Edu-Vita

Edu-Vita Vita မွ Vita စာသင္ဝုိင္းဆုိ Edu-Vita.

16/11/2025

BreakingNews
ယခုစာသင်နှစ်သို့မဟုတ်နောက်လာမည့်စာသင်နှစ်မှစ ၍..........G5....G9....G11များ နောက်ဆုံးစာမေးပွဲအတွက် အကျစနစ်ရှိသွားပါပြီခင်ဗျာ

Crd: ဦးစစ်နိုင်(ပညာရေး)

 #ကျောင်းကျူရှင်တက်ပြီးGRADE A ရပေမဲ့   မအောင်တာဘာ့ကြောင့်လဲ....?*******************************************************...
11/08/2025

#ကျောင်းကျူရှင်တက်ပြီးGRADE A ရပေမဲ့ မအောင်တာဘာ့ကြောင့်လဲ....?
**************************************************************************

နံပါတ် (၁)
#ကျောင်းကinserviceသင်သောဆရာများကဏ္ဍ

ဒီခေတ်၊ဒီကာလ၊ဒီကုန်ဈေးနှုန်းနဲ့ဒီလစာကြား ကျောင်းကဆရာမတွေကျူရှင်သင်တာကို societyတစ်ခုလုံးအနေနဲ့လည်းအခုအခါ အပြစ်လို့မမြင်ကြ‌တော့ပါဘူး။ကိုယ်ချင်းစာကြတယ်။နားလည်လက်ခံလာကြတယ်။

ဒါဆိုရင်ကျောင်းသင်ဆရာ/မများအနေနဲ့ရော မိမိရဲ့အပို၀င်ငွေရဖို့သင်ကြားတဲ့အိမ်ကျူရှင်မှာ ဘာတွေကိုလိုက်နာဖို့လိုသလဲ...။

အချို့ကကိုယ့်ကျူရှင်မှာ တက်နေတဲ့ ကလေးဆို ဒီစာကို မရအရကျက်၊ ဒီပုစ္ဆာ မရအရ တွက်ဆိုပြီး တစ်ခါတည်း ရိုက်သွင်း ပေးလိုက်တာမျိုးရှိတယ်။ ဉာဏ်ရည်နည်းတဲ့ကလေးတောင် ကျမယ့်အရေး မကျတော့ဘူး။ အကုန် အောင်တယ် ဖြစ်လာတယ်။အဲ့တော့ ဒီ ဆရာတွေကျူရှင်မှာ မေးခွန်းပေးတယ် ဖြစ်လာတယ်။ ဒီ ဆရာမနဲ့ သင်ရင် မေးခွန်း ရတယ်ဖြစ်လာတယ်။အမှတ်ပေးစည်းမျဉ်းဆိုလည်းအခြားတွက်နည်းလက်မခံဘဲ
ကိုယ့်ကျူရှင်အတွက်ပဲကြည့်ပြီး Schemeဆွဲတယ်။ဆရာ/မသိက္ခာနဲ့ကျင့်၀တ်ဆိုတာကိုထည့်တွက်ဖို့ဝေး။
တော်ရုံမိဘတွေကလည်း ကိုယ့်သားသမီးအဆင့် Aရဖို့အရေးပဲတွေးပြီး ကျောင်းကဆရာတွေစုဖွင့်တဲ့ကျူရှင်မှာပဲထားကြတယ်။
‌ကျောင်းကဖွင့်တဲ့ကျူရှင်တိုင်းတော့မဟုတ်ပေမဲ့ ကလေးအခြေခိုင်အောင်
သင်ကြားပေးတဲ့ကျူရှင်ကနည်းပြီး လာဘ်ရဖို့နဲ့ကလေးတွေကြားအခြားသောကျူရှင်တွေထက်ကျောလာအောင်၊ပြိုင်ဆိုင်မှုတွေဖြစ်လာအောင်ဖန်တီးနေတဲ့ကျောင်းကျူရှင်တွေကများပါတယ်။အဲ့လိုကျူရှင်တွေကိုကျွန်တော်ကိုယ်တိုင်လည်းတစ်ချိန်ကဖိုက်ခဲ့၊တိုက်ခဲ့ဖူးပါတယ်။အကြောင်းအရင်းကတော့ ကလေးကို အသံတိတ်Thatသောဆရာများကြောင့်သာဖြစ်ပါတယ်။ဒီလိုနဲ့ကလေးတွေလည်းအလွယ်လိုက်ပြီး G12မှာအခက်တွေ့ကြမှာကို ဒီဆရာတွေနည်းနည်းမှမတွေးကြဘူး။ကလေးတွေကလည်း
စာရွေးပေးခံချင်တာ၊Spotလိုက်တာတွေနဲ့ပဲအသားကျသွားပြီးနောက်ဆုံးလုံးလုံးဖျင်းသွားကြတော့တာပဲ။

