Spectrum Garden Educational Charity

Spectrum Garden Educational Charity Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spectrum Garden Educational Charity, Dagon.

Our Purpose is to give voluntary education support for students who are willing to work hard and willing to pass the Myanmar matriculation exam, can't afford to pay the charges for education.

Spectrum Garden ပညာဒါန သို့ ဆရာဦးစိုးမိုးအောင်မှ လှူဒါန်းခဲ့သော ဇီဝဗေဒ စာအုပ် ၁၅အုပ် အား လက်ခံရရှိပါကြောင်းနှင့် ကျေးဇူ...
21/08/2020

Spectrum Garden ပညာဒါန သို့
ဆရာဦးစိုးမိုးအောင်မှ လှူဒါန်းခဲ့သော
ဇီဝဗေဒ စာအုပ် ၁၅အုပ် အား
လက်ခံရရှိပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Spectrum Garden ပညာဒါန ၏၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း။ဝင်ရောက်ဖြေဆိုသူ - ၈ ...
10/08/2020

Spectrum Garden ပညာဒါန ၏
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်
တက္ကသိုလ်ဝင်တန်း
အောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း။

ဝင်ရောက်ဖြေဆိုသူ - ၈ ဦး
အောင်မြင်သူ - ၃ ဦး

ဂုဏ်ထူးရရှိသူ - ၁ ဦး။

အောင်ချက် - ၃၇.၅ %

Nyan Zin Tun Maung Maung Hlaing Pyi Theim Kyaw

ာဒါန

08/08/2020

Spectrum Garden ပညာဒါနအား
၈ ရက် ၊သြဂုတ်လ၊၂၀၂၀ ခုနှစ်တွင်
စတင်ဖွင့်လှစ်

Spectrum Garden Educational Charity ၂၀၂၀ ပညာသင်နှစ် သင်တန်းသားများ လက်ခံနိုင်ရေး လူတွေ့စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်...
02/08/2020

Spectrum Garden Educational Charity
၂၀၂၀ ပညာသင်နှစ် သင်တန်းသားများ လက်ခံနိုင်ရေး
လူတွေ့စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

2020ခုနှစ် သင်တန်းသားလက်ခံနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးဩဂုတ် ၁၊ ရန်ကုန်Spectrum Garden ပညာဒါနသင်တန်းကျောင်း သင်တန်းသာ...
01/08/2020

2020ခုနှစ် သင်တန်းသားလက်ခံနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး
ဩဂုတ် ၁၊ ရန်ကုန်

Spectrum Garden ပညာဒါနသင်တန်းကျောင်း
သင်တန်းသား လက်ခံနိုင်ရန် လူတွေ့ စစ်ဆေးအကဲဖြတ်ခြင်း၊
သင်တန်းစည်းကမ်းချက်များ၊ သတ်မှတ် အရည်အချင်းများနှင့်
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များအကြောင်းကို
SGEC တည်ထောင်သူများ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ
ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သင်တန်းသား လူတွေ့စစ်ဆေးခြင်းကို
မနက်ဖြန် မနက်ပိုင်းနှင့် နေ့လည်ပိုင်းနှစ်ပိုင်းခွဲကာပြုလုပ်သွားမည်။

ဆက်သွယ်ရန်။ 09773422291, 09761870625

Spectrum Garden ပညာဒါန ၏ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် ပြန်လည်စတင်နိုင်ရေး စုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးနေ့ရက် - ၁...
14/06/2020

Spectrum Garden ပညာဒါန ၏ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် ပြန်လည်စတင်နိုင်ရေး စုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီး

နေ့ရက် - ၁၄ ရက်၊ ဇွန်လ ၊ ၂၀၂၀ ခုနှစ်။

Spectrum Garden ပညာဒါန ၏
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်
ပြန်လည်စတင်နိုင်ရေး စုံညီအစည်းအဝေး အား ယနေ့ ၁၄ ရက်၊ဇွန်လ၊ ၂၀၂၀ ခုနှစ်တွင်
SGEC စာသင်ခန်းမ တွင် ကျင်းပခဲ့သည်။
ယနေ့တက်ရောက်ပေးပါသော နာယက ဦးမောင်မောင်လှိုင်၊ဦးဌေးအောင်နှင့် တကွ
ဆရာ၊ဆရာမ များ၊ Volunteer များအားလုံးကို
အထူးကျေးဇူးတင်ရှိပါသည်။

ထို့အပြင်
ယနေ့အစည်းအဝေးတွင် တက်ရောက်လာသော
ဆရာ၊ဆရာမများ၊နာယကများနှင့် အလှူရှင်များအား #ချမ်းသာမုန့်တိုက် မှ
ကော်ဖီ ၊ မုန့်များ ဖြင့် တာဝန်ယူ
ကျွေးမွေးဧည့်ခံပေးခဲ့သည့်အတွက်
အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

2020-21 ပညာသင်နှစ်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဖိတ်ကြားခြင်းSpectrum Garden ပညာဒါနသင်တန်းကျောင်း ၂၀၂၀−၂၁ ...
12/06/2020

2020-21 ပညာသင်နှစ်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဖိတ်ကြားခြင်း

