04/06/2026
🏀 Students’ First Basketball Day at EJ International School 🏀
ဒီနေ့ကတော့ Year 6,7,8,9 & IGCSE O Level ကျောင်းသား၊ ကျောင်းသူများအတွက် Basketball Activity ကို ပထမဆုံးအကြိမ် စတင်ကစားခဲ့တဲ့ နေ့လေးဖြစ်ပါတယ်။ ✨
ကွင်းထဲမှာ ဘောလုံးကို လက်ဆင့်ကမ်းရင်း၊ အသင်းဖော်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ရင်း၊ အောင်မြင်မှုကို အတူတကွ ရယူဖို့ ကြိုးစားနေတဲ့ ကလေးတွေရဲ့ အပြုံးတွေနဲ့ စိတ်အားထက်သန်မှုတွေက အားလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။
Basketball ဟာ ကိုယ်လက်လှုပ်ရှားမှုကို တိုးတက်စေရုံသာမက စည်းကမ်းရှိမှု၊ ယုံကြည်မှုရှိခြင်းနှင့်၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ခေါင်းဆောင်မှုစွမ်းရည်များကိုလည်း ဖွံ့ဖြိုးစေတဲ့ အားကစားတစ်မျိုး ဖြစ်ပါတယ်။
ပထမဆုံးနေ့ ဖြစ်ပေမယ့်လည်း ကလေးတွေရဲ့ စိတ်ဝင်စားမှု၊ တက်ကြွမှုနဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရတာ အရမ်းဝမ်းသာစရာကောင်းခဲ့ပါတယ်။ 💙
အခုလို ပျော်ရွှင်စရာ အမှတ်တရလေးတွေကို EJ International School မှာ ဆက်လက်ဖန်တီးသွားမှာ ဖြစ်ပါတယ်။ 🌟
✨ ရင်သွေးငယ်များရဲ့ တောက်ပတဲ့ အနာဂတ်ကို စတင်ပုံဖော်ပါ
EJ ရဲ့ International School Program အတွက် သတ်မှတ်အတန်းအလိုက် ကျောင်းအပ်လက်ခံခြင်းကို အကန့်အသတ်ဖြင့် ဆက်လက်ဖွင့်လှစ်ပေးထားဆဲ ဖြစ်ပါတယ်။ သင့်ကလေးအတွက် ထိုက်တန်တဲ့ အခြေခံကောင်းတွေကို အမိအရ ရယူပေးလိုက်ပါ။
📥 ဒီနေ့ပဲ ကျောင်းလာရောက်အပ်နှံဖို့ သို့မဟုတ် အသေးစိတ်အချက်အလက်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
🏀 First Bounce! Year 6 to IGCSE Students Shine on the Basketball Court ✨
Today marked an exciting milestone at EJ International School: the very first Basketball Activity session for our Year 6, 7, 8, 9, and IGCSE O-Level students!
The court was filled with smiles, high energy, and incredible determination. From mastering basic passes to discovering the power of teamwork, our students made today truly memorable.
At EJ, we believe basketball is more than just a sport. While it builds physical fitness, it also instills core values like discipline, self-confidence, and leadership—essential skills that translate directly from the court to the classroom. 📚💼
We are incredibly proud of how our students embraced this new challenge with such positivity and commitment. This is just the beginning of many more joyful learning experiences and unforgettable memories! 💙🌟
🚀 Shape Your Child’s Bright Future Today
Enrollment for the EJ International School Program is open, but spaces are limited for selected grade levels. Give your child the foundation they need to succeed in a thriving international environment.
📥 Ready to learn more? Message or Call us today to speak with our admissions team!
📍 ကျောင်းလိပ်စာ
အမှတ် ၁၀၀၀၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့ ။
No. 1000, Ko Min Ko Chin Road, Leik Pyar Kan Ward, Bago.
