LEXIS for Kids

LEXIS for Kids

Share

Phonics & Abacus for Kids

Photos from LEXIS's post 30/11/2023

Lexis for Kids ရဲ့ Page လေးပဲ မလို့ Like& Follow မလုပ်ရသေးရင် လုပ်ပေးထားပါဦးနော်🙆🙆

21/04/2023

Hello📣

Movers,Riders,Racers,Flyers သားသားမီးမီးတို့အတွက်

LEXIS 🧮 App ကိုယ်ပိုင် Account လေးတွေ ဖွင့်ပေးနေပြီမလို့

လိုအပ်တဲ့အချက်အလက်လေးတွေကို

သက်ဆိုင်ရာ Class Instructor ဆီကို

ပို့ပေးထားလို့ရပါပြီရှင့် 📣



18/04/2023

🧮LEXIS🧮 App နဲ့ စိတ်တွက် ပေသီး လေ့ကျင့်စို့နော်

ပေသီးသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်တွေက
အာရုံစိုက်နိုင်စွမ်း မြှင့်တင်နိုင်ဖို့
မှတ်ဉာဏ်စွမ်းရည် ပိုမိုကောင်းမွန်လာဖို့ဖြစ်တယ်ဆိုတာ
ဖေဖေမေမေတို့ သိထားပြီးနော်🤗

ဦးနှောက်ကို လေ့ကျင့်ပေးတဲ့ activity ဖြစ်တဲ့အတွက်
တစ်ရက်
နှစ်ရက်
တစ်ပတ်
နှစ်ပတ် စသဖြင့် ရေတိုလုပ်ဆောင်ပေးလို့မရပါဘူးရှင့်
✅ဖြေးဖြေးနဲ့ မှန်မှန် စနစ်တကျလေ့ကျင့်ယူသွားရတာပါ

ဒါကြောင့် ဖုန်း‌လေးတစ်လုံးရှိရုံနဲ့ အိမ်မှာ အလွယ်တကူ
လေ့ကျင့်နိုင်ဖို့ LEXIS ရဲ့ Abacus Mobile App လေးကို

✅မေလ အတွင်း မှာ သားသားမီးမီးတို့လက်ထဲ
အရောက် ထည့်ပေးသွားတော့မှာပါရှင့်

LEXIS ရဲ့ Abacus Mobile App အသုံးပြုဖို့အတွက်
✅Email Address/ Gmail Address ရှိထားဖို့လိုပါတယ်ရှင့်

LEXIS Abacus Mobile App ကို
✅ 🧮Level 2 မှ စတင်ကာ အသုံးပြုသွားပါမယ်ရှင့်

LEXIS Abacus Mobile App အသုံးပြုပုံ အသုံးပြုနည်း
✅အသေးစိတ်အချက်အလက် လေးတွေကိုတော့
တာဝန်ခံ Tr များက ဆွေး‌နွေးပြောကြားပေးသွားမှာပါရှင့်

LEXIS Abacus Mobile App က
✅Android Version အတွက်သာ ရပါဦးမယ်ရှင့်

17/04/2023

မြန်မာနှစ်ဆန်းတစ်ရက်နေ့

မင်္ဂလာရှိလှတဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အချိန်ခါသမယမှာ LEXIS ရဲ့သားသားမီးမီးတို့နဲ့ (၇)ရက်သားသမီးများအားလုံး ကျန်းမာသုခအဖြာဖြာတိုးပွား၍ ရန်သူမျိုး (၅)ပါးမှ ကင်းဝေးပါစေလို့ LEXIS မိသားစုမှ ဆုတောင်းမေတ္တာခြွေလိုက်ပါတယ် 🙏

မနက်ဖြန် နှစ်ဆန်းနှစ်ရက်‌နေ့မှ စတင်ကာ
✅Mover တန်းခွဲသစ်များ
✅Rider တန်းခွဲသစ်များ
✅Racer တန်းခွဲသစ်များ အတွက် သင်တန်းပြန်လည်စမည့်ရက်နှင့် အချိန်စာရင်းများကို
Page Messenger မှ ဆက်သွယ်အကြောင်းကြားသွားပါမယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်❤️❤️❤️

Photos from LEXIS for Kids's post 25/01/2023

သင်္ချာဆိုလုံးဝမကြောက်ဘူး.. အကုန်ဝါးစားပစ်မယ်ဆိုတဲ့ Lexis ရဲ့ သားသားမီးမီးလေးတွေအတွက်..
✅ Lexis App လေး လာပါပြီ

