Academic Plus Tutoring Bago

Academic Plus Tutoring Bago

Share

Tutoring for IS students Bago

14/01/2026

ကလေးက စာမလိုက်နိုင်ဘူးထင်လို့ စိတ်ပူနေရပြီလား။ Tutoring ယူသင့်သလား၊ မယူသင့်ဘူးလား ဘယ်လို ဆုံးဖြတ်ရမလဲ?

International School တက်နေတဲ့ Primary ကလေးတွေကို မိဘတွေက Tutoring ယူမယူ နဲ့ ပတ်သက်ပြီး မကြာခဏ စဉ်းစားရတတ်ပါတယ်။ ယူရင် ကလေး ပင်ပန်းမသွားမလား၊ မယူရင်ရော စာ နောက်ကျနေမလား ဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ တကယ်တော့ ကျူရှင်ဆိုတာ ကလေးတိုင်း လိုအပ်တာမျိုး မဟုတ်ပါဘူး။ ကလေးရဲ့ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
🧠ကျောင်းစာ ကောင်းကောင်း လိုက်နိုင်တယ်၊ homework ကိုယ်တိုင် လုပ်နိုင်တယ်။
🧠စာမေးပွဲ ရလဒ်တွေ ကောင်းနေတယ်၊ အတန်းထဲ အလယ်အလတ်အထက် ရှိတယ်။
🧠ကလေး ကိုယ်တိုင် စာသင်ရတာ ပျော်တယ်၊ နားမလည်တာ ရှိရင် ဆရာ/မကို မေးတတ်တယ်။
🧠အိမ်မှာ မိဘ နည်းနည်း ကူညီရုံနဲ့ အဆင်ပြေတယ်။

ဒီလို ကလေးတွေ ဆို ကျူရှင် မယူပဲနဲ့ ကောင်းကောင်း သင်ယူနိုင်ပါတယ်။ အချိန်ပိုတွေထပ်ထည့်တဲ့အခါ ကလေး စိတ်ရော လူရော ပိုပြီးပင်ပန်းသွားနိုင်လို့ မလိုအပ်ပါဘူး။ ဒီအချိန်မှာ စာ အပြင် အားကစား ဒါမှမဟုတ် ဝါသနာပါတာလေးတွေ လုပ်ခွင့်ပေးရင် ပိုသင့်တော်ပါတယ်။

🧠ကျောင်းမှာ သင်ထားတာ များသောအားဖြင့် နားမလည်ဘူး၊ homework လုပ်ရတာ အရမ်း ခက်နေတယ်။
🧠အင်္ဂလိပ်စကား မကျွမ်းကျင်သေးလို့ စာ လိုက်မမီဘူး။
🧠စာမေးပွဲ ရလဒ်တွေ တဖြည်းဖြည်း ကျလာတယ်၊ အတန်းထဲ အလယ်အောက် ရှိနေတယ်။
🧠ကလေး ကိုယ်တိုင် စာနဲ့ ပတ်သက်ပြီး ယုံကြည်မှု နည်းလာတယ်၊ စာသင်ရတာ မပျော်တော့ဘူး။

ဒီလို အခြေအနေရှိရင် (tutoring) အတန်းငယ်လေးများ တက်ရောက်ပေးခြင်းအားဖြင့် ကလေးငယ်များရဲ့ အခြေခံလျင်မြန်စွာ တိုးတက် ခိုင်မာလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိလာတတ်ပါတယ်။ အချိန်တိုအတွင်း ထိရောက်မှုလည်း မြန်ဆန်ပါတယ်။

ကျူရှင်ဆိုတာ ကလေး အခြေခံ ခိုင်လာအောင် အကူအညီပေးတဲ့ နည်းလမ်းတစ်ခု ပဲ ဖြစ်ပါတယ်။ဖေဖေ မေမေတွေက ကလေးရဲ့ အခြေအနေ ကြည့်ပြီးတော့ သင့်လျော်သလို အသုံးပြုလို့ ရနိုင်ပါတယ်။
ကျူရှင် ယူသင့်မယူသင့် နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင် page messenger ကနေ အချိန်မရွေး လာရောက် ဆွေးနွေးနိုင်သလို 099687777407ကိုလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
။ 😊

