02/05/2022
Interim Adminstrative Council -Banmaw TU
နည်းပညာတက္ကသိုလ်(ဗန်းမော်)၊ယာယီအုပ?
02/05/2022
05/04/2022
(English Version Below)
ကချင်ဒေသ တက္ကသိုလ်/ကောလိပ်/သင်တန်းကျောင်း ကောင်စီများ၏
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်နှင့် ပတ်သက်သည့်
ပူးတွဲကြေညာချက်
ရက်စွဲ၊ ၅ ရက်၊ ဧပြီလ၊ ၂၀၂၂ ခုနှစ်
၁။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် နိုင်ငံတော်အာဏာအား မတရားနည်းဖြင့် လုယူထားသော အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာ အသက်ဝင်မှုကို ဖော်ပြရန် ဟန်ပြသက်သက် ပြုလုပ်သည့် စာမေးပွဲမျှသာ ဖြစ်သည်။
၂။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အစဉ်အလာအရ မေးခွန်းထုတ်သည်မှအစ အောင်စာရင်းပြုလုပ်သည် အထိ လုပ်ငန်းအဆင့်ဆင့်ကို လုပ်ငန်းကျွမ်းကျင်ပြီး ကိုယ်ကျင့်တရားဖြောင့်မတ်သည့် ပညာရှင်များဖြင့် အကောင်အထည်ဖော်ခဲ့ကြသော်လည်း ထိုကဲ့သို့ လုပ်ငန်းကျွမ်းကျင်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် ပညာရှင်အများစုက အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင်ပါဝင်နေသောကြောင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လုပ်ငန်းအဆင့်ဆင့်ကို လုပ်ငန်းကျွမ်းကျင်မှု၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ် လိုက်နာမှုတို့၌ သံသယဖြစ်ဖွယ်ရာ ပြည်သူ့သစ္စာဖောက် အာဏာရှင်ထောက်တိုင် ဝန်ထမ်းဆိုးများဖြင့် အကောင်အထည်ဖော်ထားခြင်းဖြစ်သောကြောင့် ၎င်းစာမေးပွဲရလဒ်အား ယုံကြည်လက်ခံဖွယ်ရာ မရှိပါ။
၃။ သို့ဖြစ်ပါ၍ အစိုးရအမည်ခံ တရားမဝင် စစ်ကောင်စီက စီစဉ်ကျင်းပသည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်အား ကချင်ဒေသအတွင်းရှိ အဆင့်မြင့်ပညာအဖွဲ့အစည်းအားလုံးက လုံးဝ အသိအမှတ်မပြု ကြောင်းနှင့် ၎င်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ဖြင့် တက္ကသိုလ်ဝင်ခွင့် လုံးဝ မပြုကြောင်း ပူးတွဲကြေညာအပ်ပါသည်။
(၁) မြစ်ကြီးနား တက္ကသိုလ် ကောင်စီ
(၂) မြစ်ကြီးနား နည်းပညာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ
(၃) ကြားကာလ တက္ကသိုလ်ကောင်စီ - မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ်
(၄) မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ကောင်စီ
(၅) ကချင်ပြည်နယ် သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများ ယာယီကောင်စီ
(၆) စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) သင်တန်းကျောင်း ကောင်စီ
(၇) ဗန်းမော် တက္ကသိုလ် ကောင်စီ
(၈) ကြားကာလ တက္ကသိုလ်ကောင်စီ ဗန်းမော်နည်းပညာတက္ကသိုလ်
(၉) ကြားကာလ တက္ကသိုလ်ကောင်စီ ဗန်းမော်ကွန်ပျူတာတက္ကသိုလ်
(၁၀) မိုးညှင်းတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ
-------------------------------------------------------------------
Joint Statement in Relation to the Result of Academic Year 2022 Matriculation Examination Issued by Interim Council of Universities, Colleges, and Training Schools in Kachin Region
Dated at 5th April, 2022
1. The Academic Year 2022 Matriculation Examination is nothing but merely an examination held by the unlawful, illegal military junta, that taken political power by means of an unconstitutional way, in attempting to depict its active administrative power over the state.
