Best Choice - Nurse Aide & Pharmacist Aide Training Center

Best Choice - Nurse Aide & Pharmacist Aide Training Center

Share

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း
Nurse Aide & Pharmacist Aide Training Center

26/10/2022

သူနာပြုအကူနှင့် အလုပ်ကိုင်ရှာဖွေနေကြသော ညီငယ် ညီမငယ်များအတွက် ရည်ရွယ်၍ post တင်ပေးခြင်းဖြစ်ပါသည်။ သင်တန်းတက်လိုသူများ Page Cb (သို့မဟုတ်) အောက်တွင်ဖော်ပြထားသော လိပ်စာဖုန်းနံပါတ်များသို့ အားမနာတမ်းဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်

#သူနာပြုအကူသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
လိပ်စာ - အမှတ်(၁)မင်းလမ်း ဇိုင်းဂနိုင်းမြောက်ပိုင်း ပဲခူးမြို့
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၀၈၅ ၆၆၆ ၃၆, ၀၉ ၅၁၁ ၆၆၈၄, ၀၉ ၄၄၁၁ ၄၆၉ ၄၄

03/10/2022

ယခု Page တွင် ကျန်းမာရေး ဗဟုသုတများကိုလဲ အလျင်းသင့်လျှင်သင့်သလို ဖော်ပြသွားမည်ဖြစ်သည့်အတွက် Like and Follow လေးလုပ်ထားပါနော်။
သင်တန်းအပ်ချင်သူများ အသေးစိတ်သိရှိလိုလျှင် CB တွင် စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်။
======================
မိတ်ပေါက်ခြင်းဟာ လူကြီး၊လူငယ်၊ ကျား၊မ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်… ဖြစ်ပွားရတဲ့အကြောင်းအရင်းက တော့ အရေပြားမှာရှိတဲ့ ချွေးအိတ်ပြွန်လေးတွေ ပိတ်ဆို့ခြင်း (blocked sweat ducts) ကြောင့်ဖြစ်ပါတယ်… အထူးသဖြင့် ပူအိုက်စွတ်ဆိုတဲ့ ရာသီဥတုမျိုးမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်… ကလေးငယ်အများစု မှာတော့ လည်ပင်းတဝိုက်၊ ရင်ဘတ်နဲ့ ပခုံးနေရာများမှာ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်… တခါတရံမှာတော့ ချိုင်းကြား၊ပေါင်ခြံ နဲ့ တံတောင်ဆစ်ကွေး နေရာတွေမှာ လည်း ဖြစ်တတ်ပါတယ်… လူကြီးတွေမှာတော့ အရေပြားအခေါက်အတွန့်များတဲ့နေရာ၊ အဝတ်အစားတွေနဲ့ ပွတ်တိုက်မှုအများဆုံး ရှိတဲ့နေရာတွေများ အဖြစ်များပါတယ်…

မိတ်ပေါက်ခြင်းနဲ့ပတ်သက်ပြီး အမျိုးအစား (၄) မျိုးရှိပါတယ်..
၁ - အပေါ်ယံမိတ်ဖုများ - အရေပြားရဲ့ အပေါ်အလွှာမှာ ရှိတဲ့ ချွေးအိတ်ပြွန်လေးတွေ ပိတ်ဆို့မှုကြောင့်ဖြစ်ပြီး၊ အပျော့ဆုံးဖြစ်ပွားမှုပုံစံဖြစ်ပါတယ်… ပေါက်လွယ်တဲ့ အရည်ကြည်အိတ်လေးတွေ စုနေတဲ့ ပုံစံမျိူးပါ…
၂ - အနီရောင်မိတ်ဖုများ - ဒါကတော့ အရေပြားအတွင်းထဲ မှာဖြစ်တဲ့အမျိုးအစားပါ… အနီဖုလေးတွေထွက်မယ်၊ ယားယံမယ်၊ တခါတရံ စပ်ဖျင်းဖျင်း ဖြစ်နေတတ်ပါတယ်…
၃ - နောက်တဆင့်ကတော့ အရည်ကြည်တွေပြည့်နေတဲ့ အိတ်လေးတွေ ရောင်ရမ်းလာတာပဲဖြစ်ပါတယ်… တခါတရံမှာ အဆိုပါအရည်အိတ်လေးတွေ ဟာရောင်ရမ်းလာပြီး ပြည်အိတ်လေးတွေ ဖြစ်သွားတတ်ပါတယ်…
၄ - နောက်တမျိုးကတော့ အတွေ့ရနည်းတဲ့အမျိုးအစားဖြစ်ပါတယ်… အရေပြားရဲ့ အတွင်းအနက်ပိုင်း အလွှာမှာ ဖြစ်ပွားပြီး အသားရောင်ကြက်သီးဖု ခပ်မာမာ ပုံစံမျိုးရှိတတ်ပါတယ်…

