Royal Hanthawaddy ISM

Royal Hanthawaddy ISM

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Hanthawaddy ISM, School, အမှတ် 26, 27 သာမဏေကျော်လမ်း ဥဿာမြို့သစ် ရပ်ကွက်ကြီး 6/18, Bago.

Photos from Royal Hanthawaddy ISM's post 12/05/2026

🌟 𝐑𝐨𝐲𝐚𝐥 𝐇𝐚𝐧𝐭𝐡𝐚𝐰𝐚𝐝𝐝𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ ပထမဆုံး 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 အခမ်းအနားသို့ ဖိတ်ကြားလွှာ 🌟

💁‍♀️ သားသမီးတို့ရဲ့ အနာဂတ်အတွက် နိုင်ငံတကာအဆင့်မီ ပညာရေးကို ရှာဖွေနေပါသလား ❓

🏫 ပဲခူးတိုင်းရဲ့ ပညာရေးကဏ္ဍသစ်ကို ဖွင့်လှစ်ပေးမယ့် 𝐑𝐨𝐲𝐚𝐥 𝐇𝐚𝐧𝐭𝐡𝐚𝐰𝐚𝐝𝐝𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ ပထမဆုံးသော 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 အခမ်းအနားကို မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။

📚 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 ကနေ 𝐏𝐫𝐞-𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အထိ ပြည့်စုံတဲ့ 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 တွေ၊ ခေတ်မီတဲ့ သင်ကြားရေးစနစ်တွေနဲ့အတူ သားသမီးတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ 𝐑𝐨𝐲𝐚𝐥 𝐇𝐚𝐧𝐭𝐡𝐚𝐰𝐚𝐝𝐝𝐲 𝐈𝐒𝐌က အသင့်ရှိနေပါပြီ။ 🎉

🎓 ကျွန်ုပ်တို့ကျောင်းရဲ့ ပထမဆုံး 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 နေ့မှာ မိဘတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးဖို့နဲ့ ကျောင်းရဲ့ ဝန်းကျင်ကောင်းကို လာရောက်ခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 🎉

🚀 အဆိုပါ 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 ပွဲလေးမှာ...

✨ အတွေ့အကြုံရင့် ဆရာ၊ ဆရာမကြီးများနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်ခြင်း။

✨ 𝐑𝐨𝐲𝐚𝐥 𝐇𝐚𝐧𝐭𝐡𝐚𝐰𝐚𝐝𝐝𝐲 𝐈𝐒𝐌 ရဲ့ ထူးခြားတဲ့ သင်ရိုးညွှန်းတမ်း (𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐭𝐨 𝐏𝐫𝐞-𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲) အကြောင်း အသေးစိတ်မေးမြန်းခြင်း။

✨ 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 နေ့တွင် ကျောင်းအပ်နှံမည့်သူများအတွက် သီးသန့် 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 များ။

အစရှိတဲ့ အစီအစဉ်များ ပါဝင်သွားမှာဖြစ်လို့ သားသမီးတို့ရဲ့ အောင်မြင်မှု ခရီးလမ်းကို 𝐑𝐨𝐲𝐚𝐥 𝐇𝐚𝐧𝐭𝐡𝐚𝐰𝐚𝐝𝐝𝐲 𝐈𝐒𝐌 နဲ့အတူ စတင်လိုက်ရအောင်။ 🤩💖

📅 ကျင်းပမည့်ရက်: 𝟏𝟒.𝟎𝟓.𝟐𝟎𝟐𝟔
⏰ အချိန်: 𝟑:𝟎𝟎 𝐏𝐌 - 𝟔:𝟎𝟎 𝐏𝐌
📍 နေရာ: အမှတ်-(၂၆/၂၇)၊ သာမဏေကျော်လမ်း၊ ရပ်ကွက်ကြီး ၆/၁၈၊ ဉသာမြို့သစ်၊ ပဲခူးမြို့။

💠 𝐘𝐚𝐧𝐠𝐨𝐧 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧. 𝐑𝐢𝐠𝐡𝐭 𝐡𝐞𝐫𝐞 𝐢𝐧 𝐁𝐚𝐠𝐨. 💠

01/05/2026

ကြိုးစားမှုတိုင်းမှာ အသီးအပွင့်တွေ ဝေဆာပါစေ။
လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့ပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်💼



30/04/2026

ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း တည်းဟူသော ထူးခြားသည့်နေ့မြတ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အားလုံးပဲ ကုသိုလ်တရားများ တိုးပွားနိုင်ကြပါစေ။



