Lin Lett San - Abacus & Mental For Kids

Lin Lett San - Abacus & Mental For Kids Education is the key for many windows.

31/05/2025

တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး
မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ
ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ
သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ
တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ

သင်တန်းမှာလာတဲ့ အချို့ကလေးတွေ
အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ
Body က passive ဖြစ်ပြီး
သေးသေး လီလီ ဖြစ်နေတာတွေ
လက်တွေ့ မြင်နေရပါတယ် …

ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်

♦️♦️♦️♦️♦️♦️

မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်💕💕💕

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ❤❤❤

Special Needs ဆိုတာ ဘာလဲရေးသားသူ - မေသင်း(ခုလိုရှင်းရှင်းလင်းလင်းရေးပေးထားလို့ We Are Teachersမှအထူးကျေးဇူးတင်ပါတယ်🙏)Spe...
09/05/2025

Special Needs ဆိုတာ ဘာလဲ

ရေးသားသူ - မေသင်း(ခုလိုရှင်းရှင်းလင်းလင်းရေးပေးထားလို့ We Are Teachersမှအထူးကျေးဇူးတင်ပါတယ်🙏)

Special Needs ဆိုတာ .. လွယ်လွယ်ပြောရရင်တော့ အထူးလိုအပ်ချက်များရှိနေသော (တနည်းအားဖြင့်) အထူးစောင့်ရှောက်မှု လိုအပ်နေသောကလေးများပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အများဆုံးရှိတဲ့ Special Needs အမျိုးအစားများကတော့
> Autism
> ADHD
> Down Syndrome
> Learning Disability
> Cerebral Palsy (CP)
> Speech Delay
> Speech and language Impairment
> Amyotrophic Lateral Sclerosis (ALS)
တို့ပဲ ဖြစ်ပါတယ်။

အသေးစိတ် လေ့လာလိုသူများအတွက်တော့ First Comment မှာ Link တွေရှိပါတယ်။

Special Needs ကလေးနဲ့
Typical ကလေးဘာတွေကွာခြားလဲ

အရင်ဆုံးပြောပြချင်တာက

▫️ကလေးချင်းအတူတူပါပဲ။

▫️ ဖေဖေမေမေတို့ရဲ့ တန်ဖိုးမဖြတ်နိုင်သော ရတနာလေးတွေချင်းလည်းအတူတူပါပဲ။

▫️ချစ်စရာကောင်းတဲ့ကလေးလေးတွေဖြစ်တာချင်းလည်းအတူတူပါပဲ။

▫️မိဘမေတ္တာအပြည့်အဝလိုအပ်တဲ့ကလေးချင်းလည်းအတူတူပါပဲ။

▫️ကိုယ်လက်အင်္ဂါစုံလင်တာချင်းလည်းအတူတူပါပဲ။

▫️ဖေဖေ မေမေတို့ကို ချစ်ကြတာချင်းလည်း အတူတူပါပဲ။

▫️ဖေဖေမေတို့ကို အားကိုးကြတဲ့နေရာမှာတော့ သူတို့လေးတွေက Typical Child လေးတွေထက် ပိုအားကိုးကြပါတယ်။ ဒါလည်းမဆန်းပါဘူး။ သူတို့လေးတွေက အထူးစောင့်ရှောက်မှု အများကြီးလိုအပ်နေကြတာကိုး။
SNCတွေကဘာကြောင့်အထူးစောင့်ရှောက်မှုလိုအပ်နေကြတာလဲ

▫️ဥာဏ်ရည်မမီလို့လား

▫️ဥာဏ်ရည်နိမ့်နေလို့လား

▫️မဟုတ်ပါဘူး။

▫️ဥာဏ်ရည်ဖွံ့ဖြိုးမှု မညီမျှတာပါ။
ဥာဏ်ရည်ဖွံ့ဖြိုးမှုမညီမျှတာဘယ်လိုမျိုးလဲ

▫️သူတို့စိတ်မဝင်စားတဲ့အရာဆိုရင် သင်ရတာ အရမ်းခက်ခဲပြီး၊

▫️သူတို့စိတ်ဝင်စားတဲ့အရာဆိုရင်လည်း သူများထက် ပိုပြီးသိနိုင်စွမ်းမှတ်နိုင်စွမ်း ရှိကြပါတယ်။

