Home cooking recipes

Home cooking recipes

Share

homemade foods

Photos from Home cooking recipes's post 14/10/2024

မင်မင်နဲ့အတူ အာလူးပူရီ လုပ်နည်း​လေးကြည့်ကြရ​အောင်

Photos from Home cooking recipes's post 07/10/2024

မလိုင်လုံး
ဒီ​နေ့​တော့မလိုင်လုံးအရမ်းစားချင်တဲ့သူ​တွေအတွက် မလိုင်လုံးလုပ်နည်းတင်​ပေးမယ်​နော်
ပါဝင်ပစ္စည်းအ​နေနဲ့ နွားနို့ ၊ရှာလကာရည်သို့သံပုရာရည်၊
အ​စေ့အစံများ(nuts)၊သကြား၊ဆားတို့ အဓိကလိုအပ်ပြီး အနံ့အတွက် ဖာလာ​စေ့ သို့ ဖာလာ​စေ့အမှုန့်
အ​ရောင်အတွက် saffron, ရှာရခက်ရင် နနွင်းအနည်းငယ်ထည့်လို့ရတယ် ဒါ​ကမိမိစိတ်ကြိုက်မထည့်လည်းအဆင်​ပြေပါတယ်

Photos from Home cooking recipes's post 21/09/2024

အီကြာ​ကွေးကို​ဆောဒါ​နဲ့မဟုတ်ပဲ
စားချင်သူ​တွေအတွက်ပါ
နယ်စရာမလို ​ပေါ့​ပေါ့ပါးပါးနဲ့ အချိန်မ​ရွေး
လုပ်စားလို့ရတယ်ဆို​တော့ရှယ်ပဲ​ပေါ့

Photos from Home cooking recipes's post 05/09/2024

ကော်ပြန့်လိပ်​အိမ်မှာလွယ်လွယ်ကူကူကြော်စားကြမယ်။
​ကော်ပြန့်လိပ်မ​ကြော်ခင်အရင်ဦးဆုံး​ကော်ပြန့်ရွက်ကိုလုပ်ရပါမယ်။

အရွက် ၂၀​​ကျော် စာလုပ်ဖို့အတွက်

ဂျုံ ၂၅၀gram ​၁ခွက်စာ။
ရေ ၃၀၀ ml ၁ခွက်နဲ့ထမင်းစားဇွန်း၃ဇွန်း​။
ဆီ ထမင်းစားဇွန်း ၁ဇွန်း။
ဆား အနည်းငယ်။

​ကော်ပြန်အစာအတွက်
အစာက​တော့မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်။ကျွန်​တော်ထည့်ထားတဲ့အစာ​တွေကိုခန့်မှန်း​ချေအရ​ပြောပြထားပါမယ်။

မုန်လာဥအနီ တစ်လုံး အ​ချောင်း​ချောင်းခြစ်ထားရန်။
ပဲတီပင်​ပေါက် ၂ခွက်။
ကြက်သွန်နီ အလုံးကြီး ၁လုံးအကွင်းကွင်းလှီးထားရန်။
ပဲပြား ​ချေပြီးသားတစ်ခွက်(မိမိကအသားကြိုက်ရင်ပဲပြားအစားအသုံးပြုနိုင်)။
တရုတ်နံနံ ၄ပင် နုတ်နုတ်စဥ်း။
ကုဆိုင် ၅ပင်ခန့် နုတ်နုတ်စဥ်း။
တရုတ်မဆလာထမင်းစားဇွန်း ၁ဇွန်း။
ဟင်းခပ်မှုန့် ထမင်းစားဇွန်း၁ဇွန်း။
​​ဂေါ်ဖီထုပ် ခြစ်ပြီးသား ၁ခွက်။
ဆီ။
ကြက်သွန်ဖြူ ၂မွှာ။

လုပ်နည်းအဆင့်ဆင့်ကို​ပုံ​အောက်မှာဆက်ကြည့်​ပေးပါ။

Photos from Home cooking recipes's post 14/05/2024

ကြက်နီချောင်းလုပ်စားကြမယ်😍
ကြက်ဥ​ချောင်းကိုကင်လည်းရတယ် ​ကြော်လို့လည်းရတယ်​နော် လုပ်နည်းကိုပုံ​အောက်မှာ​ရေးပြထားပါတယ်