မိဘတွေကလည်းReport Card ကြည့်ပြီး ပီတိဝေဖြာ မိဘချင်းပြိုင်ဆိုင်ကြတော့တယ်။ဆုပေးပွဲမှာ၊ စုံညီပွဲတော်မှာလည်း ပုဝါနှစ်စ အသာချလို့ ဂုဏ်ယူ၀င့်ကြွားကြတာပေါ့။သို့ပေမဲ့လည်း ပင်ကိုယ်အရည်အချင်းရှိပြီး ကျောင်းကျူရှင်မတက်လို့ ဆုမရတဲ့ကလေးတွေကတော့‌‌ဘယ်သူ့အပြစ်တင်ရမှန်းမသိ "နင်စာမကြိုးစားလို့"ဆိုတဲ့ခေါင်းစဉ်တွေအောက်မှာ အိမ်ကမိဘရဲ့အပြစ်တင်တာတွေပဲခံရပါတော့တယ်။

ဒီတော့ ကျောင်းကျူရှင်တွေအနေနဲ့လည်း ကျောင်းချိန်ပြင်ပသင်ကြားခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ"လက်ရည်တစ်ပြင်တည်း"စိတ်ကိုထားဖို့လိုပါတယ်။မိမိကျူရှင်က ကလေးကိုသာအရေးပေးခြင်း၊အလွယ်မေးခွန်းချခြင်းတွေရပ်တန်းကရပ်စေချင်ပါတယ်။အခြားသော စီးပွားရေးမပြေလည်လို့ကျူရှင်မတက်နိုင်လို့ကျောင်းကဆရာပဲအားကိုးနေရတဲ့ကလေးတွေလည်းရှိတယ်ဆိုတာကိုသတိချပ်စေချင်ပါတယ်။

ဆရာတို့အနေနဲ့လုပ်စရာတစ်ခုပဲရှိပါတယ်...

"ကျောင်းပရိဝုဏ်ခြေလှမ်းတာနဲ့ ငါဟာကျောင်းကဆရာ/မ။ပြည်သူ့၀န်ထမ်းဆရာ/မ။ကျူရှင်ဆရာမဟုတ်ဘူး"လို့သာနှလုံးသွင်းပါ။