▫️သူများတွေ မစဥ်းစားမိတဲ့ ရှုထောင့်မျိုးကနေ သူတို့က စဥ်းစားတွေးခေါ်နိုင်တဲ့ ဥာဏ်ရည်ဥာဏ်ရည်သွေးမျိုး၊ တီထွင်ဖန်တီးမှုမျိုး ရှိကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

▫️SNC တွေ ထူးချွန်ရင်လည်း သူများထက်ကို ပိုပြီး ထူးချွန်ကြပါတယ်။


▫️ရိုးရိုးလေးပြောရရင်တော့ သူတို့လေးတွေက သိပ်ရိုးလွန်း၊ သိပ်ဖြူစင်ကြလွန်းတဲ့ကလေးလေးတွေပေါ့။

▫️Special Needs Child ဆိုတဲ့နာမည်လေးအတိုင်းပဲ အထူးလိုအပ်ချက်များရှိနေတဲ့ကလေးလေးတွေပါပဲ။
SNCတွေကဘာဖြစ်လို့အထူးလိုအပ်ချက်တွေရှိနေတာလဲ

ဟုတ်ကဲ့ပါ.. စောစောကပြောခဲ့တဲ့အတိုင်းပါပဲ..
သူတို့ကသိပ်ရိုးလွန်း သိပ်ဖြူစင်လွန်းတော့

▫️သူတို့အန္တရာယ်သူတို့မသိပါဘူး။

▫️အကြောင်းအရာတစ်ခုကိုသင်ပေးရင်လည်း လှေကြီးထိုးရိုးရိုးနည်းနဲ့ သင်ပေးလို့မရပါဘူး။

▫️လူကြားထဲမှာ သူများတွေမသိစေချင်လို့ မျက်နှာရိပ်မျက်နှာကဲပြရုံနဲ့လည်းမရပါဘူး။

▫️လူတွေရဲ့ပရိယာယ်တွေကိုလည်း နားမလည်ပါဘူး။

ပြောပြရရင်တော့အများကြီးပါပဲ။ အဓိကပြောပြချင်တာကတော့ SNC လို့ ပြောလိုက်တာနဲ့

▫️Normal မဟုတ်ဘူးလို့ မထင်ကြပါနဲ့။

▫️အရပ်ထဲကလူတွေ နားမလည်တဲ့သူတွေ ပြောကြသလို ကျပ်မပြည့်တဲ့၊ ဥာဏ်ရည်မမီတဲ့ကလေးလေးတွေလည်း မဟုတ်ပါဘူး။

▫️သူတို့လေးတွေက Typical Child မဟုတ်တဲ့ကလေးလေးတွေ ဖြစ်နေလို့ပါ။
TypicalChildဆိုတာကရောဘာလဲ

Typical Child ဆိုတာ ပုံမှန်ကလေးတွေပါ။ အဲ့လိုဆိုတော့ SNC တွေက ပုံမှန်ကလေးမဟုတ်ဘူးလားလို့ မေးစရာဖြစ်သွားတာပေါ့နော်။ ဒီနေရာမှာ သတိထားရမယ့်အချက်ကတော့ Typical Child တွေကို Normal Child လို့ မသုံးနှုန်းတဲ့အချက်ပါပဲ။ Normal ဆိုနဲ့စကားကို မဖြစ်မနေ သုံးချင်ရင်တော့ Normally Developed Child လို့ သုံးမှ မှန်ပါတယ်။ အဓိပ္ပါယ်ကတော့ Typical Child ဆိုတာ ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ ကလေးဖြစ်ပါတယ်။

SNCနဲ့TypicalChildမတူညီတဲ့အချက်ကွဲပြားတဲ့အချက်ကဘာလဲ?️SNC က ပုံမှန်အတိုင်း Developed မဖြစ်ခဲ့ကြပါဘူး။

▫️ကလေးတွေမှာ Milestone လို့ခေါ်တဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်မိုင်တိုင်လေးတွေရှိပါတယ်။ SN ကလေးတွေကတော့ မိုင်တိုင်တစ်ခုချင်းဆီသို့ ကြိုရောက်တဲ့သူ၊ နောက်ကျမှရောက်တဲ့သူ၊ မသိလိုက်မသိဖာသာကျော်ဖြတ်သွားသူနဲ့ ဖေဖေမေမေတို့ရဲ့အကူအညီပေါင်းများစွာနဲ့မှ ကျော်ဖြတ်နေရတဲ့သူဆိုပြီး ကွဲပြားခြားနားမှုတွေတော့ ရှိပါတယ်။