2. Formally, the procedure of holding a matriculation examination includes several important steps all of which used to be carefully carried out by skillful and morally reliable experts. In the absence of such skillful, righteous experts, who have joined civil disobedience movement (CDM), unskillful and morally questionable staff who are pillars of the military dictatorship are carrying out such important procedures. As a result, the integrity of the entire process of the academic year 2022 Matriculation Examination is seemingly unreliable and trustful.
3. For the above reasons, all the higher educational institutions in Kachin Region unanimously issued a joint statement announcing that all the higher educational institutions in Kachin Region absolutely derecognize the result of the academic year 2022 Matriculation Examination and will not accept the result of the academic year 2022 Matriculation Examination in the admission process.
(1) Myitkyina University Council
(2) Myitkyina Technological University Interim Council
(3) Interim University Council University of Computer Studies (Myitkyina)
(4) Education Degree College (Myitkyina) Council
(5) Interim Council of Nursing and Midwifery training Schools, Kachin State
(6) State Agricultural Institute (Myitkyina) Interim Administrative Council
(7) Banmaw University Council
(8) Interim Administrative Council – Banmaw Technological University
(9) Interim University Council , University of Computer Studies (Banmaw)
(10) Interim University Council of Mohnyin University
30/03/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
`` SolidWorks Introduction Course ´´
သင်တန်းကာလ - (၂) လ။
သင်တန်းစတင်မည့်နေ့ - ဧပြီလ (၂)ရက်၊ ၂၀၂၂ ခုနှစ်။
သင်ကြားမည့် ပုံစံ - Zoom Application။
သင်ကြားမည့်အချိန် - အပတ်စဥ် စနေ၊ တနင်္ဂနွေ ည (၇)နာရီမှ (၉)နာရီ။
ကန့်သတ်လူဦးရေ - အယောက် (၅၀)။
ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://forms.gle/SwbcAjmazipGB2HA9
ဤသင်တန်းကို နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများအတွက်ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ပြီး အခြားစိတ်ဝင်စားသူများလည်း တက်ရောက်နိုင်ပါသည်။
ဖောင်ပိတ်မည့်ရက် - မတ်လ (၃၁)ရက်နေ့၊ ည (၁၁) နာရီ၊ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။
ဧပြီလ (၁) ရက်နေ့တွင် တက်ရောက်ခွင့်ရသူများအား Email များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။
သင်ကြားမည့် အကြောင်းအရာများ
Course Outlines...
Week 1:
• Introduction to SolidWorks (Software and Design)
• Fundamentals (Design Concepts, SolidWorks terminology, Provides an overview of help options)
Week 2:
• Demonstrates design methods, tools and features commonly used to make parts
• Counter Top
Weeks 3:
• Faucet
• Faucet Handle
Week 4:
• Cabinet Door
• Moldings, hinge
Week 5:
• Assemblies (Shows how to add parts to an assembly, specify mates, and uses in-context design method)
• Mate and in-context design
Week 6:
• Load and assembly
• Examine the assembly
Week 7:
- Drawing (Discusses drawing sheet formats, views, dimensions, annotations, and bills of materials),
• Faucet Assembly drawing sheet and vanity Assembly drawing heat
Week 8:
- Engineering Tasks (Examines add-in applications, utilities, and other resources to complete advanced tasks)
စသည့် တို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။...
