01/08/2026
ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့က "သုတရပ်ဝန်း" နှင့် "သပြေ ပညာရေးဖောင်ဒေးရှင်း" တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ ဘူလယ်အင်းကျေးရွာရှိ "ဘူလယ်အင်း မူလွန်ကျောင်း" သို့ သွားရောက်ကာ ကျောင်းသား/သူ (၂၅၀) ဦးအား "ဝမ်းပျက်ဝမ်းလျောနှင့် သွေးလွန်တုပ်ကွေး ရောဂါ အကြောင်းသိကောင်းစရာ" ကျောင်းကျန်းမာရေး ဟောပြောပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 👏👏👏
🙌ဟောပြောပွဲတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ကာကွယ်နည်းနှင့် ဆောင်ရန်ရှောင်ရန်များကို မျှဝေပေးခဲ့သည့်အပြင် ကျောင်းသား/သူများနှင့် အပြန်အလှန် အမေးအဖြေပြုလုပ်ခြင်း၊ ပျော်ရွှင်ဖွယ် ဂိမ်းကစားပွဲများ ထည့်သွင်းကျင်းပပေးခြင်းတို့ကြောင့် ကလေးငယ်များအနေဖြင့်လည်း အလွန်ပင် ပျော်ရွှင်တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
📕 ထို့ပြင် ကျောင်းသား/သူများ စာဖတ်ရှိန် မြင့်မားပြီး ဗဟုသုတ တိုးပွားစေရန်အတွက် သပြေ ပညာရေးဖောင်ဒေးရှင်းမှ သရုပ်ပြ အထွေထွေဗဟုသုတဆိုင်ရာ စာအုပ်များကို ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းပေးအပ်ခဲ့ပါတယ်။
သုတရပ်ဝန်းမှလည်း ကလေးများအတွက် အရသာရှိသော ခေါက်ဆွဲကြော် အာဟာရဒါနများ ကျွေးမွေးခဲ့သည့်အပြင် အမှတ်တရ ကော်ဖီဆပ်ပြာများကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ 💝
ယင်းအပြင် ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများအတွက် ဝမ်းပျက်ဝမ်းလျောနှငိ့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုပါ စနစ်တကျ ဝေငှပေးနိုင်ခဲ့ပါတယ်။ 🥰
ရှေ့လျှောက်တွင်လည်း ဘူလယ်အင်းကျေးရွာနှင့် မူလွန်ကျောင်းလေး တိုးတက်ရေး၊ ကျောင်းသား/သူများ၏ အနာဂတ် လှပစေရေးတို့အတွက် မိမိတို့ တတ်နိုင်သည့် ဘက်မှ စဉ်ဆက်မပြတ် ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ကျေးလက်ဒေသ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ မြှင့်တင်ရာတွင် အတူတကွ ပူးပေါင်းပါဝင်လိုကြသော စေတနာရှင် မေတ္တာများအားလုံးကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။ 🙏🙏🙏
09/07/2026
သပြေခြံထဲမှာ ဝါးပိုးမျှစ်ချဉ်လေးတွေ စားချင်စဖွယ် ထွက်နေကြပါပြီ။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိမ်းလန်းနေတဲ့ ဝါးရုံတောကြီးက လေလေးတဖြူးဖြူးနဲ့ အေးချမ်းတဲ့ ရိပ်မြုံလေးတစ်ခုလို ဆိတ်ငြိမ်လို့နေပါတယ်။ ခုလို သဘာဝအလှတွေကြားမှာ မျှစ်ချဉ်ဟင်းလေး ချက်စားရင်း စိတ်အမောတွေ ဖြေဖျောက်ဖို့ အကောင်းဆုံး အချိန်လေးပေါ့ရှင်။ 🌿🌨️
