Good Choice Education Training Center

Good Choice Education Training Center

Share

JAPANESE BASIC, N5, N4,N3 & N2
KOREAN EPS-TOPIK, Basic, Yonsei Level 1 & 2
Computer Basic, Advanced

18/05/2023

Training Visa နဲ့ Tokutei Visa ဘာကွာလဲ။

သင်တန်းသားအများစုမေးကြတဲ့ training visa နဲ့ tokutei visa ဘာကွာလဲဆိုတာကို အခြေခံအားဖြင့်သိထားသင့်တဲ့ အချက်လေးတွေနဲ့ ပြောပြပေးပါမယ်။💁

📌ဗီဇာသက်တမ်း

Traning Visa က အများဆုံးငါးနှစ်နေလို့ရပါတယ်။ ပထမတစ်နှစ်က အလုပ်သင်အနေနဲ့ပါ။ ၁နှစ်ပြည့်တာနဲ့ အလုပ်သင်အဆင့်(၂)စာမေးပွဲဝင်ဖြေပြီးအောင်ရင် နောက်နှစ်နှစ်ဆက်လုပ်ရပါမယ်။ ၃နှစ်လုပ်ပြီးရင် အဆင့်(၃)စာမေးပွဲကိုဝင်ဖြေရပြီး စာမေးပွဲလည်းအောင်တယ်၊ အလုပ်ရှင်လည်းသဘောကျတယ်ဆို နောက်နှစ်နှစ်ထပ်လုပ်လို့ရပါတယ်။

Tokutei Ginou Visa ကတော့ ဗီဇာသက်တမ်းငါးနှစ်ပြည့်တိုင်းတစ်ခါသက်တမ်းတိုးပြီးတော့ အလုပ်လုပ်လို့ရပါတယ်။
…………………………………………………………………………
📌အလုပ်အမျိုးအစား

Traning Visa နဲ့သွားရင် ရိုးရိုးအခြေခံအလုပ်ကြမ်းတွေလုပ်ရပါတယ်။ အလုပ်အမျိုးအစားတွေက စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ကုန်၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပစ္စည်းပါကင်ထုတ်၊ အထည်ချုပ်၊ စက်ပစ္စည်းနဲ့သံထည်၊ ငါးလုပ်ငန်း ပြီးတော့အခြားဟာတွေလည်းရှိပါသေးတယ်။ အေဂျင်စီအပေါ်မူတည်ပြီးတော့ လျှောက်လို့ရနိုင်တဲ့အလုပ်ကနည်းတာ၊ များတာရှိတတ်ပါတယ်။

Tokutei Ginou Visa ကတော့ ကျွမ်းကျင်အလုပ်သမားဗီဇာပါ။ အလုပ်အမျိုးအစားတွေက ဆောက်လုပ်ရေး​၊ ကားပြုပြင်ရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး၊​ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊​ စားသောက်ကုန်၊ စားသောက်ဆိုင်၊​ စက်ပစ္စည်းထုတ်လုပ်ရေး၊​ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးနဲ့ အခြားဟာတွေပါ။
…………………………………………………………………………….
📌အလုပ်လိုအပ်ချက်

Traning Visa အတွက် လိုအပ်ချက်တွေက
ဂျပန်စာ N4 level ရှိရပါမယ်၊
အသက် ၂၀ကနေ ၃၅နှစ်ကြား၊
ပညာအရည်အချင်းကတော့ ကန့်သတ်ထားတာမရှိပေမဲ့လည်း အေဂျင်စီတွေကတော့ အနည်းဆုံးရှစ်တန်းအောင်ထားမှ စခေါ်ပါတယ်။

Tokutei Ginou Visa အတွက် လိုအပ်ချက်တွေက
N4 level အောင်လက်မှတ်၊ ပြီးတော့ ကိုယ်သွားချင်တဲ့အလုပ်နဲ့ပတ်သက်တဲ့အောင်လက်မှတ်ရှိရပါမယ်။
……………………………………………………………………………..
📌အလုပ်ပြောင်းခွင့်ရှိ၊မရှိ

Training Visa က အလုပ်ပြောင်းလို့မရတာကြောင့် အလုပ်လျှောက်မယ်ဆို သေချာစုံစမ်းပြီးလျှောက်သင့်ပါတယ်။

Tokutei Visa ကတော့ အဆင်မပြေရင် သုံးလအတွင်း အလုပ်ပြောင်းခွင့်ရှိပါတယ်။

…………………………………………………………………………….
📌လစာ

လစာအနေနဲ့က training visa က အခြေခံလုပ်ခလစာ ဂျပန် ယန်း ၁၄ သောင်းကနေ ၁၉ သောင်းဝန်းကျင်ကြားရပါတယ်။

Tokutei visa ကကျ ယန်း ၁၈ သောင်းကနေ ၂၀ သောင်းရပြီးတော့ တစ်နှစ်ကို bonus နှစ်ကြိမ်ခံစားခွင့်လည်းရှိပါတယ်။
………………………………………………………………………

18/05/2023

Tokutei Visa ဆိုတာဘာလဲ?

