13/06/2026
ခေတ်သစ်မူလတန်းကျောင်းမှ Grade 5 ကျောင်းသူလေး မစံယုယ သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ခေတ်သစ်ကြယ်ကျောင်းတော်ကြီးကို ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆု ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါသည်။
ကျောင်းတော်ကြီး၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့သော သမီးငယ် မစံယုယနှင့်တကွ အနီးကပ် လေ့ကျင့်သင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမများ၊ ပံ့ပိုးကူညီပေးခဲ့ကြသော မိဘအုပ်ထိန်းသူများအားလုံးကို ခေတ်သစ်မူလတန်းကျောင်းအုပ်ကြီးနှင့် ဆရာမိဘများအဖွဲ့မှ အထူးပင် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ယူမိပါသည်။
သမီးငယ် မစံယုယ တစ်ယောက် နောင်အနာဂတ်တွင်လည်း ပညာရည်ထူးချွန်ပြီး တိုင်းပြည်က အားထားရသော၊ ကျောင်းတော်ကြီး၏ ဂုဏ်ကို ဆောင်နိုင်သော သမီးကောင်းရတနာလေးအဖြစ် ဆက်လက်တောက်ပပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်
သမီးလေး ယှဉ်ပြိုင်ရွတ်ဆိုခဲ့သည့် ကဗျာလေးကို
အမှတ်တရ မှတ်တမ်းတင်အပ်ပါတယ်ရှင်