06/07/2026
အားလုံးပဲ မင်္ဂလာပါရှင်
ဒီနေ့ မိုးဖွဲလေးတွေကျတုန်း သပြေခြံအဖွဲ့သားတွေ သပြေခြံကိုသွားရောက်ပြီး ခြံလေး ပိုမို သာလာဖွံ့ဖြိုးရေးအတွက် အလှပန်းပျိုးပင်လေးတွေ ပျော်ပျော်ပါးပါး သွားရောက် စိုက်ပျိုးခဲ့ကြပါတယ်ရှင်။
ခြံလေးက ပိုပြီး စိမ်းလန်းစိုပြေလာသလို၊အသစ် စိုက်ပျိုးခဲ့တဲ့ ပန်းပျိုးပင်လေးတွေ ရှင်သန်လာမယ့် မြင်ကွင်းကိုလည်း မျှော်လင့်နေမိပါတယ်ရှင်။ဝိုင်းဝန်းကူညီပေးကြတဲ့ အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ 🥰
01/07/2026
ဒီနေ့ သပြေခြံ သုတရပ်ဝန်းကနေ မိတ်ဆက်ပေးချင်တာကတော့ အခုရက်ပိုင်း ခြံထဲမှာ လှလှပပ ပွင့်နေတဲ့ Episcia cupreata အပင်လေးပဲ ဖြစ်ပါတယ်ရှင်။ သူ့ကိုတော့ အင်္ဂလိပ်လို Flame Violet (ကတ္တီပါပန်း) လို့ ခေါ်ကြပါတယ်။
🌺ဘာလို့ ဒီလိုခေါ်လဲဆိုတော့ သူ့ရဲ့ ပန်းပွင့်ရောင်စုံလေးတွေနဲ့ အရွက်ကလေးတွေကြောင့်ပါပဲ။ စိမ်းညို့ညို့နဲ့ကြေးနီရောင်သန်းတဲ့ ကတ္တီပါရွက်လေးတွေကြားထဲကနေ အနီရောင်၊ လိမ္မော်ရောင်၊ ပန်းရောင် အစရှိတဲ့ ပန်းပွင့်လေးတွေ ထွက်လာပုံက မီးလျှံလေးတွေ တောက်နေသလိုပါပဲ။
သပြေခြံရဲ့ စိုက်ပျိုးနည်း အကြံပြုချက် 💡
🌺အလင်းရောင်: နေရောင် တိုက်ရိုက်ရရင် အရွက်တွေ လောင်တတ်တာမလို့ အရိပ်အောက် ဒါမှမဟုတ် လျှပ်စစ်မီးရောင်အောက်မှာ စိုက်တာ အကောင်းဆုံးပါ။
🌺ရေသွင်းခြင်း: စိုစွတ်တာကြိုက်ပေမယ့် ရေဝပ်ရင် အမြစ်ပုပ်လွယ်လို့ ရေမတင်တဲ့ နေရာမှ စိုက်ပျိုးပေးရပါမယ်။
အရွက်ရော အပွင့်ပါ လှတဲ့ ကတ္တီပါပန်းလေးတွေအကြောင်း သဘောကျတယ်ဆိုရင် Like & Share လေးနဲ့ အားပေးခဲ့ပါဦးနော်။ ထပ်ပြီး ဘယ်လို အပင်လေးတွေအကြောင်း သိချင်သေးလဲဆိုတာ အကြံပေးခဲ့ကြပါဦးရှင် 🥰
17/06/2026
🌼 ကျွန်မတို့ရဲ့ သပြေခြံ သုတရပ်ဝန်းထဲက သီးနှံလေးတွေ အကြောင်းတင်ဆက်ပေးပြီးနောက် ဒီအပတ်မှာတော့ ခြံထဲမှာ ရနံ့သင်းသင်းနဲ့ အစွမ်းကုန် ပွင့်လန်းနေတဲ့ ဇီဇဝါပန်းပွင့်လေးလေးတွေတွေ့တာနဲ့ သူတို့လေးတွေ အကြောင်း မျှဝေပေးချင်ပါတယ်။
🤍 ဖြူလွှလွှ ဇီဇဝါပန်းလေးတွေဟာ ချစ်စရာကောင်းရုံတင်မကပဲ သူ့ရဲ့ ရနံ့သင်းသင်းလေးကလည်း ကျွန်မတို့ရဲ့ အာရုံကြောဆဲလ်တွေကို အနားရပြီး စိတ်ဖိစီးမှုကို သက်သာစေတဲ့ အပြင် ကောင်းကောင်း အိပ်ပျော်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဇီဇဝါပန်းရဲ့ ရနံ့ဟာ အသက်ရှူလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။
