25/04/2024
🌼၁၃၈၆ခု၊တန်ခူးလပြည့်ကျော် (၂)ရက် (25.4.2024) ကြာသပတေးနေ့
🌼ရွှေမင်းဝံသာသနာ့ရိပ်သာစာသင်တိုက်
ပညာရေးပဒေသာပင် အလှူတော်….
🌺သမီးလေး မလွင်မြင့်မြတ်သော်အား ရည်စူး၍
ဦးအောင်ကြည်+ဒေါ်မီမီလှိုင် မိသားစုမှ
ပညာရေးပဒေသာပင်အတွက်(၅)သောင်းကျပ်တို့ကို
လှူဒါန်းကြပါသည်။
🌷ရည်စူး၍ပြုရသော ဤကုသိုလ်အစုကို
ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်လေပြီဖြစ်သော
သမီးလေး မလွင်မြင့်မြတ်သော် ရောက်ရာဘုံဌာနမှ
မြင်နိုင်ကြားနိုင် သာဓုခေါ်ဆိုနိုင်၍
ထို့ထက်အဆင့်အတန်းမြင့်သော
ကောင်းကျိုးချမ်းသာတို့ကို ရရှိခံစား စံစားနိုင်ပါစေ။
သာဓု….. သာဓု….. သာဓု…..
25/04/2024
🌼တန်ခူးလပြည့်ကျော်(၂)ရက်၊ ကြာသပတေးနေ့
(၂၅ ၊ ၄ ၊ ၂၀၂၄)
🌺မဟာစည်တော်စင်ဒါယကာကြီးဦးစန်းလွင်
ကွယ်လွန်(၁၉) နှစ်ပြည့် +
မဟာစည်တော်စင်ဒါယိကာမကြီးဒေါ်နွဲ့နွဲ့ရီ
ကွယ်လွန်(၆)နှစ်ပြည့်၊
အကိုကြီးဦးနေဝင်းမောင်(၃)နှစ်ပြည့်တို့အား ရည်စူး၍
ကျန်ရစ်သူ သား၊သမီးတစ်စုတို့မှ....
🌻 ရွှေမင်းဝံစာသင်တိုက်အလှူတော်
(၅)သိန်းကျပ်တို့ကို လှူဒါန်းကြပါသည်။
🌸မဟာစည်တော်စင်ဒါယကာ၊ဒါယိကာမ မိသားစုများ
ဘေးရန်အန္တရာယ်တွေလွတ်ကင်း၍ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ။ အလိုရှိသောအမှုကိစ္စတို့ကို
လွယ်လင့်တကူ အောင်မြင်စွဆောင်ရွက်နိုင်ကြပါစေ။
ကုသိုလ်ရှင်မိသားစုများ၏ ပြုကြရသော
ကုသိုလ်အစုစုတို့ကို လွန်ခဲ့သောနှစ်များဆီက
ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ကြလေပြီးသော
မိဘများဖြစ်ကြသော မဟာစည်တော်စင်ဒါယကာ၊
ဒါယိကာမနှင့် အကိုကြီးဦးနေဝင်းမောင်တို့
ရောက်ရာဘုံဌာနမှ ရည်စူး၍ပြုကြရသော
ကုသိုလ်အဖို့အစုတို့ကို မြင်နိုင်ကြားနိုင်
သာဓုခေါ်ဆိုနိုင်ကြ၍ ထို့ထက်အဆင့်အတန်းမြင့်သော
ကောင်းကျိုးချမ်းသာတို့ကို ရရှိခံစား စံစားနိုင်ကြပါစေ။
သာဓု….. သာဓု….. သာဓု…..
24/04/2024
သာမဏေကျော် ပထမဆင့်စာဝါများ စတင်ပို့ချ
(24.4.2024)ဗုဒ္ဓဟူးနေ့ 9:00 AM
23/04/2024
@@ စာအုပ်အလှူရှင် '@@
ကိုမိုးပိုင်စိုး +မဇွန်မေအောင်
သမီး =မေဝတီပိုင်စိုး၊
သား =ခေတ်ပိုင်စိုး၊
ပန်းတင့်ရတနာ မိသားစုမှ သာမဏေကျော် အခြေခံတန်းအတွက် လိုအပ်ရာရာ စာအုပ်များကို လှူဒါန်းကြပါသည်။
ဤကုသိုလ်ကြောင့် ဖြစ်လေရာ ဘဝတိုင်းဝယ် ဉာဏ်ပညာထက်မြတ်၍ အရာရာသိမြင်နိုင်စွမ်းသော ပညာရှိပုဂ္ဂိုလ်ကျော်ဖြစ်ပါစေ။
ဤကုသိုလ်အစုကို အမိအဘမှစ၍ အားလုံးသော သတ္တဝါတို့အား အမျှပေးဝေပါသည်။အမျှရကြပါစေသော်..