များသောအားဖြင့် မိတ်ပေါက်ခြင်းဟာ သူ့အလိုလိုပျောက်ကင်းတတ်ပါတယ်… အရေပြားကိုအေးနေအောင်ထားပေးတာ၊ အပူကိုရှောင်တာ၊ လေဝင်လေထွက်ကောင်းပြီး ချောင်ချိအေးမြတဲ့ အဝတ်အစားတွေကို ဝတ်တာမျိုးတွေ လုပ်ပေးရင် သူ့အလိုလိုပျောက်ကင်းတတ်ပါတယ်…
နီရဲခြင်း၊ ယားယံခြင်း တို့ လို နောက်ဆက်တွဲတွေအတွက် calamine lotion တို့ anhydrous lanolin တို့ လိုလိမ်းဆေးမျိုးတွေ လိမ်းပေးနိုင်ပါတယ်…
Source - mayoclinic.org
#ဒီပီ

#သူနာပြုအကူသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
လိပ်စာ - အမှတ်(၁)မင်းလမ်း ဇိုင်းဂနိုင်းမြောက်ပိုင်း ပဲခူးမြို့
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၀၈၅ ၆၆၆ ၃၆, ၀၉ ၅၁၁ ၆၆၈၄, ၀၉ ၄၄၁၁ ၄၆၉ ၄၄

27/09/2022

အားလုံးအတွက် နေ့စဉ်မှီဝဲနေသည့် သောက်ဆေးတွေနဲ့ ပက်သတ်ပြီး ဗဟုသုတရစေရန် မျှဝေပေးလိုက်ပါတယ်ရှင်

OTC drugs တွေဟာ များသောအားဖြင့် ဘေးထွက်ဆိုးကျိုး အန္တရာယ် သိပ်မရှိပဲ လူအများစု သောက်နိုင်တဲ့ ဆေးတွေ ဖြစ်ကြပါတယ်... ဆေးအညွှန်းကို ကြည့်ပြီး သောက်သုံးနိုင် ပါတယ်...
ဥပမာ - paracetamol လိုမျိုး အကိုက်အခဲပျောက် ကိုယ်ပူကျဆေး၊ simethicone ပါဝင်တဲ့ လေဆေး နှင့် antacid အမျိုးမျိုး၊ multivitamins လို့ခေါ် တဲ့ အားဆေးအမျိုးမျိုး နဲ့ သာမန်ချောင်းဆိုး၊နှာမွှန်ပျောက်ဆေး တွေ ဟာ OTC ဆေးတွေ ဖြစ်ကြပါတယ်...

Prescription drugs တွေက တော့ အမှန်တကယ်တတ်ကျွမ်း နားလည်တဲ့ ဆေးပညာရှင် တွေ ကိုယ်တိုင်ညွှန်ကြားမှ သောက်သုံးလို့ရတဲ့ဆေးတွေဖြစ်ပါတယ်...ဘာဖြစ်လို့လဲဆိုတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို သေချာနားလည် သဘောပေါက်ပြီး အကျိုး နဲ့ အပြစ် ( risk နဲ့ benefit) ကို ချိန်ဆ‌ပြီး ပေးရတဲ့ဆေးတွေ ဖြစ်လို့ပါပဲ...
ဥပမာ - antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေး အမျိုးမျိုး (amoxicillin, metronidazole မှ အစ အခြားသော ဆေးအမျိုးမျိုး)၊ antihypertensive drugs လို့ခေါ်တဲ့ သွေးပေါင်ကျဆေး အမျိုးမျိုး၊ oral hypoglycemic agents လို့ ခေါ်တဲ့ သွေးချို၊ဆီးချို ကျဆေး အမျိုးမျိုး နဲ့ dexa တို့ prednisolone တို့လို steroids ဆေးတွေအပြင်
အခြားသောဆေးတွေ ပါဝင်ပါတယ်...
#ဒီပီ

#သူနာပြုအကူသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
လိပ်စာ - အမှတ်(၁)မင်းလမ်း ဇိုင်းဂနိုင်းမြောက်ပိုင်း ပဲခူးမြို့
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၀၈၅ ၆၆၆ ၃၆, ၀၉ ၅၁၁ ၆၆၈၄, ၀၉ ၄၄၁၁ ၄၆၉ ၄၄

