Rakkhapura Buddhist University - Yangon

Rakkhapura Buddhist University - Yangon

Share

Buddhism

23/07/2026

အမေရိကန်၊ ကနေဒါနှင့် ဂျပန်နိုင်ငံများတွင် ဝိပဿနာတရားတော်များကို သုံးလကြာကြာ မနားမနေ ဟောပြောပြသပြီးနောက် ပြန်လည်ကြွရောက်တော်မူလာသော အဓိပတိဆရာတော်ဘုရားကြီးအား တက္ကသိုလ်တာဝန်ရှိပုဂ္ဂိုလ်အချို့အပါအဝင် ကျောင်းသားသစ်များနှင့် တကာတကာမများက ကြိုဆိုကန်တော့ခဲ့ကြပါတယ်။

Photos from Rakkhapura Buddhist University - Yangon's post 18/07/2026

စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ လက်တွေ့သင်ခန်းစာ

Photos from Rakkhapura Buddhist University - Yangon's post 16/07/2026

ဒီနေ့ နေ့လည် Pre-BA သင်တန်းသားတွေ အခြေခံပါဠိဘာသာကို ဆက်လက်သင်ယူလေ့လာနေကြပါသည်။

14/07/2026

Buddhism in English: Nuts and Bolts

12/07/2026

Ending the day with mindfulness at RBU.

11/07/2026

ဘုရားရှင်၏ အဆုံးအမဖြစ်သော ပရိယတ် နှင့် ပဋိပတ် သာသနာက

- သင်ယူရခြင်း။

- သင်ယူပြီးလျှင် .. လက်တွေ့ကျင့်သုံးခြင်း။

ဒီ ပရိယတ်မကင်းသော ပဋိပတ်တရားတွေက ..

ကိလေသာတွေကိုပါးစေသည့် ပဋိဝေဓဆိုသော မဂ်ဖိုလ်ချမ်းသာကို ထိုးထိုးထွင်းထွင်းသိကြရသော အကျိုးတရားတွေမို့ ..

အကြောင်း ပရိယတ် ပဋိပတ် ထိုသာသနာနှစ်ရပ်ကို ကျင့်သုံးပွါးများ အားထုတ်ရခြင်းကြောင့် .. ပဋိဝေဓဆိုသော အကျိုးကို ခံစားကြရတာပါပဲ။

အကြောင်းက အထက်တန်းကို ရောက်လေလေ .. အကျိုးပေးက အဆင့်မြင့်လေပဲ။

ပရိယတ်ကို အခြေခံပြုပြီး ..

ပဋိပတ်အကျင့်ကို အဖန်ဖန် ကျင့်သုံးပါမှသာ ..

ပဋိဝေဓဆိုသော နိရောဓသစ္စာကို မျက်မှောက်ပြုကြမှာမို့ ..

ပရိယတ်အလုပ်တွေ များများ ကျွမ်းကျင်စွာသင်ပါ။

ထို့နောက် ပဋိပတ်အကျင့်ကို ဇောက်ချပြီး အားထုတ်ပါ။

အားထုတ်ခြင်းကြောင့် .. ပဋိဝေဓတည်းဟူသော မဂ်ဖိုလ်နိဗ္ဗာန်အရသာကို လက်တွေ့ခံစားကြရမှာပါ။

——မြောက်ဦးဆရာတော်

10/07/2026

The First Week Completed!

We sincerely thank our lecturers for their hard work and our students for their diligence, discipline and active participation throughout the week. We look forward to many more weeks of meaningful learning and academic growth ahead.

May this be the beginning of a fruitful and inspiring journey for everyone at RBU.

Photos from Rakkhapura Buddhist University - Yangon's post 10/07/2026

ဒီနေ့ Pre-BA နှင့် PGDip သင်တန်းသားတွေ English Grammar ဆိုင်ရာ အခြေခံသင်ခန်းစာများကို ရက္ခပူရဗုဒ္ဓတက္ကသိုလ်၏ ဘာသာစကားဆရာ ဦးထွန်းလင်းကျော် (Sayar Htun) နှင့်အတူ အသီးသီး လေ့လာသင်ယူခဲ့ကြပါသေးတယ်။

Photos from Rakkhapura Buddhist University - Yangon's post 10/07/2026

ဒီနေ့မနက် PGDip သင်တန်းသားတွေ Academic Study Skills ဘာသာရပ်အတွက် စာကြည့်တိုက်အသုံးချမှုဆိုင်ရာ အထွေထွေဗဟုသုတတွေကို လေ့လာသင်ယူကြရာ Pre-BA သင်တန်းသားတွေလည်း ပူးပေါင်းပါဝင် လေ့လာသင်ယူခဲ့ကြပါတယ်။

Photos from Rakkhapura Buddhist University - Yangon's post 09/07/2026

ဒီနေ့ PGDip သင်တန်းသားတွေ Pali Language and Literature ဘာသာရပ်ကို စတင်လေ့လာသင်ယူခဲ့ကြသလို Pre-BA သင်တန်းသားတွေလည်း အခြေခံပါဠိဘာသာရပ်ကို စတင်သင်ယူခဲ့ကြရပါတယ်။

မေတ္တာစေတနာဖြင့် သင်ကြားပြသပေးပါသော ဆရာတော်နှင့် အလေးထားသင်ယူကြသူ သင်တန်းသားများကို များစွာကျေးဇူးတင်ရပါတယ်။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Website

Address

10th Mile
Bago