နံပါတ်(၂)
#မိဘတို့အခန်းကဏ္ဍ

မိဘတို့အနေနဲ့ကိုယ့်သားသမီးကိုအမှန်တကယ်အရည်အချင်းရှိပြီးတိုးတက်စေချင်ရင် ဆရာကောင်း၊ဆရာတော်ကို ကလေးငယ်ဘ၀ကတည်းကရွေးချယ်ပါ။ခပ်ရိုင်းရိုင်းပြောရင်"ခွေးကြီးမှလက်ပေးသင်လို့မရဘူး"။အချို့မိဘတွေက G12ရောက်မှ ဇွတ်အောင်ချင်တဲ့ရောဂါရှိတယ်။ဒီတော့ ကလေးငယ်စဉ်ကတည်းကဆရာတွေရဲ့သင်ဟန်ကိုလေ့လာပါ။
ဘယ်ဆရာကတော့အရည်အချင်းရှိသလဲ၊ကိုယ့်သားသမီးနဲ့သင့်တော်မလဲရွေးချယ်ပါ။နာမည်ကြီးတဲ့ကျူရှင်တိုင်း၊ကပကတိုင်းဟာ ကိုယ့်သားသမီးနဲ့အံမ၀င်နိုင်ဘူးဆိုတာကို ထည့်တွေးပါ။အချို့ကလေးတွေက လူအများနဲ့စာမကျက်တတ်တာကြောင့်ပြွတ်သိပ်နေတဲ့စာသင်ဝိုင်းတွေ၊ကပကတွေကိုမရွေးစေချင်ပါဘူး။ငွေကြေးအများကြီးမတတ်နိုင်ရင်တောင် ကိုယ့်ရပ်ကွက်ထဲ၊ကိုယ့်အနီးနားထဲ ဘယ်ဆရာက ဘယ်အပိုင်းတွေကျွမ်းကျင်သလဲဆိုတာကိုစုံစမ်းပြီးသေသေချာချာအပ်ပါလို့အကြံပြုပါတယ်။
နောက်တစ်ခုက ဆရာတစ်ယောက်တည်းဘာသာစုံသင်တဲ့စာကျက်ဝိုင်းကိုဘယ်တော့မှမရွေးနဲ့။သင်ရိုးသစ်မှာ ဆရာတစ်ယောက်ဟာ တစ်ဘာသာတောင်အနိုင်နိုင်ပဲ။တစ်ယောက်တည်းဘာသာစုံကျွမ်းနေရအောင် အဲ့ကျူရှင်ဆရာက"သုံးလောကထွတ်ထား မြတ်စွာဘုရား"မဟုတ်ဘူးဆိုတာနားလည်ပါ။ကျူရှင်ဆရာသာတိုက်ဆောက်သွားမယ် ဦးဦးဒေါ်ဒေါ်တို့သားသမီး မအောင်နိုင်ဘူး။

အချို့မိဘတွေကငွေကြေးတတ်နိုင်တယ်ဆိုပြီး နာမည်ကြီးရင်ပြီးရော ငွေပုံပေးပြီး ကိုယ့်သားသမီးကိုဇွတ်အပ်ကြတော့တာပါပဲ။ကိုယ့်သားသမီးနဲ့အံ၀င်မ၀င်ဆိုတာကိုမလေ့လာဘူး။သိန်းရာပေါင်းများစွာအကုန်ကျခံပြီး G12ကျမှ၊ဂုဏ်ထူးမထွက်မှ ကပက ကို အပြစ်မတင်စေချင်ဘူး။

ဒီနေ့ခေတ်မှာ Social mediaထက်မှာလည်း အမှန်တကယ်ဘာသာရပ်ကို ကျွမ်းကျင်တဲ့ဆရာတွေဟာ ထုနဲ့ဒေးပါ။ကိုယ့်သားသမီးကို Ph,tabletပေးကိုင်တတ်တဲ့မိဘတွေဆိုရင် ဒီဆရာတွေ အကောင့်ကို
Follow လုပ်ပြီးစဉ်ဆက်မပြတ်လေ့လာနိုင်ဖို့လမ်းညွှန်လို့ရပါတယ်။
ကျောင်းတွင်းစုံညီမှာ ဆုရဖို့အရေးပဲတွေးပြီး ကိုယ့်သားသမီးကို pressure တွေမပေးပါနဲ့။သူတို့ကိုယ်တိုင်ဘာသာရပ်ဆရာကိုရွေးချယ်တတ်အောင်အထိပြုစုပျိုးထောင်ပေးပါလို့အကြံပြုပါရစေ။

