MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"

MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်", Education Website, Pattaw village, Monyo Township, Bago.

29/04/2026

#အကန့်အသပ်များ #ပေးထားချက်များ အတွင်းမှ လှုပ်ရှားရုန်းကန်ရသော ဘဝများ ...

....လူရယ်လိုဖြစ်လာလျှင်
#အကန့်အသပ်များ #ပေးထားချက်များ အတွင်းမှ လှုပ်ရှားရုန်းကန်ရ ပါသည်။ လူတိုင်းပါ...

ထိုနည်းတူစွာ...
မိမိတို့ စာသင်ကျောင်း အပါအဝင်..အဖွဲ့အစည်းများ
အားလုံးတို့သည်လဲ...
#အကန့်အသပ်များ #ပေးထားချက်များ အတွင်းမှ လှုပ်ရှားရုန်းကန်ရပါသည်။ လုပ်ငန်းများဖေါ်ဆောင်ရပါသည်။

.................

ကိုယ်ပိုင် အထက်တန်းကျောင်း ဆိုသည်မှာလဲ..
ပညာရေး ဝန်ကြီးဌာန ၏ လက်အောက်မှာသာဖြစ်ပါ၏။
ပညာရေး ဝန်ကြီးဌာန ၏...
ဥပဒေ...
ညွှန်ကြားချက်..
စည်းမျဉ်းစည်းကမ်း မူဘောင် အတွင်း၌သာ ရပ်တည် သင်ကြားရပါသည်။

အစိုးရ အထက ကျောင်းသည် အစိုးရမှ တည်ဆောက်ပေးသော ကျောင်း အဆောက်အဦး ဖြစ်ပြီး။
ကိုယ်ပိုင်အထက်တန်းကျောင်းသည် တည်ထောင်သူမှ တည်ဆောက်ပေးသော ကျောင်း အဆောက်အဦး ဖြစ်သည့်ကွာခြားမှုမှ လွဲ၍ ကျန်အချက်များ မကွာခြားလှပါ။
#ကိုယ်ပိုင်ကျောင်းများဆိုင်ရာဥပဒေ ၂၀၁၂/၂၀၁၄ နှင့်နောက်ထပ်ထုတ်ပြန်သော ဥပဒေများ အရ အနည်းငယ်တော့ လွတ်လပ်ခွင့်ပို သည်ဟု ထင်ပါသည်။

မိဘများ သိသာနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါ၏။

....................

မိဘများ ခင်ဗျာ.....
MEG ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းသား/သူများ #အဆောင်ပို့ရက် ( ဒုတိယ အကြိမ် လူတွေ့စစ်ဆေးခြင်း) ကို #သပ်မှတ်ရက်မတိုင်မီ၃ရက်ကြိုပြီး ဖုန်းဆက် အကြောင်းကြားပေးပါမည်။

အားလုံးကို ကျေးဇူးတင်ပါသည် ခင်ဗျာ...

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 28/04/2026

ဒီနေ့ မနက်...
ကျောင်းသား ၃ ဦးကျောင်းလာ၍ အပ်ပါသည်။
ကျောင်းသားအသစ်အပ်သူ ၁ ဦးက Grade 10 Bio ယူမည်ဆိုပြီး ကျောင်းအပ်လေသည်။

သူနှင့်အတူပါလာသူ (ကျောင်းအပ်ပြီးသား) တဦးက
ကျနော်က ဒီကျောင်းမှာ G 10 ဝိဇ္ဇာ နဲ့အပ်ပြီးသားပါ ဆရာကြီး။ ယခု သူငယ်ချင်း နဲ့တူသွားအောင် Grade 10 Bio ပြောင်းပြီးယူချင်ပါတယ်ဆို၏။

..........................

