04/12/2025
အသုံးများသောVocaများ🌸
If you wanna learn english language in your free time,welcome to Ixora page📚
04/12/2025
အသုံးများသောVocaများ🌸
11/07/2025
Spoken pattern - 25
💦 I'm not eager to V1💦
... ဖို့ စိတ်မထက်သန်ဘူး။
1. I'm not eager to move to another spot .
တစ်ခြားတနေရာကို ပြောင်းရွှေ့ဖို့ စိတ်မထက်သန်ဘူး။
2. I'm not eager to go there again.
အဲဒီကို ထပ်သွားဖို့ စိတ်မထက်သန်တော့ဘူး။
3. I'm not eager to accept a challenge.
စိန်ခေါ်မှုကို လက်ခံဖို့ စိတ်မထက်သန်ဘူး။
4. I'm not eager to argue about it .
ဒီကိစ္စ ငြင်းခုံဖို့ စိတ်မထက်သန်ပါဘူး။
5. I'm not eager to ask a favour. အကူအညီ သွားတောင်းဖို့ စိတ်ထက်သန်ဘူး။
6. I'm not eager to fight for independence.
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ စိတ်ထက်သန်ဘူး။
7. I'm not eager to earn more money. ပိုက်ဆံထပ်ရှာဖို့ စိတ်မထက်သန်ဘူး။
8. I'm not eager to attend the meeting. အစည်းအဝေးတက်ဖို့ စိတ်ထက်သန်တူ။
9. I'm not eager to return his call.
သူ့ကို ဖုန်းပြန်ခေါ်ဖို့ စိတ်မထက်သန်ဘူး။
10. I'm not eager to apply for that kind of job.
အဲဒီလိုအလုပ်မျိုးကို လျှောက်ဖို့ စိတ်မထက်သန်ဘူး။
10/07/2025
Spoken pattern - 24
💚I'm not willing to +V1💚
... ချင်ပါဘူး။...ဆန္ဒမရှိဘူး။
1. I'm not willing to learn new things. အသစ်အဆန်းတွေကို လေ့လာချင်တော့ဘူး။
2. I'm not willing to lie about how we met.
တို့နှစ်ယောက်ဘယ်လိုစတွေ့ပြီးကြိုက် ခဲ့ကြတယ်ဆိုတာကို မညာချင်ပါဘူး။
3. I'm not willing to go abroad.
နိုင်ငံခြားသွားချင်စိတ်မရှိဘူး။
4. I'm not willing to wash the dishes. အိုးခွက်ပန်းကန်တွေကို မဆေးချင်ဘူး။
5. I'm not willing to go swimming today.
ဒီနေ့ ရေကူး မသွားချင်ဘူး။
6. I'm not willing to meet him again.
သူ့ကို ထပ်မတွေ့ချင်တော့ဘူး။
7. I'm not willing to baby-sit my own grandson.
ငါ့မြေးလေးကို ထိန်းရတဲ့အလုပ်ကို မလုပ်ချင်ဘူး။
8. I'm not willing to take action on anyone.
ဘယ်သူ့ကိုမှ အရေးမယူချင်ပါဘူး။
9. I'm not willing to negotiate with them.
သူတို့နဲ့စေ့စပ်ညှိနှိုင်းတာ မလုပ်ချင်ဘူး။
10. I'm not willing to accept this kind of job.
ဒီလိုအလုပ်မျိုးကို လက်မခံချင်ဘူး။
#ပညာဒါန
01/01/2025
Spoken pattern - 23
🖤 I have something to +V1🖤
......စရာ တစ်ခုရှိတယ်
1. I have something to share with you. နင့်ကို အသိပေးစရာတစ်ခုရှိတယ် ။
2. I have something to complain to you. နင့်ကို မကျေနပ်တာတစ်ခုပြောရအုံးမယ် ။
3. I have something to apologize about. နင့်ကို တောင်းပန်စရာတစ်ခုရှိတယ်။
4. I have something to attend tonight.
ဒီနေ့ညနေ အခမ်းအနားတစ်ခုတက်စရာရှိတယ်။
5. I have something to ask you.
မင်းကို မေးစရာတစ်ခုရှိတယ် ။
6. I have something to explain to you. မင်းကို ရှင်းပြစရာတစ်ခုရှိတယ် ။
7. I have something important to tell you.
အရေးကြီးတဲ့ကိစ္စတစ်ခု မင်းကိုပြောစရာ ရှိတယ်။
8. I have something special to show you.
မင်းကို ထူးခြားတာတစ်ခု ပြစရာရှိတယ် ။
9. I have something fun for us to do.
ဒို့အတွက် ပျော်ရွှင်စရာတစ်ခုရှိတယ်။
10. I have something to encourage you. မင်းအတွက် စိတ်အားတက်စရာတစ်ခုရှိတယ်။
#2025
14/10/2024
Spoken pattern - 22
💌It is my turn to +V1💌
...ဖို့ ငါ့အလှည့် (ဒီတစ်ခေါက်ငါ့အလှည်)