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1
ကျောင်းသား/အတန်းသားများ အဆင်မပြေသည်များရှိပါက (Telegram Account)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
04/03/2022
အသိပေးထုတ်ပြန်ကြေညာခြင်း
ရက်စွဲ။ ။ မတ်လ ၄ ရက်၊ ၂၀၂၂ ခုနှစ်။
လတ်တလော လူမှုကွန်ရက်မီဒီယာပေါ်တွင် ဝေဖန်မှုများမြင့်တက်လျက်ရှိသော Photoshop Foundation Course နှင့်ပတ်သက်၍ အများပြည်သူ၊ ကျောင်းသား၊ကျောင်းသူများ နားလည်မှုလွဲနေသည်ကိုသိရ၍ အဆိုပါဖြစ်စဉ်အား မိမိတို့ နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်အနေဖြင့် အသိပေးတင်ပြလိုပါသည်။
မိမိတို့ကွန်ရက်သည် ကွန်ရက်စတင်တည်ထောင်စဥ်ကချမှတ်ခဲ့သည့် မူဝါဒ၊ လုပ်ငန်းစဥ်များနှင့်အညီ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး တော်လှန်ရေးကို နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေမည့် သင်တန်းတိုများ၊ ဆွေးနွေးပွဲများ အစရှိသည့် ကြားကာလပညာရေးအစီအစဥ်များကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဖြင့် ပူးပေါင်းလျက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကြေညာထားသည့် Photoshop Foundation Course သည်လည်း မိမိတို့ နည်းပညာတက္ကသိုလ်စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက်မှ စီစဥ်ဖွင့်လှစ်သော သင်တန်းများထဲမှ တစ်ခုဖြစ်ပါသည်။
ဤသင်တန်းကို တော်လှန်ရေးအတွက် တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်စေပြီး ကျောင်းသား၊ ကျောင်းသူများ လည်း အသိပညာရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
မိဘပြည်သူ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဤအထင်အမြင်လွဲမှားနေသည့်ကိစ္စအား သဘောပေါက် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။ ပြည်သူလူထုအနေဖြင့် တော်လှန်ရေးကာလတွင် မိမိတို့တတ်နိုင်သည့်ဘက်ပေါင်းစုံမှ အပြုသဘောဆောင်၍ ပူးပေါင်းပါဝင် ကူညီပေးကြပါရန်လည်း လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
Ref;
https://www.facebook.com/109386154653912/posts/285508037041722/
04/03/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
`` Photoshop Foundation Course ´´
သင်တန်းကာလ - တစ်လခွဲခန့်။
သင်တန်းစတင်မည့်နေ့ - မတ်လ (၈)ရက်၊ ၂၀၂၂ ခုနှစ်။
သင်ကြားမည့် ပုံစံ - Facebook Group
ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
ယခုသင်တန်းသည် (၁)လခွဲခန့် ကြာမြင့်မည်ဖြစ်ပီး ကျောင်းသားကျောင်းသူ၊ လူငယ်တို့ အနေဖြင့် (၂၁)ရာစုတွင်
တတ်မြောက်ထားသင့်သော ပညာရပ်တစ်ခုဖြစ်သည့် `Photoshop Foundation´ အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။...
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://forms.gle/xFsPSXYfJbgHk1JG8
ဖောင်ပိတ်မည့်ရက် - မတ်လ (၆)ရက်နေ့၊ ည (၁၁) နာရီ၊ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။
မတ်လ (၇) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။
သင်ကြားမည့် အကြောင်းအရာများ
Course Outlines...
1.Software installation
2.Photoshop နဲ့ပက်သတ်ပြီး မဖြစ်မနေသိထားရမည့် tools များအကြောင်း...
3.ပုံများကို အလင်းအမှောင်၊အရောင် ပြုပြင်နည်း(lighting and color adjustment)
4.ပုံပေါင်းစပ်ပြီး Poster Design များဖန်တီးခြင်း(Photo Editing technique)
5.ပုံရိပ်များကိုပိုမိုကြည့်ကောင်းအောင်ပြုပြင်၊ပြင်ဆင်နည်း(photo retouching)
6.ကြော်ငြာဒီဇိုင်းများရေးဆွဲနည်း(Social media design)
(*manipulation, color grading , retouch သင်ခန်းစာများ)
စသည့် တို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။...
