Sweety Life - ဆေးဝါးကျွမ်းကျင်/သူနာပြုအကူသင်တန်း

Sweety Life - ဆေးဝါးကျွမ်းကျင်/သူနာပြုအကူသင်တန်း

Share

သင့်အနာ ဂါတ် တောက်ပစေဖို့ Sweety Life မှာသင်ကြားစို့

22/11/2024

👌သင့်အတွက်သင်ရှိနေဖို့ကြိုးစားမှုကစတင်ပါ
💥မိမိရဲ့ ပဲခူးမြေမှာ ဆရာဝန်ကိုယ်တိုင်သင်
ကြားမည့် အတန်ဆုံးနဲ့ အမြန်ဆုံးသင်တန်းမို့
အရွေးမမှားရအောင် ခုပဲအပ်နှံလိုက်ပါ💥

💨ဆေးဝါးကျွမ်းကျင်အကူ💨
💫6weeks 120000 ks💫
💮Thusday & Friday

☎09957693786, 09428122876☎

08/09/2022

အလုပ်နဲ့ ကိုယ်ပိုင်အချိန်မျှအောင်လုပ်ဖို့ အချက်(၆)ချက်

ဒီနေ့ခေတ်မှာတော့ လူတိုင်းကတော့သူတို့အတွက် “ရွှေ”အခွင့်အရေးတွေကို ရှာဖွေနေကြပြီး အနာဂတ်ဘဝ သာယာလှပအောင် လုပ်ဆောင်နေကြပေမဲ့ အောင်မြင်မှုထက် ဖိအားအများအပြားနဲ့ ကြုံတွေ့နေကြရပါတယ်။
ဒါပေမဲ့အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းတဲ့အခါ ဘဝကိုကျေကျေနပ်နပ်ဖြတ်သန်းဖို့အတွက်ကလည်း ရိုးရှင်းတဲ့
အားပေးချီးကျူးစကားတွေ၊ အသိအမှတ်ပြုမှုတွေလည်း လိုအပ်တာကတော့ အမှန်ပါ။

အလုပ်ရှင်တွေကတော့ အချိန်တိုတိုအတွင်းမှာ အလုပ်သမားတွေရဲ့လုပ်နိုင်စွမ်းကို ပိုထွက်အောင်လုပ်ကြသလို အရည်အသွေးပြည့်တဲ့
ထုတ်ကုန်တွေကိုလည်း လိုချင်နေကြပြန်ပါတယ်။
အလုပ်ခုံပေါ်မှာ အကြာကြီးထိုင်ပြီးအလုပ်လုပ်နေရတာ ၊ အချိန်အကြာကြီးမတ်တပ်ရပ်ပြီးလုပ်နေရတာ၊ နားချိန်ခဏလေးရကြတာ၊
အချိန်ပိုဆင်းရတာတွေ များလာတဲ့အခါမှာတော့ နောက်ဆုံးဖိအားတွေများလာပြီး အလုပ်မှာမပျော်ရွှင်တော့သလို
ကျန်းမာရေးလည်း ထိခိုက်လာတဲ့အပြင် ကိုယ်ပိုင်အချိန်တွေလည်း နည်းပါးလာပါတော့တယ်။
နောက်ဆုံးတော့ အလုပ်မှာ စိတ်ကျေနပ်မှုမရှိတော့ဘဲ အမျိုးမျိုးလုပ်ပြကြတော့တာပါပဲ။
အဲဒါတွေကတော့ အလုပ်မှာ အရည်အသွေးတွေလျော့ကျလာတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြဿနာတက်တာ၊
အလုပ်နဲ့ရှောင်ဖယ်ရှောင်ဖယ် လုပ်တာတွေဖြစ်လာတတ်ပါတယ်။
မကျေနပ်ချက်တွေက တဖြည်းဖြည်းစုလာပြီး မပျော်ရွှင်တာ၊ စိတ်ဓာတ်ကျတာတွေဖြစ်လာပြီး အဲဒါတွေကို သတိမထားမိဘဲ
ပုံမှန်ဖြစ်နေကျအရာတွေလို့ပဲ လူတော်တော်များများက သဘောထားတက်ကြပါတယ်။