04/01/2026

“ကလေးက စာကို သိနေတာပဲ၊ဘာကြောင့် အမှတ်မကောင်းရတာလဲ”ဆိုပြီး စိတ်ပူဖူးကြမှာပါ။

အမှန်တရားကတော့ကလေးတွေက မသိလို့ မဟုတ်ပါဘူး စာမေးပွဲမှာ ဘယ်လို ဖြေဆိုရမလဲ မလေ့ကျင့်ရသေးတာပါ။

✅ဖြေဆိုမှု အဆင့်ကို မပြည့်စုံဘူး

✅ မေးခွန်းကို မပြည့်စုံစွာ မဖတ်ဘူး

✅ ရေးသားဖော်ပြမှု မရှင်းလင်းဘူး

✅ အတိုကောက်အဖြေတွေသာရေးလိုက်တယ်

အမှားလေးတွေကြောင့် အမှတ်ပျောက်သွားတတ်ပါတယ်။
ဒီအချက်တွေကိုမှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ လေ့ကျင့်ပေးရင်
ကလေးရဲ့ ရလဒ်က အပြောင်းအလဲ ကြီးမားလာနိုင်ပါတယ်။

📚 ကလေးရဲ့ အနာဂတ်အတွက်စာကို သိရုံသာမစာမေးပွဲမှာ မှန်ကန်စွာ ဖြေဆိုနိုင်အောင်ကူညီပေးခြင်းကလည်းအရေးကြီးပါတယ်။

29/12/2025

"International School တတ်ရောက်နေတဲ့ သားသားမီးမီးတို့အတွက် အိမ်မှာ စာလေ့လာတဲ့ အလေ့အကျင့်ကောင်း (Study Routine) တစ်ခုရှိဖို့ကအရမ်းအရေးကြီးပါတယ်! 🏠📚

International Curriculum တွေက စိန်ခေါ်မှုများသလို ကလေးတွေအတွက်လည်း ပျော်စရာကောင်းပါတယ်။ ဒီခရီးလမ်းမှာ မိဘတွေဘက်က ဘယ်လိုကူညီပေးမလဲ?

✅ ၁။ နားချိန်ပေးပါ : ကျောင်းဆင်းဆင်းချင်း စာအုပ်ကိုင်ခိုင်းမယ့်အစား စိတ်လွတ်ကိုယ်လွတ် နားချိန်ပေးပါ။
နားချိန်ဆိုတဲ့ အပိုင်းမှာ Screen Time မဟုတ်ဖို့တော့ အထူးသတိပြုပါ။

✅ ၂။ စာကြည့်စားပွဲ သီးသန့်ထားပေးပါ: ကလေးအာရုံစူးစိုက်နိုင်ဖို့ တိတ်ဆိတ်ပြီး အလင်းရောင်ကောင်းတဲ့ နေရာလေး ဖန်တီးပေးပါ။

✅ ၃။ အမေးအဖြေလုပ်ပါ: 'အိမ်စာရှိလား?' လို့ မေးမယ့်အစား 'ဒီနေ့ ကျောင်းမှာ ဘာတွေ အသစ်သင်ခဲ့လဲ?' ဆိုတာမျိုးကို စိတ်ဝင်တစား မေးမြန်းပေးပါ။

ဒီလိုအလေ့အကျင့်လေးတွေက ကလေးကို မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေပါတယ်။ မိဘတို့ရော အိမ်မှာ ဘယ်လို Routine လေးတွေ လုပ်ပေးဖြစ်လဲ comment မှာshare ပေးခဲ့ဦးနော်! 👇"