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1
ကျောင်းသား/အတန်းသားများ အဆင်မပြေသည်များရှိပါက (Telegram Account)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
14/02/2022
🔹 တတိယနှစ်နှင့် အထက် အီလက်ထရွန်းနစ်အင်ဂျင်နီယာကျောင်းသား၊သူများ ၊မြို့ပြအင်ဂျင်နီယာကျောင်းသား၊သူများနှင့် စက်မှုအင်ဂျင်နီယာကျောင်းသား၊သူများ သိရှိစေရန်
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အရေးပေါ်ကာလအခြေအနေတွင် အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကာလအခြေအနေများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး “ ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ”
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသား များ၏ ပညာရေးကို အရေးပေါ်ကာလအခြေအနေကြေညာထားစဉ်တွင် အဆက်မပြတ်စေရေးနှင့် ပညာဆက်လက် သင်ယူခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
မတ်လ ၅ ရက် - ၂၀၂၂ ခုနှစ် - မြန်မာစံတော်ချိန် ညနေ ( ၁:၃၀) နာရီ
“Autodesk Inventor 3D Software 2021”
သင်တန်းစတင်မည့်ရက် - မတ် ၅ ရက် - ၂၀၂၂ခုနှစ်
သင်တန်းကာလ - ၃ လ
သင်ကြားမည့်ပုံစံ - ပထမဆုံးရက်တွင် Zoom Meeting ဖြင့် သင်တန်းနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် အချက်များ၊ Software Install လုပ်ရမည့် နည်းလမ်းများ၊ သင်တန်းစည်းကမ်းများ အစရှိသည် တို့အား ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး ကျန်ရက်များတွင် Facebook Closed Group တွင် Video Lectures များဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်တန်းလိုအပ်ချက် - Assignment များ သတ်မှတ်ချိန်အတွင်း ပြန်လည် တင်ပေးရန်၊ Autodesk Inventor 1 Software Install လုပ်နိုင်မည့် Laptop or Desktop Computer (Core i5, 8GB Ram) တစ်လုံးရှိရန်နှင့် အင်တာနက် ရရှိရန် လိုအပ်ပါမည်။
“Autodesk Inventor” သည် mechanical components design နှင့် Skids 3D model အတွက် အဓိက သုံးသော 3D modelling software ဖြစ်ပြီး product design အပြင် food industry, chemical industry and pharmacy တွင် အသုံးအများဆုံး software တစ်ခု ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ်များမှ တတိယနှစ်နှင့်အထက် စက်မှုအင်ဂျင်နီယာ၊ မက္ကာထရောနစ် အင်ဂျင်နီယာ၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာနှင့် မြို့ပြအင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်။
အောက်ဖော်ပြပါ Link သို့ ၀င်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
Register in advance for this short course
https://us02web.zoom.us/webinar/register/WN_YQhUfEQvS8qPA14LbuJyoQ
After registering, you will receive a confirmation email containing information about joining the course.
13/02/2022
အမိန့်ကြေညာချက် ( ၀၂/ ၂၀၂၂ ) ။
နည်းပညာတက္ကသိုလ် ( ဗန်းမော် )၊ ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပေးအပ်ထားသော အခွင့်အာဏာကို အသုံးပြု၍ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများကို ရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲခဲ့သော စည်းမျဉ်းဥပဒေများအရ အောက်ဖော်ပြပါ ကျောင်းသား/သူများသည် တက္ကသိုလ်ကောင်စီ၏ နည်းဥပဒေပုဒ်မ ( ၁၉ ) ကို ဖောက်ဖျက် ကျုးလွန်ကြောင်း ပညာရေးဘုတ်အဖွဲ့မှ စိစစ်တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နည်းဥပဒေပုဒ်မ ( ၂၀ ) အရ အမည်ပျက်စာရင်း ထည့်သွင်းကာ တော်လှန်ရေးကာလ လွန်မြောက်ပြီး တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်ချိန်တွင် ၄င်းတို့ကို ပညာသင်ကြားခွင့် (၂)နှစ် တိတိ ရုတ်သိမ်း ကန့်သတ်လိုက်သည်။
