Royal Ayeyarwady Private High School

Royal Ayeyarwady Private High School “မိဘဆရာကျောင်းသား အတူပူးပေါင်း တော်ဝင်ဧရာဝတီကျောင်း”
“တိုးတက်အောင်မြင်အနာဂတ်ဆီ တော်ဝင်ဧရာဝတီ”

25/08/2026

Aung Lin Khant’s Unstoppable Strike! ⚡⚽

What a moment for Young Force FC! Check out this absolute rocket from Aung Lin Khant—pure precision, power, and perfection.

Moments like this show what hard work and relentless dedication look like on the pitch.
Match Highlight: Aung Lin Khant’s Best Shot
Team: Young Force FC

What a goal! Drop a 🔥 in the comments if this shot gave you chills, and don't forget to share to support the team!

မနက်က မိုးတစ်ပြိုက်ရွာအပြီး၊ Aug 22 ရက်နေ့က တော်ဝင်ဧရာဝတီ ကျောင်းဝင်းထဲမှာ လုပ်ခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲလေးအကြောင်း ...
24/08/2026

မနက်က မိုးတစ်ပြိုက်ရွာအပြီး၊ Aug 22 ရက်နေ့က တော်ဝင်ဧရာဝတီ ကျောင်းဝင်းထဲမှာ လုပ်ခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲလေးအကြောင်း စဉ်းစားမိတိုင်း အခုထိ ရင်ထဲမှာ နွေးထွေးနေတုန်းပါ။

အဲဒီနေ့က မူလတန်းကလေးလေးတွေရဲ့ လက်သည်းခွံမှာ မြေကြီးတွေ ပေကျံနေတာကို ဂရုမစိုက်ဘဲ စိုက်ပျိုးနေတဲ့ ပုံစံလေးတွေ၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/သူတွေ စောစောစီးစီး ရောက်လာပြီး မြေဩဇာထည့်၊ ရေလောင်းရင်း ပျော်ပျော်ပါးပါး ကူညီပေးကြတာတွေကို မြင်ရတာ တကယ်ကို ကြည်နူးစရာပါ။

ကလေးတွေရဲ့ တက်ကြွလှုပ်ရှားမှုတွေနဲ့ ကျောင်းဝင်းတစ်ခုလုံးလည်း သက်ဝင်လှုပ်ရှားလို့ နေခဲ့ပါတယ်။

အခုဆိုရင်တော့ သူတို့လေးတွေ ကိုယ်တိုင် စိုက်ခဲ့တဲ့ ရောင်စုံပန်းပင်လေးတွေနဲ့ ပန်းရောင်၊ အဝါရောင် ဖူးပွင့်လာတာမို့ ကျောင်းထဲ ခြေလှမ်းလှမ်းဝင်လိုက်တာနဲ့တင် ရင်ထဲမှာ အေးချမ်းသွားတာပါပဲ။ သဘာဝတိုင်း စိမ်းလန်းစိုပြေနေတဲ့ မြင်ကွင်းက ကျောင်းသားတွေတင်မကဘဲ ကျွန်တော်တို့ ဆရာ/မတွေရဲ့ စိတ်ကိုပါ လန်းဆန်းစေပါတယ်။

ကလေးတွေကို သဘာဝပတ်ဝန်းကျင် တန်ဖိုးထားတတ်အောင် သင်ပေးရင်း၊ ကျောင်းဝင်းလေးလည်း ပိုလှသွားစေခဲ့တဲ့ ဒီနေ့လေးဟာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရဲ့ မမေ့နိုင်စရာ အမှတ်တရ ရွှေရောင်နေ့ရက်လေး တစ်ရက်ဖြစ်ခဲ့ပါတယ်။

#တော်ဝင်ဧရာဝတီ #သစ်ပင်စိုက်ပျိုးပွဲ

24/08/2026

⚽ တော်ဝင်ဧရာဝတီ မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ⚽

၂၀၂၆-၂၀၂၇ ပညာသင်နှစ် တော်ဝင်ဧရာဝတီ ကိုယ်ပိုင်အထက်တန်းကျောင်း၏ မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲကို ၁၉-၈-၂၀၂၆ (ဗုဒ္ဓဟူးနေ့) တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 🏆

ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ကာယ ကြံ့ခိုင်စေရန်၊ အားကစားစိတ်ဓာတ် တက်ကြွစေရန်နှင့် အသင်းအဖွဲ့လိုက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ပြိုင်ပွဲစဉ်တစ်လျှောက်လုံးတွင် အားကစားသမား ကျောင်းသား/ကျောင်းသူများမှ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသလို ဆရာ/ဆရာမများ နှင့် မိဘအုပ်ထိန်းသူများကလည်း တက်ကြွစွာ လာရောက်အားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများ၊ ပွဲစဉ်တစ်ခုလုံး အောင်မြင်စွာ ပြီးမြောက်အောင် ကူညီပေးခဲ့ကြသော ဆရာ/ဆရာမများ နှင့် လာရောက်အားပေးခဲ့ကြသည့် ကျောင်းသားမိဘများ အားလုံးကို တော်ဝင်ဧရာဝတီ မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️✨

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့✨𝐄𝐆𝐎 𝐅𝐂 အသင်းပဲဖြစ်ပါတယ်ပါဝင်ယှဉ်ပြိုင်မ...
19/08/2026

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့✨
𝐄𝐆𝐎 𝐅𝐂 အသင်းပဲဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းသားများကတော့တော်ဝင်ဧရာဝတီရဲ့

Grade-11 မှ မောင်ရှင်းသန့်ပိုင်

Grade-9 မှ မောင်လင်းခန့်ပိုင်

Grade-8 မှ မောင်ပြေသော်ဦး

Grade-7 မှ မောင်အောင်ဖြိုးသူ

Grade-7 မှ မောင်ကောင်းထက်အောင် တို့မှ

တစ်သင်းတည်းအဖြစ် 𝐄𝐆𝐎 𝐅𝐂 အသင်းနာမည်နဲ့အတူ တက်ညီလက်ညီယှဥ်ပြိုင်ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်။✨

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့✨𝐓𝐞𝐚𝐦 𝐒𝐡𝐢𝐧𝐢𝐧𝐠 𝐒𝐭𝐚𝐫𝐬 𝐅𝐂 (𝐓𝐒𝐒𝐑 𝐅𝐂) အသင်းပဲ...
19/08/2026

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့✨
𝐓𝐞𝐚𝐦 𝐒𝐡𝐢𝐧𝐢𝐧𝐠 𝐒𝐭𝐚𝐫𝐬 𝐅𝐂 (𝐓𝐒𝐒𝐑 𝐅𝐂) အသင်းပဲဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းသားများကတော့တော်ဝင်ဧရာဝတီရဲ့

Grade-11 မှ မောင်အောင်ခန့်ပိုင်

Grade-10 မှ မောင်ထက်ညီခန့်

Grade-9 မှ မောင်ဟန်လင်းအောင်

Grade-8 မှ မောင်သုလင်းထက်

Grade-7 မှ မောင်လရောင်ခေတ် တို့မှ

တစ်သင်းတည်းအဖြစ် 𝐓𝐞𝐚𝐦 𝐒𝐡𝐢𝐧𝐢𝐧𝐠 𝐒𝐭𝐚𝐫𝐬 𝐅𝐂 အသင်းနာမည်နဲ့အတူ တက်ညီလက်ညီယှဥ်ပြိုင်ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်။✨

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့✨𝐘𝐨𝐮𝐧𝐠 𝐅𝐨𝐫𝐜𝐞 𝐅𝐂 (𝐘𝐅 𝐅𝐂) အသင်းပဲဖြစ်ပါတယ်...
19/08/2026

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့✨
𝐘𝐨𝐮𝐧𝐠 𝐅𝐨𝐫𝐜𝐞 𝐅𝐂 (𝐘𝐅 𝐅𝐂) အသင်းပဲဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းသားများကတော့တော်ဝင်ဧရာဝတီရဲ့

Grade-11 မှ မောင်အောင်လင်းခန့်

Grade-9 မှ မောင်ကျော်ဇင်မင်းခန့်

Grade-9 မှ မောင်သုတဇော်

Grade-8 မှ မောင်ဘုန်းမြတ်သော်

Grade-8 မှ မောင်ဟန်လင်းအောင်

Grade-6 မှ မောင်ထည်မြတ်သွေး တို့မှ

တစ်သင်းတည်းအဖြစ် 𝐘𝐨𝐮𝐧𝐠 𝐅𝐨𝐫𝐜𝐞 𝐅𝐂 အသင်းနာမည်နဲ့အတူ တက်ညီလက်ညီယှဥ်ပြိုင်ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်။✨

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့ 𝐃𝐈𝐍𝐎 𝐅𝐂 အသင်းပဲဖြစ်ပါတယ်ပါဝင်ယှဉ်ပြိုင်...
18/08/2026

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့ 𝐃𝐈𝐍𝐎 𝐅𝐂 အသင်းပဲဖြစ်ပါတယ်

ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းသားများကတော့တော်ဝင်ဧရာဝတီရဲ့

Grade-11 မှ မောင်ဇေယျာထက်

Grade-10 မှ မောင်စွမ်းရည်လင်း

Grade- 9 မှ မောင်လင်းထက်ဖြိုး

Grade-8 မှ မောင်ကောင်းဆက်ပြည့်စုံ

Grade-8 မှ မောင်သုတမောင်

Grade-6 မှ မောင်ဝေယံနိုင် တို့မှ

တစ်သင်းတည်းအဖြစ် 𝐃𝐈𝐍𝐎 𝐅𝐂 အသင်းနာမည်နဲ့အတူ တက်ညီလက်ညီယှဥ်ပြိုင်ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်။✨

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် Football teamတွေနဲ့မိတ်ဆက်ပေးပါရ​စေ✨ နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့ 𝐆𝐄...
17/08/2026

𝗥𝗔𝗬 ရဲ့ Students Futsal Tournament 2026 ⚽️အတွက် Football teamတွေနဲ့မိတ်ဆက်ပေးပါရ​စေ✨
နောက်ထပ်မိတ်ဆက်ပေးမယ့်အသင်းကတော့ 𝐆𝐄𝐍 𝐙 𝐅𝐂 အသင်းပဲဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်မည့်ကျောင်းသားများကတော့တော်ဝင်ဧရာဝတီရဲ့

Grade-11 မှ မောင်ကျော်ဇင်ဟိန်း

Grade-9 မှ မောင်ကမ်းထွန်းမုံ

Grade- 7 မှ မောင်ပိုင်မင်းခန့်

Grade-7 မှ မောင်ဇော်မင်းထွန်း

Grade-7 မှ မောင်ဝေယံကျော်မိုး တို့မှ

တစ်သင်းတည်းအဖြစ် 𝐆𝐄𝐍 𝐙 𝐅𝐂 အသင်းနာမည်နဲ့အတူ တက်ညီလက်ညီယှဥ်ပြိုင်ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်။✨

“တော်ဝင်ဧရာဝတီ ကိုယ်ပိုင်အထက်တန်းကျောင်း၂၀၂၆-၂၀၂၇ ပညာသင်နှစ် Grade-10, 11, 12 မိဘဆရာတွေ့ဆုံပွဲ”တော်ဝင်ဧရာဝတီ ကိုယ်ပိုင်အ...
17/08/2026

“တော်ဝင်ဧရာဝတီ ကိုယ်ပိုင်အထက်တန်းကျောင်း
၂၀၂၆-၂၀၂၇ ပညာသင်နှစ် Grade-10, 11, 12 မိဘဆရာတွေ့ဆုံပွဲ”

တော်ဝင်ဧရာဝတီ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Grade-10, Grade-11 နှင့် Grade-12 မိဘဆရာတွေ့ဆုံပွဲကို ကျောင်းသား/သူများ၏ ပညာရေး တိုးတက်မြင့်မားရေးနှင့် အနာဂတ် ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် -

• သင်ရိုးသစ် တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှု ဗျူဟာများ၊ လစဉ် သင်ယူမှု တိုးတက်မှုများနှင့် စာမေးပွဲ အမှတ်စာရင်းများကို မိဘများထံ အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပါသည်။

• အတန်းပိုင် ဆရာ/မများနှင့် မိဘများ တစ်ဦးချင်း တွေ့ဆုံ၍ ကျောင်းသား/သူများ၏ စာပေသင်ယူမှု၊ စည်းကမ်းပိုင်းနှင့် လိုအပ်သည့် အားဖြည့်သင်ကြားရေး အခြေအနေများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါသည်။

• ပညာသင်နှစ်သစ်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးနှင့် လိုအပ်သော ပံ့ပိုးမှုများ ပေးနိုင်ရေးအတွက် မိဘများနှင့် ကျောင်းအကြား ချိတ်ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

အလုပ်အားလပ်ရက် မဟုတ်ပါသော်လည်း ကျောင်းသား/သူများ၏ အနာဂတ်အတွက် တန်ဖိုးရှိသော အချိန်များကို ဖယ်အားပေး၍ ကြွရောက်ပေးကြပါသော ကျောင်းသားမိဘများ အားလုံးကို တော်ဝင်ဧရာဝတီ မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ကျောင်းသား/သူများ၏ လင်းလက်တောက်ပသော အနာဂတ်အတွက် ကျောင်းနှင့် မိဘ လက်တွဲ၍ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားပါမည်။

တော်ဝင်ဧရာဝတီ ကိုယ်ပိုင်အထက်တန်းကျောင်း #ကိုယ်ပိုင်အထက်တန်းကျောင်း

Address

No (C/7), Pyitawthar Street, 66 Ward, S-Dagon, Ayeyarwady Road, Near TheinChaung Bus-stop
Dagon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Royal Ayeyarwady Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share