1. It is my turn to drive the car.
ကားမောင်းဖို့ ငါ့အလှည့်ကျပြီ။
2. It is my turn to walk you home.
မင်းကို အိမ်အထိ လိုက်ပို့ဖို့ ငါ့အလှည့်ရောက်ပြီ ။
3. It is my turn to roll the dice.
အံဇာတုံးကို လှိမ့်ဖို့ ငါ့အလှည့် ရောက်ပြီ။
4. It is my turn to pay for dinner.
ညစာကျသင့်ငွေကို ပေးချေရမှာက ငါအလှည့်။
5. It is my turn to invite you to my home.
မင်းကို အိမ်ဖိတ်ကြားဖို့ ငါ့အလှည့်ရောက်ပြီ။
6. It is my turn to work overtime.
အချိန်ပိုလုပ်ဖို့ ငါ့အလှည့်ရောက်ပြီ။
7. It is my turn to take out the trash.
ဒီတစ်ခါ အမှိုက်သွန်ဖို့ ငါ့အလှည့်ရောက်ပြီ။
8. It is my turn to do the washing-up.
ပန်းကန်ခွက်ရောက်ဆေးကြောဖို့ ငါ့အလှည့်ရောက်ပြီ။
9. It is my turn to iron the laundry.
လျှော်ပြီးတဲ့အဝတ်တွေကို မီးပူတိုက်ဖို့ ငါ့အလှည့်ရောက်ပြီ။
10. It is my turn to choose where we eat.
ဘယ်မှာ စားကြမလဲဆိုတာ ဒီတစ်ခေါက်ငါရွေးရမဲ့အလှည့်။
#စစ်ပေးနေပါတယ်
#မှားလည်းဘာမှမဖြစ်ဘူးနော်
11/10/2024
Spoken pattern - 21
💙There are reasons to +V1💙
. .ရတဲ့ အကြောင်းတော့ရှိမယ်
1. There are reasons to go abroad, နိုင်ငံခြားသွားရတာ အကြောင်းတော့ရှိမယ်။
2. There are reasons to act so strange. ခုလို တမူထူးစွာ လုပ်လိုက်ရတဲ့ အကြောင်းတော့ရှိမယ်။
3. There are reasons to cancel the appointment.
ချိန်းဆိုထားတာကို ဖျက်သိမ်းလိုက်ရတဲ့ အကြောင်းတော့ရှိမယ်။
4. There are reasons to change his e-mail address.
သူ့ အီးမေးလ်လိပ်စာ ပြောင်းလိုက်ရတဲ့ အကြောင်းတော့ရှိတယ် ။
5. There are reasons to call a meeting urgently.
အစည်းအဝေးကို အခုလိုချက်ချင်းခေါ်ရတာ အကြောင်းတော့ရှိမယ်။
6. There are reasons to shake hands with enemy .
ရန်သူနဲ့ လက်ဆွဲနှုတ်ဆက် ရတာ အကြောင်းတော့ရှိမယ် ။
7. There are reasons to be absent from school.
ကျောင်းပျက်ကွက်ရတဲ့အကြောင်းတော့ရှိမယ် ။
8. There are reasons to have the room painted.
ဒီအခန်းကို ဆေးသုတ်ရတဲ့ အကြောင်းတော့ရှိမယ် ။
9. There are reasons to go against your wish.
မင်းဆန္ဒကို ဆန့်ကျင်ရတာ အကြောင်းတော့ရှိမယ် ။
10. There are reasons to negotiate secretly.
လျှို့ဝှက်ပြီး ညှိနှိုင်းရတာအကြောင်းတော့ရှိမယ်။
#စစ်ပေးနေပါတယ်
08/10/2024
Spoken pattern - 20
💌I'm sorry to + V1💌
.. မိလို့ တောင်းပန်ပါတယ် (စိတ်မရှိပါနဲ့)
1. I'm sorry to frighten you .