🌼 ယခုမိုးကျချိန်လေးမှာတော့ ကျွန်မတို့ရဲ့ သပြေခြံလေးထဲမှာ ဇီဇဝါပန်းလေးတွေ အပြိုင်ပွင့်လန်းပြီး ဇီဇဝါနံ့လေးတွေ ထုံသင်းနေပါတယ်ရှင်။ စာဖတ်ပိရိတ်သတ်တွေကိုလည်း ကျွန်မတို့ခြံလေးကို လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
13/06/2026
သပြေခြံ သုတရပ်ဝန်းအတွင်းမှာ အပင်လေးတွေ စိုက်ပျိုးပြီးတဲ့နောက်ပိုင်း အရင်ကထက် ပိုပြီး အသက်ဝင်လာသလို ခံစားရပါတယ်။ 🌱🌱🌱
🐣ဒီနေ့မှာတော့ ပြီးခဲ့တဲ့ အပတ်က ကွင်းဆင်းရင်း ခြံထဲပတ်ကြည့်တော့ ဘဲခြံဘက်မှာ ချစ်စရာ ဘဲဥလေးတစ်လုံးကို တွေ့လို့ ဓာတ်ပုံ အပြေးအလွှားရိုက်ခဲ့ရပါသေးတယ်။🦆🦆
အပင်လေးတွေ စိုက်ပြီးတာနဲ့ ခြံထဲမှာ အဖြူရောင်လက်ဆောင်လေး ချက်ချင်းတိုးလာတာ မြင်ရတာ စိတ်ထဲ တကယ့်ကို ကြည်နူးဖို့ကောင်းလို့ အမှတ်တရ မျှဝေပေးလိုက်ပါတယ်ရှင်။
သုတရပ်ဝန်းရဲ့ စာဖတ်ပရိသတ်ကြီးထဲမှာရော မိမိတို့အိမ်ခြံထဲ ဒီလိုမျိုး မမျှော်လင့်ဘဲ ဥလေးတွေ၊ ငှက်သိုက်လေးတွေ လာဆောက်တာမျိုး ကြုံဖူးတဲ့ အတွေ့အကြုံရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်။🙋♀️
10/06/2026
မိုးဖြိုင်ဖြိုင်ကျချိန် သပြေခြံ သုတရပ်ဝန်းလေးထဲမှာ သီးပင်စားပင်လေးများလည်း စုံလင်စွာ သီးပွင့်နေကြပြီပဲ ဖြစ်ပါတယ်။ 🌧️🍃
မိုးရေစက်လေးတွေ စိုစွတ်နေတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေကြားထဲမှာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံလေးတွေ ဝေဝေဆာဆာ သီးပွင့်နေတာကို မြင်ရတာ တကယ်ပဲ စိတ်ကြည်နူးစရာကောင်းလှပါတယ်။ ခြံထဲကထွက်တဲ့ လတ်လတ်ဆတ်ဆတ် သဘာဝအသီးအနှံလေးတွေကို ကြည့်ပြီး စိတ်အပန်းပြေ ကြည်နူးနိုင်ကြပါစေရှင်။ 🍐🍋🍅
01/06/2026
🍄🟫 သပြေခြံ သုတရပ်ဝန်း၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Taungthutada, TTTD - Farmers' Bridge မှပြုလုပ်သော တစ်နိုင်တစ်ပိုင် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်ခြင်းသင်တန်းကို သပြေခြံအဖွဲ့သားများ သွားရောက်လေ့လာခဲ့ကြပါတယ်။
🍄🟫 ငွေနှင်းမှို၊ ကောက်ရိုးမှို အစရှိသည်တို့ကို မှိုမျိုးပျိုးသည်မှ စ၍ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်ကြတဲ့ မှို cracker၊ မှိုအာဟာရမှုန့်၊ မှိုချဉ်အစရှိသည်တို့ ထုတ်သည်ထိ စိတ်ဝင်စားဖွယ် လက်တွေ့ ပြုလုပ်လေ့လာခဲ့ရပါတယ်။ နွေးထွေးစွာ ဖိတ်ခေါ်ပေးတဲ့ TTTD အဖွဲ့သားများကို လည်း ကျေးဇူးတင်ရှိပါတယ်။ ရှေ့လျှောက်လည်း ပိုမိုကောင်းမွန်သော ရပ်ရွာအကျိုးပြုအစီအစဉ်များကို ပူးပေါင်းဆက်လက် ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။