အဲ့ဒါကြောင့်လည်း SN ကလေးလေးတွေဆိုတာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ၊ အထူးဂရုစိုက်မှု၊ အထူးစောင့်ရှောက်မှုနဲ့ Supporting တွေ အများကြီး လိုအပ်နေသော ကလေးလေးတွေ ဖြစ်ပါတယ်လို့ပဲ ဖြေပေးပါရစေရှင့်။

#မေသင်း
#အော်တစ်ဇင်ကလေးမိခင်တစ်ဦး

ငါ့ကို အရေးမပါသလို ဆက်ဆံလာရင်ဘယ်လောက်အရေးကြီးကြီး တဖြေးဖြေး ငါ့အတွက် အရေးမပါတဲ့သူပဲ ဖြစ်သွားမှာလူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆ...
25/03/2025

ငါ့ကို အရေးမပါသလို ဆက်ဆံလာရင်
ဘယ်လောက်အရေးကြီးကြီး
တဖြေးဖြေး ငါ့အတွက်
အရေးမပါတဲ့သူပဲ ဖြစ်သွားမှာ

လူတစ်ယောက်နဲ့
တစ်ယောက်ဆက်ဆံရာမှာ
respect ဟာသိပ်အရေးကြီးတယ်

ကိုယ်က
ဘာမှမပေးနိုင်ပဲ
သူများဆီကချည်း လိုချင်နေလို့မရဘူး

ငါ့အတွက်တော့
ငါ့မာနကိုထိပါးစေတဲ့
ဒါမှမဟုတ် ငါ့ကိုသိမ်ငယ်လာအောင်
ခံစားစေရတဲ့ ဘယ်သူ့ကိုမဆို
ငါ့ဘ၀ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် ထားပစ်ခဲ့မှာ။

#ဆရာအောင်သင်းစာပေ

#စာပေဗဟုသုတုလူတိုင်းရ
#ဘဝအတွတ်စာဖတ်ပါ
#စာပေ

18/03/2025

အိမ်ပြန်ချင်ပြီ........
တဲ့လေးထိုး မိုးကာလေးမိုးပြီးပဲ နေရနေရ ကိုယ့်နေရပ်ကိုပဲ ပြန်ချင်ပြီ 😢😥😥😢

22/02/2025

အလုပ်လေး ပြန်လုပ်မယ်လေ သုံည ကနေ ပြန်စပေါ့

22/02/2025

Hello,
ပေသီးသခ်ျာ online class အတန်းလေး သင်ပါမယ်ရှင့် တနလ်ာမှ သောကြာ
Level 1 အတွက် နေ့လည် 1နာရီမှ 2နာရီခွဲထိ
Level 2,3,4,5 အတွက် ညနေ 3နာရီမှ 4 နာရီခွဲထိ
Level 1 ကို KG မှ စတက်လို့ ရပါတယ်ရှင့်
အသေးစိတ် cb မှာ စုံစမ်းလို့ ရသလို
Viber, Telegram 09750760056 မှာလဲ မေးမြန်းလို့ ရပါတယ်ရှင့် နွေရာသီကျောင်းပိတ်ရက် 3လပိုင်း3 ရက်နေ့( တနလ်ာမှ သောကြာ) ထိ ပါရှင့် ‌ကျောင်းဖွင့်ချိန်ရောက်ရင် စနေ တနဂ်နွေ အတန်းလေး ပြောင်းသင်ပေးမှာပါရှင့်
"မိမိကလေး မှတ်ဉာဏ်ကောင်းစေဖို့၊ ပေါင်း နုတ်မြှောက်စား လွယ်ကူစွာ တွက်တတ်ဖို့၊ သခ်ျာစွမ်းရည် တိုးတက်ဖို့ ပေသီးသခ်ျာတန်းလေး ထားကြပါစို"

08/01/2025

ကျောင်း စာမေးပွဲတွေ ပြီးရင် ပေသီးသခ်ျာ အတန်းချိန်လေးတွေ ပြန်စပေးပါ့မယ်ရှင့် KG အရွယ်မှစ တက်လို့ရပါတယ်ရှင့်

Address

Banmaw

Telephone

+959750760056

Website

Alerts

Be the first to know and let us send you an email when Lin Lett San - Abacus & Mental For Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share