ပညာရေး ဝန်ကြီးဌာနက မည်သို့ပင်
Strend 1; Strend 2; stand 1;stand 2; အခေါ် အဝေါ်များ ပြောင်းထားသော်လဲ..
ကလေးများနှင့်အများစုကတော့..
Bio( သိပ္ပံတွဲ)/ Eco (ဝိပ္ပံ)တွဲ/ ဝိဇ္ဇာတွဲ..စသည်တို့ကိုသာ အကျင့်ပါ၍ ခေါ်ဝေါကြလေသည်။

..................…

‌အပေါ်က စာပိုဒ်ပြန်ဆက်ကြပါစို့....
ဪ..အေးပါ..သားလေးရေ...
မင်း...Bio တွဲယူတာက၊ ဉာဏ်ကောင်းတယ်၊အခြေခံအတန်းတွေမှာ ထူးချွန်ခဲ့တယ်၊စာလဲကြိုးစားတယ်ဆိုရင်တော့ ကောင်းပါတယ်။
အဲဒီ အခြေခံ အချက်တွေပြည့်စုံနေရင်တော့ အကောင်းဆုံးဘဲ ဘာကြောင့်လဲ ဆိုတော့ Bio တွဲက Grade 12 အောင်ပြီးလို့ တက္ကသိုလ်တက်တော့မယ်ဆိုရင် ရွှေးချယ်စရာ တက္ကသိုလ်တွေ အရမ်းများပါတယ်။ တခြားအတွဲတွေထက် ပိုများတယ်...

Bio ဘာသာရပ်ဆိုတာ... Zoology နဲ့ Botany ဘာသာ ၂ ရပ်ပေါင်းထားတာပါ။

Zoology ဆိုတာ သက်ရှိ သတ္တဝါတွေ အကြောင်းသင်တာ။

Botany ဘာသာရပ်က သစ်ပင်တွေအကြောင်းသင်တာ။
ဒါကြောင့်...

Bio တွဲယူတဲ့ကလေးတွေဟာ..တက္ကသိုလ် ဝင်ခွင့်လျှောက်ရင်...

အသက်ဇီဝ နဲ့ ပတ်သက်သော...
(၁) ဆေး တက္ကသိုလ်
(၂)သွားဖက်ဆိုင်ရာ ဆေး တက္ကသိုလ်
(၃)ဆေးဝါးကျွင်းကျင် တက္ကသိုလ်
(၄)အခြေခံကျန်းမာအခြေခံကျန်းမာရေး တက္ကသိုလ်(ဆေးမူး)
(၅)သူနာပြု တက္ကသိုလ်
(၆)တိ-မွေးကု တက္ကသိုလ်

သစ်ပင်နဲ့ပတ်သက်သော...
(၇) စိုက်ပျိုးရေး တက္ကသိုလ် စသည်ဖြင့်

(တခြားဘာသာတွဲများ ရွေးချယ်ရန် အခွင့်အရေးမရှိ‌ေသာ) တက္ကသိုလ်‌ေတွကိုရွေးချယ်တက်ရောက်နိုင်တယ်။

ဉာဏ်ကောင်း၊ကြိုးစားသော ကလေးများနဲ့ အထူးကိုက်ညီပါတယ်။ ဆရာကြီးကတော့ အားပေးပါတယ် သားရေ....

သားတို့ သိထားပြီးပြီလား?လို့ မေးတော့..
သားတို့ မသိဘူးတဲ့!!!!

................

ဒါကြောင့်...
မသိသေးသူ။ မိဘများ ကျောင်းသား/သူများသိအောင် ရေးပြခြင်းပါ။

,🔔🔔🔔

27/04/2026

ကျောင်းသား ကျောင်းသူများ အတွက် ဝန်ဆောင်မှုဆိုင်ရာ ကိစ္စများဆောင်ရွက်ရန် ရှိ၍ ပြီးခဲ့သော ၃ ရက်ခန့်က ..ခရီးထွက်ရသဖြင့် လိုင်းပေါ် မတက်နိုင်ခဲ့ပါ။

ကိုယ်တိုင်ကားမောင်း နေရသဖြင့် ဖုန်းခေါ်ဆိုခြင်းများကိုလဲ အားလုံးအတွက် ပြန်ကြားနိုင်ခြင်းမရှိခဲ့ပါ။

ဤ လိုအပ်ချက်များအတွက်တောင်းပန် အပ်ပါသ
ည်။

ယနေ့ည ပြန်ရောက်ပါသည်။

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 23/04/2026

"ဟာ....
ကလေးက ငယ်လှချီလား?"

"Grade 6 ..အသက် ၁၂ နှစ်ပါဆရာကြီး"
"‌ဪ..."