Photos from Home cooking recipes's post 02/05/2024

ဒီ​နေ့​တော့ အသားပဲပြားလိပ်လုပ်စားကြရ​အောင်​နော်။

အသားအတွက်

၁.ကြက်အသား ၃၀ကျပ်သား အဆီ ၁၀ကျပ်သား။
အဆီမကြိုက်ရင်အသားသီးသန့်လုပ်နိုင်ပါတယ်။

၂.သကြား ထမင်းစား၁ဇွန်း။

၃.ငရုပ်ကောင်းမှူန့် ထမင်းစားဇွန်း၃ပုံပုံ၁ပုံ။

၄ .ကြက်သားမှုန့် ထမင်းစားဇွန်း၁ဇွန်း။

၅.ပြောင်း​ကော်မှုန့် ထမင်းစားဇွန်း ၃ဇွန်း။

၆ .ကြက်ဥ တစ်လုံး။

၇ .ကြက်သွန်ဖြူ ။

၈.နှမ်းဆီ ထမင်းစားဇွန်း၁ဇွန်းခွဲ။

၉.ဂျင်း။

၁၀.ပဲငံပြာရည်အ​​နောက် ထမင်းစားဇွန်းဝက်။

၁၁. ဆား။

၁၂.ဟင်းချက်ဝိုင်။

_______________________________

အရွက်အတွက် မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်။

၁ .တရုတ်နံနံ။

၂.မုန်လာဥနီ။

၃. ရှီတာကီမှို။

၄. Brocoli (မထည့်လည်းရ)

____________________________________

အရွက်အတွက်

၁.ပဲပြား​ခြောက်အရွက်။

____________________________________

လုပ်နည်းအဆင့်ဆင့်ကိုဆက်ကြည့်ကြ​ရ​အောင်​နော်။

Photos from Home cooking recipes's post 21/04/2024

လွယ်လွယ်ကူကူ ကြက်ဥ အသားလိပ်လုပ်ကြမယ်။

ပါဝင်ပစ္စည်း

အခွံအတွက်

-ကြက်ဥ ၄လုံး။
-ဆားအနည်းငယ်။
-ငရုတ်​ကောင်း။

အသားအတွက်

-ဝက်သား(သို့)ကြက်သား ၂၅၀gram။ခန့်မှန်း​ချေ ၁၅ကျပ်သား။
-ပုဇွန် ၁၅၀ gram။ခန့်မှန်း​ချေ ၁၀ကျပ်သား။
-၅မျိုးစပ် တရုတ်မဆလာ ၁ဇွန်း။
-သကြား ၁ဇွန်း။
-ဆားအနည်းငယ်။
-cရုတ်​ကောင်းမှုန့် အနည်းငယ်။
-​ကော်မှုန့် ၁ဇွန်း။
-နှမ်းဆီ အနည်းငယ်။
-ကြက်သွန်ဖြူ ၂မွှာ ​ထောင်းပြီး အရည်ညှစ်။
-ဂျင်းအနည်းငယ် ​ထောင်ပြီး အရည်ညှစ်။
-မုန်လာဥနီ (optional)။
-ကြက်သွန်မြိတ် (optional)။

Photos from Home cooking recipes's post 13/04/2024

အုန်းစိမ်းဂျယ်လီ​လေးကြိုက်တဲ့သူ​တွေရှိလားဗျ။
အခုလို ရာသီဥထုပူ​နေ​တော့ အ​​​မော​ပြေ အုန်းစိမ်းဂျယ််လီ​လေး အိမ်မှာလုပ်စားဖို့ အတွက် အုန်းစိမ်းဂျယ်လီလုပ်နည်းကို ​ပြောပြ​ပေးပါမယ်။

ပါဝင်ပစ္စည်းများ

၁.အုန်းသီး (ဇွန်းခြစ်) ၃လုံး။
၂.ပင်ပွား(သို့)chia seed မထည့်လည်းရ။
၃.သကြား မိမိစိတ်ကြိုက်အချို။
၄.​ကျောက်​ကျောမှုန့် ထမင်းစားဇွန်း၁ဇွန်း​​မောက်​​မောက်။