26/09/2022

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူ ဆိုတာ အာမခံချက်ရှိတဲ့အလုပ်အကိုင် ဖြစ်တာမို့ မဖြစ်မနေ တက်ရောက်ထားသင့်တဲ့ သင်တန်းတစ်ခုပါနော်
ဝါရင့်အတွေ့အကြုံရှိ ဆရာဝန်များနှင့် သူနာပြုဆရာမကြီးများ ကိုယ်တိုင် ဦးစီးပီး စာတွေ့ လက်တွေ့ အမှန်တကယ် ထိထိရောက်ရောက် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးမှာ ဖြစ်တာကြောင့် လက်လွတ်မခံသင့်‌ သော သင်တန်းလေးဖြစ်ပါတယ်ရှင် အသေးစိတ်ကို အောက်မှာ လေ့လာနိုင်ပါတယ်ရှင်
ဆေးဝါးကျွမ်းကျင် သင်တန်းကို ပညာအရည်အချင်း (၁၀) တန်းမှစ၍ တက်ရောက်နိုင်မှာဖြစ်ပြီး
- ဆေးဝါးပညာဘာသာရပ် အခြေခံမိတ်ဆက်
- ဆေးတစ်မျိုးချင်း၏ အသုံးပြုပုံ၊ ကောင်းကျိုး၊ ဆိုးကျိုး
- ဆေးပေးပုံ ပေးနည်း
- တွဲမပေးသင့်သည့် ဆေးများ
- Vital signs ယူနည်းများ
- ဆေးများ၏ Brand Name & Generic Name စသည့်အခေါ်အဝေါ်များအကြောင်း
- ဆေးအမျိုးအစားနှင့်ရောဂါအလိုက်အသုံးပြုပုံများ
- ဆေးများ၏ဘေးထွက်ဆိုးကျိုးများ နှင့်တွဲဖက်မသုံးသင့်သော ဆေးဝါးများ
- ဆေးဝါးထိန်းသိမ်းထားသိုနည်းများ
- သာမန်အိမ်သုံးဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာရောင်းချရမည့်ဆေးဝါးများ
- အထူးထိန်းချုပ်ဆေးဝါးများအကြောင်း
- ဆေးဆိုင်စီမံခန့်ခွဲနည်းပညာများ
- ဆေးဆိုင်လိုင်စင်ပြုလုပ်နည်းများနှင့်
- အထွေထွေကျန်းမာရေးဗဟုသုတများ
- ဆေးများကို System အလိုက် ဆေးကဒ်များဖြင့် စာတွေ့ လက်တွေ့ သင်ကြားတတ်မြောက်နိုင်မှာ ဖြစ်ပါတယ်ရှင်။
သင်တန်းပြီးမြောက်ပါက ဆေးဝါးကျွမ်းကျင်အကူသင်တန်းဆင်းလက်မှတ်ပေးအပ်မှာဖြစ်ပြီး ဆေးကုမ္ပဏီ၊ဆေးဆိုင် နှင့် ဆေးဝါးကျွမ်းကျင်အသက်မွေးဝမ်းကြောင်းဖြင့် လုပ်ငန်းခွင်ဝင်ရန်၊ ပြည်ပအလုပ်အကိုင်ရရှိရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

သူနာပြု အကူသင်တန်းကို ပညာအရည်အချင်း အနိမ့်ဆုံး အလယ်တန်းအောင်မှစ၍ တက်ရောက်နိုင်မှာဖြစ်ပြီး
- အရေးပေါ်အသက်ကယ်နည်းများ (CPR)
- ရှေးဦးသူနာပြုနည်းများ (First Aid)
- မွေးကင်းစမှစ၍ ကလေးသူငယ်ပြုစုနည်းများ
- သက်ကြီးရွယ်အို ပြုစုနည်းများ
- မိခင်နှင့် ကလေးစောင့်ရှောက်နည်းများ
- လူနာရွှေ့ပြောင်းခြင်း၊ အိပ်ယာခင်းလဲလှယ်ခြင်း၊ ရေပတ်တိုက်ခြင်း
- အိပ်ရာရှိလူနာအား ပြုစုစောင့်ရှောက် သန့်ရှင်းနည်း အစာကျွေးနည်းများ
- ဆီးချို၊ သွေးချိုစစ်နည်းများ
- သာမိုမီတာအသုံးပြုပုံများ
- သွေးပေါင်ချိန်နည်း
- နှလုံးခုန်နှုန်းတိုင်းနည်း
- Drip ချိတ်နည်း
- သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းခြင်း
- ကိုယ်ဝန် ရှိ / မရှိစစ်နည်း
- အပူချိန်တိုင်းနည်းများ
- ECG စက်အသုံးပြုနည်း
- Nebulizer ဆေးငွေ့ရှူ နည်း
- Oxygen တိုင်းနည်း၊ Oxygen Concentrator များ အသုံးပြုနည်း၊ Oxygen ပေးထားရသော လူနာများပြုစုနည်း
- ဆေးရုံ၊ ဆေးခန်း၊ ခွဲစိတ်ခန်းသုံး ကိရိယာများကို လက်တွေ့ကျကျ ကိုင်တွယ် အသုံးချနည်းများ
အပြင် အခြားသော ပညာရပ်များကိုလည်း Theory နှင့် Practical တွဲ၍ သင်ကြားတတ်မြောက်နိုင်မှာ ဖြစ်ပါတယ်ရှင်။
သင်တန်းပြီးမြောက်ပါက သူနာပြုအကူသင်တန်းဆင်းလက်မှတ်ပေးအပ်မှာဖြစ်ပြီး သူနာပြုအကူအဖြစ် လုပ်ငန်းခွင်ဝင်ရန်နှင့် ပြည်ပအလုပ်အကိုင်ရရှိရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

- အရေးပေါ် ဆေးထိုးခြင်း (IM, IV, SC)

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Bago
6101