အဆိုပါ ကျောင်းသားကျောင်းသူများအား စစ်ကောင်စီမှ ပေးအပ်သောဘွဲ့လက်မှတ်များကို ချွင်းချက်မရှိပယ်ဖျက်၍ ဘွဲ့နှင်းသဘင် တက်ရောက်ခွင့် ရာသက်ပန် ပိတ်ပင်လိုက်သည်။
ပုံ
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့
နည်းပညာတက္ကသိုလ်(ဗန်းမော်)
အမိန့်အရ ——
အတွင်းရေးမှူး
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
နည်းပညာတက္ကသိုလ်(ဗန်းမော်)
12/02/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကာလအခြေအနေများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး “ ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ”
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသား များ၏ ပညာရေးကို အရေးပေါ်ကာလအခြေအနေကြေညာထားစဉ်တွင် အဆက်မပြတ်စေရေးနှင့် ပညာဆက်လက် သင်ယူခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
``Python Foundation Course´´
သင်တန်းကာလ - `တစ်လခွဲ´
သင်တန်းစတင်မည့်နေ့ - `ဖေဖော်ဝါရီ (၁၅)ရက်နေ့´
သင်ကြားမည့်အချိန် - `အပတ်စဉ် အင်္ဂါ-ဗုဒ္ဓဟူး...(10 Am-11:30 Am)´
နေရာ - `Zoom Application´
ကန့်သတ်လူဦးရေ - `၅၀ယောက်´
ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
ယခုသင်တန်းမှာ တစ်လခွဲကြာ ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသား၊ လူငယ်တို့အနေဖြင့် ခေတ်နှင့်အညီ နားလည်တတ်ကျွမ်းသင့်သော ပညာရပ်တစ်ခုဖြစ်သည့် `Programming Language´ တစ်ခုဖြစ်သော Python Programming အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSe6qbytfDgpMXdL1KQ1nEco6TDC6zZhyu36W5HbxyPHrvxDZQ/viewform?usp=sf_link
ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၄) ရက်၊ ည (၁၁) နာရီ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။
ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။
Course Outlines.........
✔"Python Programming Fundamentals"
1. Why Python?
2. What is Interpreter ?
3. IDE installation
4. Indentation
5. Primitive Data type and reserve words
6. Loops and Iteration
6.1 for loop
6.2 while loop
7. Condition
7.1 if
7.2 else
7.3 elif
7.4 try except
8. Operation
8.1 Binary
8.2 logical operator
8.3 Assignment Operator
8.4 Relational Operator
9. Type Conversion
10. String
11. Function
11.1 in-built function
11.2 own function
11.3 return and non-return function
11.4 argument and parameter
Note :: Theory ရော Practical ပါ အသေချာလုပ်ရမှာဖြစ်ပီး Assignment တွေ၊ Exam တွေလဲ ဖြေရမှာဖြစ်ပါတယ်။
Course ပြီးရင် ဘာတွေရသွားမလဲ?....
1. Fundamentals Theory တွေကို စနစ်တကျသိရှိသွားမည်။
2. Lecture Video တွေ Sample Code တွေ PDF တွေ အပြည့်စုံရရှိသွားပါမည်။
3. Assignment များ တင်ရမည်ဖြစ်သောကြောင့် Mini Project အတွေ့ကြုံရရှိသွားပါမည်။
4. Google Tools များ သုံးတတ်သွားပါမည်။
သင်တန်းပြီးဆုံး၍ Exam ကိုသေချာစွာ ဖြေဆိုပီးမှသာလျှင် Certificate များပေးအပ်မည်ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
10/02/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဥ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဥ်
ကြားကာလပညာရေး အစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ကျောင်းသားများကွန်ရက် မှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်း၍ စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
ကာလတိုသင်ကြားရေး အစီအစဥ်အဖြစ် ဖော်ပြပါ Webinar အားကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
“Power Flow Studies”
ပို့ချမည့်ရက် - ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၂ ခုနှစ်။ (စနေနေ့)