#ကျမတို့က...ကလေးပညာရေး ထူးချွန်ဖို့ ငယ်ငယ်လေးထဲက ပညာရေးမှာတွန်းအားပေးမယ်..ကလေးထူးချွန်စေမယ့် ကျောင်းမျိုးကိုရှာပြီးအပ်နှံမယ်လို့ ဆုံးဖြတ်ထားတာပါ။ ဆရာကြီး"

#တော်လိုက်တဲ့မိဘဗျာ"
"ကျနော် မိဘတွေကို ပြောချင်တာ အဲဒီအချက်ဘဲ
ဒီအရပ်ဒေသမှာ မိဘတွေက ...မြို့ပြက ကျောင်းသားမိဘတွေနဲ့ မတူတဲ့အချက်က အဲတာဘဲ...

မြို့ပြက မိဘ တွေက ကလေး ငယ်ငယ်လေးထဲက ပညာရေးကို အာရုံပြုထားတာ
ကောင်းပေ့...ဆိုတဲ့ကျောင်း
တော်ပေ့...ဆိုတဲ့ကျောင်း
ထူးချွန်ပေ့...ဆိုတဲ့ကျောင်းကို ရှာပြီးငယ်ငယ်ကလေးထဲကပို့ကြတာပါ။
တချို့ကျောင်းတွေဆိုရင် ကျောင်းတက်ရဖို့ အချိနိမရောက်ခင် ၁နှစ် /၂နှစ် ကြိုပြီးစာရင်းပေးထားရပါတယ်။

ဒီအရပ်တွေမှာက...
မိဘအတော်များများ သဘောမပေါက်ကြသလိုဖြစ်နေတယ်။ အထက်တန်းကြမှ ကိုယ်ပိုင်ကျောင်းတွေထားတာပေါ့။
G10 လောက်ရောက်မှ
G11.လောက်ရောက်မှ
G12 လောက်ရောက်မှ ကိုယ်ပိုင်ကျောင်းတွေ ထားတာပေါ့...ဒီလိုတွေးကြတာ တွေ့ရတယ်။

အဲတာ လွဲနေတယ်။

........................

အများကြီး ဥပမာ မပေးပါဘူး။
ကျနော့သားကို ဘဲ ...ဥပမာ ပေးပါမယ်..
ကျနော့သားကြီးက ခု ခင်ဗျားတို့ သိကြတဲ့အတိုင်း ဆရာဝန် တယောက်ဗျာ...

ကျနော် ဘယ်လောက်ပျိုးထောင်ပေးခဲ့ရတယ် ထင်လဲ?
ရှင်းပြမယ်နော်...

ကျနော်က...သားတွေ ငယ်ငယ်လေးထဲက ကျောင်းပိတ်ရင် ....ကဲ မိသားစု အားလုံး ကားပေါ်တက် မြန်မာနိုင်ငံ အနှံ့လည်ကြမယ် ဆိုပြီး ဘုရားဖူးထွက်တယ်..
ဒီလိုနဲ့..သားကြီးခင်မျာ မူလတန်းအထိဘဲ မိသားစုနဲ့ခရီးထွက်ရရှာတယ်။

အလယ်တန်းရောက်တာနဲ့...
မိသားစုတွေ ကားပေါ်တက် ဘုရားဖူးထွက်မယ်။
သားကြီး...မင်းမလိုက်နဲ့တော့။ မင်းက ဆရာဝန် ဖြစ်အောင်လုပ်ရမယ်။
ငါ့ရဲ့ ကိုယ်ပိုင်ကျောင်း မှာ နွေသင်တန်းကျောင်းတက်ပြီးကျန်ခဲ့။
( ထိုစဉ်ကထဲ က မိမိသည် ကိုယ်ပိုင်ကျောင်းထောင်ထားပါပြီ။ အဲဒီတုန်းကတော့ "ဘော်ဒါ"လို့ဘဲ ခေါ်ရပါတယ်။)
သားကြီးခမျာ..
မျက်ရည်လည်လည်လေးနဲ့ ကျန်ခဲ့ရရှာတာ။

.................

