Learn English By Tr Nwe Ni

Learn English By Tr Nwe Ni

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn English By Tr Nwe Ni, Education Website, Bago.

Photos from Learn English By Tr Nwe Ni's post 02/08/2026

📣📣📣

Photos from Learn English By Tr Nwe Ni's post 24/07/2026

ကျောင်းကပေးလိုက်တဲ့ Home work တွေကို ဖေဖေ မေမေတို့မအားလပ်လို့ သားသားမီးမီးတို့ရဲ့ အိမ်စာများဝိုင်းမလုပ်ပေးနိုင်လို့စိတ်ညစ်နေပါသလား😔

ကျွန်မကိုယ်တိုင်လဲ သမီးနဲ့သားရှိလို့ သားသမီးအရင်းပမာ စောင့်ကြပ် ကြည့်ရှုပေးနေပါတယ်😊

အနည်းဆုံး ကျောင်းသား ၅ ဦးကို လက်ထောက် ဆရာမတစ်ဦးနှုန်းနဲ့ တနေ့စာတနေ့ ကြေညက်အောင်ဝိုင်းကျက်ပေးခြင်း🥰

ဒါ့ပြင် တပတ်စာ စာများအား ပြန်ဆိုခြင်း English & Maths များကိုမေးခွန်းလွှာဖြင့်ဖြေဆိုစေခြင်းများ📖✍🏻

ဖေဖေမေမေ တို့အား သားသားမီးမီးတို့အခြေအနေကို စဉ်ဆက်မပြတ်သိရှိစေခြင်း🙂

တပတ်စာမပြီးစီးပါက စနေ ၊ တနင်္ဂနွေ နေ့များတွင်ပြန်လည် ကျက်စေခြင်းများကို Tr Nwe Ni စာကျက်ဝိုင်းမှ စေတနာထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေပါသည်ရှင်😊✅

မှတ်ချက်

နားမလည်သောသင်ခန်းစာများအားပြန်လည်ရှင်းပြပေးပါသည်။👌

အသစ်ကြိုသင်ပေးခြင်းမလုပ်ပါ ကျောင်းမှသင်ကြားသောနည်းများအတိုင်း ပြန်လည်ရှင်းလင်းခြင်းများသာလုပ်ပေးပါသည်ရှင်👌

လက်ခံမည့်အတန်းများ

Grade 1 to 9 ဖြစ်ပါသည်😊✅

English & Maths special class များလည်းရှိပါသည် 🤗

Primary & Secondary level grammar class များလဲရှိပါသည်✅

Primary phonics class များလဲရှိပါသည်။
သင်တန်းအချိန် နှင့် သင်တန်းကြေးများအား messenger; Viber ; Phone များဖြင့် မေးမြန်းနိုင်ပါသည်ရှင်📱📲

📲 09772215215

၁၄/၅၀၇ ရန်ကုန်~မန္တလေးလမ်းမတန်း၊ အဝေးပြေးဟောင်းလမ်းဆုံအနီး ၊ပဲခူးမြို့



14/07/2026

Learn English By Tr Nwe Ni
ရဲ့ Founder ဖြစ်တဲ့
တီချယ်နွယ်နီ Tr Nwe Ni နဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်...
လက်ရှိကြေငြာထားတဲ့

Grammar and English subject Class တွေကို
တီချယ်နွယ်နီကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်ရှင်...တီချယ်နွယ်နီ က ဆိုရင်ဖြင့်...

- B.A; B.Ed ( English)

- Dip in, Advanced Teacher Training in Teaching English as a Foreign Language by the Temasek Polytechnic

- Certificate in, Digital Leadership Training-Second Batch by Philippines

ရရှိထားပြီး... စာသင်နှစ် အတွေ့အကြုံ ၁၈နှစ်ကျော် ရှိပြီဖြစ်ပါတယ်ရှင်....
.........................................................................

ထိရောက်တဲ့ သင်ကြားရေးစနစ်နဲ့သွားမှာမို့ ကျောင်းသား ဦးရည် ကန့်သတ်ထားတာလေး နားလည်ပေးကြပါအုံးနော်... 🥰

သင်တန်းများ

ဘာသာစုံစာကျက်ဝိုင်း Grade 1 to 9

English special class Grade 4 to 12

Phonics class

Grammar class

Maths class ( Grade 4 to 8 )
.........................................................................
🏡14/507 Yangon- Mandalay Main Road , Oakthar Myothit , Bago
☎️09772215215 / 09972601279
.........................................................................












