01/05/2022
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာ။ မျက်မှောက်ခေတ်ကာလမှာ အင်္ဂလိပ်ဘာသာစကားကို နိုင်ငံတကာတွင် ၁.၅ ဘီလီယံခန့် ပြောဆိုဆက်သွယ်နေပြီး ကမ္ဘာကြီးကို ကြားခံပေါင်းကူးတံတားသဖွယ် အသုံးပြုနေကြပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံကလည်း ဒုတိယဘာသာစကားအဖြစ် အသုံးပြုနေပြီး နေ့စဥ်ဘဝလုပ်ငန်းစဥ်များဖြစ်တဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ လူမှုရေးအစရှိသော လူမှုနယ်ပယ်တွင် အရေးတယူ အသုံးပြုနေကြတာကြောင့် ကျွန်ုပ်နှင့်အတူ လေ့လာဆည်းပူကြရန်နှင့် အစဥ်အလာသမိုင်းကြီးမားသော မိမိတို့ မြန်မာဘာသာစကားကိုလည်း နိုင်ငံတကာသို့ ထိုးဖောက်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးပွါးလာစေရန် ရည်ရွယ်ပါသောကြောင့် အတူတကွဆည်းပူးလေ့လာရန် ဖိတ်ခေါ်အပ်ပါတယ်။