Htoo Thit Eain

Htoo Thit Eain

Share

အတ္ထာဟိအတ္ထနော နာထော

25/02/2025

အားလုံးပဲ မင်္ဂလာပါရှင်🙏
“ထူးသစ်အိမ်” စာဖြေ စာစစ် စာကျက်ဝိုင်း မှ
မိဘများရဲ့ ချစ်လှစွာသော သားသားမီးမီးများကို
နွေးထွေးစွာကြိုဆိုပါတယ်ရှင်🙏
မိဘများရဲ့သားသားမီးမီးများကို
👉Private School ပဲထားထား
👉Government Schoolပဲထားထား
👉International Schoolပဲထားထား
မိမိတို့ရဲ့သားသားမီးမီးများကို
“Special study guide” ကောင်းကောင်းအနီးကပ်
ထားပေးဖို့က လိုကိုလိုပါတယ်နော်
👉နှစ်နှစ်ဆယ်ကျော်service ရှိပြီး
ဘာသာစုံကိုအထိရောက်ဆုံးguidelines ပေးနိုင်ဖို့
ဆရာမနှင်းဝတ်ရည်သင်းB. Com(Q)မှကောင်းမွန်သောservice နဲ့အထိရောက်ဆုံးguidelines ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါပြီနော်
မိမိတို့သားသမီးများအတွက်အချိန်မရလိုက်
မဖြစ်ရလေအောင် အမြန်ဆုံးစာရင်းသွင်း
အပ်နှံနိုင်ပါပြီနော်

30/05/2023

For Grade10/11/12
Sayama HninWutyiThin B.Com(Q)ကိုယ်တိုင်သင်ကြားသောသင်္ချာ&ဘောဂဘာသာရပ်အထူးသီးသန့်စာသင်ဝိုင်းများစုံစမ်းအပ်နှံနိုင်ပါပြီ

Photos from Htoo Thit Eain 's post 30/05/2023

#လိုအပ်မယ်ထင်ရင်shareထားပါ

2016ကစပြီးအကောင်ထည်ဖော်ခဲ့တဲ့ KG+12 systemအရ အထက်တန်းဟာ
‌ဒသမတန်း (Grade-10)
ဧကာဒသမတန်း (Grade-11)
ဒွာဒသမတန်း (Grade-12) ဆိုပြီးသုံးတန်းဖြစ်ပေါ်လာခဲ့တယ်

စနစ်သစ်မှာသေချာဂရုစိုက်သတိထားရမယ့်အချက် ဘာသာတွဲ‌အရွေးမှန်ဖို့ပဲ
အရွေးမှားရင် သွားပြီ

ဒါကြောင့်သေချာဖတ်သွားပါ

စနစ်သစ်(new course)မှာ စနစ်ဟောင်းတုန်းကလိုရှည်လျားထွေးပြားပြီး ပျင်းစရာကောင်းအောင်အာရုံသိပ်မများရတော့ပါဘူး

စနစ်ဟောင်းမှာဘာသာတွဲ(၇)တွဲရှိခဲ့တယ်😺
အခုစနစ်သစ်မှာတော့ဘာသာတွဲက(၄)တွဲပဲရှိတော့တယ် 😊
ဘာတွေလဲဆိုတော့

✨STEAMS-1 အတွဲ(၁)
✨STEAMS-2 အတွဲ(၂)
✨STAMS-1 အတွဲ (၃)
✨STAMS-2 အတွဲ (၄)

S =science
T=technology
E=engineering
A=arts
M=mathematics
S=sports

💌အတွဲ(၁)လို့ခေါ်တဲ့ STEAMS-1

ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ချင်တဲ့ညီလေး ညီမလေးတို့ရွေးကို‌ရွေးချယ်ရမယ့် ဘာသာတွဲပဲဗျာ
အက်မင်တို့စနစ်ဟောင်းရဲ့Hyperများစုဝေးရာ "ဆေးတက္ကသိုလ်"တွေ၊ အရှိန်အဟုန်နဲ့အဆင့်မြင့် အသားပေးလာပြီဖြစ်တဲ့ "နည်းပညာတက္ကသိုလ်"တွေကိုတက်ချင်တဲ့ကလေးတွေ ရွေးချယ်ရမယ့်ဘာသာတွဲပေါ့
(ဆေးတက္ကသိုလ်ဆိုတာ ဆေးနဲ့ဆိုင်တဲ့တက္ကသိုလ်အားလုံးကို ပြောချင်တာနော် ဘေဘီတို့ သူနာပြု တိကု သွားဆေး ဆေးဝါးကျွမ်းကျင် ဆေးနည်းပညာအားလုံးပါတယ်နော် ပူတူးတူးတို့)😗

သင်ကြားရမယ့်ဘာသာရပ်တွေက-

၁။။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ဓာတုဗဒေ💛
၅။ရူပဗဒေ💛
၆။ဇီဝဗဒေ💛
၇။လူမှုရေးသိပ္ပံ(ပထဝီ+သမိုင်း+ဘောဂ)💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

Geoကို Minorအနေနဲ့သင်ယူရမှာဖြစ်လို့ ရေကြောင်းသိပ္ပံတို့၊ လေကြောင်းသိပ္ပံတို့ကိုတက်ချင်တဲ့ သူတွေမရွေးသင့်ပါဘူး
________________________________

💌အတွဲ(၂)လို့ခေါ်တဲ့ STEAMS-2

သူကတော့ နည်းပညာ၊ စီးပွားရေး၊စီမံအုပ်ချုပ်မှုနဲ့ ဘူမိဗေဒဆိုင်ရာတက္ကသိုလ်တွေကိုတက်ချင်တဲ့ ဘေဘီလေးတို့ကရွေးချယ်ရမှာပါဗျာ