13/07/2026

“စာသင်တာထက် ပိုတဲ့ ဆရာ”
--------------------------------------------------------

ကျွန်မတို့ ဘဝမှာ ဆရာ/မတွေ အများကြီးနဲ့ ဆုံတွေ့ခဲ့ဖူးကြမှာပါ။

ဒါပေမဲ့... ပြန်စဉ်းစားကြည့်ရင်... ကျွန်မတို့ မှတ်မိနေတဲ့ ဆရာ/မတွေက ဘယ်လိုဆရာမျိုးတွေ ဖြစ်နေကြလဲ။

စာသင်ကောင်းလို့ မှတ်မိနေတာလား။

ဒါမှမဟုတ်...

ကျွန်မတို့ကို ယုံကြည်ပေးခဲ့လို့၊ နားလည်ပေးခဲ့လို့၊ လူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့လို့ မှတ်မိနေတာလား။

ကျွန်မအမြင်မှာတော့... တကယ်ကောင်းတဲ့ ဆရာဆိုတာ စာသင်ပေးတဲ့သူတစ်ယောက်ထက် ပိုပါတယ်။

----------------------------------

ဆရာ/မဆိုတာ ဘာသာရပ်တစ်ခုကို သင်ကြားပေးရုံထက် ပိုတဲ့... လူတစ်ယောက်ကို ပျိုးထောင်ပေးတဲ့သူ ဖြစ်ပါတယ်။

----------------------------------

ဆရာတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က ကိုယ်သင်တဲ့ ဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အင်္ဂလိပ်စာဆရာဆိုရင် အင်္ဂလိပ်စာကို သင်ပေးရမယ်။ သင်္ချာဆရာဆိုရင် သင်္ချာကို သင်ပေးရမယ်။ သိပ္ပံဆရာဆိုရင် သိပ္ပံကို သင်ပေးရမယ်။ ဒါဟာ ဆရာတစ်ယောက်ရဲ့ အခြေခံတာဝန်ဖြစ်ပြီး လျှော့တွက်လို့ မရပါဘူး။

ဒါပေမဲ့...

ဘာသာရပ်ဆိုတာ အသိပညာ (Knowledge) ကိုပဲ သင်ပေးတာ မဟုတ်ပါဘူး။

ကျွမ်းကျင်မှု (Skills) တွေကို သင်ပေးတယ်။

တန်ဖိုးထားမှု (Values) တွေကို ပျိုးထောင်ပေးတယ်။

သဘောထား (Attitudes) တွေကိုလည်း တည်ဆောက်ပေးတယ်။

ဥပမာ...

သင်္ချာသင်တာက ပုစ္ဆာတွက်တတ်ရုံ မဟုတ်ပါဘူး။

အကြောင်းအကျိုးကျကျ စဉ်းစားတတ်ဖို့၊ စိတ်ရှည်တတ်ဖို့၊ အမှားကနေ သင်ယူတတ်ဖို့ကိုပါ ပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်။

သိပ္ပံသင်တာက အဖြေတွေ အလွတ်ကျက်ခိုင်းတာ မဟုတ်ပါဘူး။

မေးခွန်းထုတ်တတ်ဖို့၊ သက်သေ၊ အချက်အလက်တွေအပေါ် အခြေခံပြီး စဉ်းစားတတ်ဖို့၊ အမှန်တရားကို ရှာဖွေတတ်ဖို့ကို သင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့်... ဆရာတစ်ယောက်ဟာ ဘာသာရပ်တစ်ခုကို သင်ပေးနေတာသာ မဟုတ်ပါဘူး။

အဲဒီဘာသာရပ်ကို နားလည်ပြီး လက်တွေ့ဘဝမှာ မှန်ကန်စွာ အသုံးချတတ်တဲ့ လူသားတစ်ယောက် ဖြစ်လာအောင်လည်း ပျိုးထောင်ပေးရတာလို့ ကျွန်မတော့ ယုံကြည်ပါတယ်။

အခုခေတ်၊ အခုကာလမှာ ဘာသာရပ်ကို သိရုံနဲ့ စာသင်လို့တော့ ရနိုင်ပါတယ်။

အဲဒီလို သင်နေကြသူတွေလည်း အများကြီး ရှိပါတယ်။

ဒါပေမဲ့...

