိုနေတတ်သလို၊ တချို့က Grammar ကောင်းပေမယ့် Speaking နဲ့ Listening ပိုင်းကို ပိုလေ့ကျင့်ဖို့ လိုနေတတ်ပါတယ်။

ဒါကြောင့် TAEC မှာတော့ "ဘယ်အတန်းပြီးထားလဲ" ဆိုတာထက် "အခု လက်ရှိ ဘာတွေတကယ်လုပ်နိုင်လဲ" ဆိုတာကို ပိုအလေးထားပါတယ်။

Level Test ဆိုတာ အဆင့်သတ်မှတ်ဖို့သက်သက် မဟုတ်ပါဘူး။

ကျောင်းသားတိုင်းကို သူနဲ့အသင့်တော်ဆုံး Level ကနေ စတင်ခွင့်ပေးပြီး အခြေခံခိုင်မာစွာနဲ့ ရေရှည်တိုးတက်လာစေဖို့အတွက် ဖြစ်ပါတယ်။

🌱 Class Name ထက် Real Ability က ပိုအရေးကြီးပါတယ်။

🌟 တကယ်တတ်မြောက်ခြင်းက Level မြင့်တဲ့အတန်းတက်ခြင်းထက် ပိုတန်ဖိုးရှိပါတယ်။ ☘️💛

12/07/2026

🌟 အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ အခုကစလိုက်ပါ! 🌟

English ကို အခြေခံကနေ စနစ်တကျ သင်ယူချင်သူများ၊ အလုပ်အကိုင်၊ ပညာရေးနဲ့ နေ့စဉ်ဘဝအတွက် English 4 Skills ကို တစ်ပြိုင်နက်တည်း တိုးတက်ချင်သူများအတွက် A1 Elementary English 4 Skills Online Class ကို ဖွင့်လှစ်​ပေးထားပါတယ်။

📚 Listening • Speaking • Reading • Writing
💻 Online Class
🗓 တနင်္လာ • အင်္ဂါ • ဗုဒ္ဓဟူး
🕡 ညနေ ၆:၃၀ – ၈:၀၀
⏳ သင်တန်းကာလ – ၆ လ
🚀 စတင်မည့်ရက် – ဇူလိုင်လ ၂၀ ရက်

✨ အသက် (၁၃) နှစ်နှင့်အထက် ဆယ်ကျော်သက်များ၊ Grade 12 အောင်ပြီးသူများ၊ လူငယ်များနှင့် အရွယ်ရောက်ပြီးသူများ တက်ရောက်နိုင်ပါသည်။

📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်မေးမြန်းလိုပါက Messenger (သို့) 09887285129 ဖုန်းမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

07/07/2026

Grade 5 Listening test 🍀💛

Address

No 5 Than Ta Dar Ward, Parami Street, Side Trial Of Railway Line
Daik-U

Telephone

+959887285129

Website

Alerts

Be the first to know and let us send you an email when T r. A m e l i e posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to T r. A m e l i e:

Shortcuts

Share

Category