အခုဆိုရင် Lexis ရဲ့ သားသားမီးမီးလေးတွေ Abacus ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လေ့ကျင့်သင်ကြားနိုင်ဖို့ Lexis ရဲ့ ကိုယ်ပိုင် App လေးကို PC နဲ့ Mobile မှာသုံးလို့ရအောင် ဖန်တီးပေးနေပါပြီနော်🤗

🧮 App ထဲမှာဆိုရင် Abacus ကို Flash cards၊ Random Number တွေနဲ့ စိတ်ကြိုက် Practice လုပ်လို့ရတဲ့အပြင် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ Square Root နဲ့ Virtual Practice အထိပါ တွက်ချက်လေ့ကျင့်လို့ရမှာဖြစ်ပါတယ်ရှင်

ဒါဆို Lexis သားသားမီးမီးတို့ရေ..
Lexis နဲ့အတူ သင်္ချာစွမ်းရည်တွေကို အရှိန်ဟုန်မြှင့်တင်ဖို့ Lexis App လေးကို သုံးဖို့ Ready ပဲလား❓

#ပေသီးသင်္ချာ

23/01/2023

💢သားသားမီးမီးတို့ကို စိတ်တွက် ပေသီးသင်္ချာသင်ပေးပါ 💢

သွက်လက် ထက်မြက်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့

သားသားမီးမီးလေး‌ တွေအဖြစ် ဂုဏ်ယူကြပါစို့

၂၁ ရာစုမှာ Calculator, Computer တွေနဲ့
➕➖✖️➗တွက်ချက်​နိုင်ပေမယ့်
Abacus အသုံးပြုသင်ကြား လေ့ကျင့်ပေးခြင်းကတော့
ကမ္ဘာပေါ်က မပျောက်ကွယ်ခဲ့ပါဘူး

အကြောင်းရင်းကတော့
Imaginary Abacus ကို အသုံးပြုပြီး တွက်ချက်ခြင်းဟာ

💢ပေါင်း နုတ် မြှောက် စား လုပ်တတ်ရုံသာမက

💢ဦးနှောက်ဖွံ့ဖြိုးစေဖို့

💢မှတ်ဉာဏ်အားကောင်းစေဖို့

💢အာရုံစိုက်နိုင်စွမ်း ​မြှင့်တင်နိုင်ဖို့

💢သွက်လက်တိကျ စေဖို့အတွက်

လေ့ကျင့်အသုံးပြုလို့ရတဲ့ အရာတစ်ခု ဖြစ်နေလို့ပါပဲရှင့်

💢အတွက်လည်းမြန် ဦးနှောက်သန်စေ💢 ဖို့
ခုပဲ LEXIS ရဲ့ Abacus သင်တန်းကို စာရင်းသွင်းလိုက်တော့နော်

📌Online Training နဲ့

📌ကောင်းမွန်တဲ့ သင်ကြားမှု

📌ထိရောက်တဲ့ လေ့ကျင့်ပေးမှုတွေနဲ့

📌စနစ်တကျ လေ့ကျင့်သင်ကြားပေးတာမလို့

📌သားသားမီးမီး တို့ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီ

အသက် ၅နှစ်အရွယ် က​နေ ၁၃နှစ် အထိ တက်ရောက်နိုင်ပါတယ်
အသက် အရွယ်အလိုက်
သင်တန်းကာလ အပြောင်းအလဲ ရှိနိုင်ပါတယ်ရှင့်

သင်တန်းသားများ အဆင်ပြေစေရန်
🧮 ပေသီးခုံ 🧮 ပါ တခါထဲ
ဝယ်ယူရရှိနိုင်အောင် စီစဥ်ပေးထားပါတယ်ရှင့်

အသေးစိတ်သိရှိနိုင်ရန်နဲ့ သင်တန်းအပ်နှံနိုင်ဖို့
Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

သင်တန်းသားဦးရေ ကန့်သတ်ထားပြီး
တန်းခွဲတွေက လူပြည့်မြန်တာမလို့
တက်​ရောက်လိုပါက ခုပဲ ဆက်သွယ်လိုက်ပါရှင့်

23/01/2023

စိတ်တွက်ပေသီးသင်္ချာဆိုသည်မှာ...

စိတ်နှင့်တွက်နိုင်ဖို့အတွက်ပထမဦးဆုံးအနေနဲ့
သားသားမီးမီးတို့ကို Abacus အသုံးပြုပြီး
ကိန်းဂဏန်းအပေါင်းအနုတ်ကို
စတင်လေ့ကျင့်ပေးရပါတယ်

အချိန်တစ်ခုရလာတဲ့အခါ
ကိန်းဂဏန်းတစ်ခု ပြောလိုက်တိုင်း
သားသားမီးမီးတို့ရဲ့ စိတ်ထဲမှာပေသီး
Beads တွေအနေနဲ့ အာရုံမှာ ပေါ်လာပါတယ်

လက်ကပေသီးမနှိပ်ဘဲ စိတ်နှင့်ပုံဖော်ကာ
ကိန်းဂဏန်းအပေါင်းအနုတ်ကို
Beads အတင်အချပြုလုပ်ပြီး
ပြန်လည် ဖြေကြားတာ ဖြစ်တဲ့အတွက်
သာမန်အပေါင်းအနုတ် လုပ်တာထက်
ပိုမိုလျင်မြန်လွယ်ကူနေတာပဲ ဖြစ်ပါတယ်ရှင့်

သာမန်ကြည့်ရင်
သင်္ချာအပေါင်းအနုတ်မြန်အောင်သင်တယ်လို့ထင်ရပေမယ့်
အခုလို လျင်မြန်​ပြီးမှန်ကန်စေဖို့အတွက်
Activity များစွာနဲ့ ဦးနှောက်ကို စနစ်တကျ
လေ့ကျင့်ပေးရတာ ဖြစ်ပါတယ်ရှင့်

ဒါကြောင့် ရလဒ်အနေနဲ့ 👑ဦးနှောက်ဖွံ့ဖြိုးခြင်း👑နဲ့အတူ

🌈သင်ယူနိုင်စွမ်း

🌈အာရုံစိုက်နိုင်စွမ်း

🌈အကြားစွမ်းရည်

🌈အမြင်အာရုံစွမ်းရည်

🌈အရေးစွမ်းရည်

🌈တိကျမှု မြန်ဆန်မှု စတဲ့အကျိုးကျေးဇူးတွေကလည်း
နောက်ထပ်ဘယ်ဘာသာရပ်ကိုမဆို
သင်ကြားတဲ့နေရာ မှာ အထောက်အကူပြုစေမှာပါရှင့်
LEXIS for Kids2

21/01/2023

ကျန်းမာ ပျော်ရွှင်ပြီး

စည်းစိမ်ဥစ္စာ ရတနာ ပိုမိုတိုးပွားတဲ့

မင်္ဂလာနှစ်သစ် ဖြစ်ပါစေကြောင်း

ဆုမွန်‌ကောင်း တောင်းပေးပါတယ်ရှင့်

Gong Xi Fa Cai 🧧

17/01/2023

ကလေးတို့ရေ..💭
ကျောင်းစာတွေလုပ်ရလို့ ပင်ပန်းနေပြီလား?😥

ဒါဆို Lexis နဲ့အတူတူ Abacus Sudoku Puzzle လေးကစားကြမယ်🤩

ဘယ်လိုတွက်ရမလဲဆိုတော့...🤔

ပုံလေးထဲမှာ box လေး ၆ခုတွေ့တယ်ဟုတ် ?

-Sudoku နည်းအတိုင်း Box တစ်ခုစီမှာ ၁၊၂၊၃၊၄၊၅၊၆ ဂဏန်း ၆ခုရှိရမယ် ၊
-တစ်ချို့ box လေးတွေကနံပါတ်လေးတွေ ရှိပြီးသားဆိုတော့ လိုတဲ့နံပါတ်လေးတွေဖြည့်ရမယ်
-box ၆ခုလုံးကို ချုံငုံကြည့်ပြီး အလျားလိုက်
နံပါတ်အစုံ ၆ခု ရှိရမယ်၊
‌-ဒေါင်လိုက် နံပါတ်အစုံ ၆ခုရှိရမယ်

❗️နံပါတ်နှစ်ခု မထပ်ရဘူး (အစဥ်လိုက်ဖြစ်ဖို့မလိုဘူးနော်)

✅ဒါဆိုအချိန်လေးမှတ်ပြီး ခုပဲဖြေကြည့်ကြမယ်

Sudoku နည်းလေးက စဥ်စားတွေးခေါ်ပြီးဖြည့်ရတာဆိုတော့ ကလေးတွေရဲ့ ဦးနှောက်ကိုထက်မြက်စေပါတယ်ရှင်🥰

ကဲဒါဆို အကွက်လေးထဲမှာ သေချာစဥ်စားပြီးပေသီးလေးတွေ ဖြေလိုက်တော့နော်🤩

ဖြေပြီးတဲ့ သားသားမီးမီးလေးတွေက comment မှာ မန့်ခဲ့ပေးဦးနော်😘

#ပေသီးသင်္ချာ

14/01/2023

🔸Lexis မှာဘာတွေသင်နေတာလဲ??