လန့်အောင် လုပ်မိလို့ တောင်းပန်ပါတယ် ။
2. I'm sorry to call you so late.
ညကြီးမိုးချုပ် ဖုန်းဆက်လို့ စိတ်မရှိပါနဲ့။
3. I'm sorry to be so late.
နောက်ကျလို့ တောင်းပန်ပါတယ် ။
4. I'm sorry to hear about your sick mother.
သင့်အမေ နမကောင်းဖြစ်နေတာကြားလိုက်ရလို့ စိတ်မကောင်းပါဘူး။
5. I'm sorry to waste your precious time.
မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုပေးလိုက်ရလို့ စိတ်မကောင်းပါဘူး။
6. I'm sorry to disagree with you.
မင်းနဲ့ သဘောထားခြင်းမတိုက်ဆိုင်တာကိုတော့ စိတ်မကောင်းပါဘူး။
7. I'm sorry to end our relationship.
ဒို့ရဲ့ဆက်ဆံရေးကို ဒီမှာပဲရပ်ပစ်လိုက်ရတော့မယ် ဆောရီးပါပဲ။
8. I'm sorry to hurt your feelings.
မင်းခံစားချက်ကို နာကျင်အောင်လုပ်မိတယ်ဆိုရင်တောင်းပန်ပါတယ်။
9. I'm sorry to break the promise.
ကတိ ချိုးဖောက်လိုက်ရလို့ တောင်းပန်ပါတယ်။
10. I'm sorry to inform you about it .
ဒီကိစ္စအကြောင်းကြားရမှာ စိတ်တောင်မကောင်းဘူး။
#စစ်ပေးနေပါတယ်
07/10/2024
Spoken pattern - 19
💗 You'll have to + V1💗
......ရလိမ့်မယ်။
1. You'll have to bear the cost ကုန်ကျစရိတ်ကို မင်း ကျခံရလိမ့်မယ်။
2. You'll have to bear with her.
သူ့ကို သည်းညည်းခံရလိမ့်မယ် ။
3. You'll have to do more than just say it.
ပြောနေယုံထက်ပိုပြီး လုပ်ပြရလိမ့်မယ်။
4. You'll have to pay the extra cost.
အပိုကုန်ကျတာကို မင်း ပေးချေရလိမ့်မယ်။
5. You'll have to rewrite the whole thing. တစ်ခုလုံးကို ပြန်ရေးရလိမ့်မယ်။
6. You'll have to do something to satisfy them.
သူတို့ကျေနပ်ဖို့ မင်း တစ်ခုခုလုပ်ပေးရလိမ့်မယ်။
7. You'll have to solve it first.
ဒါကို အရင် ရှင်းရလိမ့်မယ် ။
8. You'll have to eat your words.
မှားသွားကြောင်း ဝန်ခံရလိမ့်မယ်။
9. You'll have to face the music.
မင်း အဆူခံရလိမ့်မယ်။
10. You'll have to make it up to me.
မင်း ငါ့ကို အပ်ပေးရလိမ့်မယ်။
#စစ်ပေးနေပါတယ်
#မှားလည်းဘာမှမဖြစ်ဘူးနော်
05/10/2024
Spoken pattern -18
❣ You don't have to + V1 ❣
...ဖို့ မလိုပါဘူး
1. You don't have to rent a house.
အိမ်ငှားဖို့ မလိုပါဘူး ။
2. You don't have to see the doctor. ဆရာဝန်ကို သွားပြဖို့ မလိုပါဘူး။
3. You don't have to solve the problem. ဒီပြဿနာကို ဖြေရှင်းဖို့ မလိုသေးပါဘူး။
4. You don't have to take responsibility.
မင်းတာဝန်ယူဖို့ မလိုပါဘူး ။
5.You don't have to be rude.
