Hnin Si Education Center

Hnin Si Education Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Si Education Center, Educational consultant, No. 981, Hmaw Kan 8th Street, Lake Pyar Kan Quarter, Bago.

This Education Center is organized by passionate teachers in teaching to strengthen youths’ lifelong learning, entrepreneurial mindset,ethical integrity,innovation and education in our soicety.

16/04/2026

ကျွန်မတို့ရဲ့ ကလေးငယ်တွေဟာ လောကကြီးရဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့လေးတွေအတွက် အကောင်းဆုံး ခိုလှုံရာက ဘာဖြစ်မလဲနော် 🤍

အစားအစာက ခန္ဓာကိုယ်ကို ကြီးထွားစေပေမယ့် မေတ္တာနဲ့ နွေးထွေးမှုလေးတွေကသာ ကလေးတယောက်ကို သတ္တိရှိတဲ့ လူသားတစ်ယောက် အဖြစ် အကောင်းဆုံးပျိုးထောင်ပေးနိုင်တာပါ။ ဒီအချက်ကို သိပ္ပံနည်းကျ သက်သေပြခဲ့တဲ့ Harry Harlow ရဲ့ စိတ်ဝင်စားစရာ စမ်းသပ်ချက်အကြောင်းကို ကျွန်မ တီချယ် နှင်းဆီက ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။

The Nature Of Love and Attachment Experiment

၁၉၅၀ ပြည့်လွန်နှစ်များက စိတ်ပညာရှင် Harry Harlow ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုဟာ ကလေးငယ်တစ်ဦးရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ "အစားအစာ" ထက် "မေတ္တာနှင့် နွေးထွေးမှု" က ပို၍ အရေးကြီးကြောင်း ကမ္ဘာကို သက်သေပြခဲ့ပါတယ်။ ယနေ့တိုင် ပညာရေးနှင့် ကလေးပြုစုပျိုးထောင်ရေး ကဏ္ဍများတွင် ဒီစမ်းသပ်ချက်ဟာ အခြေခံအကျဆုံး သင်ခန်းစာတစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလများက သိပ္ပံပညာရှင်တွေဟာ
ကလေးငယ်တစ်ဦး မိခင်အပေါ် တွယ်တာခြင်းမှာ
မိခင်က အစားအစာ (နို့) ပေးသောကြောင့်သာဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ Harlowက ဒိယူဆချက်ကို စိန်ခေါ်ဖို့အတွက် မိခင်မဲ့ မျောက်ကလေးတွေကို အုပ်စုခွဲပြီး မေမေအတု နှစ်မျိုးဖြင့် စမ်းသပ်ခဲ့ပါတယ်။

သံဆန်ခါမေမေ (The Wire Mother)- ကြမ်းတမ်းပြီး အေးစက်သော သံကြိုးများနဲ့ ပြုလုပ်ထားသော်လည်း နို့ဗူးတပ်ဆင်ထားပြီး အစားအစာကို ပေးစွမ်းနိုင်အောင် ဖန်တီးထားတယ်။

နွေးထွေးတဲ့ အဝတ်စမေမေ(The Cloth Mother) ပျော့ပျောင်းတဲ့ အဝတ်စတွေနဲ့ ပြုလုပ်ထားပြီး ဖက်ထားတဲ့အခါ နွေးထွေးမှုပေးပေမယ့် အစားအစာ လုံးဝမပေးနိုင်ပါဘူး။

အံ့အားသင့်ဖွယ် တွေ့ရှိချက်များကတော့
ဒီစမ်းသပ်မှုအတွင်း မျောက်ကလေးဟာ အစားအစာပေးသော သံဆန်ခါအမေထံသို့ ဗိုက်ဆာချိန်မှသာ ခေတ္တသွားရောက်ခဲ့ပြီး ကျန်ရှိတဲ့အချိန် ၁၈ နာရီခန့်ကို အဝတ်စမေမေထံမှာသာ ကပ်တွယ်ကုန်ဆုံးစေခဲ့တယ်။

အထူးသဖြင့် စိတ်ပညာလောကကို လှုပ်ခတ်စေခဲ့တာကတော့ "အန္တရာယ်နဲ့ ကြုံတွေ့ချိန်" ပဲဖြစ်ပါတယ်။စမ်းသပ်သူများက မျောက်ကလေးများကို ကြောက်လန့်စေဖို့ စက်ရုပ်အရုပ်များနဲ့ ခြောက်လှန့်လိုက်အခါ အဲဒီ မျောက်ကလေးဟာ အစားအစာပေးသော မေမေဆီကို မပြေးဘဲ နွေးထွေးမှုပေးတဲ့ အဝတ်စမေမေဆီသာ ပြေးကပ်ခဲ့တယ်။