ဒါကြောင့် အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်မျှတအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကတော့

(၁)ကိုယ့်ရဲ့ အခြေအနေကိုသုံးသပ်ပါ
နောက်နေ့အလုပ်သွားရမှာကိုတွေးပြီးစိတ်ပူနေပါသလား။
အမြဲတမ်း Dead Line သတ်မှတ်ထားတဲ့ အလုပ်တွေအကြောင်းပဲ တွေးနေလား။ အလုပ်မှာ မျက်နှာမဆိုင်ချင်တဲ့သူတွေ ရှိနေပြီလား၊
ဒီမေးခွန်းတွေကို အမှန်အတိုင်း ကိုယ့်ကိုကိုယ်မေးပြီးဖြေကြည့်မယ်ဆိုရင် ကိုယ့်စိတ်ထဲက
အခြေအနေကိုသိပြီး အလုပ်မှာပျော်နေသလား၊ တိုးတက်မှုရှိနေသလား ဆိုတာကို စစ်ဆေးနိုင်ပါတယ်။

(၂)ဘာတွေလုပ်ချင်တာလဲ
သင်လည်းတစ်ခြားသူတွေလို မိမိလုပ်ချင်တဲ့အရာတွေနဲ့ မိမိတတ်မြောက်တဲ့ပညာရေးနယ်ပယ်နဲ့ ကိုက်ညီရဲ့လား။
အချိန်ယူပြီး စဉ်းစားပြီး ဘာတွေလုပ်ရင် ပျော်မလဲဆိုတာကို လိုက်လံရှာဖွေကြည့်ပါ။
အနုပညာကို လေ့လာချင်တာလား။ ဒါဆို စနေ တနင်္ဂနွေတွေမှာ ပန်းချီ လိုအနုပညာအတန်းတွေကို တက်လို့ရပါတယ်။
အက ဝါသနာပါသလား။ ဝါသနာတူလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝတ်စုံတူတူဝတ်ပြီး ရုံးခန်း Ballroom ထဲမှာ အကအတန်း လုပ်ကြည့်ပါ။
ဒါမှမဟုတ်အလုပ်ရှင် (သို့) မိမိရဲ့ supervisor ကို စီမံကိန်းအသစ်မှာမိမိရဲ့ စိတ်ကူစိတ်သန်းတွေကို ပြောပြလိုက်ပါ။

(၃)အရည်အသွေးပြည့်တဲ့ ဘဝဆိုတာ ဘာလဲ
အလုပ်ချိန်ပြင်ပမှာ ဘာတွေလုပ်ရင်ကိုယ့်ကို ပျော်စေသလဲ၊ ခရီးထွက်ရတာသဘောကျတာလား၊ ခရီးထွက်ဖို့အတွက် ပိုက်ဆံအနည်းငယ်စီစုထားလိုက်ပါ။ အလုပ်ကြောင့်ခရီးထွက်ရတာဆိုရင်လည်း လည်ဖို့အတွက် ရက်အနည်းငယ်ယူလိုက်ပါ။ အားလပ်ရက်ခရီးရှည် ထွက်လိုက်ပါ။ လမ်းလျှောက်ပါ။ အားကစားနည်းအသစ်ကိုလေ့လာလိုက်စားပါ။ ရပ်ကွက်ထဲက အားကစားအသင်းကို ပါဝင်ပါ။ လူသစ်တွေနဲ့တွေ့ရင်ပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်။
သဘာဝကို နှစ်သက်သဘောကျတဲ့သူဆိုရင်တော့ ကန်ဘောင်တွေ၊ ပန်ုးခြံတွေမှာ အပန်းဖြေပါ။ ဓါတ်ပုံအကြောင်းလေ့လာပြီး သဘာဝအလှတွေကို မှတ်တမ်းဓါတ်ပုံရိုက်ပါ။