Spectrum Garden ပညာဒါနသင်တန်းကျောင်း ၂၀၂၀−၂၁ ပညာဒါနသင်တန်းပြန်လည်ဖွင့်လှစ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုဆွေးနွေးခြင်းနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများတွေ့ဆုံပွဲကို အောက်ပါအစီအစဉ်များအတိုင်း ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် SGEC ၏တည်ထောင်သူနှင့် နာယကများ၊ ယခင်နှစ်များတွင်ပါဝင်သင်ကြားပေးခဲ့သော စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများ၊ ယခုနှစ်တွင် စေတနာ့ဝန်ထမ်းပြုလုပ်ရန် ဆန္ဒရှိသည့် ဆရာ၊ ဆရာမများ၊ စိတ်ပါဝင်စားများအားလုံးကို လေးစားစွာဖိတ်ကြားအပ်ပါသည်။

အချိန် − နေ့လည် ၁၁ နာရီ
နေ့ရက် − ၂၀၂၀ခုနှစ်၊ ဇွန်လ ၁၄ ရက် (တနင်္ဂနွေနေ့)
နေရာ − သင်တန်းခန်းမ၊ ဗိုလ်မင်းရောင်အိမ်ရာ၊ ၄၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ကျန်းမာရေးအတွက် Mask များတပ်ဆင်လာပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

SGEC သင်တန်းခန်းမသစ်အားမွမ်းမံခြင်းယခုလက်ရှိ ဖြစ်ပွားနေသော လတ်‌တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကြောင့် soc...
10/06/2020

SGEC သင်တန်းခန်းမသစ်အားမွမ်းမံခြင်း

ယခုလက်ရှိ ဖြစ်ပွားနေသော လတ်‌တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကြောင့် social distancing ပြုလုပ်နိုင်ရန် ယခင်ထက်ပိုမိုကျယ်ဝန်းသောသင်တန်းခန်းမအသစ်အား မွမ်းမံပြင်ဆင်လျက်ရှိသည်။ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ သင်တန်းသားထိုင်ခုံ အကွာအဝေးများ၊ လက်ဆေးစင်နှင့် mask များပြင်ဆင်ထားရှိရေးများလည်း ဆောင်ရွက်လျက်ရှိပြီး စာသင်ခန်းတစ်ခန်း၏လိုအပ်ျက်များကိုလည်း ဖြည့်သွင်းဆောင်ရွက်လျက်ရှိသည်။

သင်တန်းသားလက်ခံမည့် ရက်စွဲများကို မကြာမီ ကြေငြာသွားပါမည်။

#သတင်းစဉ်

Spectrum Garden ပညာဒါန ပြန်လည်ဖွင့်လှစ်နိုင်ရန် စာသင်ခန်းမ အားပြန်လည်ပြုပြင် ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်နေပါပြီ။သင်တန...
10/06/2020

Spectrum Garden ပညာဒါန
ပြန်လည်ဖွင့်လှစ်နိုင်ရန် စာသင်ခန်းမ အားပြန်လည်
ပြုပြင် ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်နေပါပြီ။

သင်တန်းအပ်နှံလိုသူများအနေဖြင့်

ဗိုလ်မင်းရောင်အိမ်ရာကြီးကြပ်ကွပ်ကဲရေးမှူးရုံးတွင်
လာရောက်စုံစမ်းနိုင်ပါပြီ

#2020

Spectrum Garden ပညာဒါန ပြန်လည်ဖွင့်လှစ်ဖို့စတင် ပြင်ဆင်ခြင်းသင်တန်းသား လက်ခံခြင်းနှင့်စပ်လျဥ်း၍အသေးစိတ် ကြည့်ရှုရန် 👇htt...
06/06/2020

Spectrum Garden ပညာဒါန ပြန်လည်ဖွင့်လှစ်ဖို့
စတင် ပြင်ဆင်ခြင်း

သင်တန်းသား လက်ခံခြင်းနှင့်စပ်လျဥ်း၍
အသေးစိတ် ကြည့်ရှုရန် 👇

https://www.facebook.com/562950160756475/posts/1068213416896811/

ရောင်စုံပျိုးခင်းပညာဒါနကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဆွေးနွေးဇွန် ၂၊ မြောက်ဒဂုံရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်...
02/06/2020

ရောင်စုံပျိုးခင်းပညာဒါနကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဆွေးနွေး
ဇွန် ၂၊ မြောက်ဒဂုံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာဝင်းအတွင်းတွင်ဖွင့်လှစ်ထားသော SGEC တက္ကသိုလ်ဝင်တန်းပညာဒါနကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် SGEC ၏ တည်ထောင်သူများနှင့် နာယကများ ယနေ့နံနက် ၁၀ နာရီတွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

SGEC ကျောင်းကို ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆရာ၊ဆရာမများ၊ စေတနာ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်မာရေးနှင့်ညီညွတ်ပြီး အဆင်ပြေလုံခြုံစွာ ပညာသင်ကြားနိုင်စေရန် ပြင်ဆင်သတ်မှတ်ပြီး၊ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်။


#သတင်းစဉ်

Address

Dagon

Alerts

Be the first to know and let us send you an email when Spectrum Garden Educational Charity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Spectrum Garden Educational Charity:

Shortcuts

Share