29/05/2026
🌿 မိဘတို့ရဲ့ ရင်သွေးရတနာလေးတွေကို "Nature’s Haven သဘာဝရိပ်မြုံ- ပဲခူး" မူကြိုကျောင်းမှာ ဘာကြောင့် ယုံကြည်စိတ်ချစွာ တက်ရောက်စေသင့်သလဲ။
ကလေးတစ်ယောက်ရဲ့ ငယ်စဉ်အရွယ် ဖွံ့ဖြိုးမှုဟာ သူ့ရဲ့ တစ်သက်တာလုံးအတွက် အရေးအကြီးဆုံး အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။ သမားရိုးကျ စာအုပ်ကြီးအတိုင်း သင်ကြားတဲ့ ပုံစံတွေကနေ ခွဲထွက်ပြီး သဘာဝတရားနဲ့အညီ ကလေးကို ဗဟိုပြုပျိုးထောင်ပေးမယ့် မူကြိုကျောင်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ Nature’s Haven-Bago (သဘာဝရိပ်မြုံ ပဲခူး) က အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ။
ဘာကြောင့် Nature’s Haven ကို ရွေးချယ်သင့်လဲဆိုတဲ့ အချက် (၅) ချက်ကို မျှဝေပေးပါရစေ။
👇
၁။နွေးထွေးလုံခြုံတဲ့ လူမှုဆက်ဆံရေးနဲ့ ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း (Child-led & Relationship-based)။
"ကျွန်မတို့ဆီမှာ ကလေးကသာ အဓိက သင်ရိုးညွှန်းတမ်း ဖြစ်ပါတယ်။"
ကလေးတိုင်းကို ပုံစံခွက်တစ်ခုထဲ ထည့်သွင်းတဲ့ (One-size-fits-all) စနစ်ကို မသုံးပါဘူး။ ကလေးတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ကလေးက အစပြုဦးဆောင်တဲ့ (Child-led / Child-initiated) ကစားခြင်းနဲ့ သင်ယူခြင်းကို အားပေးပါတယ်။ နွေးထွေးလုံခြုံတဲ့ လူမှုဆက်ဆံရေးကို အခြေခံပြီး ပျိုးထောင်ပေးတာမို့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပျော်ရွှင်စွာ သင်ယူနိုင်မှာပါ။
၂။ကမ္ဘာ့အဆင့်မီ ချဉ်းကပ်မှုများနှင့် အလုံးစုံဖွံ့ဖြိုးမှု (Holistic Development)။
UK ရဲ့ EYFS (Early Years Foundation Stage) စံနှုန်းများကို နားလည်သဘောပေါက်ထားတဲ့ ဆရာမများက ကလေးငယ်တွေကို Head, Hands, Heart (အသိဉာဏ်၊ လက်တွေ့လုပ်ဆောင်မှုနှင့် စိတ်နှလုံးပြည့်ဝကြံ့ခိုင်မှု) အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံထားကာ ပြုစုပျိုးထောင်ပေးပါတယ်။
နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ Forest School, Waldorf နဲ့ Pikler ချဉ်းကပ်နည်းများကို မြန်မာ့ယဉ်ကျေးမှု၊ ရာသီဥတုတို့နဲ့ ကိုက်ညီအောင် စနစ်တကျ ပေါင်းစပ်ပုံဖော်ထားတာကြောင့် ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းတွေမှာ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။
၃။ကလေး ၄ ယောက်လျှင် ဆရာမ ၁ ယောက်နှုန်းဖြင့် အနီးကပ်ဂရုစိုက်မှု။
ကလေးတွေရဲ့ လုံခြုံမှုနဲ့ ဖွံ့ဖြိုးမှုကို အပြည့်အဝ စောင့်ကြည့်နိုင်ဖို့ ကလေး (၄) ယောက်ကို ဆရာ ဆရာမ (၁) ယောက်နှုန်း (1:4 Ratio) နဲ့ အနီးကပ် ပြုစုစောင့်ရှောက်ပါတယ်။ လိုအပ်တဲ့ အခြေအနေတွေမှာလည်း တစ်ဦးချင်းအလိုက် အနီးကပ်ကြီးကြပ်မှု (One-to-one supervision) ပေးတဲ့အပြင်၊ ကျောင်းစတက်ခါစ မိဘနဲ့ မခွဲနိုင်တဲ့ ကလေးငယ်များအတွက်လည်း Key person policy စနစ်နဲ့ ကျောင်းကို တဖြည်းဖြည်း ရင်းနှီးလာအောင် ဂရုတစိုက် ကူညီပံ့ပိုးပေးပါတယ်။