Tokutei Ginou Visa(ကျွမ်းကျင်လုပ်သားဗီဇာ) ဆိုတာ ဂျပန်နိုင်ငံအတွင်းလုပ်သားရှားပါးမှုကိုထောက်ပံ့ပေးရန်ဂျပန်အစိုးရကဖန်တီးထားပေးတဲ့ဗီဇာတစ်မျိုးဖြစ်ပါတယ်။

Tokutei visa မှာ အဆင့်(2)မျိုးရှိပါတယ်။အဆင့် (1) မှာလုပ်ငန်း 14မျိုးနဲ့ အဆင့် (2)မှာ လုပ်ငန်း 4မျိုးရှိပါတယ်။

အဆင့် (1) လုပ်ငန်းများ
1.ဆောက်လုပ်ရေး
2.သင်္ဘောတည်ဆောက်ရေး
3.ကားပြုပြင်ရေးထိန်းသိမ်း
4.ဘိုးဘွားစောက်ရှောက်ရေး
5.ဟိုတယ်လုပ်ငန်း
6.စိုက်ပျိုးရေး
7.စားသောက်ကုန်လုပ်ငန်း
8.စားသောက်ဆိုင်ဝန်ဆောင်မှူ
9.ရေလုပ်ငန်း(ငါးဖမ်း...)
10.အကြီးစားစက်ပစ္စည်းထုတ်လုပ်မှု
11.အဆောက်အဦးသန့်ရှင်းရေး
12.လျှပ်စစ်ပစ္စည်းထုတ်လုပ်မှု
13.သံထည်ပုံသွင်း
14.လေကြောင်းဆိုင်ရာ လုပ်ငန်းများဖြစ်ပါတယ်။

အဆင့် (2)လုပ်ငန်းများ
1.ဆောက်လုပ်ရေး
2.သ‌င်္ဘောတည်ဆောက်ရေး
3.ကားပြုပြင်ထိန်းသိမ်း
4.လေကြောင်း၊လေဆိပ် လုပ်ငန်းများဖြစ်ပါတယ်။

🌸လိုအပ်ချက်
⛩️အသက် (20ကနေ35)

⛩️ပညာအရည်အချင်း
အလယ်တန်းအဆင့် or အထက်တန်းအဆင့်

⛩️ Jlpt N4လက်မှတ် (or) JFT A2 လက်မှတ်

⛩️ Tokutei exam အောင်လက်မှတ်

⛩️အစိုးရသတ်မှတ်ထားတဲ့ အင်ဂျင်စီခ 1500 USD

🌸အခြေခံလစာ🌸
ယန်း 17သောင်း ~ 22သောင်းကြား

အဆင့် 1 လုပ်ငန်းနဲ့သွားတဲ့ဗီဇာက 5နှစ်ပြည့်တာနဲ့ ပြန်လာရပါတယ်။ (တခြားဗီဇာပြောင်းနိုင်လားဆိူတာတော့စုံစမ်းကြည့်နိုင်ပါတယ်)

အဆင့်2လုပ်ငန်းနဲ့သွားတဲ့သူတွေကတော့ 5နှစ်ပြည့်တာနဲ့စာမေးပွဲဝင်ဖြေပြီး နောက်ထပ်5နှစ်သက်တမ်းတိုးနိုင်ပါတယ်။

အဆင့် 2 visaက work Visa နဲ့အခွင့်အရေးတွေတူပြီး မိသားစုခေါ်ခွင့်တွေ ရှိပါတယ်။

Tokutei examကတော့ အရင်ကမြန်မာမှာမရှိပဲ နီးစပ်ရာနိုင်ငံ ထိုင်းနိုင်ငံတွင် ဖြေကြပါတယ်။ခုနှစ်မှာတော့ မြန်မာမှာပါဖြေလို့ရပါပြီ💜💜

ဒီလောက်ဆို Tokuteiအကြောင်းလေးသိပြီထင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေနော်.....🤗🤗




Photos from Myanmar Association of Japan Alumni (MAJA)'s post 19/02/2023
19/02/2023

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) လျှောက်ထားရာတွင် အကျုံးဝင်သည့် သက်သေခံကတ်ပြား (ID) နှင့် ပတ်သက်၍ ကြိုတင်ကြေငြာချက် - ၂