အဲဒီလို...
မိဘက သား ငယ်ငယ်လေးထဲက ပြတ်သားလို့။
သားကြီး အထူးချွန်ဆုံးဖြစ်စေမယ့်နေရာမှာ ပြတ်ပြတ်သားသား အပ်ပြီး။
သားကြီးကလဲ မိဘ စကားမပယ်ရှားဘဲ ကြိုးစားခဲ့လို့
ခုလို ခင်ဗျားတို့ ဒေသမှာ ဆရာဝန်အဖြစ် ရောက်ရှိလာရတာပါ။

အဓိက ပြောလိုတာက...
မိဘ မပြတ်သားဘဲ..
မိဘ အမြင်မကျယ်ဘဲ..(သင့်ရာ အပ်ပို့ မလုပ်မိဘဲ)
ကလေး ပညာရေးထူးချွန်ဖို့ မလွယ်ကူဘူး လို့ပြောချင်တာပါ။
သား သမီး ကလဲ ကြိုးစားဖို့တော့ လိုတာပေါ့လေ...

...................

အနှစ်ချုပ်ရရင်..
မိမိသားသမီး တကယ် ထူးချွန်စေချင်တာလား?
ငယ်ငယ်ကထဲက သင့်ရာ အပ်ပို့ပါ။(မိဘ တာဝန်)
သား သမီး ကလဲကြိုးစားပါ။(သား သမီး တာဝန်)

အဲတာလေးကို တိုက်တွန်း ပါရစေ။
ခု ..ကျောင်းအပ်လာတဲ့ မိဘ များလဲ..တခြားတခြားသော မိဘ များကို ..ယခုကျနော်ပြောတာလေး ထပ်ဆင့် မျှဝေပြီး ပြန်ပြောပြ ပေးပါ ခင်ဗျာ...လို့
ယခု မနက် ရှင်းပြလိုက်ရပါ၏။

ဤအရပ် ဤဒေသမှ ကလေးများ ထူးချွန်ကြပါစေ သတည်း...

🔔🔔🔔

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 22/04/2026

ိုယ်ပိုင်အထက်တန်းကျောင်းရဲ့...

system စာသင်နည်းစနစ်ကို ဒီလိုသပ်မှတ်ထားပါတယ်။
#ဘာသာရပ်(၁)ခုကို ... #ဆရာ (၂) ဦးစီသင်ကြားပါတယ်။
(အတန်းတိုင်းပါ)

.......................
(၁) .d #ဘွဲ့ရဆရာကြီးဆရာမကြီးများ..

သူတို့ရဲ့ အရည်အချင်းက

(က) နှစ်ပေါင်းများစွာ ဤစာများကို သင်ကြားပေးခဲ့တဲ့အတွက် အတွေ့အကြုံရင့်ကျက်တယ်။
(ခ)အမှတ်ပေးစည်းမျဉ်းနဲ့‌ဘောင်ဝင်အောင်သင်ကြားနိုင်တယ်။
(ဂ)Class control အတန်းကိုထိမ်းချုပ်နိုင်တယ်။
(ဃ) စာသင်တာ အသေးစိတ်တယ်၊‌ေကျညက်တယ်။

................

ဒုတိယ ဆရာ အမျိုးအစားကတော့

(၂) #ကျူရှင်ဆရာလူငယ်/လူလတ်များ( ကပက
Green card ရှိပြီး)

သူတို့က...
(က) ငယ်ရွယ်ဖြတ်လတ်တယ်။
(ခ) စာသင်ရာမှာ Active တက်ကြွတယ်။
(ဂ) ကလေးတွေစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တယ်(Class attention)ကောင်းတယ်
(ဃ) တည်ထွင်ဆန်းသစ်တယ်။ ကလေးတွေကို ပျော်ရွှင်ရယ်မော စွမ်းဆောင်နိုင်တယ်။

ဒီလို...စွမ်းဆောင်မှုရှိတဲ့ ဆရာ အမျိုးအစားများကို
အချိုးကျကျ ပေါင်းစပ်ထားတဲ့ ပါ။

စိတ်ချ....
ကလေးတွေ အောင်မြင်ဘွဲ့ရသွားကြလို့ လုပ်ငန်းခွင်မှာ အရာရှိကြီး/ငယ်တွေ ဖြစ်သွားကြတဲ့အချိန်အထိ...
" ငါတို့ကို MEG မှာ... #ဘယ်ဆရာကဘယ်လိုသင်လိုက်တာ"...လို့။ #တသသ #တမ်းတမ်းတတ ပြောရမယ့် ဆရာတွေ စုစည်းထားပါတယ်။