24/04/2026

သားသားမီးမီးတို့အတွက် Preschool က ဘာလို့ အရေးကြီးတာလဲ❓

ကလေးက ငယ်သေးလို့ အိမ်မှာပဲ ထားဦးမယ်...လို့ စဉ်းစားနေပါသလား 🤔

မိဘတိုင်းဟာ ကိုယ့်ရင်သွေးကို မခွဲနိုင်တာ၊ အနားမှာပဲ ရှိစေချင်တာ သဘာဝပါ။ ဒါပေမဲ့ အဲဒိအချိန်ကပဲ ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်၊ စာရိတ္တနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တည်ဆောက်ပေးဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ✨

အမှန်တော့ Preschool ဆိုတာ ကလေးကို မိဘနဲ့ ခဏခွဲထားတာ မဟုတ်ပါဘူး။ ❌
ဒါဟာ သူတို့လေးတွေရဲ့ ရှေ့ဆက်မယ့် ဘဝတစ်သက်တာအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ် ကို စနစ်တကျ ချပေးလိုက်တာပါ။ ✅

💡 Royal Hanthawaddy ISM ရဲ့ Preschool မှာဆိုရင်...

👧🏻 သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတတ်လာမယ်
👧🏻 ဘာလို့လဲ? ဆိုတဲ့ စူးစမ်းချင်စိတ် တိုးတက်လာမယ်
👧🏻 KG ၊ Grade 1 အတွက် Ready ဖြစ်လာမယ်
👧🏻 ငါလုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှု တိုးလာမယ်

ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို စတင်ပုံဖော်ပေးမယ့် ပထမဆုံးခြေလှမ်းမှာ Royal Hanthawaddy ISM နဲ့အတူ စတင်လိုက်ပါ ❤️

Yangon Quality Education, Right Here in Bago.

🏨Place - No.26/27 , Tharmanay Kyaw Street, Oakthar Myothit, Bago.

📞 09 759 788 380
📨[email protected]







20/04/2026

အနာဂတ်အောင်မြင်မှုအတွက် ခိုင်မာသော ပညာရေးအခြေခံ
𝑹𝒐𝒚𝒂𝒍 𝑯𝒂𝒏𝒕𝒉𝒂𝒘𝒂𝒅𝒅𝒚 𝑰𝑺𝑴

𝑹𝒐𝒚𝒂𝒍 𝑯𝒂𝒏𝒕𝒉𝒂𝒘𝒂𝒅𝒅𝒚 𝑰𝑺𝑴 မှာ သင်ကြားပေးနေတဲ့ ပညာရေးစနစ်ဟာ စာအုပ်ထဲက အချက်အလက်တွေကို အလွတ်ကျက်မှတ်ခိုင်းတာမျိုး မဟုတ်ဘဲ International Standard နှင့် National Curriculum ကို ချိန်ညှိပေါင်းစပ်ထားသော အရည်အသွေးမြင့် သင်ယူမှုစနစ် ဖြစ်ပါတယ်။

🌟 ဘယ်အရွယ်အတွက်လဲ?

Nursery (မူကြို) မှ စတင်ပြီး Lower Secondary (အလယ်တန်း) အထိ ကလေးတစ်ယောက်ချင်းစီရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး အနာဂတ်အတွက် ယုံကြည်မှုရှိစေမယ့် ပညာရေးကို ပံ့ပိုးပေးထားပါတယ်။

🌟 ဘာသာစကားအတွက် စိတ်ချနိုင်ခြင်း English ကို အဓိကထား သင်ကြားပေးသည့်အပြင်
International + National Curriculum ဖြင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းသာမက
မြန်မာစာပေ ယဥ်ကျေးမှုပါ တိုးတက်စေရန် ကူညီပေးပါသည်။

🌟 ဘာသာရပ်များကို စနစ်တကျ သင်ကြားခြင်း

ကလေးများ မဖြစ်မနေ တတ်မြောက်ထားရမည့် အခြေခံဘာသာရပ်များဖြစ်သော
• Myanmar
• English
• Mathematics
• Science
• Social Studies စနစ်တကျ သင်ကြားပေးပါသည်—

ထို့အပြင် ICT နှင့် Global Citizenship ကိုပါ ထည့်သွင်းသင်ကြားပြီး ခေတ် နှင့်အညီ တိုးတက် ပြောင်းလဲစေပါသည်။

🌟 စာပေ သာမက ဘဝကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေခြင်း

ကလေးများ၏ IQ နှင့် EQ ကို မျှတစွာ ဖွံ့ဖြိုးစေရန်
• Art
• Music & Dance
• Physical Education တို့ကို ထည့်သွင်းသင်ကြားပြီး ကိုယ်ကာယကျန်းမာရေး၊ ယုံကြည်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်နိုင်မှုတို့ကို တိုးတက်စေပါသည်။