Photos from Home cooking recipes's post 08/04/2024

ကိုးရီးယားငါးအူ​ချောင်း အလွယ်လုပ်serကြမယ်။
ငါးအူ​ချောင်းလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများ။

၁.ငါးဖယ် ၁၀ကျပ်သား။
၂.ပုဇွန် ၅ကျပ်သား။
၃.ပြည်ကြီးငါး ၅ကျပ်သား။
၄.သကြား ထမင်းစား၁ဇွန်း။
၅.ငရုပ်ကောင်းမှုန့် ထမင်းစားဇွန်းဝက်။
၆.ကြက်သားမှုန့် ထမင်းစားဇွန်းဝက်။
၇.ပြောင်း​ကော်မှုန့် ထမင်းစားဇွန်း ၄ဇွန်း။
၈.ရေခဲ​ ၁ခွက်။
၉.ကြက်ဥ တစ်လုံး အကာသီးသန့်။
၁၀.ကြက်သွန်ဖြူ ၂မွှာ
၁၁.ဂျုံမှုန့် ထမင်းစားဇွန်း ၄ဇွန်း။
၁၂.ကြက်သွန်မြိတ်(မထည့်လည်းရ)။
၁၃.ဝါးတုတ် ​ရေ​သေချာ​ဆေး ​ရေ​နွေးဖြင့်ပြုတ်ထားရန်။
၁၄.​ရေ လိုအပ်သ​လောက်။

​အောက်မှာဆက်ကြည့်​ပေး​​နော်။

Photos from Home cooking recipes's post 03/04/2024

ပြောင်းဖူးဂျယ်လီ​ကျောက်​ကျောလုပ်ကြမယ်။

အခွက်၂၀စာအတွက်ပါဝင်ပစ္စည်းများ

၁.​ပြောင်းဖူးအချိုအဝါ အကြီး ၂ဖူး။

၂.သကြား ထမင်းစားဇွန်း ၅ဇွန်း။မိမိစိတ်ကြိုက်အချိုထည့်နိုင်ပါတယ်။

၃.​ရေ ၂ခွက်​ကျော် (သို့) ၅၀၀ ml ခန့်။

၄.အုန်းနို့ (သို့) နွားနို့ ၃၀၀ml ခန့်။အဆိမ့်ကြိုက်ရင်ပိုထည့်​နော်။

၅.​ပြောင်း​ကော်မှုန့် (သို့) ​ကော်မှုန့် ထမင်းစားဇွန်း၂ဇွန်း။

၆.​ကျောက်​ကျောမှုန့် ၁၅ဂရမ်။

၇.ဆွမ်း​မွှေးရွက်။

၈.ဆားအနည်းငယ်။

ပါဝင်ပစ္စည်း​တွေသိပြီးဆို​တော့ လုပ်နည်းကိုဆက်ကြည့်ကြမယ်​နော်

Photos from Home cooking recipes's post 28/03/2024

ကောက်ညှင်း​ပေါင်း​ရေခဲ​ချောင်းလုပ်စားကြမယ်။

ပါဝင်ပစ္စည်းများ

-ကောက်ညှင်း(အမဲ/အဖြူ)ဆန်ချိန်ခွက်တစ်ဝက်။
-အုန်းနို့​ (သို့) နို့ ၅၀၀ml ခန့်။
-သကြား(အချိုပမာဏစ်တ်ကြိုက်ထည့်ပါ​နော်)။
-ဆားအနည်းငယ်။
-နို့ဆီ (မိမိစိတ်အချိုကြိုက်)။
-​ပြောင်း​ကော်မှုန့်။
-​​ရေ။

ပါဝင်ပစ္စည်း​​လေးတွေ မင်မင်တို့သိပြီးဆို​တော့ ပြုလုပ်နည်းကို​ အောက်မှာ ဆက်ကြည််ကြရ​အောင်​နော်။

Photos from Home cooking recipes's post 22/03/2024

ငါးချိုချဥ်​ကြော်။
ချိုချဥ်​ကြော်အလွယ်​ကြော်မဲ့သူ​တွေအတွက်ဒီ​နေ့​တော့ ငါးချိုချဥ်​ကြော်​နည်း​လေး​ပြောပြပါမယ်။

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Website

Address

Bago