လိမ်မာအောင်..
ပျော်ရွှင်အောင်..
စာတော်အောင်...
ပျိုးထောင်ပေးမည့် MEG ဖြစ်ကြောင်းပါ။

💪💪💪

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 20/04/2026

MEG ကိုယ်ပိုင်အထက်တန်းကျောင်း ရဲ့....
ဆောင်ပုဒ်က ...
"လိမ်မာရန်၊စာတော်ရန်..ပျိုးထောင်မည် MEG"...ပါ။

.................

ဘာကြောင့် ဒီလို ချမှတ်ထားတာလဲ...ဆိုတော့၊

ကလေးတယောက်ဟာ ...

(၁) #လိမ်မာ..လာမှ (တနည်းအားဖြင့်) မိခင် ဖခင် ကို ချစ်တတ်လာမှ၊ မိမိရဲ့မိသားစုကို ချစ်တတ်လာမှ၊ ဘဝရဲ့ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးတရား ကို သိရှိ နားလည်လာမှ ... #ဘဝအသိတရားနဲ့နှစ်နှစ်ကာကာစာကြိုးစားချင်စိတ် ဝင်လာကြတာပါ။

(၂) #ဘဝအသိတရား နဲ့ #နှစ်နှစ်ကာကာစာကြိုးစားချင်စိတ်ဝင်လာမှလဲစာကိုတကယ်ကြိုးစားလေ့ကျင့်ကျက်မှတ်လာကြတာပါ။

(၃)ဘဝ အသိတရား နဲ့ #နှစ်နှစ်ကာကာစာကြိုးစားချင်စိတ်ဝင်လာပြီးစာကိုတကယ်ကြိုးစားလေ့ကျင့်ကျက်မှတ်လာကြမှလဲစာတော်တဲ့သူ
#ထူးချွန်တဲ့သူတွေ ဖြစ်လာကြတာပါ။

အဆင့်ကျော်လို့ မရပါဘူး။

........ ...............

ဒါကြောင့်...
ဒေသချိန်လို့ ခေါ်တဲ့ ( စာရိတ္တချိန်/ နီတိချိန်)တွေမှာ...
(၁)ကလေးတွေ မိဘ ကျေးဇူးသိတတ်ဖို့
(၂)လောကအကြောင်း နားလည်ဖို့
(၃)ကြိုးစားမှုနဲ့ ပေးဆပ်မှ အောင်မြင်မှုတွေရနိုင်တယ်ဆိုတာသိရှိဖို့...
( မိမိကိုယ်တိုင် သင်ကြား မျှဝေ ဆွေးနွေးဖို့ တပတ်လျှင်၁/၂ကြိမ်ခန့် အချိန်စာရင်းဆွဲသားထားပါတယ်)

...............

ကလေးတွေကို
(၁) လိမ်မာ အောင် အရင်လုပ်ယူရပါမယ်။
(၂)လိမ်မာခြင်းနဲ့အတူဖြစ်လာတဲ့ ဘဝ အသိတွေနဲ့ ကြိုးစားမှုကို မောင်းနှင်အားဖြစ်စေရပါမယ်။
(၃) ကြိုးစားမှုရဲ့ အသီးအပွင့်တွေဖြစ်တဲ့ အောင်မြင် ထူးချွန်မှုတွေကို (သူတို့ကို)အပ်နှင်းရမှာပါ။

.................

ဒါကြောင့်.....

MEG ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ဆောင်ပုဒ်ဟာ...

"လိမ်မာအောင်၊စာတော်အောင် ...ပျိုးထောင်မည် MEG"
ဟူ၍ သပ်မှတ်ပါကြောင်း ခင်ဗျာ...

🔔🔔🔔

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 17/04/2026

အမေရှိစဉ်က ခဏခဏ ဆူဖူးသည်...
"ဟဲ့ကောင်လေး...နင်ငယ်ငယ်ထဲက လုပ်ချင်ရင် ဇွတ်အတင်းလုပ်တာဘဲ" ပြောမရ ဆိုမရ"...တဲ့။

ဟုတ်သည်.....