ကိုယ့်ရဲ့ စာသင်ခန်းကနေ လူတစ်ယောက်ကို ပျိုးထောင်ဖို့ဆိုရင် သင်ယူသူကို နားလည်ဖို့ လိုပါတယ်။

စာသင်ခန်းတစ်ခန်းထဲမှာ ရှိတဲ့ သင်ယူသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

သင်ယူမှုနှုန်း မတူဘူး။

စိတ်ဝင်စားမှု မတူဘူး။

မိသားစုနောက်ခံ မတူဘူး။

ဘာသာစကား မတူဘူး။

စရိုက်လက္ခဏာ မတူဘူး။

တချို့က ယုံကြည်မှုအပြည့်နဲ့ ကျောင်းလာကြတယ်။

တချို့ကတော့ စိုးရိမ်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ခက်ခဲတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ကျောင်းလာကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့်... ကလေးအားလုံးကို နည်းလမ်းတစ်မျိုးတည်းနဲ့ သင်ကြားလို့ မရပါဘူး။

ဆရာတစ်ယောက်ရဲ့ အရေးကြီးဆုံး အရည်အချင်းတွေထဲက တစ်ခုက...

"ဒီသင်ခန်းစာကို ငါဘယ်လိုသင်မလဲ" ဆိုတာထက်...

"ဒီကလေးက ဘယ်လိုသင်ယူတတ်သလဲ၊ သူ့ကို ငါဘယ်လို ပိုကောင်းအောင် ပံ့ပိုးပေးနိုင်မလဲ" ဆိုတာကို အမြဲစဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ...

အင်္ဂလိပ်စာ ကောင်းကောင်းပြောတတ်ရုံနဲ့ အင်္ဂလိပ်ဆရာ ဖြစ်လာတာမျိုးတွေ တွေ့ရတတ်ပါတယ်။

ဒါပေမဲ့...

အင်္ဂလိပ်စာတတ်တာနဲ့ အင်္ဂလိပ်ဆရာကောင်း ဖြစ်တာက မတူပါဘူး။

ဘာသာရပ်ကို သိတာက အရေးကြီးပါတယ်။

ဒါပေမဲ့...

သင်ယူသူကို နားလည်ဖို့လည်း လိုတယ်။

ဘယ်လိုသင်ရမလဲ သိဖို့လည်း လိုတယ်။

မတူညီတဲ့ ကလေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးပေးတတ်ဖို့လည်း လိုတယ်။

အရေးကြီးဆုံးကတော့...

ကလေးတွေကို ယုံကြည်ပေးတဲ့၊ လေးစားတဲ့၊ သူတို့ရဲ့ လုပ်နိုင်စွမ်းကို မြင်ပေးတဲ့ နှလုံးသား ရှိဖို့ လိုပါတယ်။

----------------------------------

စာအုပ်ဖတ်ပြီး ပြန်လည်မျှဝေတာ၊ သင်ကြားပြသတာက အခုခေတ်မှာ မခက်ခဲတော့ပါဘူး။

မသိတာတွေကို AI ကို မေးလို့ရတယ်။ သင်ခန်းစာ ပြင်ဆင်တာ၊ သင်ကြားနည်း စဉ်းစားတာကိုလည်း AI က ကူညီပေးနိုင်ပါတယ်။

ဒါပေမဲ့...

သင်ယူသူတွေရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး အမှန်တကယ် အသုံးဝင်တဲ့ သင်ယူမှု ဖြစ်လာအောင် ကူညီပံ့ပိုးပေးနိုင်ဖို့ကတော့ မလွယ်ပါဘူး။

----------------------------------

သင်ယူသူတွေကို ပျိုးထောင်ပေးချင်တဲ့ နှလုံးသားနဲ့ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်ရှိတဲ့ ဆရာကပဲ...