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲမှ စတင်၍ နောင်ကျင်းပမည့် JLPT စာမေးပွဲများအတွက် လျှောက်လွှာလက်ခံရာတွင် အောက်ဖော်ပြပါ သက်သေခံကတ်ပြား (ID) များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာပြီးဖြစ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြား (ID) များ

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

စာမေးပွဲဖြေဆိုရာတွင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) နှင့်အတူ အထက်ပါ သက်သေခံကတ်ပြား (ID) မူရင်း တစ်ခုခုမပါရှိပါက လုံးဝ ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် စာမေးပွဲလျှောက်ထားလိုသူများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် အသိပေးကြေငြာခဲ့ပါသည်။

သို့ရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် ၁၀ နှစ်အောက် စာမေးပွဲလျှောက်လွှာတင်လိုသူများသည် MAJA မှ သတ်မှတ်ပေးမည့်ရက်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ သတ်မှတ်နေရာတွင် လျှောက်လွှာ လာရောက်ဝယ်ယူ၍ လျှောက်လွှာတင်ရမည်ဖြစ်သည်။

ထိုသို့လျှောက်ထားရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ပြီး၊ ၁၀ နှစ်အောက် လျှောက်လွှာတင်သူများ အတွက် မွေးစာရင်းဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

လျှောက်လွှာလက်ခံမည့်ရက်၊ အချိန်နှင့် နေရာအား အသေးစိတ် ထပ်မံကြေငြာပေးပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Photos from Good Choice Education Training Center's post 02/02/2023

皆んなさん、ဒီနေ့မှာတော့ 愛(あい)ဆိုတဲ့ အချစ်နဲ့ပက်သက်တဲ့ဝေါဟာရ လေးတွေကို ပုံလေးတွေ နဲ့အတူမှတ်သားပြီး
ကိုယ်ချစ်တဲ့သူတွေဆီ ပြောကြည့်ကြရအောင်🖤😍

Photos from Good Choice Education Training Center's post 02/02/2023

စာမကျက်ချင်ရင် photo လေးတွေsaveသွား ဈေးဝယ်ရင်လိုအပ်လာလိမ့်မယ် 🙂🙂🙂

01/02/2023

TokuteiGinou စာမေးပွဲဖြေဖို့ ဖတ်စာအုပ်ကိုဘယ်လိုရှာရမှန်းမသိဘူးလို့မေးတာများလို့ link တွေစုစည်းထားပါတယ်။

(特定技能教科書リスト )

🌼TokuteiGinou ဖတ်စာအုပ်များစာရင်း🌼

1. 介護(日本語)သက်ကြီးရွယ်အိုစောင့်ရှောက်မှု

http://www.jaccw.or.jp/pdf/home/foreign/2020/kaigono_tokutei_ginou_20201006.pdf

2. 介護(ミャンマー語)သက်ကြီးရွယ်အိုစောင့်ရှောက်မှု

www.jaccw.or.jp/pdf/home/foreign/2020/kaigono_tokutei_ginou_my_200413.pdf

3. 農業(耕種農業)စိုက်ပျိုးရေး

https://asat-nca.jp/my/images/ASAT_CF_my.pdf

4. 農業(畜産業)မွေးမြူရေး

https://asat-nca.jp/my/images/ASAT_LF_my.pdf

5. 農業の日本語 စိုက်ပျိုးရေး/မွေးမြူရေးအတွက် ဂျပန်စကား

https://asat-nca.jp/my/images/ASAT_JP_my.pdf

https://asat-nca.jp/jp/mp3/all.mp3

6. 自動車整備(問題サンプル)ကားပြုပြင်ရေးမေးခွန်းပုံစံ

https://www.jaspa.or.jp/Portals/0/resources/jaspahp/user/specific-skill/pdf/Theory%20test%20questions.pdf

https://www.jaspa.or.jp/Portals/0/resources/jaspahp/user/specific-skill/pdf/Practical%20test%20questions_2.pdf

7. 外食(日本語)စားသောက်ဆိုင်လုပ်ငန်း

https://www.jfnet.or.jp/contents/_files/gaikokujinzai/jf_customer_service_text_ja.pdf

https://www.jfnet.or.jp/contents/_files/gaikokujinzai/jf_preparation_of_food_and_drink_text_ja.pdf

https://www.jfnet.or.jp/contents/_files/gaikokujinzai/jf_hygiene_controls_text_ja.pdf