Pls Like and Share for more

29/12/2025

“ကလေး စာမရဘူး၊ ဘယ်လိုမှ သင်လို့ မရတော့ဘူးထင်တယ်” ဆိုတဲ့ ခံစားချက်ကို တခါတလေ မိဘတွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် International School တက်နေတဲ့ ကလေးတွေဆို သင်ရိုးက ကျယ်ပြန့်ပြီး အင်္ဂလိပ်လို သင်ရတော့ အနည်းငယ် ရုန်းကန်ရတတ်တာတော့ ပုံမှန်ပါပဲ။ အဲ့ဒါကြောင့် တခါတလေ စိတ်ပျက်သလို ဖြစ်သွားတတ်ပါတယ်။ အဲ့ခံစားချက်က လုံးဝ မဆန်းပါဘူး။ မိဘအများစု ခံစားဖူးကြပါတယ်။
ဒါပေမဲ့ ကလေးတိုင်း စာရဖို့ နည်းလမ်း ရှိပါတယ်။ အရေးကြီးဆုံးက ကလေးရဲ့ လက်ရှိ အခြေအနေ အတိုင်း နားလည်ပြီး သင့်တော်တဲ့ နည်းလမ်းလေး ရှာပေးရုံပါပဲ။ ကလေးတွေ စာမရတာ ဆိုတာ ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး။ အခြေခံ နည်းနည်း လိုအပ်နေလို့၊ ဒါမှမဟုတ် သင်ယူပုံစံ မကိုက်လို့ ဆိုတဲ့ အကြောင်းရင်းကြောင့် ဖြစ်ပါတယ်။

ဥပမာ ကလေး အင်္ဂလိပ်စကား မကျွမ်းသေးရင် အိမ်မှာ ရိုးရှင်းတဲ့ အင်္ဂလိပ်စကား ပိုပြောပေးတာ၊ ကာတွန်း အင်္ဂလိပ်ဇာတ်လမ်း ကြည့်ပေးတာ တွေ က အများကြီး အထောက်အကူ ဖြစ်ပါတယ်။

အိမ်မှာ homework လုပ်တဲ့အခါ ကလေး တစ်ယောက်တည်း မထားပါနဲ့။ ဘေးနားမှာ ထိုင်ပြီး နားမလည်ရင် ချက်ချင်း မေးလို့ ရအောင် လုပ်ပေးပါ။ ဒါက ကလေး စိတ်ဓာတ်မကျအောင် အများကြီး ကူညီပါတယ်။

တခါတလေ အချိန်နည်းနည်း ပေးရုံနဲ့ ကလေး ရုတ်တရက် တိုးတက်လာတာ မြင်ရတတ်ပါတယ်။ စိတ်ဓာတ်မကျပဲနဲ့ တစ်နေ့စာ တစ်နေ့ ပုံမှန်လေး လုပ်သွားပေးပါနော်။

အကယ်၍ ကျောင်းချိန် ပြီးတဲ့အခါ အတန်းငယ်လေးနဲ့ ထပ်ကူညီချင်တယ်ဆိုရင် Academic Plus Bago မှာ ကျောင်းသင်ရိုးကို အသေးစိတ် ရှင်းပြပေးနေပါတယ်။ Messenger ကနေ လာစုံစမ်းကြည့်ပါနော်။

26/12/2025

ပဲခူးမြို့က ဖေဖေ မေမေများရှင်။

ကလေးတွေ International School တက်ကြတဲ့အခါ မနက် ၉ နာရီကနေ ညနေ ၃ နာရီလောက်ထိ ကျောင်းမှာ အချိန်ပြည့်ပြည့် နေရတတ်ပါတယ်။ အဲ့လို ၆ နာရီလောက် ကျောင်းနေရတော့ မိဘတွေအနေနဲ့ “ဒီလောက်အချိန်များများ စာသင်နေရတာ၊ စာတွေ အများကြီး ရလာမှာပဲ” လို့ ယူဆမိကြမှာပါ။