• စာသင်ခန်းကို သင်ယူချင်စရာ‌ကောင်းတဲ့ နေရာတစ်ခု
ဖြစ်အောင် ဖန်တီးနိုင်တယ်။

• ကလေးတွေရဲ့ အားသာချက်ကို မြင်ပေးနိုင်တယ်။

• သူတို့ကို ယုံကြည်ပေးနိုင်တယ်။

• သူတို့ ကြီးထွားလာဖို့ အတူလျှောက်ပေးနိုင်တယ်။

လူတစ်ယောက်ကို ပျိုးထောင်ပေးဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။

• ဘာသာရပ်ကို အမြဲလေ့လာနေဖို့ လိုသလို...

• သင်ယူသူတွေကို နားလည်ဖို့လည်း လိုတယ်။

• ကိုယ့်ရဲ့ သင်ကြားနည်းတွေကို ပြန်လည်သုံးသပ်ပြီး
အမြဲတမ်း သင်ယူဖို့လည်း လိုတယ်။

ဒါကြောင့်...

----------------------------------

ဆရာ/မတွေကိုယ်တိုင်လည်း ပိုကောင်းတဲ့ ဆရာတွေဖြစ်လာဖို့ ဆက်လက်သင်ယူပြီး ကြိုးစားနေဖို့ တာဝန်ရှိသလို...

ကျွန်မတို့ လူ့အဖွဲ့အစည်းကလည်း နောင်မျိုးဆက်တွေကို ပျိုးထောင်ပေးနေတဲ့ ဆရာ/မတွေကို ပိုပြီး အသိအမှတ်ပြု၊ လေးစားတန်ဖိုးထားပြီး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

----------------------------------

ကျွန်မတို့ ပျိုးထောင်ချင်တာက...

စာမေးပွဲမှာ အမှတ်ကောင်းတဲ့ ကလေးတွေတင်မကဘူး...

အသိပညာတော်သလို၊ စာနာတတ်ပြီး၊ တာဝန်ယူတတ်တဲ့ လူသားတွေ ဖြစ်တယ်ဆိုရင်...

ဆရာတစ်ယောက်ရဲ့ အခန်းကဏ္ဍကို "စာသင်ပေးတဲ့သူ" ဆိုတာထက် "လူတစ်ယောက်ကို ပျိုးထောင်ပေးတဲ့သူ" အဖြစ် ကျွန်မတို့ ပိုပြီး မြင်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။

----------------------------------

မေမေ၊ ဖေဖေတို့နဲ့ ဆရာ/မတို့ရေ...

ကိုယ့်ဘဝမှာ စာသင်ပေးခဲ့တဲ့ ဆရာတွေ အများကြီး ရှိခဲ့ပေမဲ့...

ကိုယ့်ကို လူတော်၊ လူကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ ဆရာ/မတစ်ယောက်တော့ ရှိခဲ့ဖူးပါသလား။

အဲဒီ ဆရာ/မ အကြောင်းကို အားဖြစ်ရအောင် မျှဝေပေးပါဦး။

------------------------------------------------------

ဒီစာလေးကို ဖတ်မိတဲ့ ဆရာ/မတိုင်းလည်း...

ဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ကြားနိုင်သလို၊ လူတော် လူကောင်းတွေကို နွေးထွေးစွာ ပျိုးထောင်ပေးနိုင်တဲ့ ဆရာ/မတွေ ဖြစ်ကြပါစေ။

ဒီစာလေးကို ဖတ်နေတဲ့ မေမေ၊ ဖေဖေတို့လည်း...

ကိုယ့်သားသမီးတွေရဲ့ ဘဝကို ပုံဖော်ပေးနေတဲ့ ဆရာ/မတွေကို ပိုမိုအသိအမှတ်ပြု၊ လေးစားတန်ဖိုးထားပြီး လက်တွဲပံ့ပိုးပေးနိုင်ကြပါစေ။

မေတ္တာဖြင့်...