ဒီအချက်ကပဲ Contact Comfort (ထိတွေ့မှုဖြင့်ရရှိသော လုံခြုံမှု) ဟာ သက်ရှိတွေအတွက် အစားအစာကဲ့သို့ပင် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

စာသင်ခန်းတစ်ခုမှာ သင်ခန်းစာများ (Academic knowledge) တွေဟာ အရေးကြီးသော်လည်းပဲ ကျောင်းသားများအတွက် ဆရာမတစ်ယောက်ရဲ့"စိတ်ပိုင်းဆိုင်ရာ လုံခြုံရာ (Secure Base)" ဖြစ်ရန် ပို၍ အရေးကြီးပါတယ်။ ကလေးတစ်ဦးဟာ စာသင်ခန်းအတွင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုခံစားရမှသာ ကလေးတွေရဲ့ အသိဉာဏ်ကို အပြည့်အဝ အသုံးချ၍ သင်ယူနိုင်မှာဖြစ်ပါတယ်။

မိဘများအနေနဲ့လည်း ကလေးတစ်ဦးအတွက် ကောင်းမွန်သော အစားအသောက်နဲ့ အဝတ်အထည်များ ပံ့ပိုးပေးရုံနဲ့ မလုံလောက်ပါ။ မိဘတွေရဲ့ ပွေ့ဖက်မှု၊ နွေးထွေးစွာ ဆက်ဆံမှုနှင့် ချစ်ခြင်းမေတ္တာတွေဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အကောင်းမွန်ဆုံး အခြေခံအုတ်မြစ်များ ဖြစ်ကြပါတယ်။

လောကမှာ ဘယ်လိုအခက်အခဲနဲ့ ကြုံလာပါစေ မိဘထံမှာ ခိုလှုံနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ဟာ ကလေးတွေကို သတ္တိရှိစေတဲ့လူသားတစ်ဦး ဖြစ်လာစေပါတယ်။

ကျွန်မ အနေနဲ့ ကျောင်းသားများအတွက်
သားတို့ သမီးတို့ရဲ့ အောင်မြင်မှုတွေ၊ Test Results တွေ အဆင့်တွေထက် ကလေးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်က မေတ္တာတရားတွေက ပိုပြီး အဖိုးတန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ဆိုတာ သားသမီးလေးတို့ကို ချစ်တဲ့သူတွေရဲ့ နွေးထွေးမှုကနေ စတင်တာဖြစ်လို့ မေတ္တာတရားရဲ့ တန်ဖိုးကို နားလည်ထားဖို့ လိုပါတယ်။

ဒါကြောင့် အိမ်တွေ ကျောင်းတွေ ပတ်ဝန်းကျင်တွေမှာ မေတ္တာတရားနဲ့ နွေးထွေးလုံခြုံရတဲ့ ဝန်းကျင်တွေကို အတူတူ တည်ဆောက်ကြစို့ လို့ ပြောကြားရင်း စာလေးကို အဆုံးသတ်လိုက်ပါရစေရှင်။

ကျမ်းကိုးစာရင်း

Gluck, J. P. (2017). Harry F. Harlow and animal research: Reflection on the ethical paradox. Research Ethics,479–491.

Harlow, H. F. (2012). The nature of love. The Macaque Connection, 19–31.

Harlow, H. F., & Zimmermann, R. R. (1959). Affectional response in the infant monkey. Science, 130(3373), 421–432.

Livingstone, M. S. (2022). Triggers for mother love. Proceedings of the National Academy of Sciences,199.

Radetzki, P. (2018). Harlow’s famous monkey study: The historical and contemporary significance of the nature of love. Canadian Journal of Family and Youth / Le Journal Canadien de Famille et de la Jeunesse,10,205–234.