8. 外食(ミャンマー語)စားသောက်ဆိုင်လုပ်ငန်း

https://www.jfnet.or.jp/contents/_files/gaikokujinzai/jf_customer_service_text_my.pdf

https://www.jfnet.or.jp/contents/_files/gaikokujinzai/jf_preparation_of_food_and_drink_text_my.pdf

https://www.jfnet.or.jp/contents/_files/gaikokujinzai/jf_hygiene_controls_text_my.pdf

9. 飲食品製造(日本語)စားသောက်ကုန်လုပ်ငန်း

https://www.shokusan.or.jp/wp-content/uploads/2020/10/ki_20201005_1.pdf

https://www.shokusan.or.jp/wp-content/uploads/2019/08/ab1deb5efb6490eec6d54cadfae86131.pdf

https://www.shokusan.or.jp/wp-content/uploads/2020/10/ki_20201005_2.pdf

10. 飲食品製造(ミャンマー語)စားသောက်ကုန်လုပ်ငန်း

https://www.shokusan.or.jp/wp-content/uploads/2020/11/ki-20201110-10.pdf

https://www.shokusan.or.jp/wp-content/uploads/2020/11/ki-20201110-11.pdf

https://www.shokusan.or.jp/wp-content/uploads/2020/11/ki-20201110-9.docx.pdf

Good Choice Education Training Center JAPANESE BASIC, N5, N4,N3 & N2
KOREAN EPS-TOPIK, Basic, Yonsei Level 1 & 2
Computer Basic, Advanced

01/02/2023

အဖီးတစ်လိုင်းတို့အတွက် Jpop👇👏
Saveထားနော် ကြုံတိုင်းထပ်ဖြည့်ပေးမယ် 💗💗

🍀 မိုးရွာတဲ့နေ့မှာ
Sakai no owari ရဲ့ Rain ဆိုတဲ့သီချင်းနားထောင်ပါ

🍀နှင်းကျတဲ့နေ့မှာ
Back Number ရဲ့ Heroine ကိုနားထောင်ပါ

🍀 ချစ်သူရည်းစားနဲ့လမ်းခွဲတဲ့အချိန်မှာ
Yuuri ရဲ့ Dry Flower ကိုနားထောင်ပါ

🍀 အတွဲတွေအရမ်းကြွေနေတဲ့အချိန်
Greeen ရဲ့ Kiseki ကိုနားထောင်ပါ

🍀 ကောင်မလေးတွေရည်းစားစထားတော့မယ်ဆိုရင်
Nishino Kana ရဲ့ Torisetsu ကိုနားထောင်ပါ

🍀ရည်းစားဟောင်းကိုလွမ်းတဲ့အခါမှာ
Eito ရဲ့ Perfume ကိုနားထောင်ပါ

🍀မင်္ဂလာဆောင်ခါနီးဆို
Masaki Suda ရဲ့ Nijiကိုနားထောင်ပါ

🍀 ဘာလုပ်ရမှန်းမသိလမ်းပျောက်နေရင်
Masaki Suda ရဲ့ Machgai Sagashi

🍀 တစ်နေ့တာအတွက်မိုတီရချင်ရင်
AKB48 ရဲ့ 365 nichi ni kami hikouki

🍀 ကောင်မလေးတွေအသည်းကွဲနေရင်
Akie ရဲ့ yakusoku

🍀သူငယ်ချင်းမင်္ဂလာဆောင်သွားရင်
Nishino Kana ရဲ့ best friend

🍀 ကိုယ့်ကောင်လေးကိုအရမ်းကြွေနေရင်
Yuika ရဲ့ Sukidakara

🍀 အထီးကျန်နေရင်
Yoasobi ရဲ့ probably

🍀 ချစ်လျက်ဝေးသွားတဲ့ကောင်လေးအတွက်
che'nelle ရဲ့ song for you

🍀 Crush ကိုကြီးအကြောင်းစဉ်းစားမိရင်
Aimyon ရဲ့ Kimo wa rokku nanka kikanai

🍀 ဖူးစာဖက်နဲ့တွေ့ပြီဆိုရင်
Masaki Suda ရဲ့ Ito

🍀 Crush ကောင်မလေးဝမ်းနည်းနေရင်
Motohiro Hata ရဲ့ Himawari no yakusoku

🍀 သူမနဲ့တွေ့ရလို့ပျော်တယ်ဆိုရင်
SPITZ ရဲ့ Sora mo toberu hazu

🍀 ကောင်မလေးကိုဖွင့်ပြောခါနီး
S***a Shimizu ရဲ့ Hanataba no kawari ni melody wo

🍀ကောင်မလေးကိုအရမ်းချစ်မိနေတာသတိထားမိသွားရင်
Official hige dandism ~ ရဲ့ I love

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Website

Address

Between Kyaik Pal 7 Street And 8 Street
Bago
08011