မိုင် ၂၀ ခရီး...
ဆိုင်ကယ်ဖြင့် အသွားအပြန်..
အပူ‌ဆုံးရက် အပူဆုံး လ များ...
မိမိအသက်အရွယ်အရ မသွားသင့်တော့ ၊ ဆင် ခြင်သင့်သည်။

ခုတော့...
အမေပြောသလို ဖြစ်နေပြီ။
မိမိသွားချင်စိတ်ပေါ်လာလျှင် ဇွတ်တရွတ် ထွက်ခဲ့မိပြန်ပါ၏။

...................

မိမိကျောင်းတည်ရာ ဒေသ နှင့် မိုင် ၂၀ ကျော်ကွာဝေး၏။
မိုးညို နှင့် ထိန်တော အကြား....
ပေါက်ကုန်း ၊ မိုးသီတာရွာ...

ကျောင်းလာအပ်စဉ်က ပထမဦးစွာ လက်ခံ ခဲ့ရသော တပည့်ငယ်များ ရှိရာရွာ။
ကျောင်းလာအပ်သည့်နေ့ ကထဲက.."ငါ..အဲဒီရွာကိုသွားပြီး လည်ဦးမည်" လို့ စိတ်ညွှတ်ထားရာရွာ..
ခု...တကယ်ရောက်ခဲ့ပြီ။

မိမိတို့ ငယ်ငယ် တက္ကသိုလ်တက်စဉ်ကာလ ကတော့..
"ထိန်တော မိုးညို..မိုးမခိုနဲ့" ဆိုဘဲ
လူမိုက်အလွန်ပေါသည်...တဲ့
ခုတော့...လမ်းပန်းဆက်သွယ်ရေးတွေကောင်း။ရွာမှာ ပညာတတ်တွေနဲ့။ နိုင်ငံခြားပြန်တွေပေါ...စီးပွားရေးတွေကောင်း...
ယဉ်ကျေးမှုတွေမြင့်ပြီ။
ယခင် နှင့် တခြားစီ..မြို့ပြအငွေ့တွေနဲ့ သိမ်မွေ့နူးညံ့ကြပါပြီ။

.............

ရွာဦးကျောင်း သီလ ဝင်ယူသည်။
ထုံးစံအတိုင်း..
" ိုယ်ပိုင်အထက်တန်းကျောင်းဆရာတပည့်များကောင်းမှု" အလှူတော်ငွေ ၅ သောင်း ပါဘုရား..နဝကာမ အသုံးပြုတော်မူပါ ဟု ရည်မှန်းလှူဒါန်းပါ၏။

...............

ဆရာကြီး အိမ်လိုက်ပြီး နေ့ဆွမ်း သုံးဆောင်ပါ ဟု..တပည့်တဦး၏ မိဘ မှ ပင့်ဖိတ်ပါ၏။
အလွန်ကောင်းသော ပြည့်စုံသော ဆွမ်းဝိုင်းပါပေ။
ထမင်း မြိန်ပါ၏။ကျေးဇူးတင်ပါ၏။

.................

သံသရာကြီးက (သို့မဟုတ်) ပဌာန်းဆက် သဘောက အံ့ဩစရာကောင်းသည်။
မကြားဖူး မရောက်ဘူး သော ဒေသများ..
ရောက်လိမ့်မည် နဲနဲလေးမှ မတွေးထင်မိ၊
ခုတော့ ဆွေမျိုးရင်းခြာတွေလို...
ထူးခြားပါဘိတောင်း....

................

ဒီမှာခင်ဗျ...
"ကျနော် အခု ..တပည့်တွေရဲ့ မိဘတွေနဲ့ဘဲ တွေ့နေရတာ။
ဒီရွာမှာကျနော့ကျောင်းကို အပ်ထားတာ ၁၀ ယောက်ကျော်တယ်လေ။တပည့်တွေလဲ တယောက်မှ မတွေ့ပါလား?"

"ဆရာကြီးရေ... ဆရာကြီးရဲ့ ကိုယ်ပိုင်ကျောင်းကိုရောက်ရင် စပါယ်ရှယ် အမောင်းခံရတော့မှာ လှုပ်လို့ရမှာ မဟုတ်တော့ဘူး..
ဒီတော့...
ခု ကျောင်းမသွားရခင် နွေရာသီ အားရအောင် လည်ပတ်ရဦးမယ်တဲ့...
ရွာမှာတယောက်မှ မရှိပါဆရာ!!"