(၅) မိမိကိုယ်မိမိပြုစုပါ။ ဂုဏ်ပြုပါ။
အောင်မြင်မှုတစ်ခုချင်းစီတိုင်းမှာ ကိုယ့်ကိုကိုယ် ချီးကျုးဂုဏ်ပြုပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောင်မြင်မှုကို ဆင်နွှဲပါ။ ကောင်းကောင်းအိပ်ဖို့ အမိုးအကာလုံတဲ့ နေစရာအိမ်ရှိတာကို ကျေနပ်ပါ။ ပရဟိတလုပ်ဆောင်ပါ။ အခြေအနေကြောင့် ကံမကောင်းတဲ့ သူတွေ ကို ကိုယ့်မှာရှိတဲ့ အောင်မြင်မှုတွေနဲ့ ကမ္ဘာကြီးကို အကျိုးပြုပါ။ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးသော အရာတွေကိုလုပ်ဆောင်ပေးပါ။ ကောင်ကောင်းလုပ်ဆောင်ပေးမယ်ဆိုရင် ကောင်းတဲ့အခွင့်အရေးတွေလာပါလိမ့်မယ်။

(၆) အစီအစဉ်ချမှတ်ပါ
သင်ဟာ အစီအစဉ်မချမှတ်ထားဘူးဆိုရင် အောင်မြင်နိုင်မှာမဟုတ်ပါဘူး၊ ကိုယ်လုပ်ဆောင်ရမယ့်ဟာတွေကို အစီအစဉ်ချမှတ်ထားရပါမယ်။ ဘယ်လိုရောက်အောင်သွားရမယ်လုပ်ဆောင်ရမယ်ဆိုတာကိုလမ်းညွှန်ချက်ရှိရပါမယ်။

အစီအစဉ်ချမယ်ဆိုရင်တော့ အခုလက်ရှိနေရာကနေစရမှာဖြစ်ပြီး အဆုံးကတော့ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို သွားရပါမယ်။ အလယ်မှာကတော့ ပန်းတိုင်ကိုရောက်ဖို့အတွက်အဆင့်ဆင့်လုပ်ဆောင်ချက်တွေလုပ်ဆောင်ရမှာပါ။ အိပ်မက်တွေကို ထိုင်ပြီး ရေးချလိုက်ပါ ၊ ရည်မှန်းချက် ပန်းတိုင်တွေကိုရေးချပါ။ ကိုယ့်ကို ဘာကပျော်ရွှင်စေတာလဲကို ရေးချလိုက်ပါ။
ကိုယ့်ရဲ့ ဘဝအသက်မွှေးဝမ်းကြောင်းကို အဲဒီအရာတွေနဲ့ တည်ဆောက်ပါ။ ဒါဆိုရင်တော့ စူးစိုက်တဲ့အာရုံနဲ့ မှန်ကန်တဲ့လမ်းကြောင်းက
အလုပ်နဲ့ မိသားစုဘဝအချိန်ပေးမှုကို မှန်ကန်မျှတစေမှာပါ။ ပျော်ရွှင်မှုအများစုက ကျွန်တော်တို့ရဲ့ လက်ထဲမှာရှိနေပြီး
နေ့စဉ်လုပ်ဆောင်ရမယ့်အရာတွေကိုအကောင်းမြင်ပြီး အလုပ်နဲ့ ကိုယ်ပိုင်အချိန်တွေကို မျှအောင်လုပ်ဆောင်ဖို့သာ လိုအပ်နေတာပါ။

Credit: https://www.omedia.news/

16/05/2022

🌟အောင်မြင်သောဆေးဆိုင်တစ်ဆိုင်ဖြစ်ဖို့ဆို
ရင် နေရာကောင်းလိုသလို ဆရာကောင်းလည်း
လိုပါတယ်🌟

🔸မိမိရဲ့ ပဲခူးမြေမှာထာဝရ ရှိနေမဲ့ Sweety Life
ကို ရွေးချယ်ဖို့မမေ့နဲ့နော်🔹

💢ဆရာဝန်ကိုယ်တိုင်သင်ကြားသည့် အတန်းဆုံး
နဲ့ အမြန်ဆုံးသင်တန်းမို့ ဈေးကွက်တွင်လက်ဦးမှု
ရရှိအောင် ခုပဲစလိုက်ပါ💢

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 383, Bo Min Yaung (4) Street
Bago