11/04/2026

💦Thingyan Festival Holiday Announcement 💦

မင်္ဂလာပါရှင်

ကျွန်မတို့ရဲ့ Hnin Si Education Centerမှ
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အခါသမယအတွက် အောက်ပါအတိုင်း Education Center ပိတ်ရက်အား အသိပေးကြေညာအပ်ပါတယ်ရှင်။

📅 ပိတ်ရက်များ — ဧပြီလ (၁၂) ရက် မှ (၁၇) ရက်အထိ

📅 ပြန်လည်ဖွင့်လှစ်မည့်ရက် — ဧပြီလ (၁၈) ရက်

ပိတ်ရက်ကာလအတွင်း သင်တန်းများအားလုံးနှင့် ဖုန်းခေါ်ဆို/ ဖြေကြားမှုများကို ခေတ္တယာယီရပ်နားထားမှာဖြစ်ပြီး၊ ပြန်လည်ဖွင့်လှစ်သည့်နေ့မှစ၍ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်။

သင်္ကြန်ကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စွာ အချိန်ကောင်းများ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင်။

28/03/2026

သင်္ချာချစ်သူ သားသားမီးမီးတို့ရေ
သင်္ချာက ပျင်းစရာပဲလို့ ထင်နေတုန်းပဲလားနော်
သင်္ချာမှာ အံ့ဩစရာ အချက်လေးတွေ အများကြီးရှိတယ်နော်…
ဒီအချက်လေးတွေ သိရင်အံ့ဩသွားမှာပါနော်။

အံစာတုံး ကစားတဲ့အခါ ဆန့်ကျင်ဘက်နံပါတ်တွေ ပေါင်းရင် အမြဲ ၇ ရတယ်။
(၁+၆=၇, ၂+၅=၇, ၃+၄=၇) 🎲

လူ ၂၃ ယောက်ပဲ ရှိတဲ့ အခန်းထဲမှာတောင်
နှစ်ယောက်ရဲ့ မွေးနေ့ တူနိုင်ချေ ၅၀% ရှိတယ်။

“Forty” ဆိုတဲ့ အင်္ဂလိပ်စာလုံးက အက္ခရာတွေ အစဉ်လိုက် စီထားတဲ့ တစ်ခုတည်းသော နံပါတ်ပါ။ (f-o-r-t-y)

၁ ကနေ ၁၀၀၀ အထိ စာလုံး “A” ပါတဲ့ နံပါတ်က တစ်ခုတည်းပဲ → One thousand

၁၁၁,၁၁၁,၁၁၁ ကို ကိုယ့်ဘာသာနဲ့ မြှောက်ကြည့်ရင် → ၁၂,၃၄၅,၆၇၈,၉၈၇,၆၅၄,၃၂၁ ထွက်လာတယ်နော်။

ဂဏန်း ၀ က ရိုမန်ဂဏန်းမှာ တစ်ခုမှ မပါဘူး။ တစ်ခုတည်းပဲ။Roman numerals မှာ zero မရှိဘူးနော်။

ကိတ်မုန့်တစ်လုံးကို ဓားသုံးချက်နဲ့ အပိုင်း ၈ ပိုင်း ဖြတ်လို့ရတယ်။ (နှစ်ချက်က ဒေါင်လိုက်၊ တစ်ချက်က အလျားလိုက်)

ဂဏန်း “One” က စာလုံးတွေ အစဉ်လိုက် ဆင်းနေတဲ့ တစ်ခုတည်းသော နံပါတ်ပါ။ (O-N-E)

Mathematics မှာကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေအများကြီး ဖုံးကွယ်ထားတာပါ။

Mathematics က ဘယ်လောက်ပဲ လေ့လာ လေ့လာ အံ့ဩစရာ အသစ်တွေ ရှိနေတုန်းပဲနော်
သားသားမီးမီးတို့ သိထားတဲ့အံ့ဩစရာ math fact တွေကို ဒီတပတ်မှာ မျှဝေလိုက်ရပါတယ်ရှင်။




09982262205

22/03/2026

Memories for Flyers Level Monthly Exam

Today, March 22, our Flyers level students are taking their Monthly Exam Test. This small test helps us see how much they have learned and how their English skills are improving step by step.

Our students are working hard on:
• Reading ( Fiction & Non- Fiction)
• Grammar and Vocabulary
• Listening Test



09982262205

17/03/2026

𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 𝗠𝗮𝘁𝗵𝘀 𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 အကြောင်းသိရှိလိုသူများအတွက် Knowledge Sharing အဖြစ်
ရေးသားဖော်ပြပေးလိုက်ပါတယ်

ယနေ့ခေတ်မှာ မိဘအများစုက ကိုယ့်ကလေးတွေကို သင်္ချာအခြေခံခိုင်မာပြီး problem solving skill
ကောင်းကောင်းရှိစေချင်ကြပါတယ်။ အဲ့ဒီလို
ရည်ရွယ်ချက်အတွက် နိုင်ငံတကာမှာ နာမည်ကြီးတဲ့ curriculum တစ်ခုဖြစ်တဲ့ Singapore Maths Curriculum ရှိပါတယ်။