📞 အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
09 883 344 001
03/06/2026
☔️ ၂၀၂၆–၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှ ကြိုဆိုပါတယ်။ ✐📓
EJ International School ရဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းတွင်း (On-campus) အတန်း အားလုံးကို ဇွန်လ (၁) ရက်နေ့ ကစတင်ပြီး တရားဝင် ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
Foundation Level က ကလေးငယ်တွေကစလို့ IGCSE O Level အတန်းတွေအထိ ကျောင်းသား၊ ကျောင်းသူ အားလုံးကို နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ်။
ကျွန်တော်တို့ရဲ့ အရည်အချင်းပြည့်ဝတဲ့ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းထုတစ်ရပ်လုံးဟာ သားတို့ သမီးတို့ကို ကမ္ဘာ့အဆင့်မီ ပညာရေး ထောက်ပံ့ပေးနိုင်ဖို့၊ တွေးခေါ်မြော်မြင်မှုနဲ့ ထူးချွန်ထက်မြက်မှုတွေကို ပြုစုပျိုးထောင်ပေးနိုင်ဖို့ အပြည့်အဝ အဆင်သင့်ရှိနေကြပါပြီ။ တောက်ပတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ရာမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတာမို့ ကျောင်းသား၊ မိဘ၊ ဆရာ သုံးပွင့်ဆိုင် လက်တွဲမှုကို ဒီနှစ်မှာလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ မျှော်လင့်ပါတယ်။
🎒 ပထမဆုံးနေ့ရဲ့ အမှတ်တရ မြင်ကွင်းများ– ကျောင်းဖွင့်ရက် ပထမဆုံးနေ့ရဲ့ ကြည်နူးစရာ အခိုက်အတန့်တွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ သားတို့ သမီးတို့ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ပြီး ပျော်ပျော်ရွှင်ရွှင် စာသင်ခန်းဝင်နေကြတဲ့ ရုပ်သံဗီဒီယိုလေးကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
✨ ရင်သွေးငယ်များရဲ့ တောက်ပတဲ့ အနာဂတ်ကို စတင်ပုံဖော်ပါ– EJ ရဲ့ International School Program အတွက် သတ်မှတ်အတန်းအလိုက် ကျောင်းအပ်လက်ခံခြင်းကို အကန့်အသတ်ဖြင့် ဆက်လက်ဖွင့်လှစ်ပေးထားဆဲ ဖြစ်ပါတယ်။ သင့်ကလေးအတွက် ထိုက်တန်တဲ့ အခြေခံကောင်းတွေကို အမိအရ ရယူပေးလိုက်ပါ။
📥 ဒီနေ့ပဲ ကျောင်းလာရောက်အပ်နှံဖို့ သို့မဟုတ် အသေးစိတ်အချက်အလက်များကို ဆက်သွယ်စုံစမ်းဖို့ Chat Box ကနေ မက်ဆေ့ခ်ျပေးပို့နိုင်ပါတယ်ခင်ဗျာ။
☔️ Welcome Back to the 2026–2027 School Season! ✐📓
EJ International School is thrilled to announce that all on-campus classes for the new academic year officially commenced on June 1st!
We warmly welcome all of our students—from our youngest learners in the Foundation level right through to our senior IGCSE O Level classes—back to campus.
Our dedicated teachers and staff are fully prepared to deliver a world-class education, fostering growth, curiosity, and academic excellence. We believe a bright future is built on strong partnerships, and we look forward to working closely with our incredible community of students, parents, and educators this year.
🎒 First Day Highlights: We are so excited to share some wonderful moments from day one! Watch the video below to see our students back in action, catching up with friends, and stepping into their new classrooms.
✨ Secure Your Child's Bright Future: Enrollment for EJ’s International School Program is still open for select levels. Give your child the foundation they deserve.
📥 Enroll today or message us directly for admission details!
📍 ကျောင်းလိပ်စာ
အမှတ် ၁၀၀၀၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့ ။
No. 1000, Ko Min Ko Chin Road, Leik Pyar Kan Ward, Bago.
📞 အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
09 883 344 001
School
31/05/2026
✨ Welcome Back to School: Embers of Joy & A New Journey of Learning ✨
Warmest greetings to all our beloved students and parents! 🙏
As the gentle raindrops fall and the happy holidays come to an end, the new school season is finally here! It’s time to seek new knowledge, make new friends, and reconnect with old ones. 🎉
With vibrant imaginations, brand-new challenges, and exciting goals ahead, all of us—the teachers and staff from EJ International School—are thrilled and eagerly waiting to welcome our students back with open arms! ❤️
📅 Important Details for the First Day of School:
🍀School Opening Date: June 1, 2026 (Monday)
🕘School Start Time: 9:00 AM
⏰ School Dismissal Times:
🍀Foundation to Year-4 : 3:00 PM
🍀Year-5 to IG O Level : 3:15 PM
21/05/2026
ပဲခူးမြို့အတွင်းရှိ Endless Joy (E.J) International School တွင် တာဝန်ထမ်းဆောင်ရန်
*Assistant Teacher(F- 5) Posts*
🔷အတန်းပိုင်ဆရာ/မ ၏ သင်ကြားရေးနှင့် သင်ခန်းစာပြင်ဆင်မှုလုပ်ငန်းများတွင် ပံ့ပိုးကူညီပေးရမည်။
🔷ကလေးများအပေါ်တွင် စိတ်ရှည်ကြင်နာပြီး ကလေးများ၏ လိုအပ်ချက်များကို ကောင်းစွာသိမြင်နိုင်ရမည်။
🔷ကျောင်း (သို့မဟုတ်) အဖွဲ့အစည်း၏ လိုအပ်ချက်များတွင် တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသူ ဖြစ်ရမည်။
🔷ရေရှည် လက်တွဲအလုပ်လုပ်နိုင်သူဖြစ်ရမည်။
*More Information*
🔷Working Days (5) days, Working Hours (8:30 to 4:00) or (8:30 to 5:00)
🔷အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။
စိတ်ပါဝင်စားသူများသည် မိမိတို့၏ ကိုယ်ရေးအကျဉ်း (CV Form)၊ ပညာအရည်အချင်း အထောက်အထားများနှင့် မျှော်မှန်းလစာတို့ကို အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
Email: [email protected]
Phone: 09 883 344 001 (Viber & Telegram)
Address: အမှတ် (၁၀၀၀), ကိုယ့်မင်းကိုယ်ချင်းလမ်း, လိပ်ပြာကန်ရပ်ကွက်, ပဲခူးမြို့