𝑹𝒐𝒚𝒂𝒍 𝑯𝒂𝒏𝒕𝒉𝒂𝒘𝒂𝒅𝒅𝒚 𝑰𝑺𝑴 သည် အင်္ဂလိပ်စာတစ်ခုတည်းသာ မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှု၊ နည်းပညာနှင့် အနုပညာတို့ကိုပါ တစ်နေရာတည်းတွင် စုံလင်စွာ သင်ကြားပေးနေသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။

✨ အနာဂတ်အောင်မြင်မှုအတွက် ယုံကြည်စိတ်ချရသောရွေးချယ်မှု—
𝑹𝒐𝒚𝒂𝒍 𝑯𝒂𝒏𝒕𝒉𝒂𝒘𝒂𝒅𝒅𝒚 𝑰𝑺𝑴 နှင့်အတူ စတင်လိုက်ပါ။

📍 Yangon Quality Education, Right Here in Bago.

🏨Place - No.26/27 , Tharmanay Kyaw Street, Oakthar Myothit, Bago.

📞 09 759 788 380
📨[email protected]

10/04/2026
08/04/2026

ပဲခူးမြို့က ဖေဖေ၊ မေမေတို့အတွက် အထူးအခွင့်အရေး...📣

သားသား၊ မီးမီးလေးတွေကို နိုင်ငံတကာအဆင့်မီ ပညာရေးနဲ့ ပြုစုပျိုးထောင်ပေးချင်ပေမယ့် အခွင့်အရေးကို စောင့်ဆိုင်းနေရတဲ့ မိဘတွေအတွက်...

𝐑𝐨𝐲𝐚𝐥 𝐇𝐚𝐧𝐭𝐡𝐚𝐰𝐚𝐝𝐝𝐲 𝐈𝐒𝐌 က English နှင့် Mathematics အတန်းများကို မေလအတန်းသစ် အတွက် "ပညာဒါန"လက်ခံသင်ကြားပေးသွားတော့မှာ ဖြစ်ပါတယ်။

ပညာဒါနဖြစ်ပေမယ့် သင်ကြားရေး Quality ကို လုံးဝ မလျော့ စေရပါဘူး။ Master ဘွဲ့၊ PhD ဘွဲ့ရ ဆရာ၊ ဆရာမကြီးများ ကိုယ်တိုင် ဦးစီးသင်ကြားပေးမယ့်အပြင် နိုင်ငံခြားသား ဆရာ၊ ဆရာမ (Foreign Teachers) များနဲ့ပါ လေ့ကျင့် သင်ယူခွင့် ရဦးမှာဖြစ်ပါတယ်✨

နိုင်ငံတကာအဆင့်မီကျောင်းမှာ ကျောင်းလခ (Tuition Fee) ပေးစရာမလိုဘဲ အခမဲ့ ပညာသင်ယူခွင့်ရမယ့်အပြင်၊ ကလေးတို့ရဲ့ အရည်အချင်းကို မြှင့်တင်ပေးမယ့် ပတ်ဝန်းကျင်ကောင်းကို ရရှိမှာ ဖြစ်ပါတယ်။

⚠️ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေဆီမှာ သင်ယူခွင့်ရမယ့် ဒီအခွင့်အရေးကို First Batch အနေနဲ့ ကျောင်းသား (၁၀၀) ဦးသာ ကန့်သတ်လက်ခံသွားမှာပါ။

ဦးရာလူ စနစ်ဖြစ်လို့ (၁၀၀) ပြည့်သွားရင် စာရင်းပိတ်သွားမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သားသား၊ မီးမီးလေးတွေအတွက် ဒီအခွင့်အရေး လက်လွတ်မသွားစေဖို့ လာရောက်ဆွေးနွေးပြီး စာရင်းပေးသွင်းထားလိုက်ပါ။

📅 Starting Date - 7.5.2026

⏱️Time - 9:00am -12:00 pm
3:00pm - 6:00 (pm)

🏨Place - No.26/27 ,
Tharmanay Kyaw.
Street, Oakthar
Myothit, Bago.

Yangon Quality Education, Right Here in Bago.