ယနေ့မှာတော့ မိဘများအတွက် Singapore Maths curriculum ရဲ့ အဓိကအချက်များ ကို အကျဉ်းချုပ် sharing လေးလုပ်ပေးလိုက်ပါတယ်။

Singapore Maths Curriculum ဆိုတာဘာလဲ?
1.Conceptual Understanding ကို အဓိကထားတဲ့ Curriculum
နိုင်ငံတကာ ပုံမှန်သင်္ချာ သင်ရိုးတွေနဲ့ နှိုင်းယှဉ်ရင် topic များများကို သိဖို့ထက် theory & concept ပိုင်းကို အမှန်တကယ် နားလည်ပြီးပြန်လည် အသုံးချတတ်ဖို့ သင်ပေးတဲ့ စနစ်ဖြစ်ပါတယ်။
2. Problem Solving Skill ကို အထူးအလေးထားပါတယ်။
ကျောင်းသားတွေကို စဉ်းစားတတ်အောင်၊ reasoning ကျိုးကြောင်းဆက်စပ်တပ်အောင် train ပေးတဲ့ curriculum ဖြစ်ပါတယ်။
3.Step-by-Step Learning Approach
လွယ်ရာကနေ ခက်ရာသို့ systematic အတိုင်း
တဖြည်းဖြည်းတိုးပြီး သင်ကြားပေးပါတယ်။
4.Rote Memorization ကို မအားပေးပါ။Formula များကို အကြောင်းမသိဘဲ အလွတ်မှတ်တာမျိုး 
မဟုတ်ဘဲ နားလည်ပြီး အသုံးချနိုင်အောင် သင်ပေးပါတယ်။
5.International Competitions အတွက် Foundation ကောင်းပေးပါတယ်။
Maths Olympiad, Competitive Exams တွေကို သွားဖို့ အခြေခံကောင်းတစ်ခု ဖြစ်ပါတယ်။
6.Unique Teaching Methods များရှိပါတယ်
Singapore Maths မှာ အသုံးများတဲ့ teaching methods တွေကတော့
• CPA Approach (Concrete – Pictorial –Abstract)
• Number Bonds
• Bar Modelling
စတဲ့ နည်းလမ်းများဖြစ်ပြီး concept ကို ရှင်းလင်းစွာ နားလည်အောင် ကူညီပေးပါတယ်။
ဘယ်လိုကျောင်းသားတွေ အတွက် သင့်တော်လဲ?
✔️ သင်္ချာကို စိတ်ဝင်စားပြီး deeper understanding ရချင်တဲ့ ကလေးများ
✔️ Problem solving skill ကို မြှင့်ချင်တဲ့ ကျောင်းသားများ
✔️ International Maths Competitions ကို စမ်းသပ်ချင်တဲ့ ကလေးများ
✔️ Strong maths foundation နဲ့ အထက်တန်းအထိ သွားချင်တဲ့ ကျောင်းသားများ
Singapore Maths curriculum က သင်္ချာကို တကယ်နားလည်ပြီး အသုံးချတတ်တဲ့ mindset တစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ learning system ဖြစ်ပါတယ်။

Suggestions အနေနဲ့
သင်္ချာကို စိတ်၀င်စားတယ်၊ ကျကျနန သင်ယူချင်တယ်၊ အထက်တန်းရောက်သည်အထိ အခြေခံကောင်းကောင်းနဲ့ ဖြတ်သန်းသွားချင်တဲ့ ကလေးများ ဒီအတန်းကို join သင့်ပါတယ်။

ကိုယ့်ကလေးရဲ့ progress ကိုသိဖို့ နိုင်ငံတကာ level အတိုင်းစစ်ထားတဲ့ yearly record ကိုလည်း သိချင်တယ်ဆိုတဲ့ မိဘများ ရဲ့ ကလေးငယ်များ ဒီအတန်းကို join ပါ။
Olympiad Level အထိသွားဖို့ ဆန္ဒလည်းရှိတယ်၊ လောလောဆယ် တန်းသွားဖို့အခက်အခဲလည်း ရှိတယ် ဆိုတဲ့ ကလေးများ တစ်ဖက်က support လုပ်တဲ့အနေနဲ့ လိုအပ်နေတဲ့ ကလေးတွေလည်း ဒီအတန်းကို joinပါ။
International School တွေမှာတက်ပြီး British Curriculum တွေ , US curriculum တွေကို သင်ယူ‌နေတဲ့ကလေးများအတွက်လဲ competitive exam တွေအတွက် ပိုမိုလေ့လာနိုင်အောင် ဒီအတန်းကို တက်ပါ။
2025-2026 Academic Year အတွက် 𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 𝗠𝗮𝘁𝗵𝘀 အတန်းများကို Hnin Si Education Center မှာဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။