😮😮😮

ပို၍ ပို၍ ..အံ့ဩဖွယ်ပါ တကား။.....
😁😁😁

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 16/04/2026

မနေ့က သင်္ကြန် အကြပ်နေ့...
ပိတောက်ကုန်း၊ရေချမ်းအိုးရွာ ဘုန်းတော်ကြီးကျောင်း။

ယနေ့...သင်္ကြန် အတက်နေ့..
စိန်တိုင်ရွာ ဘုန်းတော်ကြီးကျောင်း။

ထုံးစံအတိုင်း...
MEG ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတပည့်များ အလှူတော်...၃ သောင်းကျပ်စီ လှူခဲ့ပါ၏။

..................

မိမိက ကျောင်းဆရာ ဖြစ်သောကြောင့်...
တရားနာ‌လေတိုင်း...
မိမိ တပည့်များအတွက် ဆုံးမ စရာ ဘယ်အချက်များရနိုင်သလဲ? ဆိုသည့် ရှုထောင့်ကသာ နာယူမိ နေတာက အကျင့်ကြီး ဖြစ်နေပါပြီ။

...................

ပညာက ၂ မျိုးရှိသည်လေ..
၁။ အတန်းပညာ.. က
အဆက်ဆက်သော ပညာရေးဝန်ကြီးဌာနက ပြဌာန်းထားသော ပုံနှိပ်စာအုပ်ထဲက သင်ရိုးစာများသာ....

၂။ လောက ပညာက...
လောအတွင်းဖြတ်သန်းကြသည့်အခါ အသုံးချရမည့်
လူမှုဆက်ဆံရေးပညာ..
စီးပွါးရေးပညာ..
နှလုံး စိတ်ထား မှန်ကန်ရေး ပညာ
လောက၏ စိတ်ပညာ.. တို့ဖြစ်ကြပေသည်။

..............

ဗုဒ္ဓ၏ လောကအပေါ်ထားရှိသော စိတ်ထားများကို သုတ္တန်များတွင်ဟောကြား ထားသည်များသည်လဲ..
အဖိုး မဖြတ်နိုင်သော(လောက ပညာများ) ဖြစ်၍....

ဘုန်းတော်ကြီးကျောင်းများတွင် သီလယူရင်း
တရားတော်များကို မှတ်သားကာ
တပည့်များအားပြန်လည်မျှဝေ ခြင်းသည်ပင်
လောကပညာတို့အား သင်ကြားပေးခြင်းဟု နှလုံးသွင်း၍
တရားနာယူခဲ့ပါကြောင်း...

🙏🙏🙏

15/04/2026

မနေ့က...ဘုရားကြီးကုန်းရွာ ဘုန်းတော်ကြီးကျောင်းမှာ
သီလယူတော့...
နဝင်္ဂသီလံ ၊(၉)ပါးသီလလို့ လိုက်မဆိုဘဲ...
ပဉ္စသီလံ (၅)ပါးသီလ ..လို့ဘဲ ။။ သတိထားပြီး ပြင်ဆိုခဲ့ရတယ်....

ဘာကြောင့်လဲဆိုတော့... အဲဒီနေ့
ရွာထဲ သင်္ကြန် မဏ္ဍပ်မှာ လူငယ်တွေကို
ဆုတော်ငွေ၂ သိန်းချီးမြှင့် ပေးမယ်လို့ ကတိပြုထားလို့ပါ။

....................

မိမိက MEG ကိုယ်ပိုင်အထက်တန်းကျောင်း ရယ်လို့ဖွင့်ထားပြီး မိမိကျောင်းသားကိုဘဲ အာရုံပြုနေလို့ ဂရုစိုက်နေလို့ မဖြစ်သေးဘူးလေ...
မိမိကျောင်းပြင်ပက လူငယ်တွေကိုလဲ ဂရုစိုက်တယ် နွေးထွေးသော ဆက်ဆံမှုရှိတယ် လို့ လူငယ်တွေ သိစေချင်တယ်။ ခံစားမိစေချင်တယ်။

ထုံးစံ အတိုင်းပေါ့...
"MEG ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတပည့်များ၏ ဂုဏ်ပြုချီးမြှင့်ငွေ" လို့ ခေါင်းစဉ်တပ်ပြီး ဆုချတာပါ။

.........................