Lexis မှာဆိုရင် abacus လို့ခေါ်တဲ့ ပေသီးသင်္ချာကို အသက် ၅ နှစ်အရွယ်ကနေစပြီး လက်ခံသင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

🔸Online နဲ့လား? Offline နဲ့လား?

Lexis မှာ online နဲ့ရော offline နဲ့ပါ သင်ကြားပေးနေပါတယ်။ offline ကတော့ မန္တလေးမြို့မှာပဲ ဖွင့်လှစ်ထားတာမို့လို့ မန္တလေးမြို့မှာရှိတဲ့ သားသားမီးမီးတွေကတော့ မြေပြင်သင်တန်းမှာ လာရောက်အပ်နှံလို့ရပါတယ်

🔸Online နဲ့ဆိုရင်ရော ကလေးအတွက် ထိရောက်မှုရှိရဲ့လား??

Lexis မှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ များက အရည်အချင်းပြည့်ဝပြီး ကလေးတွေကို နားလည်တတ်မြောက်လွယ်အောင် စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတဲ့အတွက်ကြောင့် ကလေးတွေ စာမရမှာကို စိတ်မပူပါနဲ့နော်☺️

🔸Abacus ပေသီးသင်္ချာကို သင်ကြားရင် ကလေးတွေအတွက် ဘယ်လိုကောင်းကျိုးရမလဲ??

Right brain နဲ့ Left brain ၂ ခုကို ညီမျှစွာအလုပ်လုပ်စေတာမို့လို့ ဦးနှောက်စွမ်းရည် ပိုမိုကောင်းမွန်လာမယ်
အာရုံစူးစိုက်မှုအားကောင်းပြီး စူးစမ်းလေ့လာလိုစိတ်လည်းရှိလာမယ်
နောက်ပြီးရင် သင်္ချာတွက်ရမှာမကြောက်တော့ပဲ သင်္ချာစွမ်းရည်လည်း တိုးတက်လာမှာ အမှန်ပါပဲ။

ကဲ Abacus ရဲ့ ကောင်းကျိုးတွေလည်းသိပြီဆိုတော့ ဖေဖေမေမေတို့ကလည်း သားသားမီးမီးတို့အတွက် စိတ်အေးရအောင် Lexis မှာ တက်ဖို့ စာရင်းလာပေးလိုက်တော့နော်😉

#ပေသီးသင်္ချာ

10/01/2023

Calculator နဲ့တွက်နေတာလား ကလေးလေးတို့ 🥹

Level မြင့်လာတာနဲ့ အမျှ
အပေါင်း အနုတ် မြန်လာတာ
ကိန်ဂဏန်းတွေကို ပေသီးအသုံးမပြုတော့ဘဲ
စိတ်တွက်နဲ့ပါ လျင်လျင်မြန်မြန်
ကိုင်တွယ်နိုင်တဲ့ရလဒ်တွေက မြင်လွယ်ပေမယ့်

အခုလို လျင်လျင်မြန်မြန် တွက်နိုင်အောင်
မြင့်တက်လာတဲ့ သားသားမီးမီးတို့ရဲ့
ဦးနှောက်စွမ်းဆောင်ရည်
အာရုံစိုက်နိုင်စွမ်းကလည်း
တကယ်ကို 😱 ပါပဲရှင့်

ဒါကြောင့် ဦးနှောက်လည်းသန် အတွက်လည်းမြန်စေဖို့
LEXIS မှာ ခုပဲ အပ်နှံလိုက်တော့နော် ☺️




31/12/2022

🗓️ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း

🗓️ကံကောင်းခြင်း တို့အပြည့်နဲ့

🗓️မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေလို့

LEXIS က ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်


#ပေသီးသင်္ချာ

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Ygn/mdy Road
Bago