သင်ရမယ့်ဘာသာတွေက-

၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ဓာတုဗဒေ💛
၅။ရူပဗဒေ💛
၆။ဘောဂဗေဒ💛
၇။ပထဝီ+သမိုင်း💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

သူကတော့Bioမပါတဲ့အတွက်ဆေးဆိုင်ရာUniတွေကိုတက်ခွင့်မရှိပါဘူး သဲလေးတို့:")
________________________________

💌အတွဲ(၃)လို့ခေါ်တဲ့ STAMS-1

သူကတော့ နိုင်ငံတကာဆက်ဆံရေး၊ အင်္ဂလိပ်စာ နိုင်ငံခြားဘာသာတက္ကသိုလ်တွေ၊ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာUniတွေ၊ ဝိဇ္ဇာပညာရပ်(e.g. ဉပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိက)တွေနဲ့အသက်မွေးလို‌သူတွေ ရွေးချယ်သင့်တဲ့ဘာသာတွဲဖြစ်တယ်ဗျာ

(ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့မရပါဘူး)

သင်‌ရမယ့်ဘာသာရပ်တွေက-

၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ပထဝီဝင်💛
၅။သမိုင်း💛
၆။ဘောဂဗေဒ💛
၇။သိပ်ပံ(ဓာတု+ရူပ+ဇီဝ)💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

သိပ္ပံကို Minor အနေနဲ့ပဲသင်ရတာဖြစ်လို့ ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့ မရပါဘူးနော် သေချာမှတ်ထားပါ ဘေဘီ😺
________________________________

💌အတွဲ(၄)လို့ခေါ်တဲ့ STAMS-2

စာရေးဆရာ၊ ကဗျာဆရာဖြစ်ချင်တဲ့စာရူးကဗျာရူးဘေဘီလေးတွေ မြန်မာစာ၊ မြန်မာစကားကိုနှစ်သက်မြတ်နိုးတဲ့သူတွေ၊ တေးရေး၊ အယ်ဒီတာ၊ Journalist၊ သမိုင်းပညာရှင်ဖြစ်ချင်သူတွေရွေးချယ်သင့်တဲ့ဘာသာတွဲလေးပါ သဲလေးတို့
ပြီးတော့လည်း အတွဲ(၃)လိုပဲ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာUniတွေ၊ ဝိဇ္ဇာပညာရပ်(e.g. ဉပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိက)တွေနဲ့အသက်မွေးလို‌သူတွေရွေးချယ်သင့်ပါတယ်

သင်ယူရမယ့်ဘာသာတွေက

၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။စိတ်ကြိုက်မြန်မာစာ💛
၅။ဘောဂဗေဒ💛
၆။ပထဝီဝင်+သမိုင်း💛
၇။သိပ်ပံ(ဓာတု+ရူပ+ဇီဝ)💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

အတွဲ(၃)လိုပဲသိပ္ပံကို Minor အနေနဲ့ပဲသင်ရတာဖြစ်လို့ ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့ မရပါဘူးနော် သေချာမှတ်ထားပါ ဘေဘီ😺
________________________________

အတွဲတိုင်းမှာဘာသာရပ်ကဆယ်ခုတောင်ဆိုပြီး လန့်မသွားပါနဲ သဲလေးတို့

ဘာသာရပ် ၁။ ကနေ ၇။ အထိပဲ ကျောင်းသားတို့ရဲ့ချစ်လှစွာသော အမှတ်၁၀၀ဖိုးစာမေးပွဲကိုဖြေရမှာပါ🙉
ကျန်တဲ့ဘာသာရပ်သုံးခုက ဆရာတွေရဲ့အတန်းတွင်းAssessmentလောက်နဲ့ပဲနိဂုံးချုပ်မှာပါ🤫

♥️ မသင်မနေရဘာသာ
💛 အဓိကဘာသာ
💚 ဖြည့်စွက်ဘာသာ

ဖြည့်စွက်ဘာသာနံပတ် ၁၀။ ကတော့ ကာယ၊ ဂီတ၊ ပန်းချီထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်
(ကြိုက်ရာရွေးချယ် မြက်နုတ်ခိုင်းမယ် လုပ်ရင်တော့ စနစ်သစ်ဆိုတာ အမည်ခံပဲဖြစ်နေဦးမှာပါ)

Note - ကိုယ်ဝါသနာပါတာကိုလုပ်လို့ရမယ့်ဘာသာတွဲမျိုးကိုယူဖို့တိုက်တွန်းပါတယ်💟


်သစ်

28/05/2023
19/05/2023

ဓမ္မစေတီတော်ပဌာနပါဠိ
အဘိဓမ္မာမဟာပဌာန်းကျမ်းကြီး စတုတ္ထတွဲ
စတုတ္ထအကြိမ်မြောက် စ တင် ပူဇော်🙏🙏🙏
၁၃၈၅ခုနှစ် နယုန်လဆန်း(၂)ရက်
စနေနေ့ AM5:23

19/05/2023

အဘိဓမ္မာမဟာပဌာန်းကျမ်းကြီးတတိယတွဲစတုတ္ထအကြိမ်မြောက်ပူဇော်ပြီးစီး၁၃၈၅ခုနှစ်
နယုန်လဆန်း(၁)ရက်🙏🙏🙏

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Satt Pine 6th Street, Nantawyar Quarter
Bago