#နောက်ဆုံးအနေနဲ့အကြံပြုလိုတာက-

"မိမိကိုယ်ကိုယ်အမှန်တကယ်ကလေးထိန်းတတ်ပြီလားမေးပါ။မိမိသားသမီးကိုရွေးချယ်ခွင့်ပေးပါ။ငယ်စဉ်မှာဖိအားတွေမပေးဘဲ G12အတွက်အခြေခိုင်အောင်သာ သေသေချာချာပြုစုပျိုးထောင်ပါ။
သားသမီးရဲ့‌ရင်တွင်းခံစားချက်လေးတွေကိုမကြာမကြာနားထောင်ပါ။အကြံပြုကြပါ။"

နံပါတ်(၃)
#ကျောင်းအုပ်ကြီးများရဲ့အခန်းကဏ္ဍကိုမရေးတော့ပါ။
သူတို့ကသူတို့ရုံးအလုပ်နဲ့SIF ဘောင်ချာအတုတွေကြား ရှုပ်နေလို့ ဒါတွေစိတ်မ၀င်စားဘူး။သူတို့သိတာ G12အောင်ချက်ကောင်းရင်ဂုဏ်ဆာမယ်။ကျောင်းအချင်းချင်းကြားကြွားမယ်။မခံချင်အောင်ပြောမယ်။G12အောင်ချက်မကောင်းရင် ကျောင်းကဆရာတွေအသုံးမကျဘူးလို့ဆူမယ်။ထုချေလွှာရေးခိုင်းမယ်။ဒါပါပဲ။
ကျောင်းအုပ်ကြီးတွေပဲလားဆိုတော့ အချို့သော ကပက founderတွေလည်းထူးမခြားနားပါပဲ။ဆရာတွေကိုပေးတဲ့လစာက ရေသည်ယောက်ျားပုဆိုးဖိုးတောင်မရှိဘူး။တစ်နှစ်ကို သူတို့အတွက်စိန်တစ်ဆင်ဆာနဲ့နောက်ဆုံးပေါ်ကားအဖက်တင်ရင်တော်ပြီ။
လူရည်ချွန်ဆယ်ထပ်ကွမ်းထွက်အောင်လည်း ငွေလေးရွေးနဲ့ခိုင်းချင်သေး။

ဒါပါပဲ

#မူရင်းရေးသူ

စာအုပ်တွေစျေးကြီးနေချိန် free download လုပ်လို့ရတဲ့ website များ 40 Sites to Download Books for free1. Planet eBook2. Fr...
31/01/2025

စာအုပ်တွေစျေးကြီးနေချိန် free download လုပ်လို့ရတဲ့ website များ

40 Sites to Download Books for free
1. Planet eBook
2. Free-eBooks. net
3. ManyBooks
4. LibriVox
5. Internet Archive
6. BookBub
7. Open Library
8. BookBoon
9. Feedbooks
10. Smashwords
11. Project Gutenberg
12. Google Books
13. PDFBooksWorld
14. FreeTechBooks
15. Bookyards
16. GetFreeBooks
17. eBookLobby
18. FreeComputerBooks
19. OpenCulture
20. Library Genesis (LibGen)
21. Goodreads
22. Obooko
23. O'Reilly
24. PDF Drive
25. Anna's Archive
26. PDF Room
27. PDF Coffee
28. Dokumen Pub
29. Z Library
30. Ocean of PDF
31. Dirzon
32. Booksfree
33. EngbooksPDF
34. Elejandria
35. Espaebook
36. Wonderful Books
37. Lectuland
38. LeerLibrosOnline
39. ePubLibre
40. Standard Ebooks
Crd

17/12/2024

Exploring Taunggyi, its wonderful views and unbelievable nature!

Collision Theory ( ထိတိုက်မှု သိအိုရီ ) အကြောင်း Grade- 12 chemistry chapter-3 ဥပမာတစ်ခုနဲ စတင်လိုက်ရအောင်😁ရေနွေး (hot w...
12/08/2024

Collision Theory ( ထိတိုက်မှု သိအိုရီ ) အကြောင်း
Grade- 12 chemistry chapter-3

ဥပမာတစ်ခုနဲ စတင်လိုက်ရအောင်😁

ရေနွေး (hot water) နဲ coffee ဖျော်မှာနဲ
ရေအေး( cold water) နဲ coffee ဖျော်မှာဘယ်သူပိုပျော်၀င်မလဲဗျာ😁

hot water က ပိုပျော်၀င်မှာဟုတ်တယ်မလားဗျာ

အဲဒီမှာ
hot water + coffee powder--> coffee solution
Hot water နဲ coffee powderက reactant
Coffee solution ( ကော်ဖိရည်) က product

အဲဆို Hot water နဲ coffee powderနဲ ဓာတ်ပြုပြီး coffee solutionကို မြန်မြန်ထွက်စေနိုင်တာပေါ cold waterထက်

အဲလို ဓာတ်ပြုမှုမြန်တာကိုရှင်းပြဖိုအတွက် 1900 sလောက်မှာ Max Trautz and William Lewis က collision theoryကို စတင်ရှင်းပြပေးခဲ့တယ်

1. ပထမယူဆချက်ကတော

particals must collide in order to react
(အမှုန့်တွေက တစ်ခုကို တစ်ခုတိုက်မိနေရမယ် ဓာတ်ပြုဖိုအတွက် တစ်နည်းအားဖြစ် productထွက်ဖို)
ဥပမာအနေနဲ hot water ထဲက particals လေးနဲ
Coffee powder ထဲက particals လေး ၂ခု collides ဖြစ်နေရမယ် အဲတာ မှာ သူတို coffee solutionကိုထွက်မှာဖြစ်ပါတယ်

2. ဒုတိယအချက် ကတော

sufficient energy (လုံလောက်တဲenergy)

တစ်ချို့ Partical လေးတွေက billiard ball( ဘောလုံး) တူတယ်ဗျာ တိုက်မိပြီးရင် တစ်ခုနဲတစ်ခု bounce (ပြန်ကန်)ကြတယ်

အဲလိုပြန်ကန် မထွက် နိုင် အောင်လို Energy တွေ ပေးဖို့လိုတယ်
(တစ်နည်းအပူ ရေနွေးအို တည့်ရင်ကြည်ကြည်ပါ ပွတ်လာတယ်)

အဲဒီparticals လေးတွေက energy တစ်ခုရောက်တဲအချိန် တိုက်မိသွားမယ် ပြီရင် ပေါင်း စည်းပြီး productထွက်မယ် အဲဒီ energy လေးကို activation energyလိုခေါ်ပါတယ်

တစ်ချို့ reactionတွေကcollisionဖြစ်ဖို energyအနည်းငယ်ဘဲလိုပြီးတော
တစ်ချို့ ကတော အများကြီးလိုပါတယ်

ဒါကြောင့် Collision Theoryဖြစ်ဖို sufficient energy to colloid လိုအပ်ပါတယ် partical တွေကြား collisionဖြစ်ဖို အတွက် လုံလောက်တဲ energyရှိနေရမယ်ဗျာ

၃. တတိယ တစ်ခုကတော

correct orientation( တိုက်ခိုက်တဲ မျက်နှာချင်ဆိုင်တွေမှန်ကန်နေရမယ်)

correct orientation ကို ဥပမာ ၂ခုနဲရှင်းပြချင်ပါတယ်

(i). Correct orientationဆိုတာက

coffeeဖျော်ရည် ကို စဥ်စားကြည်ပါ coffeeဖျော်ရည် ရဖိုအတွက် coffee partical နဲ hot water partical လေးတွေကို collide ဖြစ်နေရမယ်
အဲတာကို correct orientationလိုခေါ်ပါတယ်

coffee partical အချင်းချင်းတိုက်မိမယ်အဲတာကို incorrect orientation လိုခေါ်ပါတယ် ဘာလိုလဲဆိုတော coffee solutionမရနိုင်ဘူးဟူတ်တယ် နော် coffee solutionဆို တာ coffee နဲ hot water နဲပေါင်းမှာ ရမှာကို