သာဓု..သာဓု...သာဓု.
23/04/2024
♦ပညါရေး ပဒေသာပင်အလှူတော် ♦
🌼ပန်းတင့်ရတနာစံကျောင်းတော် နှင့်
ပန်းတင့်ရတနာဆွမ်းစားကျောင်းတော်ကြီးတို့၏
ဒါယကာ၊ဒါယိကာမ မိသားစုများဖြစ်ကြသော…
ပန်းတင့်ရတနာစံကျောင်းအမကြီးဒေါ်ခင်တင့်
(မြေး)ဦးမိုးပိုင်စိုး + ဒေါ်ဇွန်မေအောင်
သမီး မမေဝတီပိုင်စိုး၊ သား မောင်ခေတ်ပိုင်စိုး
Pan Tint Yadanar မိသားစုတို့မှ
နှစ်ဦး ကုသိုလ်တော်အဖြစ်ဖြင့်
ကျေးဇူးတော်ရှင်ရွှေမင်းဝံဆရာတော်ကြီးအား
သင်္ကန်းဒွိစုံဖြင့် ပူဇော်လှူဒါန်းကြပါသည်။
🌺အထူးအားဖြင့် သောဘနာရာမရွှေမင်းဝံစာသင်တိုက်
ပညာရေးပဒေသာပင်အလှူတော်အဖြစ်ဖြင့်
သိန်း (၅၀)ကျပ်တို့ကို စိုက်ထူလှူဒါန်းကြပါသည်။
🌸ပန်းတင့်ရတနာ မိသားစုများ ဘေးရန်အန္တရာယ်တွေမှ
လွတ်ကင်းကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြ၍
မိမိတို့ဆောင်ရွက်လျှက်ရှိသော စီးပွါးရေး၊
ပညာရေး၊ လူမှုရေးကိစ္စအဝဝတို့ကို
လွယ်ကူအဆင်ပြေချောမွေ့စွာ ပြီးစီးပြည့်စုံနိုင်ကြပါစေ။
မိမိတို့ပြုကြရသော ကုသိုလ်အစုစုတို့သည်
သံသရာခရီးဝယ် အားကိုးရာအထောက်အပံ့
ဖြစ်ကြပါစေ။
သာဓု….. သာဓု….. သာဓု…..
18/04/2024
🌼တန်ခူးလဆန်း(၁၀)ရက် ၊ နှစ်ဆန်း(၂)ရက်နေ့
(၁၈ ၊ ၄ ၊ ၂၀၂၄) ၊ ကြာသပတေးနေ့
🌺ဦးဟန်မြင့်လွင်+ဒေါ်ယဉ်ယဉ်သိမ်း
သမီး မဟန်ဆုအောင် မိသားစုမှ....