Sayarma-ဆရာမ 🤍

Send message

Photos from Learn English By Tr Nwe Ni's post 10/07/2026

ကျောင်းကပေးလိုက်တဲ့ Home work တွေကို ဖေဖေ မေမေတို့မအားလပ်လို့ သားသားမီးမီးတို့ရဲ့ အိမ်စာများဝိုင်းမလုပ်ပေးနိုင်လို့စိတ်ညစ်နေပါသလား😔

ကျွန်မကိုယ်တိုင်လဲ သမီးနဲ့သားရှိလို့ သားသမီးအရင်းပမာ စောင့်ကြပ် ကြည့်ရှုပေးနေပါတယ်😊

အနဲဆုံး ကျောင်းသား ၅ ဦးကို လက်ထောက် ဆရာမတစ်ဦးနှုန်းနဲ့ တနေ့စာတနေ့ ကြေညက်အောင်ဝိုင်းကျက်ပေးခြင်း🥰

ဒါ့ပြင် တပတ်စာ စာများအား ပြန်ဆိုခြင်း English & Maths များကိုမေးခွန်းလွှာဖြင့်ဖြေဆိုစေခြင်းများ📖✍🏻

ဖေဖေမေမေ တို့အား သားသားမီးမီးတို့အခြေအနေကို စဉ်ဆက်မပြတ်သိရှိစေခြင်း🙂

တပတ်စာမပြီးစီးပါက စနေ ၊ တနင်္ဂနွေ နေ့များတွင်ပြန်လည် ကျက်စေခြင်းများကို Tr Nwe Ni စာကျက်ဝိုင်းမှ စေတနာထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေပါသည်ရှင်😊✅

မှတ်ချက်

နားမလည်သောသင်ခန်းစာများအားပြန်လည်ရှင်းပြပေးပါသည်။👌

အသစ်ကြိုသင်ပေးခြင်းမလုပ်ပါ ကျောင်းမှသင်ကြားသောနည်းများအတိုင်း ပြန်လည်ရှင်းလင်းခြင်းများသာလုပ်ပေးပါသည်ရှင်👌

လက်ခံမည့်အတန်းများ

Grade 1 to 9 ဖြစ်ပါသည်😊✅

English & Maths special class များလည်းရှိပါသည် 🤗

Primary & Secondary level grammar class များလဲရှိပါသည်✅

Primary phonics class များလဲရှိပါသည်✅

IS Year 5 ထိ Guide ရှိပါသည်✅🤗

သင်တန်းအချိန် နှင့် သင်တန်းကြေးများအား messenger; Viber ; Phone များဖြင့် မေးမြန်းနိုင်ပါသည်ရှင်📱📲

📲 09772215215

၁၄/၅၀၇ ရန်ကုန်~မန္တလေးလမ်းမတန်း၊ အဝေးပြေးဟောင်းလမ်းဆုံအနီး ၊ပဲခူးမြို့



08/07/2026

https://www.tiktok.com/.ni.aung7658?_r=1&_t=ZN-97rXmWSJMbW

Teaching video လေးတွေတင်ပေးပါမယ်😊

Follow လေးလုပ်ပေးကြပါအုံးနော်✅

07/07/2026

ပညာဒါနလေးပါ🙏🏻

05/07/2026

English ကို အခြေခံကစပြီးပိုင်နိုင်စွာ ပြောနိုင်၊ ရေးနိုင် ၊ ဖတ်နိုင် ၍ တဖက်လူပြောတာကိုလဲ မိမိရရ ဖမ်းမိနားထောင်နိုင်ဖို့ဆို မူလတန်းအရွယ်ထဲက လေ့ကျင့်သင်ကြားဖို့လိုပါတယ်😊👦

Government curriculum ကိုစနစ်တကျသင်ယူလေ့လာနိုင်လျှင် ထိုအခြေခံများကို ရရှိနိုင်မှာဖြစ်ပါတယ် 😊

ကလေးတွေ စိတ်ဝင်စား၍ သင်ယူချင်စိတ်ရှိအောင် activities များ games များ prize awarded plan များဖြင့် သင်ကြားပေးနေပါတယ်ရှင်🏆

Grade 5 နှင့် Grade 9 ( ခရိုင်စစ်) အတန်းများကိုလဲ မေးခွန်းဟောင်းများ ; work book များ Journal များဖြင့်လေ့ကျင့်ခြင်း တစ်ခန်းခြင်း စစ်ဆေးအကဲဖြတ်ခြင်းများဖြင့်သင်ကြားပေးနေပါသည်✅

IS student များအတွက်လဲ သီးသန့် Guide ရှိပါတယ်ရှင် စုံစမ်းနိုင်ပါသည်👌





Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Website

Address

Bago
08011