"ဆရာကြီး ဆုချပြီးရင် သီချင်းတပုဒ်လောက်ချီးမြှင့်ပါ"တဲ့
" ဘာသီချင်း ဆိုရမလဲ?"..ဆိုတော့
" #ရှာပုံတော် မင်းသားကြီး"....တဲ့

တက္ကသိုလ်တက်စဉ်က ...အမျိုးသမီးအဆောင်များရှေ့ ဂစ်တာဝိုင်းမှာ လိုက်၍ ဆိုနေကြဖြစ်၍ ခက်ခက်ခဲခဲ မရှိပါ။

တပုဒ်ဆိုပေးပြီး ပြန်ခဲ့ပါ၏။

တော်ပါသေး၏ ။
ကြိုတွေးထားမိ၍ ၅ ပါးသီလသာ ယူထားမိခြင်းကြောင့်ပါ။ သို့မဟုတ်ပါက ဘုရား တရား သံဃာကို လိမ်လည်မိသလို ဖြစ်ချိန့်မည်တည်း။

🙏🙏🙏

Photos from MEG ကိုယ်ပိုင်အထက်တန်းကျောင်း"ပတ္တော်"'s post 14/04/2026

ယနေ့...သင်္ကြန် အကျနေ့..
ဘုရားကြီးကုန်း ဘုန်းတော်ကြီးကျောင်း
သီလယူရင်း...
MEG ကိုယ်ပိုင် အထက်တန်းကျောင်း ဆရာ/တပည့်များကောင်းမှု ဆိုပြီး ၃ သောင်းလှူခဲ့ပါ၏။

လူဦးရေ သန်းပေါင်း ၅၀ ကျော်တဲ့ နိုင်ငံထဲမှာ
ထူးထူးခြားခြား
ဆရာ တပည့်အဖြစ်လာပြီး ဆုံစည်းကြဖို့ဆိုတာကလဲ၊
အတိတ်ဘဝ တွေရဲ့ ပဌာန်းဆက်တွေက ထင်ရှားပြီလေ..

ဆရာ တပည့်တွေ..
သံသရာက မထွက်နိုင်သေးခင် ဘဝများမှာ
ဆုံစည်းခွင့်ရအောင်..
MEG ကိုယ်ပိုင် အထက်တန်းကျောင်း ဆရာ/တပည့်များကောင်းမှု ဆိုပြီး အမည်တပ်ကာ.. လှူခဲ့ခြင်းပါ။

🔔🔔🔔

13/04/2026

ကျောင်းရဲ့ ဥပဓိရုပ် ဆိုတာကလဲ...
ကလေးတွေအတွက် ဆွဲဆောင်မှု တင် မကပါဘူး..

ကလေးတွေအတွက်
စာပေ သင်ကြားရာမှာလဲ
ကြည်လင်ရွှင်ပြတဲ့ စိတ်နှလုံးကို ဖြစ်ပေါ်စေပါတယ်...

10/04/2026

ဟလို...

အစိမ်းပုပ်ရောင် နောက်ခံဆိုင်းပုတ် ပေါ်မှာ...
အဖြူရောင် ကျောင်းအမည်လေး တင်လိုက်ရင်..
ထင်းပြီး...
ထင်ရှားနေမယ် ..ထင်ပါရဲ့။.....

အနာဂတ်ရဲ့...
ထင်ရှား အောင်မြင်သူကြီးတွေ
မွေးထုတ်ပေးမယ့်
အောင်မြေ ဥယာဉ်တခု ဖြစ်စေရမယ်လို့...
နှလုံးသွင်းထားပြီးပါပြီ ကလေးတို့ရေ..

အမည်ကိုက..
"မိုးညို ပညာရေး ဥယာဉ်"..လို့ပေးထားတာပါ
MoNyo Education Garden (MEG) ပေါ့...
အောင်မြေ နင်းကြပါစို့ တပည့်တို့.....

🔔🔔🔔

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address

Pattaw Village, Monyo Township
Bago