📞 09 759 788 380
📨[email protected]

02/04/2026

Bago မြို့တွင် တာဝန်ထမ်းဆောင်ရန် Sales & Marketing Executive ရာထူးအတွက် အလုပ်ခေါ်လိုပါသည်။

Job Description

Position : Sales & Marketing Executive
Location : Bago (Onsite)
Type : Full-time

Responsibilities

✏️Bago မြို့ရှိ ဈေးကွက်အခြေအနေနှင့် ပြိုင်ဘက်များ၏ လှုပ်ရှားမှုကို လေ့လာဆန်းစစ်ရန်။
✏️ကုမ္ပဏီမှ သတ်မှတ်ထားသော လစဉ်/နှစ်စဉ် Sales Targets များ ပြည့်မီအောင် ဆောင်ရွက်ရန်။
✏️ဖောက်သည်အသစ်များ ရှာဖွေခြင်းနှင့် ရှိပြီးသား ဖောက်သည်ဟောင်းများနှင့် ရေရှည်ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရန်။
✏️အရောင်းမြှင့်တင်ရေး အစီအစဉ်များ၊ ကွင်းဆင်းပွဲများ (Field Marketing) နှင့် အရောင်းပြပွဲများကို စီစဉ်ဆောင်ရွက်ရန်။
✏️အရောင်းအစီရင်ခံစာများ၊ ဈေးကွက်တုံ့ပြန်မှုများနှင့် အပတ်စဉ်/လစဉ် Report များကို တိကျစွာ တင်ပြရန်။
✏️page နှင့် အခြား Social Media များမှတစ်ဆင့် Customer များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးရန်။

Job Specification

Requirements

✏️တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ (Marketing ဘာသာရပ်ဖြင့် Diploma သို့မဟုတ် သင်တန်းဆင်းလက်မှတ်ရှိသူ ပိုဦးစားပေးမည်)။
✏️ Sales သို့မဟုတ် Marketing နယ်ပယ်တွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ် ရှိရမည်။
✏️ စကားပြော ပြေပြစ်ကောင်းမွန်ပြီး လူအများနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည် (Good Communication & Negotiation Skills)။
✏️Microsoft Office (Excel, Word, PowerPoint) အခြေခံ အသုံးပြုနိုင်ရမည်။
✏️တက်ကြွလှုပ်ရှားပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ ဖိအားဒဏ် ခံနိုင်ရမည်။

Benefits

✏️Basic Salary
✏️Sales Commission/Incentive

အောက်ပါဖုန်းနံပါတ် Viber သို့မဟုတ် Email သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

📞 09 759 788 380
📨[email protected]





01/04/2026

ပဲခူးမြို့မှ မိဘအုပ်ထိန်းသူများနှင့် သားသားမီးမီးတို့အတွက်သတင်းကောင်း 📣

ပဲခူးမြို့မှ မိဘအုပ်ထိန်းသူများရဲ့ သားသားမီးမီးတို့အတွက် အနာဂတ်ပညာရေးမှာ ရန်ကုန်အထိသွားရောက်စရာမလိုဘဲ International Standard အတိုင်း ထိထိရောက်ရောက် သင်ကြားပေးနိုင်မယ့် Royal Hanthawaddy International School, Myanmar ဟာအခုဆိုရင် ပဲခူးမြို့သို့ ရောက်ရှိလို့ လာခဲ့ပါပြီ။ 🏫

ရန်ကုန်ရှိ ထိပ်တန်း International School များရဲ့သင်ကြားရေးစံနှုန်းများအတိုင်း ပဲခူးမှာတင် တန်းတူ သင်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

ပညာရေးနယ်ပယ်မှာ အတွေ့အကြုံများစွာရှိတဲ့ PHD ဘွဲ့ရ၊ Master ဘွဲ့ရ ဆရာ၊ ဆရာမကြီးများ နှင့် Foreigner Teachers များကိုယ်တိုင် ဦးဆောင်သင်ကြားပေးမှာပါ။

ပဲခူးမြို့မှာ နေထိုင်ရင်း ကမ္ဘာ့အဆင့်မီ ပညာရေးကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ ကျွန်မတို့ Royal Hanthawaddy International School, Myanmar မှ ဖိတ်ခေါ်လိုက်ပါတယ်။

Build your Future with Royal Hanthawaddy ISM

📍အမှတ် 26,27၊ သာမဏေကျော်လမ်း၊ ဥဿာမြို့သစ် ရပ်ကွက်ကြီး 2၊ ပဲခူးမြို့။

📞 09 759 788 380
📨[email protected]







#ပဲခူး


Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Website

Address

အမှတ် 26, 27 သာမဏေကျော်လမ်း ဥဿာမြို့သစ် ရပ်ကွက်ကြီး 6/18
Bago
08011