မင်း ရိုင်းရိုင်းရိုင်းစိုင်းပြောဖို့ မလိုပါဘူး။
6. You don't have to take a risk.
မင်း ဒီလို စွန့်စားစရာ မလိုပါဘူး။
7. You don't have to water the plants. သစ်ပင်တွေကို ရေလောင်းပေးဖို့ မလိုပါဘူး။
8. You don't have to devote your life in it.
ဇောက်ချလုပ်ကိုင်ဖို့ မလိုပါဘူး။
9.You don't have to wait outside.
အပြင်မှာ ရပ်စောင့်စရာ မလိုပါဘူး ။
10. You don't have to come here every day.
နေ့တိုင်းလာဖို့ မလိုပါဘူး ။
02/10/2024
Spoken pattern - 17
💥You are supposed to + V1💥
. .မယ်လို့ ယူဆရတယ်
1. You are supposed to keep it a secret. လျို့ဝှက်ချက်မပေါက်ကြားအောင် ထိန်းသိမ်းမယ်လို့ ယူဆထားတယ်။
2. You are supposed to stop at a red light.
ကားကို မီးနီရင် ရပ်လိမ့်မယ်လို့ ယူဆပါတယ်။
3. You are supposed to decide before Sunday.
တနင်္ဂနွေနေ့မတိုင်မီမှာပဲ ဆုံးဖြတ်လိမ့်မယ်လို့ ယူဆထားတယ်။
4. You are supposed to invite all your friends.
သူငယ်ချင်းအားလုံးကို ဖိတ်လိမ့်မယ်လို့ မျှော်လင့်ထားတယ် ။
5. You are supposed to remain calm.
မင်း တည်တည်ငြိမ်ငြိမ်ကလေး နေလိမ့်မယ်လို့ မျှော်လင့်တယ်။
6. You are supposed to fasten your seat belts.
ထိုင်ခုံခါးပတ်တွေကို ပတ်ထားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
7. You are supposed to let me know when you leave.
မင်းသွားတော့မယ်ဆိုရင် အသိပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
8. You are supposed to take care of the baby.
ကလေးကို ဂရုစိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
9. You are supposed to look after your sick mother.
မကျန်းမာတဲ့မိခင်ကို မင်းအနေနဲ့ ပြုစုလိမ့်မယ်လို့ ယူဆပါတယ်။
10. You are supposed to vote for the new leader.
ခေါင်းဆောင်အသစ်ကိုမဲပေးရွေးချယ်လို့မျှော်လင့်ပါတယ်။
#စစ်ပေးနေပါတယ်
28/09/2024
Spoken pattern - 16
💞 I've decided to + V1 💞
....ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ
1. I've decided to go abroad.
နိုင်ငံခြားသွားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ။
2. I've decided to withdraw all my money.
ပိုက်ဆံတွေအားလုံးကို ထုတ်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီ။
3. I've decided to buy a new laptop. laptop အသစ်တစ်လုံးဝယ်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ ။
4. I've decided to take a meditation every morning.
မနက်တိုင်း တရားထိုင်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ။
5. I've decided to sail around the world. ကမ္ဘာအနှံ့သင်္ဘောနဲ့ ခရီးနှင်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ ။
6. I've decided to give up my job.
လက်ရှိအလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။
7. I've decided to remain calm.
ငြိမ်ငြိမ်လေးပဲနေတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီ။
8. I've decided to remove my beard. မုတ်ဆိတ်ကိုဖယ်ရှားပစ်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီး။
9. I've decided to put up an application.
လျှောက်လွှာတင်လိုက်တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီ။
10. I've decided to get rid of my bad habits.
မကောင်းတဲ့အကျင့်ဆိုးတွေကို ဖယ်ရှားမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီ။
#မှားလည်းဘာမှမဖြစ်ဘူးနော်
#စစ်ပေးနေပါတယ်