ပို့ချမည့်အချိန် - မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ။
ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၂ ခုနှစ်။ (သောကြာနေ့)
အသုံးပြုမည့် Platform - Zoom app
ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများအပြင် လျှပ်စစ်စွမ်းအားဆိုင်ရာ ပညာရပ်အား စိတ်ပါဝင်စားသူ မည်သူမဆို Zoom မှတစ်ဆင့် တက်ရောက်နားထောင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းသားအရေအတွက်အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနိုင်သည့်အတွက် အမှန်တကယ် တက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသင်တန်းအား Electrical Power Students' Network မှ စီစဥ်ခြင်းဖြစ်သည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
ဖောင်တင်ရမည့်link - https://forms.gle/X7jJeBFzMAS8rhDh9
Electrical Power Students' Network page
https://www.facebook.com/Electrical-Power-Students-Network-104804138636099/
Zoom linkများကို Emailမှတစ်ဆင့် ပေးပိုသွားပါမည်။ Email စစ်ရာတွင် Inboxတွင် မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။
05/02/2022
အမိန့်ကြေညာချက် ( ၀၁/ ၂၀၂၂ ) ။
နည်းပညာတက္ကသိုလ် ( ဗန်းမော် )၊ ကြားကာလအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပေးအပ်ထားသော အခွင့်အာဏာကို အသုံးပြု၍ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများကို ရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲခဲ့သော စည်းမျဉ်းဥပဒေများအရ အောက်ဖော်ပြပါ ပဉ္စမနှစ် ကျောင်းသား/သူများသည် တက္ကသိုလ်ကောင်စီ၏ နည်းဥပဒေပုဒ်မ ( ၁၉ ) ကို ဖောက်ဖျက် ကျုးလွန်ကြောင်း ပညာရေးဘုတ်အဖွဲ့မှ စိစစ်တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နည်းဥပဒေပုဒ်မ ( ၂၀ ) အရ အမည်ပျက်စာရင်း ထည့်သွင်းကာ တော်လှန်ရေးကာလ လွန်မြောက်ပြီး တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်ချိန်တွင် ၄င်းတို့ကို ပညာသင်ကြားခွင့် (၂)နှစ် တိတိ ရုတ်သိမ်း ကန့်သတ်လိုက်သည်။
အဆိုပါ ကျောင်းသားကျောင်းသူများအား စစ်ကောင်စီမှ ပေးအပ်သောဘွဲ့လက်မှတ်များကို ချွင်းချက်မရှိပယ်ဖျက်၍ ဘွဲ့နှင်းသဘင် တက်ရောက်ခွင့် ရာသက်ပန် ပိတ်ပင်လိုက်သည်။
ပုံ
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့
နည်းပညာတက္ကသိုလ်(ဗန်းမော်)
အမိန့်အရ ——
အတွင်းရေးမှူး
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
နည်းပညာတက္ကသိုလ်(ဗန်းမော်)
04/02/2022
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် ( ၁/ ၂၀၂၂ )
၂၀၂၂ ခုနှစ်၊ ဖေဖော်၀ါရီလ (၄) ရက်
CDM ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကို ဖိနှိပ်ခြိမ်းခြောက်လျက်ရှိသော
Non-CDM ဝန်ထမ်းများအား အပြစ်ပေးအရေးယူနိုင်ရေးနှင့် ပတ်သက်၍ ကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ လူမှုဖူလုံရေး၊ လုံခြုံရေး နှင့် တရားမျှတမှုရရှိရေးတို့အတွက် အမြဲမပြတ် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ Non-CDM ဝန်ထမ်းများအား အရေးယူနိုင်ရေးနှင့် ပတ်သက်၍ ကြေညာချက်များဖြစ်သည့် ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၈/၂၀၂၁)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ကြေညာချက် အမှတ် (၁၀/၂၀၂၁)၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၂/၂၀၂၁)၊ ပညာရေးဝန်ကြီးဌာန၏ ကြေညာချက် အမှတ် (၂၇/၂၀၂၁) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
