25/06/2024
[English Below]
"1st Wetland Link International Asia-Oceania Conference in Sri Lanka" 🌊
သဘာဝဝန်းကျင်ထိန်းသိမ်းရေးပညာပေးပြခန်း (EESC) ကိုယ်စားပြု၍ Biodiversity And Nature Conservation Association - BANCA-BirdLife Myanmar အသင်းမှ ဝန်ထမ်း နှစ်ဦးသည် သီရိလင်္ကာနိုင်ငံတွင် ဇွန်လ (၁၇) ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော "1st Wetland Link International Asia-Oceania Conference" သို့ တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားပွဲသည် Wetland Link International WLI Asia-Oceania ဒေသအတွင်းရှိ အဖွဲ့ဝင်များအကြား ရေဝပ်ဒေသများထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေခြင်းနှင့် ကွန်ယက်ချိတ်ဆက်ခြင်းတို့ကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ပါသည်။
ထိုအခမ်းအနားအတွင်း ၎င်းတို့သည် WLI ၏ အဖွဲ့ဝင်အသစ်အဖြစ် EESC အကြောင်းနှင့် ပြခန်းတွင် ဆောင်ရွက်လျက် ရှိသော ပညာပေးနှင့် ထိန်းသိမ်းရေးဆိုင်ရာများအကြောင်း တင်ပြခဲ့ပြီး ပြခန်းတစ်ခုပါ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ EESC အတွက် အရေးပါလှသော မှတ်တိုင်တစ်ခုအဖြစ် အသင်းဝင်လက်မှတ်ကိုပါ ရရှိခဲ့ပါသည်။ မိမိတို့အနေဖြင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သော ထိန်းသိမ်းရေးကြိုးပမ်းမှုများကို မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများထိန်းသိမ်းရေးနှင့် ပညာပေးကဏ္ဍကို တိုးမြင့်ဆောင်ရွက်သွားနိုင်ရန်အတွက် WLI အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါသည်။
--–------------------------------------------------------------------------------
On behalf of the EESC, two staff members from the BANCA attended the "1st Wetland Link International Asia-Oceania Conference" held from 17 to 22 June 2024, in Sri Lanka. This conference aimed to facilitate knowledge sharing and networking to promoting wetland conservation.
During the conference, they introduced about the EESC and its education and conservation program as a new member of WLI and organized an exhitbition booth. We received a membership certificate, marking a signficant milestone of the EESC. We look forward to collaborate with the WLI community to advance wetland conservation and education in Myanmar, fostering stronger partnership and more impactful conservation efforts.