ဒါပေမဲ့ လက်တွေ့အခြေအနေက မိဘတွေ ထင်ထားသလို မဟုတ်နိုင်ပါဘူး။ 🙅‍♂️

အတန်းတစ်ခုမှာ ကျောင်းသား ၂၀/၃၀ ကျော်ရှိတဲ့အခါ...
🛑 ဆရာ/ဆရာမက အတန်းငြိမ်အောင် ထိန်းရတဲ့အချိန်၊
🛑 ကလေးတွေ အချင်းချင်း စကားပြော၊ ဆော့ကစားပြီး အာရုံလွင့်နေတဲ့အချိန်၊
🛑 တစ်ခန်းလုံးကို ခြုံငုံရှင်းပြနေရလို့ တစ်ယောက်ချင်း နားမလည်လိုက်တဲ့ အပိုင်းတွေ...

ဒီလိုအချိန်တွေကို ဖယ်လိုက်ရင် ၆ နာရီမှာ တကယ်တမ်း ကလေးခေါင်းထဲ ထိရောက်စွာ စာဝင်သွားတဲ့အချိန်က ၂ နာရီ - ၃ နာရီ တောင် မပြည့်တတ်ပါဘူး။

အဲ့ဒါကြောင့်မို့ နဂိုကမှ အာရုံပျံ့လွယ်တဲ့ ကလေးတွေ၊ စာအလိုက်နှေးတဲ့ ကလေးတွေဆို ကျောင်းတက်မှန်နေပေမဲ့ ဘာလို့ စာမရသေးတာလဲ၊ အိမ်ရောက်ရင် ဘာမှ မမှတ်မိတော့ဘူးလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာရတာပါ။

ဒီပြဿနာကို ဖြေရှင်းဖို့ ကလေးကို ဖိအားပေးစရာ မလိုပါဘူး။ Quality Time လို့ခေါ်တဲ့ အရည်အသွေးရှိတဲ့ သင်ယူချိန်ကို ဖန်တီးပေးရုံပါပဲ။ ✨

Academic Plus Bago Tutoring မှာ အတန်းတစ်တန်းကို ကျောင်းသား အများဆုံး ၆ ဦးပဲ လက်ခံပါတယ်။ အဲ့ဒါကြောင့်...
✅ ၂ နာရီ သင်ရင် ၂ နာရီလုံး ကလေးတစ်ယောက်ချင်းစီကို သေချာဂရုစိုက်ပေးနိုင်ပါတယ်။
✅ နားမလည်တာ ချက်ချင်းမေး၊ ချက်ချင်းရှင်းနိုင်လို့ အချိန်အလေအလွင့် မရှိပါဘူး။
✅ ကျောင်းမှာ သင်ထားတဲ့ Pearson & Cambridge သင်ရိုးကို အသေးစိတ် ပြန်ရှင်းပြပေးတာမို့ အခြေခံ ပိုမြန်မြန် ခိုင်မာလာပါတယ်။

လာမယ့် စာမေးပွဲတွေ ဒါမှမဟုတ် နောက်တန်းတက်ဖို့ ကျန်တဲ့အချိန်တိုလေးကို ထိထိရောက်ရောက် အသုံးချချင်တယ်ဆိုရင် Academic Plus Bago ရဲ့ အတန်းငယ်လေးတွေကို လာရောက်စုံစမ်းနိုင်ပါပြီ။

မိဘများအနေနဲ့ မိမိကလေးလေးများရဲ့ လိုအပ်ချက်ကို အသေးစိတ် ဆွေးနွေးချင်ရင် Messenger ကနေ အချိန်မရွေး လာမေးနိုင်ပါတယ်။

❝ အချိန်တိုတိုနဲ့ ထိရောက်တဲ့ သင်ယူမှုနဲ့ ကလေးတွေ အခြေခံ ခိုင်မာလာပါစေ ❞

Like & follow our page
Comment below
Share with other parents

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Bago