၂။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော Non-CDM ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဌာနမှူးများ ဦးဆောင်သော အကြမ်းဖက်အုပ်စုလက်ပါးစေများက CDM ၀န်ထမ်းများအား ချေးငွေပြန်ဆပ်ရန်၊ ၀န်ထမ်းအိမ်ရာများမှ ဖယ်ပေးရန် ဖိအားပေးခြိမ်းခြောက်ခဲ့သည့်အပြင် ပစ္စည်းများအား ဖယ်ရှား၍ အိမ်ရာများအား သိမ်းဆည်းခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။ ဤသို့ ပြုလုပ်ခြင်းသည် ငြိမ်းချမ်းစွာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
၃။ ထို့ပြင် ပြည်သူ့၀န်ထမ်းများ၏ ရှင်သန်ရပ်တည်ခွင့်နှင့်အတူ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးများအပေါ် ထိခိုက် နစ်နာစေရန် လုပ်ဆောင်ချက်များသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အခြေခံလူ့အခွင့်အရေးများ ဖြစ်သော လွတ်လပ်စွာရှင်သန်ခွင့်အပိုဒ် (၃)၊ ညှင်းပန်းနှိပ်စက်ခြင်းမှကင်းလွတ်ခွင့်အပိုဒ် (၅)၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်ပိုင်ခွင့် အပိုဒ် (၁၂)၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ပိုင်ခွင့်အပိုဒ် (၁၇) တို့အား ချိုးဖောက်ခြင်း၊ ချိုးဖောက် ကျူးလွန်ရာတွင် အားပေးနေခြင်းတို့ ဖြစ်သည်။
၄။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်၏ အပိုဒ် (၁၆) ပါ ဝန်ထမ်းအခွင့်အရေးများနှင့် နိုင်ငံတကာလူ့အခွင့်အရေးများအား ချိုးဖောက်နေသော အကြမ်းဖက်ဝါဒီ အာဏာသိမ်းစစ်ကောင်စီနှင့် လက်ကိုင်တုတ် Non-CDM ဝန်ထမ်းများ၏ ကျူးလွန်မှုများအား စာသက်သေ၊ အသံဖိုင်သက်သေ စသည့် သက်သေခံချက်များ စုဆောင်းပြီး ထိုက်သင့်သည့်ပြစ်ဒဏ်များကျခံစေရန် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအသိပေးကြေညာလိုက်သည်။
31/01/2022
နည်းပညာတက္ကသိုလ်(ဗန်းမော်)ရှိ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကျောင်းသား၊သူများ သိရှိစေရန်
______________________________________
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဥ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဥ်
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။
Basic Industrial Motor Control
သင်တန်းစတင်မည့်ရက် - ၅.၂.၂၀၂၂ (စနေနေ့)
သင်တန်းကြာချိန် - ၂လခန့်
ကန့်သတ်လူဦးရေ - (၂၀၀) ဦးခန့်။
သင်တန်းအချိန် - အပတ်စဉ် စနေ၊ တနင်္ဂနွေ ( 7pm to 9 pm)
အသုံးပြုမည့် platform - Zoom app
သင်တန်းသားအရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနိုင်သည့်အတွက် အမှန်တကယ်သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသင်တန်းအား Electrical Power Students' Network မှ စီစဥ်ခြင်းဖြစ်သည်။ Course outline အသေးစိတ်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။
Course Detail
Course Description - To Study the Basic Electronics devices and Motor Control System
Duration
Contents
Week I – (1) Introduction of Basic Motor Control System
Week II - (2) Principle Operation of DC Motor
Week III - (5) Manual Control of AC Single Phase Induction Motor
Week IV - (8) Magnetic Contactor Based AC Single Phase
Week V - (10) Basic Timer Application
Week VI - (13) Automatic Water Level Control by DOL Starter
Week VII - (15) Basic Parameter Setting of VFD
Week VIII - (17) VFD Based Forward-Reverse Control of AC
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
ဖောင်တင်ရမည့်link - https://forms.gle/NfFQ8atjmtUyRDmKA
ဖောင်ပိတ်မည့်ရက် - ၃၁.၁.၂၀၂၂ (တနင်္လာနေ့)
Electrical Power Students' Network page
https://www.facebook.com/Electrical-Power-Students-Network-104804138636099/
Zoom linkများကို Emailမှတစ်ဆင့် ပေးပိုသွားပါမည်။ Email စစ်ရာတွင် Inboxတွင် မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Banmaw
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |