Spirit Equal

Spirit Equal

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spirit Equal, Education, Dagon.

15/01/2026

ကိုယ့်ကိုကိုယ်ပြောနေတဲ့စကားလုံးတွေနဲ့
ကိုယ့်ကိုကိုယ်ချစ်တတ်ခြင်း🦋🦋🦋

တနေ့တနေ့ ကိုယ့်ကိုကိုယ် ဘာတွေပြောဖြစ်ကြလဲ
အဆင်ပြေတဲ့အကြောင်းတွေလားအဆင်မပြေတဲ့အကြောင်းတွေလား
လူတွေဟာသေချာသတိမထားမိပေမယ့် နေ့တိုင်းနေ့တိုင်း ကိုယ့်ကိုကိုယ် စကားတွေပြောနေကြပါတယ်။ ဒါတွေဟာ အဆင်ပြေတဲ့အကြောင်းတွေဖြစ်မယ်၊အဆင်မပြေတဲ့အကြောင်းတွေလဲဖြစ်မယ်၊အပြစ်တင်မှုတွေလဲဖြစ်မယ်၊အကောင်းတွေလဲဖြစ်မယ်၊အဆိုးတွေလဲဖြစ်မယ် ဒါပေမယ့် အချိန်တိုင်းမှာလူတွေဟာကိုယ်ကိုကိုယ်စကားတွေပြောနေကြပါတယ်။

ဒီလိုပြောနေတဲ့စကားတွေကတစ်ဆင့် သတိမထားမိလိုက်တဲ့အချိန်မှာပဲ စကားလုံးတွေဟာ ခံယူချက်တွေ believe ဆိုတဲ့ယုံကြည်မှုတွေအဖြစ်ပြောင်းလဲသွားကြပါတယ်။

ကိုယ်ကိုကိုယ်အကောင်းပြောနေတဲ့အချိန်များလာရင် ကိုယ့်ရဲ့ခံယူချက်၊ယုံကြည်မှုတွေက အကောင်းဘက်ကိုဆောင်လာမယ် အဆိုးပြောတာများလာရင် ခံယူချက်တွေဟာ အဆိုးဘက်ကိုဆောင်လာမယ် ကိုယ်တွေးနေခံယူနေတဲ့အရာတွေကသာ ကိုယ့်ရဲ့အမှန်တရားတွေဖြစ်လာတာပါ။ ဒီလိုကိုယ့်ကိုကိုယ်ပြောနေတဲ့စကားလုံးတွေဟာ ဘဝကြီးတစ်ခုလုံးကိုဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာ လေ့လာကြည့်ရအောင်။

လူတိုင်းလူတိုင်းမှာကိုယ့်ကိုကိုယ်ပြောနေတဲ့စကားတွေယုံကြည်မှုတွေရှိပါတယ် အကောင်းပြောရင် ကိစ္စသိပ်မရှိပေမယ့် negative though တွေတက်လာတဲ့အခါမှာတော့ ပြဿနာ နည်းနည်းရှိနေပါပြီ။

ဘာလို့လဲဆိုတော့ ဒီလိုအဆိုးဘက်သွားနေတဲ့ အတွေးတွေဟာ ဘဝကြီးတစ်ခုလုံးကို ကြိုးကိုင်နေတာဖြစ်တဲ့ မသိစိတ်ရဲ့ ခံယူချက်တွေ၊ယုံကြည်မှုတွေအဖြစ်ပြောင်းလဲသွားတတ်ကြလို့ပါ။

ဒီလိုပြောလို့ အကောင်းမြင်ဝါဒီဖြစ်အောင်နေလို့လဲလုံးလုံးလျားလျားမဆိုလိုချင်ပါဘူး။ တခါတလေ ဘဝမှာ အကောင်း၊အဆိုးကို အမှန်တိုင်းမြင်တတ်ပြီး လက်ခံနိုင်ဖို့ကလဲလိုသေးတယ်မဟုတ်လား။

ဥပမာ- ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ business. တစ်ခုမှာ income ဘယ်လောက်ဟာကိုယ်နဲ့ထိုက်တန်သလဲလို့ ဒီအခါအဖြေထွက်လာပါလိမ့်မယ် ထွက်မလာလဲ ကိစ္စမရှိသေးပါဘူး ချက်ချင်းကြီးမသိနိုင်တာလဲဖြစ်နိုင်ပါတယ် အဖြေထွက်လာတဲ့အခါ ဒီအဖြေဟာ ကိုယ့်ရဲ့ business ပေါ်ထားတဲ့ယုံကြည်မှုတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီလိုဆိုလို့ ကိုယ်ဟာ million. ချီတဲ့ income နဲ့ထိုက်တန်တယ် အအောင်မြင်ဆုံး business ကိုကိုယ်ဟာ run နိုင်တယ်ဆိုပြီး အပေါ်ယံသာသာ အတွေးမျိုး fake though တွေတွေးလို့လဲ နက်နက်ရှိုင်းရှိူင်း အမြစ်တွယ်နေတဲ့ ကိုယ့်ရဲ့ယုံကြည်မှု believe system ကိုပြောင်းလဲလို့မရပါဘူး။

လူဆိုတာ ယုတ္တိရှိမှ လက်ခံနိုင်တဲ့အမျိုးပါ။ အကြောင်းအကျိုး စီလျော်မှသာ ဒါမျိုးအတွေးတွေကို ယုံကြည်မှုအဖြစ်ပြောင်းလဲနိုင်တာပါ။

ဘာလုပ်လို့ရမလဲဆိုတော့ လွယ်လွယ်လေးပါပဲ ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ့်ကိုကိုယ်မှမချစ်ရင်ဘယ်သူ့မှကိုယ့်ကိုလာမချစ်ပါဘူး တစ်ခြားတစ်ယောက်ကကိုယ့်အပေါ်ပေးတဲ့မေတ္တာနဲ့ ကိုယ့်ကိုကိုယ်ပြန်ပေးတဲ့မေတ္တာဟာဘယ်တော့မှမတူသလို တန်ဖိုးခြင်းလဲအလွန်ကွာခြားပါတယ်။ ကိုယ်ဟာကံကောင်းလို့ ကိုယ့်ကိုချစ်တဲ့လူတွေပေါနေရင်တောင် ကိုယ့်ကိုကိုယ် မချစ်ဘူးဆိုရင် စစ်မှန်တဲ့ပျော်ရွှင်မှုကိုရဖို့ခဲယဉ်းနေဦးမှာပါပဲ။

အရည်မရအဖတ်မရတွေကိုခေါင်းထဲမထည့်ပါနဲ့ ကိုယ့်ကိုကိုယ်ညှင်ညှင်သာသာ နူးနူးညံ့ညံ့ရှိတဲ့စကားတွေပဲ ကိုယ့်ကိုကိုယ်ပြောပါ ဆိုးရွားဆုံးအခြေအနေတွေကြုံလာတာမျိုး အမှားတွေလုပ်မိတဲ့အချိန်မျိုးတွေမှာတောင်ကိုယ့်ကိုကိုယ် နားလည်ခွင့်လွှတ်ပေးပါ ဒီလိုမျိုး အဆင်ပြေအောင် ကိုယ့်ကိုကိုယ့်ပြောနိုင်ဆိုနိုင်လာတဲ့အခါ ကြည်နူးတဲ့ခံစားချက်မျိုး ကိုယ့်ကိုကိုယ်ယုံကြည်လာတဲ့ခံစားချက်မျိုး ခန္ဓာကိုယ်မှာ သိသိသာသာ ခံစားလာရပါလိမ့်မယ် ဒီလိုခံစားလာရတဲ့အခါအဲ့ဒီခံစားချက်ကို hold လုပ်ထားပါ ထပ်ခါထပ်ခါခံစားမိအောင်တွေးပါ အချိန်တော့ပေးရပါမယ် နေ့တိုင်းတွေးဖြစ်ခံစားဖြစ်အောင်ကြိုးစားပါ။

ဒီခံစားချက်ကိုဖြစ်ပေါ်စေတဲ့အတွေးမျိုးခံစားမှုမျိုး (energy) ဟာ ကိုယ့်အတွင်းထဲမှာ နှစ်ရှည်လများအမြစ်တွယ်နေတဲ့ ကိုယ့်ကို အကျိုးယုတ်စေတဲ့ယုံကြည်မှုမျိုးတွေ၊ limiting believe တွေ၊ ကိုယ့်ကိုကိုယ်နဲ့ပတ်သက်ပြီး ရလာခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ သူများတွေကပေးခဲ့စိတ်ဒဏ်ရာတွေ စတာတွေကို သိပ္ပံနည်းကျ ကုသပေးနိုင်ပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်လာတဲ့ ခံစားချက်၊ချစ်တဲ့ခံစားချက်၊ကြည်နူးတဲ့ခံစားချက်က energeticအရ ကုသပေးတာပါ။

ဒီလိုလုပ်ပါများလာတဲ့အခါ negative though တွေ ကိုယ့်ကိုကိုယ် ပြောမိနေတဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေဟာ သူ့အလိုလို လျော့နည်းလာပါလိမ့်မယ်။ နောက်ဆုံးလုံးဝပျောက်ရှ သွားနိုင်ပါတယ်

ဒါဆိုရင်တော့မိတ်ဆွေဟာ ဘဝမှာစိတ်ဓာတ်ကြံ့ခိုင်တဲ့လူတစ်ယောက်ဖြစ်စပြုလာပါပြီ။ စိတ်ဓာတ်တွေကျလာရတဲ့အချိန်မျိုးတွေမှာတောင်ကိုယ့်ကိုကိုယ်ချစ်တတ်တဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်ဖေးမနိုင်လာပါလိမ့်မယ်။

ကိုယ့်ကို နိဗ္ဗာန်ထိ ခေါ်သွားနိုင်တာလဲ ကိုယ်ကိုယ်တိုင် ငရဲကိုဆွဲချနိုင်တာကလဲ ကိုယ်ကိုယ်တိုင်ပါပဲ။

မိမိကိုယ်သာကိုးကွယ်ရာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်ထဲပဲလာ တစ်ယောက်ထဲပဲထွက်သွားရမယ့်လောကကြီးထဲမှာ ကိုယ့်အတွက်ကိုယ်အပြည့်အဝရှိနေဖို့ ကိုယ်လဲကျရင် ကိုယ်ထူကိုယ်ထ လုပ်နိုင်ဖို့အတွက်ကြိုးစားရမှာပဲမဟုတ်လား....




14/01/2026

ဒီ page လေးကနေ စိတ်ဝိဉာဉ်(soul), meditation, energy work, manifestation, Buddha's Dhamma တွေနဲ့ပတ်သက်ပြီး တစ်ခြားနေရာမှာဘယ်သူမှမပြောဖူးသေးတဲ့ knowledge တွေကို ထိထိမိမိ share ပေးမယ့် page လေးပဲဖြစ်ပါတယ်။

14/01/2026

ဒီ page လေးက spiritual သမားတွေအတွက် knowledge sharing လုပ်ပေးမယ် page.လေးပဲဖြစ်ပါတယ် like လုပ်ထားကြပါ။😁🤟

Want your school to be the top-listed School/college in Dagon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Dagon
11421