07/11/2025
ဘာကြောင့် စိတ်ညစ်တာလဲ❓
အထူးသဖြင့် ဆုတို့ လူငယ်တွေ
အမြဲတမ်းပဲ အပြောအများဆုံး စကားလုံး "စိတ်ညစ်လိုက်တာ၊စိတ်ညစ်လိုက်တာဟယ်" ဟုတ်တယ်မလား 🕳️
ဘာလို့ စိတ်ညစ်ရတာလဲ❓
-မိသားစုနဲ့အဆင်မပြေလို့
-စာမွေးပွဲကျလို့
-ရည်စားနဲ့အဆင်မပြေလို့၊ broken ဖြစ်လို့
(reason) အကြောင်းအရာအမျိုးမျိုး၊ခေါင်းစဉ်အမျိုး နဲ့ စိတ်ညစ်ကြတယ်၊ပူ ေဆွးကြတယ်။ဒီခေတ်ကြီးထဲမှာ ပိုလို့တောင် စိတ်ညစ်စရာ ပေါသေး 🥹
လွန်ကဲစွာ စိတ်ညစ်ခြင်းကလဲ အချိန်ဖြုန်းခြင်း တစ်ခုပဲ ၊ အချိန်ကုန်တယ်။
စိတ်ညစ်ခြင်းကြောင့် လူကို
-ထိုင်းမှိုင်းစေတယ်
-လေးပင်စေတယ်
-ပျင်းရိစေတယ်
-ဘာမှလုပ်ချင်စိတ်မရှိတာ
-စိတ်ဓာတ်ကျတာ၊
-ဝမ်းနည်းတာ၊
-ဘာမှ စဉ်းစားတွေးနိုင်စွမ်း မရှိတော့တာ စသည်ဖြင့်ပေါ့နော်
ကဲ စဉ်းစားကြည့်ပါအုံး ဆုတို့တွက် ဘာတွေများကောင်းကျိုးရလိုက်လဲ ❓
ဒီတိုင်းပဲ စိတ်ကိုလွှတ်ထားမှာလား၊ဘယ်လိုဖြေရှင်းမှာလဲ ?
အရင်ဆုံးကိုယ့်ကိုကိုပြန်မေးမယ် 🌻
ငါဘာကြောင့်စိတ်ညစ်တာလဲ၊အကြောင်းအရာကဘာလဲ❓
ဖြေရှင်းလို့ရရင်ဖြေရှင်း၊မရဘူးမလား လက်ခံလိုက်၊ သင်ခန်းစာယူ ဒီလောက်ပဲ အကြာကြီးစိတ်ရှုပ်ခံမနေနဲ့၊အုံးစားမခံနဲ့
ဒီလိုပြောလို့ ဆုရော စိတ်မညစ်တတ်ဘူးလား❓
မထင်လိုက်နဲ့ (တအားစိတ်ညစ်တတ်တာ😂)
ဆုလဲ emotional အရမ်းများတဲ့ type ထဲကပဲ အချိန်ကုန်တယ်၊စိတ်ပင်ပန်းတယ် ဒီလောက်ပါပဲ ဘာကောင်းကျိုးမှမရပါဘူး
📌အက်တော့ ပြောချင်တာက အဆင်မပြေတာတွေတွေးပြီး အကြာကြီး စိတ်ညစ်နေလို့ ပြေလည်သွားမှာလား၊အဆင်ပြေသွားမှာလား " no "နော်
🍂လွတ်ချသင့်တာကိုလွတ်ချ၊ယူသင့်တာကိုယူ အဖြေက ရိုး"လေးပဲ
ကိုယ့်ကိုယ်ကို ချစ်တတ်အောင်ကြိုးစား၊ပျော်ရွှင်အောင်ထား🤍
🌳ဘယ်သူအတွက်နဲ့မှ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးမခံနဲ့၊
ကုန်ဆုံးသွားတဲ့ အချိန်တွေက နောက်တစ်ကြိမ် ဘယ်နည်းနဲ့မှ ပြန်မရဘူး။
✨အားလုံးပဲ ဘဝခရီးကို ပျော်ရွှင်၊တက်ကြွ စွာဖြတ်သန်းနိုင်ကြပါစေရှင်။🍀
Hsu
7.Nov.2025
06/11/2025