၄။ဘေးအန္တရာယ်ကို ချင့်ချိန်တတ်စေပြီး ကျန်းမာကြံ့ခိုင်ရေးကို တည်ဆောက်ခြင်း။
သစ်ပင်တက်ခြင်း၊ ရေ၊ မီး၊ တူ၊ လွှ ကဲ့သို့သော လက်နက်ကိရိယာများကို ဆရာ ဆရာမများရဲ့ အနီးကပ် ကြီးကြပ်မှုအောက်မှာ စနစ်တကျ ထိတွေ့ကိုင်တွယ်ခွင့် ပေးပါတယ်။
စနစ်တကျ အန္တရာယ်ချင့်ချိန်ခြင်း (Risk Assessment)။ ။ မနက်ခင်းတိုင်း ဘေးအန္တရာယ် ကင်းရှင်းရေးကို ကြိုတင်စစ်ဆေးသလို၊ ဆရာ ဆရာမတိုင်းဟာ Red Cross ရှေးဦးသူနာပြုစုရေး (First Aid) သင်တန်းဆင်းများ ဖြစ်ကြပါတယ်။ ကလေးတွေကိုယ်တိုင် အန္တရာယ်ကို ချိန်ဆတတ်အောင် သင်ကြားပေးတာမို့ မတော်တဆဖြစ်မှု မရှိသလောက် နည်းပါးပါတယ်။
သဘာဝနှင့် ထိတွေ့ခြင်း။ ။ နေပူပူ၊ မိုးရွာရွာ ရာသီဥတုအလိုက် သဘာဝနဲ့ ထိတွေ့ကာ အပြင်ထွက်ကစားစေခြင်းက ကလေးတွေရဲ့ ကိုယ်ခံအားစနစ် (Immune System) ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးပါတယ်။ (ခြင်အန္တရာယ်အတွက် နနွန်းမှိုင်းတိုက်ခြင်း၊ ခြင်ဆေးလိမ်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပါတယ်)။
၅။အားလုံးပါဝင်နိုင်ပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင် (Inclusive & Safe Environment)။
ဘာသာစကား၊ အသွေးအရောင်၊ ကိုးကွယ်ရာဘာသာ၊ နောက်ခံယဉ်ကျေးမှုနဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ လုပ်နိုင်စွမ်း ကွဲပြားမှု (Special Education Needs/Children with different abilities) တွေကို လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်းများကို တစ်ဦးတည်း သီးခြားအလုပ်လုပ်ခြင်း (Lone working) မရှိစေဘဲ အမြဲတမ်း မျက်မြင်သက်သေ (Witness) ဆရာ ဆရာမများစွာဖြင့် ပူးပေါင်းလုပ်ဆောင်တာမို့ ကလေးငယ်များအတွက် ကာယ၊ ဝါစာ၊ စိတ် အားဖြင့် ရာနှုန်းပြည့် လုံခြုံစိတ်ချရတဲ့ ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပါတယ်။
🌿 Nature’s Haven မှာ ကလေးတွေအတွက် တစ်နှစ်ပတ်လုံး ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပြီး ကျောင်းမအပ်နှံခင် မိဘနဲ့ ကလေး အတူတူ ကျောင်းဝန်းထဲကို အရင်ဆုံး လာရောက်လည်ပတ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းလခနဲ့ တစ်နေ့တာ လည်ပတ်မှု အသေးစိတ်ကို သိရှိလိုပါက Admin Team ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞 Admin Phone: 09 428 262 332 , 09 760 908 027
📍 နေရာ: သဘာဝရိပ်မြုံ (ပဲခူး)- အမှတ် ၄၂၀၊ ဗန္ဓုလလမ်း၊ ရပ်ကွက်ကြီး (၄)၊ ဉဿာမြို့သစ်၊ ပဲခူးမြို့။
( Amara Gold Hotel လမ်း)
16/05/2026
03/05/2026
29/04/2026
28/04/2026
26/04/2026
22/04/2026