🌻ဆရာတော်ဘုရားကြီးအား ဓမ္မပူဇာအဖြစ်ဖြင့်
သင်္ကန်းခြင်း (၁)ခြင်းနှင့်
နဝကမ္မ(၁)သိန်းကျပ်တို့မှ ဖြစ်ပေါ်လာသော
ရဟန်းတော်တို့အား အပ်စပ်သောပစ္စည်းလေးပါးတို့ကို
လှူဒါန်းကြပါသည်။
🌻ရွှေမင်းဝံစာသင်တိုက် ရေချိုးကန်အလှူတော်
သိန်း(၁၄၀)ကျပ်။
ချောင်းကူးတံတားနှင့် သန့်စင်ခန်းအလှူတော်
သိန်း(၃၆၀)ကျပ်။ စုစုပေါင်း သိန်း(၅၀၀)တို့ကို
လှူဒါန်းကြပါသည်။
🌺ကိုမိုးပိုင်စိုး+မဇွန်မေအောင် မိသားစုမှ
ဆရာတော်ကြီး၏ ကျန်းမာရေးအတွက်
ငါးမန်းတောင်စွပ်ပြုတ်တို့ကို လှူဒါန်းကြပါသည်။
🌸အလှူရှင်မိသားစုများ ဘေးရန်အန္တရာယ်တွေကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
ကုသိုလ်ရှင်မိသားစုများ၏ ပြုကြရသော
ကုသိုလ်အစုစုတို့ကို ကွယ်လွန်သွားရှာလေသော
ဦးဟန်မြင့်လွင် ရောက်ရာဘုံဌာနမှ မြင်နိုင်ကြားနိုင်
သာဓုခေါ်ဆိုနိုင်၍ ထို့ထက်အဆင့်အတန်းမြင့်သော
ကောင်းကျိုးချမ်းသာတို့ကို ရရှိခံစား စံစားနိုင်ပါစေ။
သာဓု….. သာဓု….. သာဓု…..
16/04/2024
🌼သောဘနာရာမရွှေမင်းဝံစာသင်တိုက်အလှူတော်🌼
🌺ဦးကိုကို+ဒေါ်သန်းသန်းဆင့် မိသားစုမှ
ရွှေမင်းဝံစာသင်တိုက်အလှူတော်အဖြစ်
တတိယအကြိမ် (၁၀)သိန်းကျပ်၊
စုစုပေါင်း ကျပ်သိန်း(၃၀)တို့ကို လှူဒါန်းကြပါသည်။
🌻ဆရာတော်ဘုရားကြီး ပြည်ပသာသနာပြုခရီးတွင်
ကျန်းမာရေးအတွက် လိုအပ်ရာအသုံးပြုနိုင်ရန်
Dollar $100 လှူဒါန်းကြပါသည်။
🌸ကုသိုလ်ရှင်မိသားစုများ ဘေးရန်အန္တရာယ်တွေမှ
ကင်းဝေးကြပါစေ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ကုသိုလ်အမှုတို့ကို
ဆထက်တိုးပြုလုပ်နိုင်ကြပါစေ။
သာဓု….. သာဓု….. သာဓု…..
07/04/2024
🌼သောဘနာရာမရွှေမင်းဝံစာသင်တိုက်အလှူတော်
🌻ဦးဖြူဝင်း+ဒေါ်အေးအေးစိုး မိသားစုမှ
ရွှေမင်းဝံစာသင်တိုက်အလှူတော်
ဒုတိယအကြိမ် သိန်း(၅၀)ကျပ်တို့ကို
လှူဒါန်းကြပါသည်။
🌻ဆရာတော်ကြီးအား သင်္ကန်းဒွိစုံ(၁)စုံနှင့်
သစ်သီးတို့ကို လှူဒါန်းကြပါသည်။
🌸အလှူရှင်မိသားစုများ ဘေးရန်အန္တရာယ်ကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
အလှူရှင်မိသားစုများ၏ ပြုကြရသော
ကုသိုလ်အစုစုတို့သည် ဆင်းရဲကင်းကြောင်း
အကြောင်း အထောက်အပံ့ဖြစ်ကြပါစေ။
သာဓု….. သာဓု….. သာဓု…..
03/04/2024
ပါဠိပထမပြန်စာမေးပွဲ ဝိနည်းဘာသာ ပထမနေ့ စတင်ဖြေဆို မေးခွန်းလွယ်သည်၊ဖြေနိုင်ကြသည်ဟုပြောကြသည်၊နောက်ရက်တွေလဲ အခက်အခဲမရှိ ဖြေဆိုနိုင်ကြပြီး အောင်ပန်းအလီလီဆွတ်ခူးနိုင်ကြပါစေ...(3.4.2024) ဗုဒ္ဓဟူးနေ့
19/03/2024
ကျောင်းတွင်းနောက်ဆုံး အတန်းတင် (ပရိယတ္တိသာသနဟိတဓရ) စာမေးပွဲပဥ္စမမြောက်နေ့ဖြေဆို......
(19.3.2024) အင်္ဂါနေ့ 6:00 pm
အအေးအလှူရှင် = နာယကဆရာတော် အရှင်ဝိစာရာလင်္ကါရမှ လှူဒါန်းပါသည်။