(ii)Correct orientationကတော

Nitrogen + ozone ----> Nitrogen + oxygen
oxide dioxide
NO + O3 ------------> NO2 + O2

Two molecules of NOနဲ
Three molecule of Oxygen လေး တိုက်မိိတယ်

NO မှုရှိတဲ Oနဲ O3 မှာရှိတဲ Oတစ်လုံးနဲ တိုက်မိမယ် reactionတွေ့ရမှာမဟုတ်ပါဘူး အဲတာကို incorrect orientationလိုခေါ်ပါတယ်ဗျာ

NO မှုရှိတဲ Nလေးနဲ O3 မှာ ရှိတဲ O လေးနဲ တိုက်မိမယ် reaction တွေ့ရပါပြီး အဲတာကို မှာ correct orientation(မှန်ကန်သောမျက်နာချင်ဆိုင်ရာ တိုက်မိချင်း) ဖြစ်သွားပါပြီးဗျာ😁😁😁

ဒါကြောင်း orientation သာ correct ဖြစ်မယ်ဆိုရင် reaction ( ဓာတ်ပြုမှု) တွေ့စတင်ပြီူးတောတွေ့ရတောမှာဖြစ်ပါတယ်ဗျာ

အကျဥ်းပြန်ပြောရမယ်ဆိုရင်
3 key ideas of collision theory

1.particlas must collide to react
( အမှုန့်အချင်းချင်း တိုက်မိနေရမယ် ဓာတ်ပြုဖို)
2. Sufficient energy)
လုံလောက်တဲEnergyရှိနေရမယ် ဖိုခွဲဖို
3.correct orientation)
တိုက်ခိုက်မှု မှနိကန်နေရမယ်😁😁😁😁

အစဆုံး ဖတ်ပေးလိုကျေးဇူးတင်ပါတယိ

crd

13/12/2023

သင်္ချာ ဘာသာရပ် မေးခွန်း ပုံစံ နှင့် ပတ်သတ်၍ သိကောင်းစရာ ရှင်းလင်းချက်📢👍👍📖🖊️

13/12/2023

ရူပဗေဒ ဘာသာရပ် မေးခွန်း ပုံစံ နှင့် ပတ်သတ်၍ သိကောင်းစရာ ရှင်းလင်းချက်📢👍👍📖🖊️

၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစနစ်သစ်G12  အဖြေလွှာပုံစံ (နာမူန)24 မျက်နှာပါ အဖြေလွှာ နှင့် 4 မျက်နှာပါအပိုအဖြေလွှာ
04/12/2023

၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစနစ်သစ်
G12 အဖြေလွှာပုံစံ (နာမူန)

24 မျက်နှာပါ အဖြေလွှာ နှင့် 4 မျက်နှာပါ
အပိုအဖြေလွှာ

🌲🌲🌲ဒီဇင်ဘာစာမေးပွဲဖြေရက်  ထက်ဆင့်(18.12.23)မှ (21.12.23)ထိ                မူ/လယ်(19.12.23)မှ(21.12.23)ထိ🌲🌲🌲   တစ်နေ့ ၂ဘာ...
02/12/2023

🌲🌲🌲ဒီဇင်ဘာစာမေးပွဲဖြေရက် ထက်ဆင့်
(18.12.23)မှ (21.12.23)ထိ
မူ/လယ်
(19.12.23)မှ(21.12.23)ထိ
🌲🌲🌲 တစ်နေ့ ၂ဘာသာနှုန်းဖြစ်ပြီး

🌲🌲🌲ဒီဇင်ဘာကျောင်းပိတ်ရက်မှာ
(22.12.23)မှ(26.12.23)ထိဖြစ်သည်။

Address

Buthidaung

Alerts

Be the first to know and let us send you an email when Edu-Vita posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Edu-Vita:

Shortcuts

Share

Category