Singapore Maths Curriculum အကြောင်း
အသေးစိတ်သိရှိလိုပါက သိလိုပါက page messenger သို့မဟုတ် 09 -982262205 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။





Photos from Hnin Si Education Center's post 16/03/2026

KET Level – Unit 3: Dinner Time 🍽

Today our KET students worked on Unit 3: Dinner Time. Students created their own restaurant menus and presented them in English.

They designed creative menus with:

🍔🌭food names
🍹🍸drink options
🏷🏷prices
🍕🍜🍳special meals

Then they practiced speaking and presenting their menu to the class.
This activity helps students improve vocabulary, creativity, and confidence in speaking English.
We are very proud of their beautiful work…!






09982262205

15/03/2026

Today, March 15, Sunday our students presented their KET Speaking Project about “How to Control Our Emotions”.They shared ideas about understanding feelings and learning how to manage emotions in a healthy way.

This is Lisa, Jim and Bella’s group…! Let’s see this…! This is what they discussed in their power point presentation…!

How to Control Our Emotions

Emotions are natural feelings that affect how we think and behave.
To control them, we should first understand what we feel, pause, and think before reacting.
Staying calm, breathing slowly, and talking to someone we trust can help.
When we manage our emotions well, we can make better decisions and understand others better.

14/02/2026

PET Level - Speaking Time...!

You Did It Your Best, Mav!








09982262205

07/02/2026

PET Student- Mr. Noah
@ Mr Myat Bhone Pyae Sone

Thank You For Special Things You Do..



09992262205

04/02/2026

KET Student- Evelyn - Speaking Project






09982262205

02/02/2026

🌞 Summer Young Learners English Program 🌞

ဒီနွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို အချိန်ကို အကျိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ Hnin Si Education Center မှ Summer English Program for Young Learners ကို စတင်ဖွင့်လှစ်လိုက်ပါပြီရှင်။

March - April - May ( Summer Program )3လ အတွင်း ကလေးတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ Reading, Writing, Grammar ကို အဓိကထား လေ့ကျင့်ပေးမှာဖြစ်ပြီး Interactive Activities ကို မျှတစွာထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းအချိန်ဇယားကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် အောက်ပါအတိုင်းခွဲခြားသတ်မှတ် ပေးထားပါတယ်ရှင်။

Age -8 to 11 (8: 30AM- 10: 00AM)

Age- 6 to 8 (10: 30 AM- 12:00 PM)

တန်းခွဲတခုလျှင် ကလေးဦးရေ (၁၂)ဦးသာ လက်ခံမှာ ဖြစ်တဲ့အတွက် ကြိုတင်စာရင်းပေးသွင်းရန်အကြံပြုအပ်ပါတယ်ရှင်။

March , April, May -Summer Programတခုလုံး
အတွက်သင်တန်းကြေး ( Course Fees ) မှာ

200,000 Kyats ( Course Fees+ Material Fees) ဖြစ်ပါတယ်ရှင်။

အသေးစိတ်စုံစမ်းသိရှိလိုပါက ဖုန်း 09982262205 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။





Photos from Hnin Si Education Center's post 01/02/2026

KET - InPerson Class (Mon- Tues 4:00-6:00)PM

Hnin Si Education Center ရဲ့ In Person KET (A2) Class မှာ ကျောင်းသား/သူတွေက Different Types of Houses ဆိုတဲ့ Project ကို လုပ်ဆောင်နေကြပါတယ်ရှင်။

မိမိတို့ ရွေးထားတဲ့ အိမ်အမျိုးအစား (apartment / bungalow / farmhouse / villa / tree house / Mountain House စသဖြင့်) ကို သတ်မှတ်ပြီး Photo တွေ စုဆောင်း ပြင်ဆင်နေတဲ့အဆင့်ဖြစ်ပြီး၊ နောက်တစ်ဆင့်မှာ Vocabulary + Grammar ကို သုံးပြီး Group Presentation အဖြစ် တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။






09-982262205

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Website

Address

No. 981, Hmaw Kan 8th Street, Lake Pyar Kan Quarter
Bago
6101